ဦးကိုနီ ကိုလုပ်ကြံသူရဲ့ ဇာတိနေရပ် သိရပြီ..။ စစ်ကိုင်းကတဲ့
မန္တလေး။ ဇန်န၀ါရီ ၃၀။ ။
author ခေမဏီ
#Kumudra
=============
Unicode>>>
ဦးကိုနီ ကိုလုပ်ကြံသူဟာ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စိုင်လျားကျေးရွာ ဇာတိဖြစ်....
မန္တလေး။ ဇန်နဝါရီ ၃၀။ ။
တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကိုသေနတ်နဲ့ ပစ်ခဲ့သူဟာ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စိုင်လျားကျေးရွာ ဇာတိဖြစ်တယ်လို့ သိရပါတယ်။
“မနက်ကတော့ CID ။ ရဲ ။အုပ်ချုပ်ရေးမှုး စရဖ အဖွဲ့တွေ ရွာကိုလာတယ်။ သူတို့အိမ်ကိုသွားတယ်။ ဘာသာရေးအသင်းအဖွဲ့တွေ နိုင်ငံရေးအသင်းအဖွဲ့တွေနဲ့ ဆက်နွယ်မှု့ရှိမရှိမေးတယ်” လို့ စိုင်လျားကျေးရွာက ဒေသခံတဦးက ပြောပါတယ်။
ဦးကြည်လင်းလို့ အများကသိနေပေမယ့် သူ့ရဲ့ရွာမှာ သိကြတဲ့နာမည်ကတော့ ဦးဖိုးတူးဖြစ်ပါတယ်။ ကျေးရွာကနေ အသက် ၂၀ လောက်ကတည်းက ထွက်သွားခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်ကမှ ရွာကိုပြန်ရောက်လာတာလို့ သိရပါတယ်။
“ရွာမှာနေတုန်းက အကောင်းပဲ တောင်သူလုပ်ငန်းကိုကောင်းကောင်းလုပ်တယ်။ တခါတလေတော့ ရွာကနေ ၄ ။၅ ရက်လောက်ပျောက်သွားတက်တယ်။သူရွာကထွက်သွားတာ ၅ လလောက်ပဲရှိသေးတယ်။” လို့ ဒေသခံရွာသားက ဦးကြည်လင်း ခေါ် ဦးဖိုးတူးအကြောင်းကို ပြောပြပါတယ်။
ဦးကြည်လင်းဟာ မွေးချင်း ၆ ယောက်မှာ အကြီးဆုံးဖြစ်ကာ ကျန်တဲ့မွေးခြင်း အားလုံးက ရွာမှာနေထိုင်ကြပါတယ်။ ဖခင်ဖြစ်သူကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်ကဆုံးပါးခဲ့တာဖြစ်ပြီး အမေက တော့ အသက် ၈၃ နှစ်အရွယ်ရှိကာ မိသားစုနဲ့ အတူနေထိုင်တယ်လို့သိရပါတယ်။
မနက်ကလာမေးကြတော့ သူ့မိသားစုဝင်တွေကလည်း သူရွာကနေထွက်သွားတော့ ဘာတွေလုပ်နေလဲဆိုတာ မသိဘူးလို့ ပြောတယ်။ ရွာမှာလည်း ၂ နှစ်လောက်ပဲ နေတာဆိုတော့ အိမ်ထောင်တော့ရွာမှာမရှိဘူး။ သူတို့မိသားစုက အပြင်နဲ့လည်း အဆက်ဆံနည်းတယ်။ ကျနော် အသက်တောင် ၃၈ နှစ်ရှိပြီ။ အရင်နှစ် သူရွာမှာ လာနေမှမြင်ဖူးတာ လို့ ဒေသခံ ရွာသားကပြောပါတယ်။
author ခေမဏီ
#Kumudra
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...