မုဆိုးမလေး ဂင်္ဂါ မှာ သရုပ်ဆောင် ခဲ့တဲ့ ကလေးသရုပ်ဆောင်ကောင်မလေး အကြောင်း


### မုဆိုးမလေး ဂင်္ဂါ မှာ သရုပ်ဆောင် ခဲ့တဲ့
ကလေးသရုပ်ဆောင်ကောင်မလေး အကြောင်း
>>>>
ပရိသတ်တွေ အသည်းအသန် အားပေးကြတဲ့ 5puls မှာ ထုတ်လွှင့်တဲ့ အိန္ဒိယ ရုပ်သံ စီးရီး ဖြစ်တဲ့ "မုဆိုးမလေး ဂင်္ဂါ " မှာ ကလေး သရုပ်ဆောင် အဖြစ် ပါဝင်ထားတဲ့ ကောင်မလေး ကတော့ အသက် ရှစ်နှစ် အရွယ်ပဲ ရှိ သေးတဲ့ Ruhana Khanna ပဲ ဖြစ်ပါတယ်။

သူမဟာ ၂၀၀၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှာ ဒေလီ မြို့မှာ မွေးဖွားခဲ့ပါတယ် ။ လက်ရှိမှာတော့ မွမ်ဘိုင်းကို ပြောင်းရွေ့ခဲ့ပြီးပါပြီ။ သူမဟာ ငယ်စဉ်ကတည်းက ကလေးမော်ဒယ် အဖြစ် ဖြတ်သန်းခဲ့ပြီး Global Kid Fashion Show 2013 မှာ Miss Global ဆုကို ရရှိခဲ့သူပါ။

ကလေးမော်ဒယ် အဖြစ် ကြော်ငြာများစွာ ရိုက်ကူး ထားပြီး ပါပြီ။ ဒီဇာတ်ကား ကို သူမ အသက် ၆ နှစ်မှာ ရိုက်ကူးခဲ့ပြီး ဇာတ်ကူးရိုက်ကူးစဉ်မှာ ထိခိုက်ဒဏ်ရာ တွေလည်း ရရှိခဲ့ပါတယ် ။ ဒီဇာတ်ကား မှာ သူမရဲ့ ပါရမီနဲ့ သရုပ်ဆောင် ကောင်းမွန်မှုကြောင့် ကလေး သရုပ်ဆောင် ထူးချွန်ဆု ပေါင်းစွာရရှိခဲ့ပါတယ်။
ရူဟာနာ လေးဟာ လောလောဆယ်မှာ စတုတ္တတန်း ဖြေဆိုထားပြီး စာမေးပွဲ ကို လည်း ထူးချွန်စွာ အောင်မြင်ခဲ့သူလေးပါ ။  သူမရဲ့ အနုပညာ အရည်အသွေး တွေ ဘယ်လို ထွန်းတောက်လာမယ်ဆိုတာ ဆက်လက် စောင့်ကြည့် အားပေးရဦးမှာလည်း ဖြစ်ပါတယ်။

#Mal Yoe(Sunday)

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...