မိုးဆန်းလင်း
-------------------------------------------------------
မတ်ကျော်ကျော်(ခ)မင်းသစ်တည်
မှကူးယူပါသည် ကျေးဇူးပါကိုမြတ်ကျော်
မိုးဆန်းလင်း
လူထုခေါင်းဆောင်အမေက ကလေးလေးတယောက်ကို ပေးတဲ့နံမည် ။ ဒီနံမည်ကို ခံစားကြည့်တဲ့အခါ ။ နံမည်က ရိုးရိုးလေးပါပဲ ဒါပေမဲ့ ဆန်းနေတယ် ။ ဘာဆန်းသလည်းဆိုတော့ လူထုခေါင်းဆောင်က ကလေးတယောက်ကို သူ့မျိ ု းရိုးနဲ့ဆက်စပ်တဲ့အမည်ပေးလိုက်တာက ဆန်းနေတာ ။ တနည်းအားဖြင့် ဆန်းနဲ့လင်းဟာ လူထုခေါင်းဆောင်ရဲ့ တိကျ တဲ့မျိ ု းရိုးအမည်ပဲ ။ နှစ်သက်လွန်းလို့ "အောင်ဆန်း" လို့ "ထိန်လင်း" လို့ဆိုပြီး အမျိ ု းသားခေါင်းဆောင်ရဲ့နံမည်ကို အတည့်ယူကြတဲ့သူတွေလောကကြီးမှာ အမျ ားကြီးပဲ ။ ချ စ်လို့ပေးကြတာ ဘာမှတော့ သိတ်မထူးဆန်းပါဘူး ။ အခုထူးဆန်းနေတာက အဲဒီနံမည်တွေကိုပေါင်းပြီး ကလေးတယောက်ကို လူထုခေါင်းဆောင်က နံမည်လေးတခု ချီ းမြှင့်မှည့်ခေါ်ပေးခဲ့တာ ။ လောကကြီးတခုလုံး အမှီအခိုပြု ရတဲ့ "မိုး" ကောင်းကင်နဲ့တွဲစပ်ကာ " မိုးဆန်းလင်း" လို့ အမည်ပေးလိုက်တယ် ။ ဒီနံမည်အတွက် သားသားလေး မိုးဆန်းလင်း ကိုယ်စား ဝမ်းမြောက်ဂုဏ်ယူမိသလို သူ့မိဘမျ ားကိုယ်စားလည်း ကျေနပ်ပီတိဖြစ်ရပါတယ် ။ အဲဒီခံစားချ က်ကလေးကို စဉ်းစားမိရင်း လူထုခေါင်းဆောင်နဲ့သားငယ်လေးမိုးဆန်းလင်းရဲ့ မိဘတွေ ပတ်သက်ဆက်ဆံပုံ အကြောင်းလေး တွေးမိလိုက်လို့ အားလုံးကို သိရအောင်တင်ပြပေးလိုက်ရပါတယ် ။
မိုးဆန်းလင်း ရဲ့ မေမေဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအောင်ပြီး လူထုခေါင်းဆောင် လွှတ်တော်တက်ရောက်လာတဲ့အခါ သူတာဝန်ယူရတဲ့ တရား/တည်ငြိမ် ကော်မတီကို တာဝန်ယူပေးခဲ့ရတဲ့ ပြည်သူလွှတ်တော်က လက်ထောက်ညွှန်ကြားရေးမှုု းတယောက်ပါ ။ တာဝန်ကျေ အလုပ်ကြို းစားသူတယောက်ဖြစ်သလို ဝန်ထမ်းတွေထဲကနေ လူထုခေါင်းဆောင်ကို ပြတ်ပြတ်သားသားထောက်ခံပူးပေါင်းဆောင်ရွက်ခဲ့သူ တဦးလည်းဖြစ်ပါတယ် ။ ဗေလုဝ ကို"စစ်သူကြီး" သူ့ကိုတော့ သမီးက "လူမိုက်" ပဲလို့ လူထုခေါင်းဆောင်က ကင်ပွန်းတပ်ခံရတဲ့သူတယောက်လည်းဖြစ်ပါတယ် ။ လူထုခေါင်းဆောင်ခိုင်းသမျှ အလုပ် ပေးသမျှ တာဝန်ကို အတွေးမမျ ားပဲ လုပ်ကိုင်ပြောဆိုခဲ့တဲ့ သူတယောက်ဖြစ်လို့ လူမိုက်ဘွဲ့အပေးခံရတဲ့အထိတာဝန်ထမ်းဆောင်ခဲ့တဲ့ သူတယောက်ပေါ့ ။ မိုးဆန်းလင်းမေမေနဲ့ပတ်သက်တဲ့ ကျ နော်ဆုံခဲ့ရတဲ့ အဖြစ်အပျ က်ကလေးတခုကို တင်ပြပေးရင်း "မိုးဆန်းလင်း"တို့မိသားစု ကို ဂုဏ်ပြု ချ င်ပါတယ် ။ လူထုခေါင်းဆောင်ချ စ်ခင်ပြီး အားကိုးရတဲ့မိသားစုလေးတခုဖြစ်သလို အားလုံးကိုလည်းထပ်တူ ပျေ ာ်ရွှင်စိတ်ဝမ်းချ မ်းမြေ့စေချ င်တဲ့ဆန္ဒနဲ့ပါ ။
" ပြီးခဲသောပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်းမှာပေါ့ ။ မိုးဆန်းလင်းရဲ့မေမေဟာ လွှတ်တော်ရေးရာကော်မတီဆောင် (I-12) မှာ လူထုခေါင်းဆောင်အမေရဲ့ တရား/တည်ငြိမ် ကော်မတီရဲ့ လက်ထောက်ညွှန်ကြားရေးမှုု းအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ် ။ ခိုင်းသမျှ အလုပ်ပေးသမျှ တာဝန်ကို I-12 ရုံးအဖွဲ့တဖွဲ့လုံးကို ဦးဆောင်ပြီး မခိုမကပ်တာဝန်ကျေ ကျေ ထမ်းဆောင်ခဲ့ကြတဲ့ သူတွေထဲက တဦးပေါ့ ။ အဲဒီလိုတာဝန်ထမ်းဆောင်ရင်း I-12 မှာ ပန်းချီ ကားမျ ားတပ်ဆင်ဖို့ လူထုခေါင်းဆောင်က တာဝန်ပေးခဲ့တယ် ။ ပန်းချီ ကားတွေကိုတာဝန်ယူချိတ်ဆွဲအလှဆင်ပေးကြသူတွေကတော့ အဲဒီအချိန်က သုံးခွပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ယခုသမ္မတကြီးဦးထင်ကျေ ာ်ရဲ့ဇနီးဒေါ်စုစုလွင်နဲ့တူမဖြစ်သူ သူဇာ တို့အဖွဲ့ပေါ့ ။ အဲဒီလို လုပ်ကိုင်ကြရင်း လုပ်ငန်းမျ ားမပြီးသေးခင်တရက်မှာ ရုံးမှာ လူထုခေါ င်းဆောင်ရှိတဲ့အချိ န် လွှတ်တော်ဥက္ကဌကြီး(
ဦးရွှေမန်း )ဟာ I-12 ကိုရောက်လာပြီး လူထုခေါင်းဆောင်နဲ့တွေ့ဆုံတယ် ။ စကားပြောဆိုပြီး I-12 ကို ထုံးစံအတိုင်းလိုက်လံကြည့်ရှုတဲ့အခါ ပန်းချီ ကားများချိတ်ဆွဲထားတာတွေ့တော့ လေ့လာတယ် ။လူထုခေါင်းဆောင်နဲ့အတူ I-12 ရုံးအဖွဲ့မှုု းလက်ညွှန်က လိုက်လံပြသပေးရတာပေါ့ ။ အဲဒီလိုလိုက်ကြည့်ရင်း ပန်းချီ ကားချိတ်တဲ့လုပ်ငန်းကမပြီးသေးတော့ လူထုခေါင်းဆောင်အခန်းမှာသာပြီးပီး ဝန်ထမ်းတွေရုံးခန်းမှာ ချိတ်ဆွဲထားတာ မတွေ့သေးတဲ့အခါ လွှတ်တော်ဥက္ကဌကြီးက လက်ညွှန်ကို စကားဆိုတယ် ။ မင်းတို့ ဥက္ကဌက တကိုယ်ကောင်းဆန်တယ် သူ့အခန်းကျ လှအောင်ဆင်ထားပြီး မင်းတို့ရုံးခန်းကြ လှအောင်မဆင်ပေးဘူးလို့ပြောတယ် ။ လက်ညွှန်ကလည်း မဆိုင်းမတွပါပဲ အလှည့်မကျသေးသလို ပန်းချီ ကားတွေအကုန်မချိ တ်ရသေးလို့ပါ ဥက္ကဌကြီးလို့ ပြောလိုက်တယ် ။ အဲဒီအချိ န် ဘေးကနားထောင်နေတဲ့ လူထုခေါင်းဆောင်က လက်ညွှန်ကို ဝင်ပြောတယ် သမီး အမေ့ကို အဲလိုပြောတာ ကြို က်လား လို့ ။ လက်ညွှန်ဖြစ်သူကလည်း လွှတ်တော်ဥက္ကဌကြီးရှေ့မှာပဲ မကြို က်ပါဘူး အမေလို့ပြောလိုက်တယ် ။ အဲဒါနဲ့ လူထုခေါင်းဆောင်က မကြို က်ရင်မကြို က်ဘူးလို့ ဥက္ကဌကြီးကို ပြောလိုက်ဆိုတော့ လက်ညွှန်ဟာ ခဏတွေကြည့်နေရင်း ဥက္ကဌကြီးရှင့် အမေ့ကို ဒီလိုပြောတာ ကျမမကြို က်ပါဘူး လို့ပြောချ လိုက်တယ် ။ ဦးရွှေမန်းတယောက် သူ့လက်အောက်ငယ်သားဝန်ထမ်းတယောက် သူ့ကိုမကြို က်ပါဘူး ပြောတာ ပထမဦးဆုံးကြားဖူးသွားတာ ဖြစ်လိမ့်မယ်လို့ ကျ နော်ဘေးကနေရင်း တွေးမိလိုက်တယ် ။ ဥက္ကဌကြီးဟာ ဘာမှပြန်မပြောပဲရီရီမောမောလုပ်ရင်း လက်ညွှန်ကို ငါ့နင့်ကိုအလုပ်တွေကရုတစိုက်လုပ်ပြီး အမကို ကူညီရမယ်လို့ပြောထားတာ နင်နားထောင်ပါတယ်လို့ပြောရင်း I-12 ကထွက် ကားပေါ်တက်ပြီး ပြန်သွားတယ် ။
အဲဒီမှာ လူထုခေါင်းဆောင်အမေက လက်ညွှန်ကို သမီးက လူမိုက် ပဲ လို့ ဘွဲ့ပေးလိုက်တော့တာပေါ့ ။ အဲဒါ သားလေး "မေမေ" ကို လူထုခေါင်းဆောင်ပေးခဲ့တဲ့ နံမည် ။
အခုတော့ မေမေက လူဘဝအတွက် အကျိ ု းပြု ဖို့ မျှော်လင့်ချက်တပွေ့တပိုက်နဲ့ မွေးပေးလိုက်တဲ့ သားငယ်လေးကို လူထုခေါင်းဆောင်အမေက မေမေ့ကို ယုံကြည်အားကိုးသလို သားငယ်ကိုလည်း မျှော်လင့်ယုံကြည် မြတ်နိုးချ စ်ခင်စွာဖြင့် နံမည်ပေးလာခဲ့ပြီ ။ နံမည်လေးကတော့ "မိုးဆန်းလင်း" တဲ့ သားတို့မိသားစုကိုယ်စား ဝမ်းမြောက်ဂုဏ်ယူကြည်နူးဝမ်းသာဖြစ်မိပါတယ်လို့ပြောရင်း သားလေးအတွက် ဦးဦးရဲ့ ဆုတောင်းလေးကတော့ " လောကအလင်းဆောင်မဲ့ သားကောင်းရတနာဖြစ်လာပါစေ " လို့ ချစ်ခင်စွာဆန္ဒပြု ရင်း ဂုဏ်ယူစွာဖြင့် " မိုးဆန်းလင်း " မော်ကွန်းကို ရေးဖွဲ့ အဆုံးသပ်ပေးလိုက်ပါတယ် ။ သားငယ် မိုးဆန်းလင်း စီးပွားဥစ္စာညဏ်ပညာနဲ့ပြည့်စုံပြီး အသက်ရှည်အနာကင်းကာ မိမိအကျိ ု း ၊ မိသားစုအကျိ ု း ၊ တိုင်းကျိ ု း ပြည်ကျိ ု းပြု မဲ့ အနာဂတ်တောက်ပထွန်းလင်းမဲ့ လူသူတော်ကောင်းလေး တယောက် ဖြစ်လာပါစေကွယ် ။
စင်္ကြာဝဠာအနန္တ ၊ သတ္တဝါအနန္တ
ကောင်းကျိ ု းလိုရာပြည့်စုံကြပါစေ ။
မြတ်ကျေ ာ်ကျေ ာ်(ခ)မင်းသစ်တည်
-------------------------------------------------------
မှတ်ချက် - ကျွန်တော့်ရဲ ့ထင်မြင်ယူဆချက်က (စု) ဒေါ်အောင်ဆန်းစုကြည်သည် သူ ့ရဲ ့သူရဲကောင်းဖြစ်သူ သူအချစ်ဆုံး အစ်ကိုလတ် `ကိုကိုလင်း´ ကို ရည်ရွယ်ပြီး အလွမ်းပြေအဖြစ် ပေးသည်ဟု ယူဆမိပါတယ်။
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...