အသားကပ် ဂျင်းဘောင်းဘီ တွေဝတ်ဆင်ခြင်းဟာ ကျန်းမာရေးအတွက် မကောင်း


Credit : Thit Htoo Lwin
U N I C O D E V E R S I O N #
အမျိုးသမီး တွေရဲ့ ဖက်ရှင် ရွေးချယ်မှု အပိုင်းမှာတော့ ၁၉၇၀ ခုနှစ်ဝန်းကျင် ဖက်ရှင်တွေကနေ ၁၉၉၀ ခုနှစ်ဖက်ရှင်တွေထိသာမက ယနေ့ခေတ် ဖက်ရှင် တွေအထိ အမျိုးသမီးတိုင်း ရွေးချယ်နေတဲ့ ဖက်ရှင်ကတော့ အသားကပ် ဂျင်းဘောင်းဘီ (Skinny Jean) တွေပါပဲ။
အနုပညာရှင် အမျိုးသမီး တွေကလည်း အသားကပ်ဂျင်းဘောင်းဘီတွေ ဝတ်ဆင်ရတာ နှစ်သက်ကြတဲ့အတွက် အမျိုးသမီးတွေ အသက်အရွယ် မရွေး အသားကပ်ဂျင်းဘောင်းဘီ တွေကို နှစ်သက်ကြပြန်ပါတယ်။
ဒါပေမယ့်လည်း အခုတော့ လေ့လာမှု တစ်ခုက အရမ်းကျပ်တဲ့ ဘောင်းဘီတွေဟာ ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာကို ထုတ်ဖော်ပြောကြားလိုက်ပါပြီ။
အရမ်းကျပ် တဲ့ ဘောင်းဘီတွေဝတ်ဆင်ခြင်းဟာ ခြေထောက်မှာရှိတဲ့ အာရုံကြောတွေနဲ့ ကြွက်သားတွေကို ထိခိုက်မှု ရှိလာစေပြီး သွေးမလျှောက်တဲ့ ရောဂါ တစ်မျိုးကို ခံစားရစေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။
ဗဟိဒ္ဓကုထုံးဆရာ တစ်ယောက်ဖြစ်တဲ့ Sammy Margo က သတိပေးခဲ့တာကတော့ အသားကပ် ဘောင်းဘီ တွေ ဝတ်ဆင်ခြင်းဟာ သင့်ကို ဝလာစေပြီး အဝလွန်ခြင်းကိုလည်း ဖြစ်လာအောင် နှိုးဆွပေးနိုင် သေးတယ်ဆိုတာပါပဲ။
အသားကပ် ဘောင်းဘီ တွေဝတ်ဆင်ထားခြင်းဟာ ပေါင် နဲ့ တင်ပါးတို့မှာ ရှိတဲ့ ကြွက်သားတွေကို သေးသွယ် ကျစ်လစ် သွားစေတဲ့အတွက် အသာကပ်ဂျင်းဘောင်းဘီ ဝတ်ဆင်ထားချိန်မှာတော့ သင်ဟာ သင့်ရဲ့ ခန္ဒာကိုယ်အလှကို ခံစားနေရမှာပါ။ ပေါင်နဲ့ တင်ပါးတို့မှာရှိတဲ့ ကြွက်သားတွေက ကျစ်လစ်သွားအောင် အတင်းအကျပ်စေခိုင်းခြင်းခံထားရတဲ့အတွက် အစာအိမ်ကိုလည်း ကျုံ့ထားရ သလို ဖြစ်နေစေပြီး ဗိုက်သားတွေကလည်း လှပနေမှာပါ။
ဒါပေမယ့်နွေရာသီရောက်လာတဲ့အခါမျိုး ၊ သင့်အနေနဲ့ အသားကပ်ဂျင်းဘောင်းဘီ တွေကို ချွတ်ထားလိုက်တဲ့အခါမျိုးတွေမှာတော့ ပေါင်နဲ့ တင်ပါးမှာ ရှိတဲ့ ကြွက်သားတွေဟာ ဖြေလျော့ သက်သာသွားတဲ့အတွက် သင့်ခန္ဓာကိုယ်ဟာ သင်ထားသလောက် လှပ မှု မရှိတော့တာကို တွေ့ရမှာပါ။
ဒါ့အပြင် အချိန်ကြာကြာ အသားကပ်ဂျင်းဘောင်းဘီ ဝတ်ဆင်ထားခဲ့မှု ကြောင့် ခြေထောက်မှာ ရှိတဲ့ သွေး လည်ပတ်မှုတွေဟာ ကြန့်ကြာ နှေးကွေးသွားပြီး မထင်မှတ်ထားတဲ့ ထိခိုက်မှု တွေရှိလာနိုင်ပါတယ်။ သွေးခဲသွားတဲ့အတွက် ခြေထောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေလည်း အားနည်းလာနိုင်သလို အဝလွန်လာခြင်းကိုလည်း ခံစားရမှာဖြစ်ပြီး အသားကပ်ဂျင်းဘောင်းဘီ ဝတ်ဆင်ပြီး ထိုင်နေတာ များတဲ့အခါမှာ ကယ်လိုရီ ပမာဏ ပိုမိုများပြားလာစေနိုင်တယ်ဆိုတာကို လေ့လာမှု က တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။
Credit : Thit Htoo Lwin

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...