လူသတ္မႈနဲ႔ တရားစြဲခံရတဲ့ အငွားယာဥ္ေမာင္းအမ်ိဳးသမီးအမႈ


လိႈင္ၿမိဳ႕နယ္ ဗဟိုလမ္းမႀကီး ေဘး အမ်ိဳးသားတစ္ဦးေသဆံုးမႈ တရား လိုျပသက္ေသသံုးဦးကို စစ္ေဆးရာ စြပ္စြဲခံရသူက ဖုန္းခဏခဏဆက္လို႔ စိတ္ အေႏွာင့္ အယွက္ျဖစ္တယ္ေျပာေၾကာင္း ေသသူရဲ႕ ငယ္သူငယ္ခ်င္းက ထြက္ဆိုပါတယ္။
ယေန႔႐ံုးခ်ိန္းမွာ တရားလိုျပသက္ေသ အျဖစ္ အမ်ိဳးသားသံုးဦးကို စစ္ေဆးတာ ျဖစ္ပါတယ္။ စြပ္စြဲခံရသူအက်ိဳးေဆာင္ ႐ံုးခ်ိန္းမလာတဲ့အတြက္ သက္ေသထြက္ဆိုခ်က္ကို အေသအခ်ာနားေထာင္ၿပီး ေမးခြန္းမ်ား ေမးျမန္းႏိုင္ေၾကာင္း အမႈစစ္တရားသူႀကီးက တရားခြင္မွာ စြပ္စြဲခံရသူ ကို ေျပာပါတယ္။ ပထမဦးဆံုးစစ္ေဆးတဲ့ သက္ေသကေတာ့ အသက္ ၂၉ ႏွစ္အရြယ္ အမ်ိဳးသားျဖစ္ၿပီး ေသသူနဲ႔ တစ္ရပ္ကြက္တည္းေန ငယ္သူငယ္ခ်င္း ျဖစ္ပါတယ္။
သက္ေသ အဓိက ထြက္ဆိုတာကေတာ့ ေသသူနဲ႔ လက္ဖက္ရည္ဆိုင္ မၾကာ ခဏထိုင္ စကားေျပာျဖစ္ေၾကာင္း၊ မေသ ခင္ ႏွစ္ပတ္ေလာက္က အြန္လိုင္းကသိတဲ့ အမ်ိဳးသမီးတစ္ဦးနဲ႔ ႀကိဳက္ေနတယ္ ေျပာၿပီး ဖုန္းမွာ အမည္ဝွက္အျဖစ္ ကိုသန္႔ဇင္ လို႔ ေပးထားေၾကာင္း၊ အဲသည္ မိန္းကေလး နဲ႔ မၾကာခဏေတြ႕ၿပီး ကားေလွ်ာက္ေမာင္း ေလ့ရွိတယ္ ေျပာေၾကာင္း၊ ညဘက္ ကားေလွ်ာက္ေမာင္းရင္း အခ်ိန္လြန္သြားလို႔ ဟိုတယ္တစ္ခုမွာ အမ်ိဳးသမီးရဲ႕ ယာဥ္ေမာင္း လိုင္စင္နဲ႔ တည္းခိုဖူးေၾကာင္း ေျပာခဲ့တယ္လို႔ ထြက္ဆိုတယ္။
အခင္းမျဖစ္ခင္ သံုးရက္ေလာက္က လက္ဖက္ရည္ဆိုင္မွာ ဆံုျဖစ္ၿပီး မိမိက ဟို အမ်ိဳးသမီး ဖုန္းဆက္လားေမးရာ ဖုန္းတ အားဆက္လို႔ အာ႐ံုေနာက္လာေၾကာင္း၊ အိမ္မွာလည္း ကိစၥေတြ႐ႈပ္ေနလို႔ ဖုန္းမ ေျပာခ်င္တာေၾကာင့္ ဘလက္လစ္ထဲ ထည့္လိုက္တယ္ေျပာေၾကာင္း၊ တစ္ရက္ ႏွစ္ရက္အၾကာ သူငယ္ခ်င္းရဲ႕ဦးေလးျဖစ္ သူ ဖုန္းဆက္ၿပီး မင္း သူငယ္ခ်င္း အသတ္ ခံရတယ္ ေျပာေၾကာင္း၊ မိမိလည္း ရဲစခန္း သြားကာ သိသမွ်ေျပာျပခဲ့ေၾကာင္း ထြက္ဆိုတယ္။ စြပ္စြဲခံရသူက ျပန္လွန္စစ္ေမးရာ ကားကို (ေသသူက) ငွားၿပီး ကိုယ္တိုင္ ေလွ်ာက္ေမာင္းတယ္ဆိုတာ မသိေၾကာင္း၊ သူငယ္ခ်င္းေျပာတာသာသိေၾကာင္း၊ ဖုန္း ဘလက္လစ္ကို ေသသူကလုပ္တာမဟုတ္ဘဲ မိမိက လုပ္တာျဖစ္တယ္ဆိုက မသိေၾကာင္း ထြက္ဆိုတယ္။
အဲသည္ေနာက္ ေသသူနဲ႔ အလုပ္တာ ဝန္က်သူႏွစ္ဦးကို ဆက္လက္စစ္ေဆးရာ အခင္းျဖစ္ေန႔ည ၇းဝ၀ နာရီခန္႔က ထမင္းသြားစားမယ္ဆိုၿပီး (ေသသူ) ထြက္သြား ေၾကာင္း၊၈းဝ၀ နာရီ၊ ၉းဝ၀ နာရီအထိ မလာလို႔ ဖုန္းဆက္ေမးရာ ထမင္းဆိုင္မွာေျပာလို႔ ျပန္လာရင္ ကြမ္းဝယ္ခဲ့ဖို႔ ေျပာခဲ့ေၾကာင္း၊ ည ၁၂းဝ၀ နာရီအထိ ျပန္လာတာမေတြ႕ေၾကာင္း၊ ေနာက္ေန႔မနက္ ၈းဝ၀ နာရီ အလုပ္ဆင္းခ်ိန္အထိ ျပန္မလာေၾကာင္း ထြက္ဆိုတယ္။ စြပ္စြဲခံရသူက သက္ေသ မ်ား ထြက္ဆိုခ်က္ကို ျပန္လွန္ေမးခြန္းေမး ရန္ မရွိတာေၾကာင့္ ေနာက္တစ္ပတ္႐ံုးခ်ိန္း သတ္မွတ္ပါတယ္။

ျဖစ္စဥ္အက်ဥ္း

ျဖစ္စဥ္မွာ ၂၀၁၆ ခုႏွစ္ ႏိုဝင္ဘာလ ၁၀ ရက္ေန႔မနက္ ၆းဝ၀ နာရီခန္႔က လိႈင္ၿမိဳ႕ နယ္၊ (၇ ) ရပ္ကြက္၊ မယ္ဇီကုန္းလမ္းနဲ႔ သရက္ၿမိဳင္လမ္းၾကား (အင္းစိန္ဘက္က ကမာရြတ္ဘက္သြားသည့္ ဗဟိုလမ္းမ ႀကီးေဘး) စပို႔ရွပ္အက်ႌအနီ အစင္းက်ားနဲ႔ ဂ်င္း ေဘာင္းဘီအျပာဝတ္ အသက္ ၂၈ ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦး လည္ ပင္းဝဲဘက္ ထိုးသြင္းဒဏ္ရာတစ္ခ်က္နဲ႔ ေသဆံုးတာ ျဖစ္ပါတယ္။ သက္ဆိုင္ရာ လိႈင္ၿမိဳ႕မရဲစခန္း က (ပ) ၁၁၁၈/၂၀၁၆၊ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၃၀၂ နဲ႔ အမႈဖြင့္ကာ ေသသူကို စံုစမ္းအတည္ျပဳၿပီး အမႈစစ္ေဆးခ်က္အရ တရားလို ဒုရဲမွဴး ေက်ာ္ေဇာက ရာဇသတ္ႀကီးဥပ ေဒပုဒ္မ ၃၀၂/၃၉၄ နဲ႔ မသဇင္ခိုင္ (ခ) ဇင္ ေလး (ခ) သဇင္ (ခ) သဇင္ၿဖိဳး (၃၂ ႏွစ္)  ကို အေရး ယူေပးဖို႔ အေနာက္ပိုင္းခ႐ိုင္တရား႐ံုး ဒုတိယခ႐ိုင္တရားသူႀကီး (၇) တရားခြင္ကို တရားစြဲတင္ပို႔တာ ျဖစ္ပါတယ္။
 kumudranews

Unicode
လူသတ်မှုနဲ့ တရားစွဲခံရတဲ့ အငှားယာဉ်မောင်းအမျိုးသမီးအမှု
လှိုင်မြို့နယ် ဗဟိုလမ်းမကြီး ဘေး အမျိုးသားတစ်ဦးသေဆုံးမှု တရား လိုပြသက်သေသုံးဦးကို စစ်ဆေးရာ စွပ်စွဲခံရသူက ဖုန်းခဏခဏဆက်လို့ စိတ် အနှောင့် အယှက်ဖြစ်တယ်ပြောကြောင်း သေသူရဲ့ ငယ်သူငယ်ချင်းက ထွက်ဆိုပါတယ်။
ယနေ့ရုံးချိန်းမှာ တရားလိုပြသက်သေ အဖြစ် အမျိုးသားသုံးဦးကို စစ်ဆေးတာ ဖြစ်ပါတယ်။ စွပ်စွဲခံရသူအကျိုးဆောင် ရုံးချိန်းမလာတဲ့အတွက် သက်သေထွက်ဆိုချက်ကို အသေအချာနားထောင်ပြီး မေးခွန်းများ မေးမြန်းနိုင်ကြောင်း အမှုစစ်တရားသူကြီးက တရားခွင်မှာ စွပ်စွဲခံရသူ ကို ပြောပါတယ်။ ပထမဦးဆုံးစစ်ဆေးတဲ့ သက်သေကတော့ အသက် ၂၉ နှစ်အရွယ် အမျိုးသားဖြစ်ပြီး သေသူနဲ့ တစ်ရပ်ကွက်တည်းနေ ငယ်သူငယ်ချင်း ဖြစ်ပါတယ်။
သက်သေ အဓိက ထွက်ဆိုတာကတော့ သေသူနဲ့ လက်ဖက်ရည်ဆိုင် မကြာ ခဏထိုင် စကားပြောဖြစ်ကြောင်း၊ မသေ ခင် နှစ်ပတ်လောက်က အွန်လိုင်းကသိတဲ့ အမျိုးသမီးတစ်ဦးနဲ့ ကြိုက်နေတယ် ပြောပြီး ဖုန်းမှာ အမည်ဝှက်အဖြစ် ကိုသန့်ဇင် လို့ ပေးထားကြောင်း၊ အဲသည် မိန်းကလေး နဲ့ မကြာခဏတွေ့ပြီး ကားလျှောက်မောင်း လေ့ရှိတယ် ပြောကြောင်း၊ ညဘက် ကားလျှောက်မောင်းရင်း အချိန်လွန်သွားလို့ ဟိုတယ်တစ်ခုမှာ အမျိုးသမီးရဲ့ ယာဉ်မောင်း လိုင်စင်နဲ့ တည်းခိုဖူးကြောင်း ပြောခဲ့တယ်လို့ ထွက်ဆိုတယ်။
အခင်းမဖြစ်ခင် သုံးရက်လောက်က လက်ဖက်ရည်ဆိုင်မှာ ဆုံဖြစ်ပြီး မိမိက ဟို အမျိုးသမီး ဖုန်းဆက်လားမေးရာ ဖုန်းတ အားဆက်လို့ အာရုံနောက်လာကြောင်း၊ အိမ်မှာလည်း ကိစ္စတွေရှုပ်နေလို့ ဖုန်းမ ပြောချင်တာကြောင့် ဘလက်လစ်ထဲ ထည့်လိုက်တယ်ပြောကြောင်း၊ တစ်ရက် နှစ်ရက်အကြာ သူငယ်ချင်းရဲ့ဦးလေးဖြစ် သူ ဖုန်းဆက်ပြီး မင်း သူငယ်ချင်း အသတ် ခံရတယ် ပြောကြောင်း၊ မိမိလည်း ရဲစခန်း သွားကာ သိသမျှပြောပြခဲ့ကြောင်း ထွက်ဆိုတယ်။ စွပ်စွဲခံရသူက ပြန်လှန်စစ်မေးရာ ကားကို (သေသူက) ငှားပြီး ကိုယ်တိုင် လျှောက်မောင်းတယ်ဆိုတာ မသိကြောင်း၊ သူငယ်ချင်းပြောတာသာသိကြောင်း၊ ဖုန်း ဘလက်လစ်ကို သေသူကလုပ်တာမဟုတ်ဘဲ မိမိက လုပ်တာဖြစ်တယ်ဆိုက မသိကြောင်း ထွက်ဆိုတယ်။
အဲသည်နောက် သေသူနဲ့ အလုပ်တာ ဝန်ကျသူနှစ်ဦးကို ဆက်လက်စစ်ဆေးရာ အခင်းဖြစ်နေ့ည ၇းဝဝ နာရီခန့်က ထမင်းသွားစားမယ်ဆိုပြီး (သေသူ) ထွက်သွား ကြောင်း၊၈းဝဝ နာရီ၊ ၉းဝဝ နာရီအထိ မလာလို့ ဖုန်းဆက်မေးရာ ထမင်းဆိုင်မှာပြောလို့ ပြန်လာရင် ကွမ်းဝယ်ခဲ့ဖို့ ပြောခဲ့ကြောင်း၊ ည ၁၂းဝဝ နာရီအထိ ပြန်လာတာမတွေ့ကြောင်း၊ နောက်နေ့မနက် ၈းဝဝ နာရီ အလုပ်ဆင်းချိန်အထိ ပြန်မလာကြောင်း ထွက်ဆိုတယ်။ စွပ်စွဲခံရသူက သက်သေ များ ထွက်ဆိုချက်ကို ပြန်လှန်မေးခွန်းမေး ရန် မရှိတာကြောင့် နောက်တစ်ပတ်ရုံးချိန်း သတ်မှတ်ပါတယ်။
ဖြစ်စဉ်အကျဉ်း
ဖြစ်စဉ်မှာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့မနက် ၆းဝဝ နာရီခန့်က လှိုင်မြို့ နယ်၊ (၇ ) ရပ်ကွက်၊ မယ်ဇီကုန်းလမ်းနဲ့ သရက်မြိုင်လမ်းကြား (အင်းစိန်ဘက်က ကမာရွတ်ဘက်သွားသည့် ဗဟိုလမ်းမ ကြီးဘေး) စပို့ရှပ်အင်္ကျီအနီ အစင်းကျားနဲ့ ဂျင်း ဘောင်းဘီအပြာဝတ် အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦး လည် ပင်းဝဲဘက် ထိုးသွင်းဒဏ်ရာတစ်ချက်နဲ့ သေဆုံးတာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ လှိုင်မြို့မရဲစခန်း က (ပ) ၁၁၁၈/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ကာ သေသူကို စုံစမ်းအတည်ပြုပြီး အမှုစစ်ဆေးချက်အရ တရားလို ဒုရဲမှူး ကျော်ဇောက ရာဇသတ်ကြီးဥပ ဒေပုဒ်မ ၃၀၂/၃၉၄ နဲ့ မသဇင်ခိုင် (ခ) ဇင် လေး (ခ) သဇင် (ခ) သဇင်ဖြိုး (၃၂ နှစ်)  ကို အရေး ယူပေးဖို့ အနောက်ပိုင်းခရိုင်တရားရုံး ဒုတိယခရိုင်တရားသူကြီး (၇) တရားခွင်ကို တရားစွဲတင်ပို့တာ ဖြစ်ပါတယ်။

 kumudranews

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...