မ်က္ခံုး ေတြ ဘာလို႔ လႈပ္ေနတာလဲ၊ မ်က္ကြင္းေတြ ဘာလို႔ ညိုေနတာလဲနဲ႔ အျခား သိခ်င္စရာေလးမ်ား


မ်က္ခံုး ခဏခဏ လႈပ္ေနရင္ ဘာမ်ားျဖစ္မလဲဟု စိတ္ထင့္လာတတ္သည္။ 
မ်က္ကြင္းေတြ ညိုလာျပီဆို တစ္ခုခုမ်ား ျဖစ္ေတာ့မလား စိုးရိမ္ၾကသည္။ 
အအိပ္မ်ားသြားလွ်င္ ကိုယ္လက္မအီမသာေတြ ျဖစ္ျပီး ေလးလံထိုင္းမိႈင္း သြားရတာကေရာ ဘာေၾကာင့္လဲ။ 
လူပင္ပန္းလာရင္း ျဖဴဖတ္ျဖဴေရာ္ ျဖစ္သြားတာ ကေရာ အသို႔နည္း။
ဇတ္ခနဲ ဇတ္ခနဲ မ်က္ခံုးလႈပ္တာ ဘာေၾကာင့္လဲ
လူသည္ ပင္ပန္း ႏြမ္းနယ္ေနသည့္အခါ၊ စိတ္ဖိစီးေနသည့္အခါ၊ အေသာက္လြန္သည့္ အခါမိ်ဳးတြင္ အာရံုေၾကာမ်ား အားနည္းလာတတ္သည္။ 
မ်က္လံုးတစ္၀ိုက္က ၾကြက္သားမ်ားသည္ နူးညံ့သိမ္ေမြ႔ၾကသည္။ 
၎တို႔ကို ထိန္းခ်ဳပ္ေသာ အာရံုေၾကာစနစ္ အားနည္းပါက လႈပ္ရွားမႈ ေဖာက္ျပန္တတ္ျပီး ဇတ္ခနဲ ဇတ္ခနဲ ေဆာင့္ျပီး လႈပ္ရွားတတ္ၾကသည္။
ထိုသို႔ လႈႈပ္ျခင္းကို မ်က္ခံုးလႈပ္ျခင္း (သို႔မဟုတ္) မ်က္ခံြေတြ လႈပ္ေနျခင္းဟု ဆိုၾကျခင္း ျဖစ္သည္။ အိပ္ေရး၀၀ အိပ္လိုက္ျပီး လူက လန္းဆန္း အားရိွသြားလွ်င္ ထိုသို႔ လႈပ္ေနတာ အလိုလို ေပ်ာက္သြားသည္။ 
အေသာက္လြန္လို႔ ျဖစ္ရသူမ်ား အေနျဖင့္လည္း အေသာက္ေလွ်ာ့ျခင္းျဖင့္ ထိုကိစၥ ေျပလည္နိုင္သည္။
အိပ္ရာနိုးရင္ အာပုပ္ေစာ္ဘာေၾကာင့္ နံ
အာေျခာက္ျခင္းေၾကာင့္ ျဖစ္သည္။ 
ပလုတ္က်င္းလိုက္ရံု၊ သြားတိုက္လိုက္ရံုနွင့္ အနံ႔ေပ်ာက္သည္။ 
အိပ္ေနခိ်န္တြင္ တံေတြးထြက္နႈန္း နည္းျခင္း၊ အိမ္ေနစဥ္ ပါးစပ္ဟကာ အသက္ရူျခင္း တို႔ေၾကာင့္ ေလ၀င္ကာ ပါးစပ္ထဲက တံေတြးေျခာက္ သြားရသည္။ 
ထိုသို့ ေျခာက္သြားသည့္အခါ ပါးစပ္ထဲက ဘက္တီးရီးယားမ်ား၊ စားၾကြင္း စားက်န္မ်ား ပုပ္သိုးေျခာက္ေသြ႔ျပီး ဆာလဖာ ဓာတ္ထြက္လာသည္။ 
အာပုပ္ေစာ္သည္ ထိုဆာလဖာနံ႔ ျဖစ္သည္။
မ်က္ကြင္းညိုတာ ဘာေၾကာင့္လဲ
မ်က္ကြင္းညိုျခင္းသည္ အေရျပား ျပႆနာေၾကာင့္ မဟုတ္။ 
အေရျပား တင္းရင္း သိပ္သည္းမႈ ေလ်ာ့နည္းသြားသျဖင့္ မ်က္လံုးေအာက္က ေသြးေၾကာမ်ားကို လွမ္းျမင္ရျခင္းသာ ျဖစ္သည္။
လူက ပင္ပန္း၊ ခႏၶာကိုယ္က ေရငတ္လာသည့္အခါ အေရျပားသည္ ေရဓာတ္ခန္း ေျခာက္လာသည္။
 ထိုသို႔ ေရဓာတ္ခန္း ေျခာက္လာသည္တြင္ မ်က္လံုးေအာက္က အေရျပားသည္ တင္းရင္းမႈ ေလ်ာ့နည္းသြားသျဖင့္ ေအာက္က ေသြးေၾကာမ်ားကို လွမ္းျမင္လာရျခင္း ျဖစ္သည္။
ထိုအခါ အျပင္က ၾကည့္လိုက္လွ်င္ မ်က္ကြင္းသည္ ညိုမည္းနည္း ျဖစ္ေနေတာ့သည္။ 
အေရျပား ေျခာက္ေသြ႔ပါ မ်ားသူတို႔သည္ မ်က္ကြင္း ပိုညိုမည္းတတ္ၾကသည္။ 
အဲကြန္း သို႔မဟုတ္ အေႏြးေပးစက္မိ်ဳး နားေနပါ မ်ားသူတို႔သည္ အေရျပား အစိုဓာတ္ခန္း ေျခာက္ကာ မ်က္ကြင္း ပိုညိုေလ့ရိွသည္။
အိပ္လြန္းရင္ က်န္းမာေရး ထိခိုက္နိုင္လား
ေလးကန္ထိုင္းမိႈင္း ကိုယ္လက္ မအီမသာနဲ႔ နိုးလာလွ်င္ အိပ္ေရးမ၀လို႔ဟု မထင္ပါနဲ႔ ။ 
ပိုအိပ္မိျခင္းေၾကာင့္သာ ျဖစ္ပါသည္။ 
အိပ္ေရးမ၀ဘဲ နိုးလာပါက လူသည္ အိပ္ေရးမ၀ေသးဘူး ဆိုတာ အလိုလို သိေနျပီး ျပန္အိပ္ခ်င္စိတ္က အလိုလို ေပၚေနသည္။
အအိပ္လြန္လို႔ နံုးခိ်ျပီး နိုးလာသူကား အိပ္ေရးမ၀စိတ္၊ ျပန္အိပ္ခ်င္စိတ္မိ်ဳးမေပၚ၊ နံုးခိ်ေလးကန္ စိတ္သာ ေပၚေနသည္။ 
ထိုသို႔ ျဖစ္ရျခင္းမွာ အအိပ္လြန္ျပီး ေနျမင့္မွ နိုးသူမ်ားသည္ ခႏၶာကိုယ္ ဇီ၀နာရီစနစ္ စည္းခ်က္ ပ်က္ေအာင္ လုုပ္ရာေရာက္ေသာေၾကာင့္ အကိ်ဳးဆက္အျဖစ္ လူသည္ ပံုမွန္လည္ပတ္မႈ ပ်က္ယြင္းကာ နံုးခိ် ပင္ပန္းေနေတာ့သည္။
မိမိအိပ္ခိ်န္မ်ားလား နည္းလားကို မိမိဖာသာ အကဲျဖတ္ရမည္။ 
လူတစ္ေယာက္နဲ႔ တစ္ေယာက္ အိပ္ခိ်န္ လိုအပ္ပံုခ်င္း ကဲြျပားသည္။ 
ပ်မ္းမွ်အားျဖင့္ ေျခာက္နာရီမွ ကိုးနာရီၾကား အိပ္စက္ျခင္းသည္ ပံုမွန္ အိပ္ခိ်န္စံနႈန္း ျဖစ္သည္။
 ေျခာက္နာရီ အိပ္ရံုနဲ႔ အိပ္ေရး၀ လန္းဆန္းသူမ်ား ရိွသလို၊ ကိုးနာရီေလာက္ အိပ္ရမွ လန္းဆန္းသူမ်ားလည္း ရိွသည္။
 ေျခာက္နာရီထက္နည္း၊ ကိုးနာရီထက္ မ်ားလွ်င္ေတာ့ က်န္းမာေရး ထိခိုက္သည့္ဘက္ကို ေရာက္သြားျပီ။
ပင္ပန္းလာရင္ မ်က္လံုးေတြ ဘာေၾကာင့္ ရဲလာတာလဲ
လူက လုပ္စရာေတြမ်ား၊ ဖိစီးမႈေတြမ်ားျပီး အလုပ္ေတြနဲ႔ လံုးပမ္းကာ ပင္ပန္းနံုးခိ်လာျပီဆိုလွ်င္ မ်က္ေတာင္ခတ္ဖို႔ ေမ့တတ္သည္။ 
ဦးေနွာက္ ကိုယ္တိုင္က အျခားဖိစီးမႈ ေတြ မ်ားလာသည့္အခါ မ်က္ေတာင္ခတ္ဖို႔ ေမ့တတ္သည္။ မ်က္ေတာင္ခတ္ျခင္းသည္ အေရးၾကီးသည္။
မ်က္ေတာင္ခတ္ပါမွ မ်က္ရည္မ်ားသည္ မ်က္လံုးအနံွ႔ ေရာက္ရိွကာ မ်က္လံုး စိုစြတ္ေနသည္။ 
မ်က္ေတာင္ခတ္ဖို႔ ေမ့ေနသည့္အခါ မ်က္လံုးတြင္ မ်က္ရည္ေျခာက္ခန္းျပီး မ်က္လံုးထဲက ဆံျခည္မွ်င္ ေသြးေၾကာေလးမ်ား ေရာင္ရမ္း ေဖာင္းတက္လာေတာ့သည္။ 
ထိုသို႔ ျဖစ္ျခင္းကို မ်က္လံုးေတြ နီရဲလာျခင္းဟု ေခၚသည္။
မ်က္္ရည္ေျခာက္လာသည့္ အခါ မ်က္လံုးသည္ ဖုန္ပိုကပ္ျပီး ယားလာတတ္သည္။ 
ထိုအခါ လူသည္ လက္နဲ႔ ပိုပြတ္မိျပန္သည္။ 
ထိုသို႔ ပြတ္သည့္အခါ မ်က္လံုးပိုျပီး ရဲလာေတာ့သည္။ အေကာင္းဆံုး ကုစားရန္ကား အိပ္ေရး၀ေအာင္ အိပ္လိုက္ရန္ ျဖစ္သည္။
အိပ္ေရး၀ျပီး စိတ္ၾကည္သြားလွ်င္ မ်က္ေတာင္ပံုမွန္ ခတ္ျဖစ္သြားျပီး မ်က္လံုးရဲတာလည္း ေပ်ာက္သြားသည္။ 
တစ္ေရးေလာက္ အိပ္လိုက္ျခင္းသည္လည္း အကိ်ဳးရိွသည္။ 
သို႔မဟုတ္လွ်င္လည္း သတိေလးထားျပီး ကိုယ့္ကိုယ့္ ကိုယ္ မ်က္ေတာင္ခတ္ဖို႔ သတိေပးရန္ ျဖစ္သည္။
Credit: messenger news journal
 U N I C O D E V E R S I O N # 
မျက်ခုံး ခဏခဏ လှုပ်နေရင် ဘာများဖြစ်မလဲဟု စိတ်ထင့်လာတတ်သည်။ 
မျက်ကွင်းတွေ ညိုလာပြီဆို တစ်ခုခုများ ဖြစ်တော့မလား စိုးရိမ်ကြသည်။ 
အအိပ်များသွားလျှင် ကိုယ်လက်မအီမသာတွေ ဖြစ်ပြီး လေးလံထိုင်းမှိုင်း သွားရတာကရော ဘာကြောင့်လဲ။ 
လူပင်ပန်းလာရင်း ဖြူဖတ်ဖြူရော် ဖြစ်သွားတာ ကရော အသို့နည်း။
ဇတ်ခနဲ ဇတ်ခနဲ မျက်ခုံးလှုပ်တာ ဘာကြောင့်လဲ
လူသည် ပင်ပန်း နွမ်းနယ်နေသည့်အခါ၊ စိတ်ဖိစီးနေသည့်အခါ၊ အသောက်လွန်သည့် အခါမျိုးတွင် အာရုံကြောများ အားနည်းလာတတ်သည်။ 
မျက်လုံးတစ်ဝိုက်က ကြွက်သားများသည် နူးညံ့သိမ်မွေ့ကြသည်။ 
၎င်းတို့ကို ထိန်းချုပ်သော အာရုံကြောစနစ် အားနည်းပါက လှုပ်ရှားမှု ဖောက်ပြန်တတ်ပြီး ဇတ်ခနဲ ဇတ်ခနဲ ဆောင့်ပြီး လှုပ်ရှားတတ်ကြသည်။
ထိုသို့ လှုှုပ်ခြင်းကို မျက်ခုံးလှုပ်ခြင်း (သို့မဟုတ်) မျက်ခွံတွေ လှုပ်နေခြင်းဟု ဆိုကြခြင်း ဖြစ်သည်။ အိပ်ရေး၀၀ အိပ်လိုက်ပြီး လူက လန်းဆန်း အားရှိသွားလျှင် ထိုသို့ လှုပ်နေတာ အလိုလို ပျောက်သွားသည်။ 
အသောက်လွန်လို့ ဖြစ်ရသူများ အနေဖြင့်လည်း အသောက်လျှော့ခြင်းဖြင့် ထိုကိစ္စ ပြေလည်နိုင်သည်။
အိပ်ရာနိုးရင် အာပုပ်စော်ဘာကြောင့် နံ
အာခြောက်ခြင်းကြောင့် ဖြစ်သည်။ 
ပလုတ်ကျင်းလိုက်ရုံ၊ သွားတိုက်လိုက်ရုံနှင့် အနံ့ပျောက်သည်။ 
အိပ်နေချိန်တွင် တံတွေးထွက်နှုန်း နည်းခြင်း၊ အိမ်နေစဉ် ပါးစပ်ဟကာ အသက်ရူခြင်း တို့ကြောင့် လေဝင်ကာ ပါးစပ်ထဲက တံတွေးခြောက် သွားရသည်။ 
ထိုသို့ ခြောက်သွားသည့်အခါ ပါးစပ်ထဲက ဘက်တီးရီးယားများ၊ စားကြွင်း စားကျန်များ ပုပ်သိုးခြောက်သွေ့ပြီး ဆာလဖာ ဓာတ်ထွက်လာသည်။ 
အာပုပ်စော်သည် ထိုဆာလဖာနံ့ ဖြစ်သည်။
မျက်ကွင်းညိုတာ ဘာကြောင့်လဲ
မျက်ကွင်းညိုခြင်းသည် အရေပြား ပြဿနာကြောင့် မဟုတ်။ 
အရေပြား တင်းရင်း သိပ်သည်းမှု လျော့နည်းသွားသဖြင့် မျက်လုံးအောက်က သွေးကြောများကို လှမ်းမြင်ရခြင်းသာ ဖြစ်သည်။
လူက ပင်ပန်း၊ ခန္ဓာကိုယ်က ရေငတ်လာသည့်အခါ အရေပြားသည် ရေဓာတ်ခန်း ခြောက်လာသည်။
ထိုသို့ ရေဓာတ်ခန်း ခြောက်လာသည်တွင် မျက်လုံးအောက်က အရေပြားသည် တင်းရင်းမှု လျော့နည်းသွားသဖြင့် အောက်က သွေးကြောများကို လှမ်းမြင်လာရခြင်း ဖြစ်သည်။
ထိုအခါ အပြင်က ကြည့်လိုက်လျှင် မျက်ကွင်းသည် ညိုမည်းနည်း ဖြစ်နေတော့သည်။ 
အရေပြား ခြောက်သွေ့ပါ များသူတို့သည် မျက်ကွင်း ပိုညိုမည်းတတ်ကြသည်။ 
အဲကွန်း သို့မဟုတ် အနွေးပေးစက်မျိုး နားနေပါ များသူတို့သည် အရေပြား အစိုဓာတ်ခန်း ခြောက်ကာ မျက်ကွင်း ပိုညိုလေ့ရှိသည်။
အိပ်လွန်းရင် ကျန်းမာရေး ထိခိုက်နိုင်လား
လေးကန်ထိုင်းမှိုင်း ကိုယ်လက် မအီမသာနဲ့ နိုးလာလျှင် အိပ်ရေးမဝလို့ဟု မထင်ပါနဲ့ ။ 
ပိုအိပ်မိခြင်းကြောင့်သာ ဖြစ်ပါသည်။ 
အိပ်ရေးမဝဘဲ နိုးလာပါက လူသည် အိပ်ရေးမဝသေးဘူး ဆိုတာ အလိုလို သိနေပြီး ပြန်အိပ်ချင်စိတ်က အလိုလို ပေါ်နေသည်။
အအိပ်လွန်လို့ နုံးချိပြီး နိုးလာသူကား အိပ်ရေးမဝစိတ်၊ ပြန်အိပ်ချင်စိတ်မျိုးမပေါ်၊ နုံးချိလေးကန် စိတ်သာ ပေါ်နေသည်။ 
ထိုသို့ ဖြစ်ရခြင်းမှာ အအိပ်လွန်ပြီး နေမြင့်မှ နိုးသူများသည် ခန္ဓာကိုယ် ဇီဝနာရီစနစ် စည်းချက် ပျက်အောင် လုုပ်ရာရောက်သောကြောင့် အကျိုးဆက်အဖြစ် လူသည် ပုံမှန်လည်ပတ်မှု ပျက်ယွင်းကာ နုံးချိ ပင်ပန်းနေတော့သည်။
မိမိအိပ်ချိန်များလား နည်းလားကို မိမိဖာသာ အကဲဖြတ်ရမည်။ 
လူတစ်ယောက်နဲ့ တစ်ယောက် အိပ်ချိန် လိုအပ်ပုံချင်း ကွဲပြားသည်။ 
ပျမ်းမျှအားဖြင့် ခြောက်နာရီမှ ကိုးနာရီကြား အိပ်စက်ခြင်းသည် ပုံမှန် အိပ်ချိန်စံနှုန်း ဖြစ်သည်။
 ခြောက်နာရီ အိပ်ရုံနဲ့ အိပ်ရေး၀ လန်းဆန်းသူများ ရှိသလို၊ ကိုးနာရီလောက် အိပ်ရမှ လန်းဆန်းသူများလည်း ရှိသည်။
 ခြောက်နာရီထက်နည်း၊ ကိုးနာရီထက် များလျှင်တော့ ကျန်းမာရေး ထိခိုက်သည့်ဘက်ကို ရောက်သွားပြီ။
ပင်ပန်းလာရင် မျက်လုံးတွေ ဘာကြောင့် ရဲလာတာလဲ
လူက လုပ်စရာတွေများ၊ ဖိစီးမှုတွေများပြီး အလုပ်တွေနဲ့ လုံးပမ်းကာ ပင်ပန်းနုံးချိလာပြီဆိုလျှင် မျက်တောင်ခတ်ဖို့ မေ့တတ်သည်။ 
ဦးနှောက် ကိုယ်တိုင်က အခြားဖိစီးမှု တွေ များလာသည့်အခါ မျက်တောင်ခတ်ဖို့ မေ့တတ်သည်။ မျက်တောင်ခတ်ခြင်းသည် အရေးကြီးသည်။
မျက်တောင်ခတ်ပါမှ မျက်ရည်များသည် မျက်လုံးအနံှ့ ရောက်ရှိကာ မျက်လုံး စိုစွတ်နေသည်။ 
မျက်တောင်ခတ်ဖို့ မေ့နေသည့်အခါ မျက်လုံးတွင် မျက်ရည်ခြောက်ခန်းပြီး မျက်လုံးထဲက ဆံခြည်မျှင် သွေးကြောလေးများ ရောင်ရမ်း ဖောင်းတက်လာတော့သည်။ 
ထိုသို့ ဖြစ်ခြင်းကို မျက်လုံးတွေ နီရဲလာခြင်းဟု ခေါ်သည်။
မျက်ရည်ခြောက်လာသည့် အခါ မျက်လုံးသည် ဖုန်ပိုကပ်ပြီး ယားလာတတ်သည်။ 
ထိုအခါ လူသည် လက်နဲ့ ပိုပွတ်မိပြန်သည်။ 
ထိုသို့ ပွတ်သည့်အခါ မျက်လုံးပိုပြီး ရဲလာတော့သည်။ အကောင်းဆုံး ကုစားရန်ကား အိပ်ရေးဝအောင် အိပ်လိုက်ရန် ဖြစ်သည်။
အိပ်ရေးဝပြီး စိတ်ကြည်သွားလျှင် မျက်တောင်ပုံမှန် ခတ်ဖြစ်သွားပြီး မျက်လုံးရဲတာလည်း ပျောက်သွားသည်။ 
တစ်ရေးလောက် အိပ်လိုက်ခြင်းသည်လည်း အကျိုးရှိသည်။ 
သို့မဟုတ်လျှင်လည်း သတိလေးထားပြီး ကိုယ့်ကိုယ့် ကိုယ် မျက်တောင်ခတ်ဖို့ သတိပေးရန် ဖြစ်သည်။
Credit: messenger news journal 

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...