ဒီမွာကိုယ့္လူ
ႏိုင္ငံျခားမွာ အလုပ္လုပ္ရတာ လြယ္တယ္ထင္လားကိုယ့္လူ
အလုပ္ခ်ိန္ ၈ နာရီခ်င္းတူေပမယ့္ ႏိုင္ငံျခားမွာ ၁ လ ၁၀ သိန္းရတဲ့အလုပ္နဲ႔ ျမန္မာမွာ ၁ လ ၁ သိန္းရတဲ့အလုပ္ တူမလားကိုယ့္လူ
ႏိုင္ငံျခားမွာ ၁ လ ၁၀ သိန္းရတဲ့အလုပ္က ၈ နာရီလံုးလံုး အမွန္အကန္တစ္ကယ္အလုပ္လုပ္မွရတာကိုယ့္လူ
အခ်ိန္ပိုလုပ္ရရင္လည္း မိနစ္စြန္း နာရီစြန္းသေလာက္အခ်ိန္ပိုေၾကးရတယ္ကိုယ့္လူ
Breakfast ေတာင္ Break + Fast ဆိုတဲ့အတိုင္း နားတဲ့အခ်ိန္ အားတဲ့အခ်ိန္ေလး သြားရင္းလာရင္းအသည္းအသန္စားရတာကိုယ့္လူ
အလုပ္ရွင္ အလုပ္သမား give and take ရွိတယ္ကိုယ့္လူ
Win-win together ပဲကိုယ့္လူ
ဒီက ၁ လ ၁ သိန္းက အလုပ္ခ်ိန္ ၈ နာရီေျပာေပမယ့္ ၄ နာရီေတာင္ျပည့္ေအာင္လုပ္ရတဲ့သူရွားတယ္ကိုယ့္လူ
မနက္စာစားရင္လည္း breakslow time လုပ္လို႔ရတယ္ကိုယ့္လူ
ဒီၾကားထဲ lunch time, coffee time, tea time, somking time, ကြမ္းယာ time, အာပလာ time စသျဖင့္ break time ေပါင္းမ်ားစြာရွိေသးတယ္ကိုယ့္လူ
အဲလိုေတြေၾကာင့္လည္း လုပ္ငန္ရွင္ေတြေပးတဲ့လစာ နည္းတာမဆန္းပါဘူးကိုယ့္လူ
ကိုယ္တစ္ကယ္ႀကိဳးစားလို႔မွမရရင္ေတာ့လည္းတစ္မ်ိဳးေပါ့ကိုယ့္လူ
အဲလိုဆိုေရၾကည္ရာ ျမက္ႏုရာသြားရမွာပဲကိုယ့္လူ
အဲေတာ့ ဒီမွာေနၿပီး ႏိုင္ငံတကာလို လစာလိုခ်င္လို႔ မရေသးဘူးကိုယ့္လူ
ႏိုင္ငံျခားမွာသြားၿပီးလုပ္မယ္ဆိုလည္း ေသခ်ာျပင္ဆင္ၿပီးမွသြားလုပ္ပါကိုယ့္လူ။
ေတာ္ရံုလစာမ်ားတာေလးပဲၾကည့္ၿပီးသြားမလုပ္နဲ႔ကိုယ့္လူ
ကိုယ္ဘာလုပ္ရမယ္ဆိုတာေလးလည္းထည့္သြင္းစဥ္းစားပါကိုယ့္လူ
ထိုင္းမွာဆိုရင္ ၁ လ ၃ သိန္းေက်ာ္ေလာက္ပဲရတဲ့အလုပ္မ်ိဳး ဘယ္လိုလုပ္ရလည္းနီးစပ္ရာေမးၾကည့္လိုက္ပါ။
အသက္သာဆံုးနဲ႔လစာအေကာင္းဆံုး လံုငံပါးကေပါင္(ငါးေသတၱာစက္ရံု) မွာဆိုရင္ေတာင္ တစ္ေနကုန္ ၈ နာရီနီးပါးမတ္တပ္ရပ္ၿပီး အလုပ္လုပ္ရပါတယ္။
က်န္တဲ့ ေကာ့ဆန္း (ေဆာက္လုပ္ေရး) နဲ႔ လပ္ခိုး (တံငါေလွ) မွာလုပ္ရင္ အသက္ေတာင္ ဖက္နဲ႔ထုပ္ထားရပါတယ္ကိုယ့္လူ
ကၽြႏ္ုပ္ကိုယ္တိုင္ ထိုင္းႏိုင္ငံတြင္ ကိုယ္ေတြ႔ႀကံဳခဲ့ရေသာ အေတြ႔အႀကံဳမ်ားအရ ေရးသားျခင္းျဖစ္ပါတယ္။ မည္သူ႔ကိုမွ ထိခိုက္ေစလိုျခင္းမရွိပါ။
Prepare yourself for working oversea!
Myo Zin Min
ApannPyay
===========
ဒီမှာကိုယ့်လူ
နိုင်ငံခြားမှာ အလုပ်လုပ်ရတာ လွယ်တယ်ထင်လားကိုယ့်လူ
အလုပ်ချိန် ၈ နာရီချင်းတူပေမယ့် နိုင်ငံခြားမှာ ၁ လ ၁၀ သိန်းရတဲ့အလုပ်နဲ့ မြန်မာမှာ ၁ လ ၁ သိန်းရတဲ့အလုပ် တူမလားကိုယ့်လူ
နိုင်ငံခြားမှာ ၁ လ ၁၀ သိန်းရတဲ့အလုပ်က ၈ နာရီလုံးလုံး အမှန်အကန်တစ်ကယ်အလုပ်လုပ်မှရတာကိုယ့်လူ
အချိန်ပိုလုပ်ရရင်လည်း မိနစ်စွန်း နာရီစွန်းသလောက်အချိန်ပိုကြေးရတယ်ကိုယ့်လူ
Breakfast တောင် Break + Fast ဆိုတဲ့အတိုင်း နားတဲ့အချိန် အားတဲ့အချိန်လေး သွားရင်းလာရင်းအသည်းအသန်စားရတာကိုယ့်လူ
အလုပ်ရှင် အလုပ်သမား give and take ရှိတယ်ကိုယ့်လူ
Win-win together ပဲကိုယ့်လူ
ဒီက ၁ လ ၁ သိန်းက အလုပ်ချိန် ၈ နာရီပြောပေမယ့် ၄ နာရီတောင်ပြည့်အောင်လုပ်ရတဲ့သူရှားတယ်ကိုယ့်လူ
မနက်စာစားရင်လည်း breakslow time လုပ်လို့ရတယ်ကိုယ့်လူ
ဒီကြားထဲ lunch time, coffee time, tea time, somking time, ကွမ်းယာ time, အာပလာ time စသဖြင့် break time ပေါင်းများစွာရှိသေးတယ်ကိုယ့်လူ
အဲလိုတွေကြောင့်လည်း လုပ်ငန်ရှင်တွေပေးတဲ့လစာ နည်းတာမဆန်းပါဘူးကိုယ့်လူ
ကိုယ်တစ်ကယ်ကြိုးစားလို့မှမရရင်တော့လည်းတစ်မျိုးပေါ့ကိုယ့်လူ
အဲလိုဆိုရေကြည်ရာ မြက်နုရာသွားရမှာပဲကိုယ့်လူ
အဲတော့ ဒီမှာနေပြီး နိုင်ငံတကာလို လစာလိုချင်လို့ မရသေးဘူးကိုယ့်လူ
နိုင်ငံခြားမှာသွားပြီးလုပ်မယ်ဆိုလည်း သေချာပြင်ဆင်ပြီးမှသွားလုပ်ပါကိုယ့်လူ။
တော်ရုံလစာများတာလေးပဲကြည့်ပြီးသွားမလုပ်နဲ့ကိုယ့်လူ
ကိုယ်ဘာလုပ်ရမယ်ဆိုတာလေးလည်းထည့်သွင်းစဉ်းစားပါကိုယ့်လူ
ထိုင်းမှာဆိုရင် ၁ လ ၃ သိန်းကျော်လောက်ပဲရတဲ့အလုပ်မျိုး ဘယ်လိုလုပ်ရလည်းနီးစပ်ရာမေးကြည့်လိုက်ပါ။
အသက်သာဆုံးနဲ့လစာအကောင်းဆုံး လုံငံပါးကပေါင်(ငါးသေတ္တာစက်ရုံ) မှာဆိုရင်တောင် တစ်နေကုန် ၈ နာရီနီးပါးမတ်တပ်ရပ်ပြီး အလုပ်လုပ်ရပါတယ်။
ကျန်တဲ့ ကော့ဆန်း (ဆောက်လုပ်ရေး) နဲ့ လပ်ခိုး (တံငါလှေ) မှာလုပ်ရင် အသက်တောင် ဖက်နဲ့ထုပ်ထားရပါတယ်ကိုယ့်လူ
ကျွန်ုပ်ကိုယ်တိုင် ထိုင်းနိုင်ငံတွင် ကိုယ်တွေ့ကြုံခဲ့ရသော အတွေ့အကြုံများအရ ရေးသားခြင်းဖြစ်ပါတယ်။ မည်သူ့ကိုမှ ထိခိုက်စေလိုခြင်းမရှိပါ။
Prepare yourself for working oversea!
Myo Zin Min
ApannPyay
Home
/
ဗဟုသုတအစံု
/
ႏိုင္ငံျခားမွာ ၁ လ ၁၀ သိန္းရတဲ့အလုပ္နဲ႔ ျမန္မာမွာ ၁ လ ၁ သိန္းရတဲ့အလုပ္ တူပါသလား (ဘာ့ေၾကာင့္ လုပ္ခရတာ ကြာတာလဲ)
Subscribe to:
Post Comments
(
Atom
)
Loading...
0 comments :
Post a Comment