ပ်က္က်ေလယာဥ္ အစိတ္အပိုင္းမ်ား ေရျပင္ေပၚသို႔ ဆယ္ယူ...


ပင္လယ္ျပင္အတြင္း ပ်က္က်ခဲ့သည့္ တပ္မေတာ္သယ္ယူပို႔ေဆာင္ေရး Y-8 ေလယာဥ္အား ရွာေဖြေရးလုပ္ငန္းမ်ား ေဆာင္ရြက္လ်က္ရွိရာ ဇြန္ ၁၅ ရက္တြင္ ေတြ႕ရွိခဲ့သည့္ ေလယာဥ္အၿမီးပိုင္းႏွင့္ အစိတ္အပိုင္းအခ်ိဳ႕အား ယေန႔ မြန္းလြဲ ၁ နာရီခြဲတြင္ ေရေအာက္မွ ေရျပင္ေပၚသို႔ ဆယ္ယူႏိုင္ခဲ့ၿပီး ေရယာဥ္ေပၚသို႔တင္ေဆာင္ႏိုင္ေရး ဆက္လက္ေဆာင္ရြက္လ်က္ရွိသည္။ က်န္အစိတ္အပိုင္းမ်ားအား ရွာေဖြရရွိေရးအတြက္ တပ္မေတာ္(ေရ)မွ စစ္ေရယာဥ္မ်ား၊ ေဒသခံငါးဖမ္းစက္ေလွမ်ား၊ ကြၽမ္းက်င္ေရငုပ္စစ္သည္မ်ား ပူးေပါင္း၍ ဆက္လက္ေဆာင္ရြက္လ်က္ရွိသည္။

ေလယာဥ္အၿမီးပိုင္းႏွင့္အတူ အမ်ိဳးသားရုပ္အေလာင္း ၁ ေလာင္းအား ထပ္မံရွာေဖြေတြ႕ရွိသျဖင့္ စုစုေပါင္းရုပ္အေလာင္း ၉၂ ေလာင္း ရွာေဖြေတြ႕ရွိၿပီးျဖစ္သည္။


 
No automatic alt text available.
Image may contain: text
(Unicode Version)
ပင်လယ်ပြင်အတွင်း ပျက်ကျခဲ့သည့် တပ်မတော်သယ်ယူပို့ဆောင်ရေး Y-8 လေယာဉ်အား ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၅ ရက်တွင် တွေ့ရှိခဲ့သည့် လေယာဉ်အမြီးပိုင်းနှင့် အစိတ်အပိုင်းအချို့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ရေအောက်မှ ရေပြင်ပေါ်သို့ ဆယ်ယူနိုင်ခဲ့ပြီး ရေယာဉ်ပေါ်သို့တင်ဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ကျန်အစိတ်အပိုင်းများအား ရှာဖွေရရှိရေးအတွက် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များ၊ ဒေသခံငါးဖမ်းစက်လှေများ၊ ကျွမ်းကျင်ရေငုပ်စစ်သည်များ ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
လေယာဉ်အမြီးပိုင်းနှင့်အတူ အမျိုးသားရုပ်အလောင်း ၁ လောင်းအား ထပ်မံရှာဖွေတွေ့ရှိသဖြင့် စုစုပေါင်းရုပ်အလောင်း ၉၂ လောင်း ရှာဖွေတွေ့ရှိပြီးဖြစ်သည်။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...