မင္းကင္းတြင္အမ်ိဳးသမီးတဦးအားနားရြက္ႏွစ္ဖက္ကုိဓားျဖင့္လွီးျဖတ္

#မင္းကင္းတြင္အမ်ိဳးသမီးတဦးအားနားရြက္ႏွစ္ဖက္ကုိဓားျဖင့္လွီးျဖတ္ၿပီးနားကပ္လုယူမႈျဖစ္ပြား
ကေလးခ႐ိုင္ မင္းကင္းၿမိဳ႕နယ္ ပိတ္ခ်င္းေတာရြာသူတဦးဟာ ဇြန္ ၁၄ ရက္က နားရြက္ႏွစ္ဖက္အား ဓားနဲ႔လွီးျဖတ္ခံရကာ နားကပ္လုယူခံခဲ့ရတယ္လုိ႔ ကေလးခ႐ိုင္ရဲတပ္ဖြဲ႔က ေျပာပါတယ္။
လုယက္ခံရသူ အမ်ိဳးသမီးဟာ လယ္ေတာသြားၿပီး ျပန္မလာလို႔ ခင္ပြန္းျဖစ္သူက လယ္ေတာကို သြားေရာက္လုိက္ၾကည့္ရာမွ လယ္ေတာတဲနဲ႔ အေတာင္ ၅၀ အကြာေလာက္မွာ ဒဏ္ရာေတြနဲ႔ အမ်ိဳးသမီးကို ေတြ႔ခဲ့ရတာ ျဖစ္ပါတယ္။
လုယက္ခံရတဲ့ အမ်ိဳးသမီးဟာ ပိတ္ခ်င္းေတာေက်းရြာနဲ႔ တမိုင္ေလာက္အကြာ လယ္ေတာမွာရွိတဲ့ တဲအနီးမွာ လုယက္ခံရတာျဖစ္ၿပီး လုယက္မႈမွာ အမ်ိဳးသမီးရဲ႕ နားႏွစ္ဖက္ကို ဓားနဲ႔ လွီးျဖတ္ၿပီး နားကပ္တရံကို ယူသြားခဲ့တာလုိ႔ ရဲတပ္ဖြဲ႔က ေျပာပါတယ္။
လုယက္ခံရသူဟာ ေဒၚျမင့္ရွိန္ျဖစ္ၿပီး တန္ဖိုး ၂ သိန္းရွိ ေက်ာက္နီခ်ယ္ နားကပ္တရံ လုယက္သူထံ ပါသြားခဲ့ကာ လုယက္မႈ က်ဴးလြန္သူကိုေတာ့ ဖမ္းဆီးရမိျခင္းမရွိဘဲ စံုစမ္းဆဲျဖစ္ၿပီး လုယက္ခံရမႈမွာ ပစၥည္းယူ႐ံုတင္ မဟုတ္ဘဲ လူကိုပါ ႏွိပ္စက္မႈေတြ ျပဳလုပ္ခဲ့တာေၾကာင့္ ခႏၶာကိုယ္ေပၚမွာ ဒဏ္ရာ ၁၀ ခ်က္ေလာက္ ရရွိခဲ့လို႔ ေဆးကုသမႈ ခံယူေနတယ္လုိ႔ သိရပါတယ္။
လုယက္မႈနဲ႔ ပတ္သက္ၿပီး မင္းကယ္ၿမိဳ႕နယ္ ေမာကၠေတာ္ နယ္ေျမစခန္းမွာ ေဒၚျမင့္ရွိန္ရဲ႕ ခင္ပြန္းျဖစ္သူ ကိုယ္တုိင္ အမႈဖြင့္ တုိင္တန္းထားၿပီး ရဲတပ္ဖြဲ႔က ရာဇသတ္ႀကီးပုဒ္မ-၃၉၄ နဲ႔ အမႈဖြင့္ေဆာင္ရြက္ေနတယ္လုိ႔ သိရပါတယ္။
အခုျဖစ္စဥ္မတုိင္ခင္ ဇြန္ ၁၀ ရက္ေန႔ကလည္း မင္းကင္းၿမိဳ႕နယ္ ေမာကၠေတာ္နယ္ထဲမွာ အမ်ိဳးသမီးတဦး မုဒိမ္းက်င့္ သတ္ျဖတ္ခံခဲ့ရၿပီး အဲဒီ ျဖစ္စဥ္ေတြက တရားခံေတြကို အျမန္ဖမ္းဆီးႏုိင္ေရး ကေလးခ႐ိုင္ ရဲတပ္ဖြဲ႔မႉးကိုယ္တုိင္ ႀကီးၾကပ္ေဆာင္ရြက္ေနတယ္လုိ႔လည္း သိရပါတယ္။
မင္းရဲစစ္ႏုိင္
DVB
By ရဲ ရင့္ ထြန္း
==========

#မင်းကင်းတွင်အမျိုးသမီးတဦးအားနားရွက်နှစ်ဖက်ကိုဓားဖြင့်လှီးဖြတ်ပြီးနားကပ်လုယူမှုဖြစ်ပွား
ကလေးခရိုင် မင်းကင်းမြို့နယ် ပိတ်ချင်းတောရွာသူတဦးဟာ ဇွန် ၁၄ ရက်က နားရွက်နှစ်ဖက်အား ဓားနဲ့လှီးဖြတ်ခံရကာ နားကပ်လုယူခံခဲ့ရတယ်လို့ ကလေးခရိုင်ရဲတပ်ဖွဲ့က ပြောပါတယ်။
လုယက်ခံရသူ အမျိုးသမီးဟာ လယ်တောသွားပြီး ပြန်မလာလို့ ခင်ပွန်းဖြစ်သူက လယ်တောကို သွားရောက်လိုက်ကြည့်ရာမှ လယ်တောတဲနဲ့ အတောင် ၅၀ အကွာလောက်မှာ ဒဏ်ရာတွေနဲ့ အမျိုးသမီးကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
လုယက်ခံရတဲ့ အမျိုးသမီးဟာ ပိတ်ချင်းတောကျေးရွာနဲ့ တမိုင်လောက်အကွာ လယ်တောမှာရှိတဲ့ တဲအနီးမှာ လုယက်ခံရတာဖြစ်ပြီး လုယက်မှုမှာ အမျိုးသမီးရဲ့ နားနှစ်ဖက်ကို ဓားနဲ့ လှီးဖြတ်ပြီး နားကပ်တရံကို ယူသွားခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
လုယက်ခံရသူဟာ ဒေါ်မြင့်ရှိန်ဖြစ်ပြီး တန်ဖိုး ၂ သိန်းရှိ ကျောက်နီချယ် နားကပ်တရံ လုယက်သူထံ ပါသွားခဲ့ကာ လုယက်မှု ကျူးလွန်သူကိုတော့ ဖမ်းဆီးရမိခြင်းမရှိဘဲ စုံစမ်းဆဲဖြစ်ပြီး လုယက်ခံရမှုမှာ ပစ္စည်းယူရုံတင် မဟုတ်ဘဲ လူကိုပါ နှိပ်စက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာ ၁၀ ချက်လောက် ရရှိခဲ့လို့ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။
လုယက်မှုနဲ့ ပတ်သက်ပြီး မင်းကယ်မြို့နယ် မောက္ကတော် နယ်မြေစခန်းမှာ ဒေါ်မြင့်ရှိန်ရဲ့ ခင်ပွန်းဖြစ်သူ ကိုယ်တိုင် အမှုဖွင့် တိုင်တန်းထားပြီး ရဲတပ်ဖွဲ့က ရာဇသတ်ကြီးပုဒ်မ-၃၉၄ နဲ့ အမှုဖွင့်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အခုဖြစ်စဉ်မတိုင်ခင် ဇွန် ၁၀ ရက်နေ့ကလည်း မင်းကင်းမြို့နယ် မောက္ကတော်နယ်ထဲမှာ အမျိုးသမီးတဦး မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရပြီး အဲဒီ ဖြစ်စဉ်တွေက တရားခံတွေကို အမြန်ဖမ်းဆီးနိုင်ရေး ကလေးခရိုင် ရဲတပ်ဖွဲ့မှူးကိုယ်တိုင် ကြီးကြပ်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
မင်းရဲစစ်နိုင်
DVB
By ရဲ ရင့် ထွန်း

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...