အေဖ့ရင္ကို ခြဲခဲ့ရက္သလား သမီးရယ္

တစ္ခါက အေဖရယ္ ၊အေမရယ္ ၊သမီးေလးရယ္ (၃)သာရွိတဲ့ အလြန္ဆင္းရဲတဲ့ မိသားစုေလးတစ္စုရွိခဲ့ပါတယ္ ။သူတို႔မိသားစုေလးမွာ အေဖ တစ္ေယာက္တည္းရဲ႕ ၀င္ေငြသာရွိခဲ့တာမို႔ ေနထိုင္စားေသာက္မႈ အတြက္ ၀င္ေငြဟာမေလာက္ဘဲ ဆင္းရဲ ၾကပ္တည္းတဲ့ အခက္အခဲေတြကို ရင္ဆိုင္ခဲ့ၾကရပါတယ္။ ဖခင္ျဖစ္သူဟာ ေန႔တိုင္းအလုပ္လုပ္ေပမယ့္ ပိုက္ဆံ မေလာက္ငွတဲ့ဘ၀၊ သူတို႔ဘ၀ဘယ္လိုပင္ ဆင္းရဲမြဲေတေနပါေစ သူတို႔သမီးေလးကိုေတာ့ ကမၻာေပၚက အေကာင္းဆံုးဆရာ၀န္မ်ားထဲမွ တစ္ေယာက္ျဖစ္ေစရမယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ကို အျမဲတဖြဖြေျပာေနတတ္သူကေတာ့ ေကာင္မေလးရဲ႕ အေဖျဖစ္သူပဲ ျဖစ္ပါတယ္။ သူဟာ သူ႔သမီးေလးကို အရမ္းခ်စ္ျမတ္ႏိုးျပီး သူ႔သမီးေလးအေပၚမွာပဲ ေမွ်ာ္လင့္ခ်က္ေတြ စုပံုထားခဲ့ပါတယ္။

သူတို႔သမီးေလးကလည္း အေဖနဲ႔ အေမက ဖူးဖူးမႈတ္ ခ်စ္သင့္သေလာက္ အလြန္လိမၼာသူေလး တစ္ေယာက္ျဖစ္ခဲ့ပါတယ္။ မိဘစကားကို ေျမ၀ယ္မက် နားေထာင္သလို စာလည္းအရမ္းၾကိဳးစားသူေလးတစ္ေယာက္ပါ။ သူမဟာ ႏွစ္စဥ္ႏွစ္တိုင္း ဆုတံဆိပ္မ်ားကိုလည္း ရရွိခဲ့ပါတယ္။ ဖခင္ျဖစ္သူကေတ့ာ အျမဲတမ္းသူ႔သမီး အလိမၼာေလးအတြက္ ဂုဏ္ယူမဆံုး ျဖစ္ခဲ့ရတာေပါ့ေလ။။

ဒီလိုနဲ႔ အထက္တန္းေအာင္တဲ့အခါမွာလည္း သူတို႔သမီးေလးဟာ တစ္ျမိဳ႔လံုးမွာ ပထမအဆင့္နဲ႔ ေအာင္ျမင္ခဲ့ပါတယ္။ ထိုေန႔မွာေတာ့ အေဖျဖစ္သူရဲ႕ ပီတိေတြဟာ ေျပာျပလို႔ မဆံုးႏိုင္ျဖစ္ခဲ့ရျပီေလ။ သူဟာ သူ႔သမီးေလးအတြက္ ဂုဏ္ျပဳလက္ေဆာင္ေလး တစ္ခုကို ေပးခ်င္ခဲ့တာေၾကာင့္ သမီးေလးကိုဘာလိုခ်င္လဲလို႔ေမးခဲ့ပါေတာ့တယ္။

“သမီးေရ သမီးအတြက္ အမွတ္တရဂုဏ္ျပဳလက္ေဆာင္ေလးတစ္ခုေဖေဖ နဲ႔ ေမေမက ေပးခ်င္တယ္ သမီးေလးဘာလိုခ်င္လဲ” ဆိုေတာ့
“သမီးအရမ္းလိုခ်င္တဲ့ ၀တ္စံုေလးတစ္စံုရွိတယ္ ေဖေဖ… ေစ်းအရမ္းၾကီးေတာ့ ေဖေဖ့ကို မပူဆာရဲခဲ့ဘူး ” ဆိုျပီး သမီးေလးကေျပာလိုက္ေတာ့
“ သမီးေလးလိုခ်င္ရင္ ေဖေဖျဖစ္ေအာင္လုပ္ေပးမွာေပါ့… သမီးလည္းေဖေဖနဲ႔ ေမေမအတြက္ ဒီေလာက္ၾကိဳးစားေပးထားတ မဟုတ္ဘူးလား” ဆိုကာ သမီးေလးရဲ႕ ဆႏၵကို ျဖည့္ဆည္းေပးဖို႔ သူဟာ ဆံုးျဖတ္ခဲ့ပါတယ္။

တကယ္ဆို သမီးေလးလိုခ်င္တဲ့၀တ္စံုေလးကို ၀ယ္ေပးဖို႔ ပိုက္ဆံ လံုး၀မလံုေလာက္ဘူးဆိုတာ သူတို႔လင္မယား ႏွစ္ေယာက္လံုးသိခဲ့ပါတယ္။ သမီးေလးစိတ္မေကာင္းျဖစ္သြားမွာကို မၾကည့္ရက္တဲ့အတြက္ သူဟာ သမီးေလးဆႏၵကို မျဖစ္ျဖစ္ေအာင္ လုပ္ေပးဖို႔ ဆံုးျဖတ္ခဲ့တာပဲျဖစ္ပါတယ္။

သမီးေလးေမေမကေတာ့ “ေယာက်ာ္းရယ္ ကြ်န္မတို႔မွာ ပိုက္ဆံျဖင့္မရွိဘဲ ကိုယ့္သမီးကိုယ္ အားနာစရာမွမဟုတ္တာ အက်ိဳးအေၾကာင္းေျပာျပလုိက္ပါလား” ဆိုေတာ့
“ေအာ္မိန္းမရယ္ ကိုယ္ သမီးေလး အျမဲ ေပ်ာ္ေနတာပဲျမင္ခ်င္တယ္ သမီးေမွ်ာ္လင့္ခ်က္ေလးေတြ ေပ်ာက္သြားတာမ်ိဳး မျဖစ္ေစခ်င္ဘူးကြာ” ဆိုလုိက္ေတာ့ မိန္းမကလည္း ဘာမွဆက္မေျပာခဲ့ေတာ့ ပါဘူး။

ေနာက္ေန႔မွာေတာ့ အေဖျဖစ္သူဟာ သူစုထားတဲ့ ေငြအနည္းငယ္နဲ႔ လိုအပ္ေနတဲ့ ပိုက္ဆံအတြက္ သူ႔ေသြးအနည္းငယ္ကို ေဆးရံုမွာသြားထုတ္ေရာင္းျပီး ပိုက္ဆံထပ္ျဖည့္ကာ သူ႔သမီးေလးလိုခ်င္တဲ့ ၀တ္စံုေလးကို ၀ယ္လာေပးခဲ့ပါတယ္။

အဲ့ဒီေနာက္မွာေတာ့ သူတို႔ရဲ႕ သမီးေလးဟာ ေဆးပညာေကာလိပ္ကို တတ္ခြင့္ရခဲ့ျပီး သူကေတာ့ သမီးေလး က်ဴရွင္ခနဲ႔ ေက်ာင္းစရိတ္ေတြအတြက္ အလုပ္ကိုေန႔မနား ညမနားခက္ခက္ခဲခဲ ပင္ပင္ပန္းပန္းနဲ႔ ၾကိဳးစားလုပ္ကိုင္ခဲ့ရရွာပါတယ္။

ဒီလိုနဲ႔သူတို႔သမီးေလးဟာလည္း ေနာက္ဆံုးႏွစ္သို႔ေရာက္ရွိလာခဲ့ပါျပီ။ ေနာက္ဆံုးႏွစ္အတြက္ ေက်ာင္း၀င္ေၾကးသြင္းရမယ့္အခ်ိန္မွာလည္း မ်ားျပားလွတဲ့ေငြပမာဏျဖစ္ခဲ့တာမို႔ ဖခင္ျဖစ္သူဟာ သူ႔ေက်ာက္ကပ္တစ္ျခမ္းကိုေရာင္းလို႔ သူ႔သမီးေက်ာင္း၀င္ေၾကးကို အခ်ိန္မီေပးသြင္းေပးခဲ့ပါတယ္။ မိန္းမကိုလည္း သမီးေလးသိရင္ အျပစ္ရွိတယ္ဆိုျပီး ခံစားေနရမွာစိုးတာေၾကာင့္ သမီးေလး ဒီကိစၥေတြမသိပါေစနဲ႔ဆိုျပီး ေတာင္းဆိုထားခဲ့ပါတယ္။

ဒီႏွစ္ျပီးရင္ေတာ့ သူတို႔သမီးေလးဟာ ဆရာ၀န္မၾကီး အျဖစ္နဲ႔ သူတို႔ဆီကိုျပန္လာေတာ့မွာျဖစ္ပါတယ္။ သမီးေလးကိုလည္း သူတို႔ အလြန္တရာမွ လြမ္းလို႔ေနျပီေလ..။ မၾကာခင္ ေပ်ာ္ရႊင္ရေတာ့မယ့္ သူတို႔ရဲ႕အခ်ိန္ေတြကို သူတို႔လင္မယားဟာ ေစာင့္ေမွ်ာ္ေနခဲ့ၾကပါတယ္။

သူတို႔သမီးေလးျပန္လာရမယ့္အခ်ိန္မွာေတာ့ သူတို႔သမီးေလးအတြက္ လုိအပ္တာေတြျပင္ဆင္လို႔ သူတို႔ေစာင့္ေနၾကတုန္းမွာပဲ သတင္းတစ္ခု သူတို႔ဆီသို ႔ေရာက္ရွိလာခဲ့ပါေတာ့တယ္။ အဲ့ဒါကေတာ့ သူတို႔သမီးေလးဟာ သူ႔ခ်စ္သူေကာင္ေလးရဲ႕ လွည့္စားျခင္းကို ခံခဲ့ရလို႔ သူ႔ကိုယ္သူ အဆံုးစီရင္သြားခဲ့တယ္ ဆိုတဲ့ သတင္းဆိုးတစ္ခုပဲျဖစ္ပါေတာ့တယ္။

သူတို႔လင္မယားဟာ ယူၾကံဳးမရ ရင္က်ိဳးခဲ့ရပါတယ္…။ ခုေတာ့ သူတို႔သမီးေလးဟာ သူတို႔ေမွ်ာ္လင့္ခဲ့တဲ့ ဆရာ၀န္မၾကီး အျဖစ္နဲ႔ သူတို႔ဆီ ျပန္မလာေတာ့ပဲ အသက္မဲ့ေနတဲ့ ခႏၶာကိုယ္နဲ႔သာ ေရာက္ရွိလာခဲ့ပါေတာ့တယ္။

*** တစ္ခဏတာ အခ်စ္အတြက္နဲ႔ တစ္သက္သာေပးဆပ္လို႔ ေမွ်ာ္လင့္ခဲ့ရတဲ့ မိဘေတြရဲ႕ ေမွ်ာ္လင့္ခ်က္ကို မဖ်က္ဆီးမိပါေစနဲ႔လို႔ ခ်စ္ပရိသတ္ၾကီးမ်ားအတြက္ အသိတရားေလးတစ္ခုေပးရင္း...***
Credit- ( မိုမိုေလး )

Go To Source

==============

တစ်ခါက အဖေရယ် ၊အမေရယ် ၊သမီးလေးရယ် (၃)သာရှိတဲ့ အလွန်ဆင်းရဲတဲ့ မိသားစုလေးတစ်စုရှိခဲ့ပါတယ် ။သူတို့မိသားစုလေးမှာ အဖေ တစ်ယောက်တည်းရဲ့ ဝင်ငွေသာရှိခဲ့တာမို့ နေထိုင်စားသောက်မှု အတွက် ဝင်ငွေဟာမလောက်ဘဲ ဆင်းရဲ ကြပ်တည်းတဲ့ အခက်အခဲတွေကို ရင်ဆိုင်ခဲ့ကြရပါတယ်။ ဖခင်ဖြစ်သူဟာ နေ့တိုင်းအလုပ်လုပ်ပေမယ့် ပိုက်ဆံ မလောက်ငှတဲ့ဘဝ၊ သူတို့ဘဝဘယ်လိုပင် ဆင်းရဲမွဲတေနေပါစေ သူတို့သမီးလေးကိုတော့ ကမ္ဘာပေါ်က အကောင်းဆုံးဆရာဝန်များထဲမှ တစ်ယောက်ဖြစ်စေရမယ်ဆိုတဲ့ မျှော်လင့်ချက်ကို အမြဲတဖွဖွပြောနေတတ်သူကတော့ ကောင်မလေးရဲ့ အဖေဖြစ်သူပဲ ဖြစ်ပါတယ်။ သူဟာ သူ့သမီးလေးကို အရမ်းချစ်မြတ်နိုးပြီး သူ့သမီးလေးအပေါ်မှာပဲ မျှော်လင့်ချက်တွေ စုပုံထားခဲ့ပါတယ်။ 

သူတို့သမီးလေးကလည်း အဖေနဲ့ အမေက ဖူးဖူးမှုတ် ချစ်သင့်သလောက် အလွန်လိမ္မာသူလေး တစ်ယောက်ဖြစ်ခဲ့ပါတယ်။ မိဘစကားကို မြေဝယ်မကျ နားထောင်သလို စာလည်းအရမ်းကြိုးစားသူလေးတစ်ယောက်ပါ။ သူမဟာ နှစ်စဉ်နှစ်တိုင်း ဆုတံဆိပ်များကိုလည်း ရရှိခဲ့ပါတယ်။ ဖခင်ဖြစ်သူကတေ့ာ အမြဲတမ်းသူ့သမီး အလိမ္မာလေးအတွက် ဂုဏ်ယူမဆုံး ဖြစ်ခဲ့ရတာပေါ့လေ။။ 

ဒီလိုနဲ့ အထက်တန်းအောင်တဲ့အခါမှာလည်း သူတို့သမီးလေးဟာ တစ်မြို့လုံးမှာ ပထမအဆင့်နဲ့ အောင်မြင်ခဲ့ပါတယ်။ ထိုနေ့မှာတော့ အဖေဖြစ်သူရဲ့ ပီတိတွေဟာ ပြောပြလို့ မဆုံးနိုင်ဖြစ်ခဲ့ရပြီလေ။ သူဟာ သူ့သမီးလေးအတွက် ဂုဏ်ပြုလက်ဆောင်လေး တစ်ခုကို ပေးချင်ခဲ့တာကြောင့် သမီးလေးကိုဘာလိုချင်လဲလို့မေးခဲ့ပါတော့တယ်။ 

“သမီးရေ သမီးအတွက် အမှတ်တရဂုဏ်ပြုလက်ဆောင်လေးတစ်ခုဖေဖေ နဲ့ မေမေက ပေးချင်တယ် သမီးလေးဘာလိုချင်လဲ” ဆိုတော့ 
“သမီးအရမ်းလိုချင်တဲ့ ဝတ်စုံလေးတစ်စုံရှိတယ် ဖေဖေ… စျေးအရမ်းကြီးတော့ ဖေဖေ့ကို မပူဆာရဲခဲ့ဘူး ” ဆိုပြီး သမီးလေးကပြောလိုက်တော့ 
“ သမီးလေးလိုချင်ရင် ဖေဖေဖြစ်အောင်လုပ်ပေးမှာပေါ့… သမီးလည်းဖေဖေနဲ့ မေမေအတွက် ဒီလောက်ကြိုးစားပေးထားတ မဟုတ်ဘူးလား” ဆိုကာ သမီးလေးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ သူဟာ ဆုံးဖြတ်ခဲ့ပါတယ်။ 

တကယ်ဆို သမီးလေးလိုချင်တဲ့ဝတ်စုံလေးကို ဝယ်ပေးဖို့ ပိုက်ဆံ လုံးဝမလုံလောက်ဘူးဆိုတာ သူတို့လင်မယား နှစ်ယောက်လုံးသိခဲ့ပါတယ်။ သမီးလေးစိတ်မကောင်းဖြစ်သွားမှာကို မကြည့်ရက်တဲ့အတွက် သူဟာ သမီးလေးဆန္ဒကို မဖြစ်ဖြစ်အောင် လုပ်ပေးဖို့ ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။ 

သမီးလေးမေမေကတော့ “ယောကျာ်းရယ် ကျွန်မတို့မှာ ပိုက်ဆံဖြင့်မရှိဘဲ ကိုယ့်သမီးကိုယ် အားနာစရာမှမဟုတ်တာ အကျိုးအကြောင်းပြောပြလိုက်ပါလား” ဆိုတော့ 
“အော်မိန်းမရယ် ကိုယ် သမီးလေး အမြဲ ပျော်နေတာပဲမြင်ချင်တယ် သမီးမျှော်လင့်ချက်လေးတွေ ပျောက်သွားတာမျိုး မဖြစ်စေချင်ဘူးကွာ” ဆိုလိုက်တော့ မိန်းမကလည်း ဘာမှဆက်မပြောခဲ့တော့ ပါဘူး။ 

နောက်နေ့မှာတော့ အဖေဖြစ်သူဟာ သူစုထားတဲ့ ငွေအနည်းငယ်နဲ့ လိုအပ်နေတဲ့ ပိုက်ဆံအတွက် သူ့သွေးအနည်းငယ်ကို ဆေးရုံမှာသွားထုတ်ရောင်းပြီး ပိုက်ဆံထပ်ဖြည့်ကာ သူ့သမီးလေးလိုချင်တဲ့ ဝတ်စုံလေးကို ဝယ်လာပေးခဲ့ပါတယ်။ 

အဲ့ဒီနောက်မှာတော့ သူတို့ရဲ့ သမီးလေးဟာ ဆေးပညာကောလိပ်ကို တတ်ခွင့်ရခဲ့ပြီး သူကတော့ သမီးလေး ကျူရှင်ခနဲ့ ကျောင်းစရိတ်တွေအတွက် အလုပ်ကိုနေ့မနား ညမနားခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းနဲ့ ကြိုးစားလုပ်ကိုင်ခဲ့ရရှာပါတယ်။ 

ဒီလိုနဲ့သူတို့သမီးလေးဟာလည်း နောက်ဆုံးနှစ်သို့ရောက်ရှိလာခဲ့ပါပြီ။ နောက်ဆုံးနှစ်အတွက် ကျောင်းဝင်ကြေးသွင်းရမယ့်အချိန်မှာလည်း များပြားလှတဲ့ငွေပမာဏဖြစ်ခဲ့တာမို့ ဖခင်ဖြစ်သူဟာ သူ့ကျောက်ကပ်တစ်ခြမ်းကိုရောင်းလို့ သူ့သမီးကျောင်းဝင်ကြေးကို အချိန်မီပေးသွင်းပေးခဲ့ပါတယ်။ မိန်းမကိုလည်း သမီးလေးသိရင် အပြစ်ရှိတယ်ဆိုပြီး ခံစားနေရမှာစိုးတာကြောင့် သမီးလေး ဒီကိစ္စတွေမသိပါစေနဲ့ဆိုပြီး တောင်းဆိုထားခဲ့ပါတယ်။ 

ဒီနှစ်ပြီးရင်တော့ သူတို့သမီးလေးဟာ ဆရာဝန်မကြီး အဖြစ်နဲ့ သူတို့ဆီကိုပြန်လာတော့မှာဖြစ်ပါတယ်။ သမီးလေးကိုလည်း သူတို့ အလွန်တရာမှ လွမ်းလို့နေပြီလေ..။ မကြာခင် ပျော်ရွှင်ရတော့မယ့် သူတို့ရဲ့အချိန်တွေကို သူတို့လင်မယားဟာ စောင့်မျှော်နေခဲ့ကြပါတယ်။ 

သူတို့သမီးလေးပြန်လာရမယ့်အချိန်မှာတော့ သူတို့သမီးလေးအတွက် လိုအပ်တာတွေပြင်ဆင်လို့ သူတို့စောင့်နေကြတုန်းမှာပဲ သတင်းတစ်ခု သူတို့ဆီသို ့ရောက်ရှိလာခဲ့ပါတော့တယ်။ အဲ့ဒါကတော့ သူတို့သမီးလေးဟာ သူ့ချစ်သူကောင်လေးရဲ့ လှည့်စားခြင်းကို ခံခဲ့ရလို့ သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့တယ် ဆိုတဲ့ သတင်းဆိုးတစ်ခုပဲဖြစ်ပါတော့တယ်။ 

သူတို့လင်မယားဟာ ယူကြုံးမရ ရင်ကျိုးခဲ့ရပါတယ်…။ ခုတော့ သူတို့သမီးလေးဟာ သူတို့မျှော်လင့်ခဲ့တဲ့ ဆရာဝန်မကြီး အဖြစ်နဲ့ သူတို့ဆီ ပြန်မလာတော့ပဲ အသက်မဲ့နေတဲ့ ခန္ဓာကိုယ်နဲ့သာ ရောက်ရှိလာခဲ့ပါတော့တယ်။ 

*** တစ်ခဏတာ အချစ်အတွက်နဲ့ တစ်သက်သာပေးဆပ်လို့ မျှော်လင့်ခဲ့ရတဲ့ မိဘတွေရဲ့ မျှော်လင့်ချက်ကို မဖျက်ဆီးမိပါစေနဲ့လို့ ချစ်ပရိသတ်ကြီးများအတွက် အသိတရားလေးတစ်ခုပေးရင်း...*** 
Credit- ( မိုမိုလေး )

Go To Source

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...