“အေမက က်မကို လူႀကီးတေယာက္နဲ႔ လိင္ဆက္ဆံဖို႔ ေရာင္းခဲ့တယ္” ၁၂ ႏွစ္သမီး ေက်ာင္းသူေလး


ေက်ာင္းသူ မိန္းကေလးရဲ႕ ေက်ာင္းမွ ဆရာမက ရဲေတြကို အသိေပးအေၾကာင္း ၾကားခဲ့ၿပီးေနာက္မွာေတာ့ အမႈကို စံုစမ္းေဖာ္ထုတ္ဖို႔ ျပင္ဆင္ေနၾကပါတယ္။
ထိုင္းႏိုင္ငံမွ အသက္ ၁၂ ႏွစ္အရြယ္သာရွိေသးတဲ့ ေက်ာင္းသူေလးတဦးဟာ  သက္ႀကီးရြယ္အိုအမ်ိဳးသားတဦးနဲ႔ လိင္ဆက္ဆံဖို႔ မိခင္ရဲ႕ ေရာင္းခ်ျခင္းကို ခံခဲ့ရပါတယ္။
“က်မ လိင္ဆက္ဆံမႈျပဳလုပ္တဲ့ တႀကိမ္ကို ဘတ္ ၅၀၀ ရပါတယ္။ က်မ အေမ့ကို ျငင္းလိုက္ရင္ ႐ုိက္ခံရလိမ့္မယ္။ က်မ ၾကာရွည္သည္းမခံႏိုင္ေတာ့ပါဘူး”
ဒီအျဖစ္အပ်က္ဟာ အလြယ္တကူေပၚေပါက္လာခဲ့တာေတာ့ မဟုတ္ပါဘူး။
အဲဒီေက်ာင္းသူကေလးဟာ ေက်ာင္းကေရးခိုင္းတဲ့ အက္ေဆးတပုဒ္ထဲမွာ သူ႔ရဲ႕ ဘ၀အေၾကာင္းကို ထည့္သြင္းေရးသားခဲ့ရာကေန ေပၚေပါက္လာခဲ့ရတာလို႔ ထိုင္းဘာသာနဲ႔ ထုတ္ေ၀တဲ့ ဆႏြတ္ခ္သတင္းတပုဒ္မွာ ေဖာ္ျပပါတယ္။
မိခင္က သူ႔ကို ေရာင္းခ်ၿပီး လိင္ဆက္ဆံေစခဲ့သူ အမ်ိဳးသားဟာ ဘန္ဂလာမန္ခ႐ုိင္တြင္းမွ အစိုးရအာဏာပိုင္အဖြဲ႔တဖြဲ႔က ျဖစ္တယ္လို႔ ဆိုပါတယ္။
ေက်ာင္းသူ မိန္းကေလးရဲ႕ ေက်ာင္းမွ ဆရာမက ရဲေတြကို အသိေပးအေၾကာင္း ၾကားခဲ့ၿပီးေနာက္မွာေတာ့ အမႈကို စံုစမ္းေဖာ္ထုတ္ဖို႔ ျပင္ဆင္ေနၾကပါတယ္။
ေက်ာင္းသူ မိန္းကေလးဟာ ေနာက္ပိုင္းမွာ သူ႔ရဲ႕ သူငယ္ခ်င္းျဖစ္သူရဲ႕ ေနအိမ္ကို ထြက္ေျပးခဲ့ၿပီး သူငယ္ခ်င္းရဲ႕ မိခင္ျဖစ္သူက ပ၀ီနာ ေဟာင္ဆာကားလ္ လူမႈေရးေဖာင္ ေဒးရွင္းနဲ႔ ဆက္သြယ္အကူအညီေတာင္းခံေပးခဲ့တာပါ။
လက္ရွိမွာေတာ့ မိန္းကေလးကို ဘန္ဂလာမန္ကေလးသူငယ္ထိန္းသိမ္းေရးဌာနမွာ ေခတၱထိန္းသိမ္းထားရွိတယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။
လက္ရွိမွာေတာ့ ရဲေတြဟာ ျပစ္မႈက်ဴးလြန္ခဲ့တဲ့ အမ်ိဳးသားကိုေရာ၊ ေက်ာင္းသူမိန္း ကေလးရဲ႕ မိခင္ျဖစ္သူကိုပါ အရြယ္မေရာက္ေသးတဲ့ ကေလးသူငယ္မုဒိန္းမႈနဲ႔ လူကုန္ကူး မႈဆိုင္ရာ ဥပေဒပုဒ္မေတြနဲ႔ ၀ရမ္းထုတ္ထားၿပီး လိုအပ္တဲ့ အေရးယူမႈေတြ ဆက္လက္ လုပ္ေဆာင္သြားမယ္လို႔ ဆိုပါတယ္။
Credit:DVB
http://burmese.dvb.no/archives/214067


Unicode
ထိုင်းနိုင်ငံမှ အသက် ၁၂ နှစ်အရွယ်သာရှိသေးတဲ့ ကျောင်းသူလေးတဦးဟာ  သက်ကြီးရွယ်အိုအမျိုးသားတဦးနဲ့ လိင်ဆက်ဆံဖို့ မိခင်ရဲ့ ရောင်းချခြင်းကို ခံခဲ့ရပါတယ်။
“ကျမ လိင်ဆက်ဆံမှုပြုလုပ်တဲ့ တကြိမ်ကို ဘတ် ၅၀ဝ ရပါတယ်။ ကျမ အမေ့ကို ငြင်းလိုက်ရင် ရိုက်ခံရလိမ့်မယ်။ ကျမ ကြာရှည်သည်းမခံနိုင်တော့ပါဘူး”
ဒီအဖြစ်အပျက်ဟာ အလွယ်တကူပေါ်ပေါက်လာခဲ့တာတော့ မဟုတ်ပါဘူး။
အဲဒီကျောင်းသူကလေးဟာ ကျောင်းကရေးခိုင်းတဲ့ အက်ဆေးတပုဒ်ထဲမှာ သူ့ရဲ့ ဘဝအကြောင်းကို ထည့်သွင်းရေးသားခဲ့ရာကနေ ပေါ်ပေါက်လာခဲ့ရတာလို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ ဆနွတ်ခ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
မိခင်က သူ့ကို ရောင်းချပြီး လိင်ဆက်ဆံစေခဲ့သူ အမျိုးသားဟာ ဘန်ဂလာမန်ခရိုင်တွင်းမှ အစိုးရအာဏာပိုင်အဖွဲ့တဖွဲ့က ဖြစ်တယ်လို့ ဆိုပါတယ်။
ကျောင်းသူ မိန်းကလေးရဲ့ ကျောင်းမှ ဆရာမက ရဲတွေကို အသိပေးအကြောင်း ကြားခဲ့ပြီးနောက်မှာတော့ အမှုကို စုံစမ်းဖော်ထုတ်ဖို့ ပြင်ဆင်နေကြပါတယ်။
ကျောင်းသူ မိန်းကလေးဟာ နောက်ပိုင်းမှာ သူ့ရဲ့ သူငယ်ချင်းဖြစ်သူရဲ့ နေအိမ်ကို ထွက်ပြေးခဲ့ပြီး သူငယ်ချင်းရဲ့ မိခင်ဖြစ်သူက ပဝီနာ ဟောင်ဆာကားလ် လူမှုရေးဖောင် ဒေးရှင်းနဲ့ ဆက်သွယ်အကူအညီတောင်းခံပေးခဲ့တာပါ။
လက်ရှိမှာတော့ မိန်းကလေးကို ဘန်ဂလာမန်ကလေးသူငယ်ထိန်းသိမ်းရေးဌာနမှာ ခေတ္တထိန်းသိမ်းထားရှိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
လက်ရှိမှာတော့ ရဲတွေဟာ ပြစ်မှုကျူးလွန်ခဲ့တဲ့ အမျိုးသားကိုရော၊ ကျောင်းသူမိန်း ကလေးရဲ့ မိခင်ဖြစ်သူကိုပါ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်မုဒိန်းမှုနဲ့ လူကုန်ကူး မှုဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ ဝရမ်းထုတ်ထားပြီး လိုအပ်တဲ့ အရေးယူမှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...