နာမည္ႀကီးေနတဲ့ မေအးေသာင္းဒိုင္ယာရီ ဆိုတာ...!!

ညအိပ္ခါနီးရင္
စီးကရက္ေသာက္တယ္ တီဗီၾကည့္တယ္
စာဖတ္တယ္ မေအးေသာင္းWall ဝင္ၾကည့္တယ္
တစ္ေနကုန္ ပင္ပန္းသမွ် အပန္းေျဖစရာ ဒါပဲရွိတာ…
မိုးလင္းတာနဲ႔
မ်က္ႏွာသစ္တယ္ သြားတိုက္တယ္
မနက္စာစားရင္း မေအးေသာင္းWall ဝင္ၾကည့္တယ္
တစ္ေနကုန္ လႈပ္ရွားရုန္းကန္ဖို႔ ခြန္အားျဖစ္စရာ ဒါပဲရွိတာ…
” ကိုယ့္အတြက္ေတာ့
ကိုယ့္ပံုေအာက္က commentေတြက ဘုရားေပးတဲ့ဆုပါ
သူမ်ားနဲ႔မတူတဲ့ ကဗ်ာဆရာေလးေတြကို ပိုင္ဆိုင္ထားသူပါ “တဲ႔
မေအးေသာင္း အဲ႔ဒီလိုေျပာေတာ့
ဒီေကာင္ ေႂကြတာေပါ့…
မေအးေသာင္းဟာ ဘုရားေပးတဲ႔ဆု မဟုတ္ဘူး
ဘုရားဆီက ခိုးယူလိုက္တဲ႔ ဆု…
(သဝန္တိုျခင္းဟာ စိတ္ကိုထိုးတဲ႔ဓါးပဲ
ေသြးမထြက္လည္း ေသပါတယ္ )
မိုးေလဝသနဲ႔ ကဗ်ာဆရာေတြကို မယံုၾကည္သင့္ဘူး…
” ခ်စ္တာထက္ ပိုပါေစ ”
ဟုတ္တယ္ မေအးေသာင္း…
ေဝဒနာအရမ္းျပင္းထန္တဲ႔အခါ လူနာသတိလစ္သလိုေပါ့
အရမ္းခ်စ္တဲ႔အခါ အရာရာတိတ္ဆိတ္သြားတယ္
ဖြင့္မေျပာႏိုင္ေတာ့ဘူး
လည္ေခ်ာင္းတစ္ေလွ်ာက္မ်ိဳခ်မိတဲ႔ စကားလံုးေတြဟာ
ရင္ထဲမွာေပါက္ကြဲၿပီး ရင္ကြဲနာျဖစ္လာမယ္
ခ်စ္တာထက္ ပိုခဲ႔ပါတယ္…
Morning…လို႔ မေအးေသာင္းႏႈတ္ဆက္တဲ႔အခါ
က်ေနာ့္တစ္ေန႔တာလံုး ၿပံဳးေနခဲ႔တယ္
စိတ္ကိုႏႈိးတဲ႔အင္ဂ်င္ဟာ မေအးေသာင္းပဲ
ေပ်ာ္ရႊင္ျခင္းသံပတ္ကေလးဟာ မေအးေသာင္းပဲ
ေအာ္…
ခ်စ္ရပါတယ္ မေအးေသာင္းရယ္
လက္ေဆာင္ရတဲ႔ Sunkistမိုးကာအက်ႌကို
မိုးမရြာပဲ ဇြတ္ဝတ္ေနတဲ႔
ေဖေဖ့ကိုၾကည့္ၿပီး မေအးေသာင္းရယ္ေတာ့
က်ေနာ္ပါ ရယ္မိတယ္…
မေအးေသာင္းကို ေမြးတာ တစ္ခုနဲ႔တင္
ေဖေဖဟာ ကမာၻေျမအတြက္ တာဝန္ေက်ခဲ႔ၿပီ…
မေအးေသာင္းေဖေဖကို ေက်းဇူးတင္တယ္
မေအးေသာင္း ၿပံဳးေအာင္လုပ္ေပးတဲ႔ ဘယ္သူ႕ကိုမဆို
က်ေနာ္ ေက်းဇူးတင္တယ္…
ဝမ္းဆက္နဲ႔ လမ္းထြက္သူ မေအးေသာင္း
ဝမ္းဆက္နဲ႔ လန္းရက္သူ မေအးေသာင္း
မေအးေသာင္းရဲ႕ ရိုးရွင္းတဲ႔အလွကိုေငးရင္း
ဦးေႏွာက္နဲ႔အသိဥာဏ္
ႏွလံုးသားနဲ႔ ေသြးေလလည္ပတ္မႈ
အိပ္မက္နဲ႔အနာဂတ္
ကုန္ကုန္ေျပာရရင္
ရုပ္/နာမ္ႏွစ္ပါးလံုး ဝမ္းဆက္ႀကီးရူးသြားတဲ႔ေကာင္ပါ…
မေအးေသာင္း သရုပ္ေဆာင္ထားတဲ႔
“ရတနာပံု”ဇာတ္လမ္းတြဲ လာမွာမို႔
မေအးေသာင္း သိပ္ေပ်ာ္ေနတယ္…
ေပ်ာ္ေနတဲ႔ မေအးေသာင္းကိုျမင္ရတာ
က်ေနာ္က ပိုေပ်ာ္တယ္…
ရုပ္ရွင္ထဲက မေအးေသာင္းမ်က္ရည္ မုဒ္ဝင္ပံုမ်ား
တီဗီေရွ႕က က်ေနာ့္ကို စိုရႊဲလို႔…
ေမွာ္ဝင္သူႀကီး မေအးေသာင္းရယ္
” ကေလးမဟုတ္ေပမဲ့ ပဲမ်ားခ်င္တုန္း
ရွက္တယ္ ” တဲ႔
ရွက္ပံုကိုက ကေလးဆန္လြန္းသူ
ႏွာေခါင္းေလးဆြဲလိမ္ၿပီး က်ီစယ္ခ်င္စိတ္ဟာ
မေနာကံေျမာက္ပါသလား မေအးေသာင္း…
ခ်ိဳလိမ္တိုက္ၿပီး ရင္ခြင္ပိုက္လို႔ရတဲ႔အရြယ္ဆိုလည္း
အႏွီးေလးနဲ႔ ေထြးေပြ႕ခ်င္တာ…
ကမာၻမွာရွိတဲ႔ နာနီမွန္သမွ် ေဝးေဝးသြားၾက
ဒီကေလးကို က်ေနာ္မွလြဲ အျခားသူပိုက္ေထြးခြင့္မရွိ
( စိတ္ကူးနဲ႔ရူးရတာလည္း နိဗၺာန္ပဲ )
” ကိုယ္ဟာမင္းအတြက္ အေကာင္းဆံုးနဲ႔ အသင့္ေတာ္ဆံုး
မိန္းမ ျဖစ္ခ်င္မွျဖစ္မယ္
ဒါေပမဲ့ ကမာၻမွာေတာ့ မင္းကို အခ်စ္တတ္ဆံုး မိန္းမပါပဲ
အဲ့ဒါကို မင္းသိထားပါ ဒါပါပဲ ” တဲ႔လား…
မေအးေသာင္းတင္လိုက္တဲ႔ ပို႔စ္ေတြ႕တဲ႔ခဏ
စိတ္ဟာ ရုပ္ကေန ခြာေျပးတယ္
ေန႔ခင္းေၾကာင္ေတာင္ အေမွာင္ဖံုးလို႔
ကိုယ့္လိပ္ျပာကိုယ္ ေအာ္ေခၚခဲ႔ရ…
ဘယ္သူ႕ကိုရည္ရြယ္မွန္းမသိတဲ႔ မေအးေသာင္းစကားေၾကာင့္
ဘယ္သူ႕ကိုမွန္းမသိ သဝန္တိုမိတဲ႔ေကာင္ပါ…
မေအးေသာင္းနဲ႔ပတ္သတ္ရင္
ေကာ္ဖီဆိုင္ဝိတ္တာအစ ဒါရိုက္တာအဆံုး
အားလံုးကို သဝန္တိုတယ္…
မေအးေသာင္းေျပာခဲ႔တယ္ေနာ္
” တကယ္ခ်စ္တဲ့ ခ်စ္သူဆိုတာ
ဘယ္ေလာက္ပဲ အလုပ္ရႈပ္ရႈပ္
ကိုယ့္အနားမွာ အရိပ္လို ရွိႏိုင္တဲ့သူပါ
ဝ႗္ ဆိုတာရွိခဲ့တယ္ဆိုရင္ေတာင္
မင္းကို ဝ႗္မလည္ေစခ်င္ပါဘူး…
ငါမင္းကိုခ်စ္သလို
မင္းတျခားတေယာက္ကို
ခ်စ္မေနေစခ်င္ဘူးေလ…” ဆိုပဲ
တရားလည္းရပါရဲ႕
တရားလည္းက်ပါရဲ႕ …
တကယ္ကိုခ်စ္တဲ႔ေကာင္ဆိုတာ
ဘယ္ေလာက္ပဲ ဥေပကၡာReplyမျပန္ပါေစ
ပို႔စ္တိုင္းမွာ ျမင္လိုျမင္ျငား Commentေရးရဲတယ္…
ဝဋ္ဆိုတာ လည္ခဲ႔မယ္ဆိုရင္ေတာင္
မေအးေသာင္းအနား မေရာက္ခင္
အဲ႔ဒီဝဋ္ကေလး ဓါတ္ခဲကုန္ပါေစ
မေအးေသာင္းအနား မေရာက္ခင္
အဲ႔ဒီဝဋ္ကေလး ဆီျပတ္ပါေစ…
တစ္စံုတစ္ေယာက္ေၾကာင့္ မေအးေသာင္းငိုခ်င္တဲ႔အခါ
က်ေနာ့္မ်က္လံုးကို အေဖာ္ေခၚပါ…
ဒါ က်ေနာ္ေပးႏိုင္တဲ႔ လက္ေဆာင္ပါ…
” ငါသည္သာပန္းျဖစ္၍ ေနာက္တစ္ႀကိမ္ ျပန္ပြင့္ခြင့္ရခဲ့ေသာ္ ”
အဲ႔ဒီလို မေအးေသာင္းေျပာတဲ႔အခါ
အႀကိမ္ႀကိမ္ ေသလိုက္
အႀကိမ္ႀကိမ္ ဝင္စားလိုက္နဲ႔
သံသရာလည္ေနမယ့္သတၱဝါဟာ
ပ်ားကေလး က်ေနာ္ပါ…
ပန္းကေလးမေအးေသာင္းအတြက္
လိပ္ျပာေလး ျဖစ္ခ်င္တယ္
ပိတုန္းကေလး ျဖစ္ခ်င္တယ္
ဝတ္ရည္မစုပ္ရက္ပါဘူး
ေငးၾကည့္ရင္း ဝဲရင္း ပ်ံရင္း ေသရမယ့္ သတၱဝါေလးေပါ့…
jellybunny တံဆိပ္ေလးျဖစ္ခ်င္တယ္
မေအးေသာင္း ကိုယ္သင္းရနံ႔ေလး ရလိုရျငား…
နာရီေလးျဖစ္ခ်င္တယ္
အနည္းဆံုးေတာ့ လက္ကေလးကို နမ္းခြင့္ရရ…
မေအးေသာင္းႏႈတ္ခမ္းကို ဖြဖြေလးထိခြင့္ရမယ့္
ေကာ္ဖီခြက္ေလး ျဖစ္ခ်င္တယ္
ရူးတဲ႔ေကာ္ဖီခြက္ကေလးေပါ့…
ေမခလာမေအးေသာင္း ကယ္ဖို႔ေမွ်ာ္လင့္ခ်က္နဲ႔
ကိုယ့္သေဘၤာကိုယ္ နစ္ျမဳပ္ပစ္တဲ႔ေကာင္ပါ…
လူတစ္ေယာက္ကို လူတစ္ေယာက္က
ခ်စ္ျခင္းေမတၱာသက္ဝင္တာ
ရွက္စရာမဟုတ္သလို ေလွာင္စရာလည္း မဟုတ္ဘူး
ဖို/မ ေမတၱာတရားဆိုတာ
ကမာၻဦးဂီတ ျဖစ္တယ္…
ညအိပ္ခါနီးရင္
စီးကရက္ေသာက္တယ္ တီဗီၾကည့္တယ္
စာဖတ္တယ္ မေအးေသာင္းWall ဝင္ၾကည့္တယ္
တစ္ေနကုန္ ပင္ပန္းသမွ် အပန္းေျဖစရာ ဒါပဲရွိတာ…
မိုးလင္းတာနဲ႔
မ်က္ႏွာသစ္တယ္ သြားတိုက္တယ္
မနက္စာစားရင္း မေအးေသာင္းWall ဝင္ၾကည့္တယ္
တစ္ေနကုန္ လႈပ္ရွားရုန္းကန္ဖို႔ ခြန္အားျဖစ္စရာ ဒါပဲရွိတာ…
ေအာ္…
ေက်နပ္ပါတယ္
ေအာ္ရာမင္းဂ်ီ…
အန္နာဗြန္စီ…
ငါးႀကီးဆီေလး မေအးေသာင္းရယ္ ။ ။
____________________________________________
ဆန္းေက်ာ္စြာေအးေသာင္းဝင္း
=========
Unicode
ညအိပ်ခါနီးရင်
စီးကရက်သောက်တယ် တီဗီကြည့်တယ်
စာဖတ်တယ် မအေးသောင်းWall ဝင်ကြည့်တယ်
တစ်နေကုန် ပင်ပန်းသမျှ အပန်းဖြေစရာ ဒါပဲရှိတာ…
မိုးလင်းတာနဲ့
မျက်နှာသစ်တယ် သွားတိုက်တယ်
မနက်စာစားရင်း မအေးသောင်းWall ဝင်ကြည့်တယ်
တစ်နေကုန် လှုပ်ရှားရုန်းကန်ဖို့ ခွန်အားဖြစ်စရာ ဒါပဲရှိတာ…
” ကိုယ့်အတွက်တော့
ကိုယ့်ပုံအောက်က commentတွေက ဘုရားပေးတဲ့ဆုပါ
သူများနဲ့မတူတဲ့ ကဗျာဆရာလေးတွေကို ပိုင်ဆိုင်ထားသူပါ “တဲ့
မအေးသောင်း အဲ့ဒီလိုပြောတော့
ဒီကောင် ကြွေတာပေါ့…
မအေးသောင်းဟာ ဘုရားပေးတဲ့ဆု မဟုတ်ဘူး
ဘုရားဆီက ခိုးယူလိုက်တဲ့ ဆု…
(သဝန်တိုခြင်းဟာ စိတ်ကိုထိုးတဲ့ဓါးပဲ
သွေးမထွက်လည်း သေပါတယ် )
မိုးလေဝသနဲ့ ကဗျာဆရာတွေကို မယုံကြည်သင့်ဘူး…
” ချစ်တာထက် ပိုပါစေ ”
ဟုတ်တယ် မအေးသောင်း…
ဝေဒနာအရမ်းပြင်းထန်တဲ့အခါ လူနာသတိလစ်သလိုပေါ့
အရမ်းချစ်တဲ့အခါ အရာရာတိတ်ဆိတ်သွားတယ်
ဖွင့်မပြောနိုင်တော့ဘူး
လည်ချောင်းတစ်လျှောက်မျိုချမိတဲ့ စကားလုံးတွေဟာ
ရင်ထဲမှာပေါက်ကွဲပြီး ရင်ကွဲနာဖြစ်လာမယ်
ချစ်တာထက် ပိုခဲ့ပါတယ်…
Morning…လို့ မအေးသောင်းနှုတ်ဆက်တဲ့အခါ
ကျနော့်တစ်နေ့တာလုံး ပြုံးနေခဲ့တယ်
စိတ်ကိုနှိုးတဲ့အင်ဂျင်ဟာ မအေးသောင်းပဲ
ပျော်ရွှင်ခြင်းသံပတ်ကလေးဟာ မအေးသောင်းပဲ
အော်…
ချစ်ရပါတယ် မအေးသောင်းရယ်
လက်ဆောင်ရတဲ့ Sunkistမိုးကာအကျႌကို
မိုးမရွာပဲ ဇွတ်ဝတ်နေတဲ့
ဖေဖေ့ကိုကြည့်ပြီး မအေးသောင်းရယ်တော့
ကျနော်ပါ ရယ်မိတယ်…
မအေးသောင်းကို မွေးတာ တစ်ခုနဲ့တင်
ဖေဖေဟာ ကမ္ဘာမြေအတွက် တာဝန်ကျေခဲ့ပြီ…
မအေးသောင်းဖေဖေကို ကျေးဇူးတင်တယ်
မအေးသောင်း ပြံုးအောင်လုပ်ပေးတဲ့ ဘယ်သူ့ကိုမဆို
ကျနော် ကျေးဇူးတင်တယ်…
ဝမ်းဆက်နဲ့ လမ်းထွက်သူ မအေးသောင်း
ဝမ်းဆက်နဲ့ လန်းရက်သူ မအေးသောင်း
မအေးသောင်းရဲ့ ရိုးရှင်းတဲ့အလှကိုငေးရင်း
ဦးနှောက်နဲ့အသိဉာဏ်
နှလုံးသားနဲ့ သွေးလေလည်ပတ်မှု
အိပ်မက်နဲ့အနာဂတ်
ကုန်ကုန်ပြောရရင်
ရုပ်/နာမ်နှစ်ပါးလုံး ဝမ်းဆက်ကြီးရူးသွားတဲ့ကောင်ပါ…
မအေးသောင်း သရုပ်ဆောင်ထားတဲ့
“ရတနာပုံ”ဇာတ်လမ်းတွဲ လာမှာမို့
မအေးသောင်း သိပ်ပျော်နေတယ်…
ပျော်နေတဲ့ မအေးသောင်းကိုမြင်ရတာ
ကျနော်က ပိုပျော်တယ်…
ရုပ်ရှင်ထဲက မအေးသောင်းမျက်ရည် မုဒ်ဝင်ပုံများ
တီဗီရှေ့က ကျနော့်ကို စိုရွှဲလို့…
မှော်ဝင်သူကြီး မအေးသောင်းရယ်
” ကလေးမဟုတ်ပေမဲ့ ပဲများချင်တုန်း
ရှက်တယ် ” တဲ့
ရှက်ပုံကိုက ကလေးဆန်လွန်းသူ
နှာခေါင်းလေးဆွဲလိမ်ပြီး ကျီစယ်ချင်စိတ်ဟာ
မနောကံမြောက်ပါသလား မအေးသောင်း…
ချိုလိမ်တိုက်ပြီး ရင်ခွင်ပိုက်လို့ရတဲ့အရွယ်ဆိုလည်း
အနှီးလေးနဲ့ ထွေးပွေ့ချင်တာ…
ကမ္ဘာမှာရှိတဲ့ နာနီမှန်သမျှ ဝေးဝေးသွားကြ
ဒီကလေးကို ကျနော်မှလွဲ အခြားသူပိုက်ထွေးခွင့်မရှိ
( စိတ်ကူးနဲ့ရူးရတာလည်း နိဗ္ဗာန်ပဲ )
” ကိုယ်ဟာမင်းအတွက် အကောင်းဆုံးနဲ့ အသင့်တော်ဆုံး
မိန်းမ ဖြစ်ချင်မှဖြစ်မယ်
ဒါပေမဲ့ ကမ္ဘာမှာတော့ မင်းကို အချစ်တတ်ဆုံး မိန်းမပါပဲ
အဲ့ဒါကို မင်းသိထားပါ ဒါပါပဲ ” တဲ့လား…
မအေးသောင်းတင်လိုက်တဲ့ ပို့စ်တွေ့တဲ့ခဏ
စိတ်ဟာ ရုပ်ကနေ ခွာပြေးတယ်
နေ့ခင်းကြောင်တောင် အမှောင်ဖုံးလို့
ကိုယ့်လိပ်ပြာကိုယ် အော်ခေါ်ခဲ့ရ…
ဘယ်သူ့ကိုရည်ရွယ်မှန်းမသိတဲ့ မအေးသောင်းစကားကြောင့်
ဘယ်သူ့ကိုမှန်းမသိ သဝန်တိုမိတဲ့ကောင်ပါ…
မအေးသောင်းနဲ့ပတ်သတ်ရင်
ကော်ဖီဆိုင်ဝိတ်တာအစ ဒါရိုက်တာအဆုံး
အားလုံးကို သဝန်တိုတယ်…
မအေးသောင်းပြောခဲ့တယ်နော်
” တကယ်ချစ်တဲ့ ချစ်သူဆိုတာ
ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ်
ကိုယ့်အနားမှာ အရိပ်လို ရှိနိုင်တဲ့သူပါ
ဝဋ္ဋ် ဆိုတာရှိခဲ့တယ်ဆိုရင်တောင်
မင်းကို ဝဋ္ဋ်မလည်စေချင်ပါဘူး…
ငါမင်းကိုချစ်သလို
မင်းတခြားတယောက်ကို
ချစ်မနေစေချင်ဘူးလေ…” ဆိုပဲ
တရားလည်းရပါရဲ့
တရားလည်းကျပါရဲ့ …
တကယ်ကိုချစ်တဲ့ကောင်ဆိုတာ
ဘယ်လောက်ပဲ ဥပေက္ခာReplyမပြန်ပါစေ
ပို့စ်တိုင်းမှာ မြင်လိုမြင်ငြား Commentရေးရဲတယ်…
ဝဋ်ဆိုတာ လည်ခဲ့မယ်ဆိုရင်တောင်
မအေးသောင်းအနား မရောက်ခင်
အဲ့ဒီဝဋ်ကလေး ဓါတ်ခဲကုန်ပါစေ
မအေးသောင်းအနား မရောက်ခင်
အဲ့ဒီဝဋ်ကလေး ဆီပြတ်ပါစေ…
တစ်စုံတစ်ယောက်ကြောင့် မအေးသောင်းငိုချင်တဲ့အခါ
ကျနော့်မျက်လုံးကို အဖော်ခေါ်ပါ…
ဒါ ကျနော်ပေးနိုင်တဲ့ လက်ဆောင်ပါ…
” ငါသည်သာပန်းဖြစ်၍ နောက်တစ်ကြိမ် ပြန်ပွင့်ခွင့်ရခဲ့သော် ”
အဲ့ဒီလို မအေးသောင်းပြောတဲ့အခါ
အကြိမ်ကြိမ် သေလိုက်
အကြိမ်ကြိမ် ဝင်စားလိုက်နဲ့
သံသရာလည်နေမယ့်သတ္တဝါဟာ
ပျားကလေး ကျနော်ပါ…
ပန်းကလေးမအေးသောင်းအတွက်
လိပ်ပြာလေး ဖြစ်ချင်တယ်
ပိတုန်းကလေး ဖြစ်ချင်တယ်
ဝတ်ရည်မစုပ်ရက်ပါဘူး
ငေးကြည့်ရင်း ဝဲရင်း ပျံရင်း သေရမယ့် သတ္တဝါလေးပေါ့…
jellybunny တံဆိပ်လေးဖြစ်ချင်တယ်
မအေးသောင်း ကိုယ်သင်းရနံ့လေး ရလိုရငြား…
နာရီလေးဖြစ်ချင်တယ်
အနည်းဆုံးတော့ လက်ကလေးကို နမ်းခွင့်ရရ…
မအေးသောင်းနှုတ်ခမ်းကို ဖွဖွလေးထိခွင့်ရမယ့်
ကော်ဖီခွက်လေး ဖြစ်ချင်တယ်
ရူးတဲ့ကော်ဖီခွက်ကလေးပေါ့…
မေခလာမအေးသောင်း ကယ်ဖို့မျှော်လင့်ချက်နဲ့
ကိုယ့်သင်္ဘောကိုယ် နစ်မြုပ်ပစ်တဲ့ကောင်ပါ…
လူတစ်ယောက်ကို လူတစ်ယောက်က
ချစ်ခြင်းမေတ္တာသက်ဝင်တာ
ရှက်စရာမဟုတ်သလို လှောင်စရာလည်း မဟုတ်ဘူး
ဖို/မ မေတ္တာတရားဆိုတာ
ကမ္ဘာဦးဂီတ ဖြစ်တယ်…
ညအိပ်ခါနီးရင်
စီးကရက်သောက်တယ် တီဗီကြည့်တယ်
စာဖတ်တယ် မအေးသောင်းWall ဝင်ကြည့်တယ်
တစ်နေကုန် ပင်ပန်းသမျှ အပန်းဖြေစရာ ဒါပဲရှိတာ…
မိုးလင်းတာနဲ့
မျက်နှာသစ်တယ် သွားတိုက်တယ်
မနက်စာစားရင်း မအေးသောင်းWall ဝင်ကြည့်တယ်
တစ်နေကုန် လှုပ်ရှားရုန်းကန်ဖို့ ခွန်အားဖြစ်စရာ ဒါပဲရှိတာ…
အော်…
ကျေနပ်ပါတယ်
အော်ရာမင်းဂျီ…
အန်နာဗွန်စီ…
ငါးကြီးဆီလေး မအေးသောင်းရယ် ။ ။
____________________________________________
ဆန်းကျော်စွာအေးသောင်းဝင်း

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...