ၿခံေစာင့္မ်ားက အိမ္ရွင္ကို မုဒိန္းက်င့္ၿပီး ကေလးမ်ားကိုပါ အစေဖ်ာက္သုတ္သင္





ၿခံေစာင့္အလုပ္သမားႏွစ္ဦးက အိမ္ရွင္အမ်ိဳးသမီးကို အဓၶမျပဳက်င့္ၿပီးေနာက္ သူမႏွင့္အတူ သားသမီး ႏွစ္ဦးကိုပါ သတ္ျဖတ္ၿပီး ေငြေၾကးအေျမာက္အျမား ယူေဆာင္ထြက္ေျပးခဲ့မွုတစ္ခု ဖိလစ္ပိုင္နိုင္ငံ Sto.Domingo ၿမိဳ႕တြင္ ၿပီးခဲ့တဲ့ ေသာၾကာေန႔က ျဖစ္ပြားခဲ့သည္။

ရဲမ်ားေရာက္ရွိလာခ်ိန္တြင္ အမ်ိဳးသမီး၏ ရက္ဘတ္တြင္ ဓါးထိုးခံရေသာ ဒဏ္ရာမ်ား၊ ကေလးငယ္တြင္ ဦးေခါင္းခြံကြဲအက္ ဒဏ္ရာမ်ားႏွင့္ ေသဆုံးေနၿပီး ေငြေၾကးႏွင့္ လက္ဝတ္လက္စားမ်ားပါ ေပ်ာက္ဆုံးခဲ့ေၾကာင္း ေဒသတြင္းသတင္းစာမ်ားတြင္ ေဖာ္ျပခဲ့သည္။

ေသဆုံးသူအမ်ိဳးသမီးမွာ Jonalyn Geranta ဟု အမည္ရၿပီး ခင္ပြန္းျဖစ္သူ ဓါတ္ပုံဆရာမွာ အခင္းျဖစ္ပြားခ်ိန္တြင္ အျခားၿမိဳ႕တြင္ ဓါတ္ပုံသြားရိုက္ေနခ်ိန္ျဖစ္ၿပီး ကေလး ႏွစ္ဦးႏွင့္အတူ အိမ္တြင္ က်န္ခဲ့ျခင္းျဖစ္သည္။

ၿပီးခဲ့တဲ့ ေသာၾကာေန႔က သူမ၏ ၿခံေစာင့္ႏွစ္ဦးျဖစ္သူ Villanueva ႏွင့္ Antido တို႔ ၿခံတံခါးေပါက္မွ ဝင္လာၿပီး သူမကို အဓၶမျပဳက်င္ခဲ့ၿပီးေနာက္ ဓါးႏွင့္ ထိုးသတ္ခဲ့သည္။ ထို႔ေနာက္ ကေလးႏွစ္ဦးကိုလည္း မ်က္ျမင္သက္ေသ မရွိေစရန္ အစေဖ်ာက္သတ္ခဲ့ျခင္းျဖစ္သည္။ ၃ ႏွစ္အရြယ္ကေလးငယ္ကို ေရခ်ိဳးခန္းထဲတြင္ ကိုင္ေပါက္ခဲ့သျဖင့္ ဦးေခါင္းခြံကြဲကာ ေသဆုံးခဲ့သည္။ ထို႔ေနာက္ ေငြေၾကးႏွင့္ လက္ဝတ္လက္စားမ်ား ယူေဆာင္ကာ ထြက္ေပးခဲ့ၾကျခင္းျဖစ္သည္။

သို႔ေသာ္ (၈)ႏွစ္အရြယ္ ကေလးက မေသေသးပဲ ေသခ်င္ေယာင္ေဆာင္ေနခဲ့သည့္အတြက္ လြတ္ေျမာက္ခဲ့ၿပီး ထိုသူႏွစ္ဦး ထြက္သြားသည္ႏွင့္ တစ္ၿပိဳင္နက္ အဖိုးျဖစ္သူ၏ အိမ္သို႔ ေျပးကာတိုင္ၾကားခဲ့ျခင္းျဖစ္သည္။

မ်က္ျမင္သက္ေသ ကေလး၏ တိုင္ၾကားခ်က္အရ ရဲမ်ားက က်ဴးလြန္ခဲ့သူ Villanueva ႏွင့္ Antido တို႔ႏွစ္ဦးကို ဖမ္းဆီးခဲ့ၿပီး လူသတ္မွု၊ အဓၶမမွု၊ ဓါးျပမွုမ်ားႏွင့္ တရားစြဲဆိုထားေၾကာင္း သိရွိရသည္။
Credit : Popolay

Unicode
ခြံစောင့်အလုပ်သမားနှစ်ဦးက အိမ်ရှင်အမျိုးသမီးကို အဓ္ဓမပြုကျင့်ပြီးနောက် သူမနှင့်အတူ သားသမီး နှစ်ဦးကိုပါ သတ်ဖြတ်ပြီး ငွေကြေးအမြောက်အမြား ယူဆောင်ထွက်ပြေးခဲ့မှုတစ်ခု ဖိလစ်ပိုင်နိုင်ငံ Sto.Domingo မြို့တွင် ပြီးခဲ့တဲ့ သောကြာနေ့က ဖြစ်ပွားခဲ့သည်။

ရဲများရောက်ရှိလာချိန်တွင် အမျိုးသမီး၏ ရက်ဘတ်တွင် ဓါးထိုးခံရသော ဒဏ်ရာများ၊ ကလေးငယ်တွင် ဦးခေါင်းခွံကွဲအက် ဒဏ်ရာများနှင့် သေဆုံးနေပြီး ငွေကြေးနှင့် လက်ဝတ်လက်စားများပါ ပျောက်ဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းစာများတွင် ဖော်ပြခဲ့သည်။

သေဆုံးသူအမျိုးသမီးမှာ Jonalyn Geranta ဟု အမည်ရပြီး ခင်ပွန်းဖြစ်သူ ဓါတ်ပုံဆရာမှာ အခင်းဖြစ်ပွားချိန်တွင် အခြားမြို့တွင် ဓါတ်ပုံသွားရိုက်နေချိန်ဖြစ်ပြီး ကလေး နှစ်ဦးနှင့်အတူ အိမ်တွင် ကျန်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့တဲ့ သောကြာနေ့က သူမ၏ ခြံစောင့်နှစ်ဦးဖြစ်သူ Villanueva နှင့် Antido တို့ ခြံတံခါးပေါက်မှ ဝင်လာပြီး သူမကို အဓ္ဓမပြုကျင်ခဲ့ပြီးနောက် ဓါးနှင့် ထိုးသတ်ခဲ့သည်။ ထို့နောက် ကလေးနှစ်ဦးကိုလည်း မျက်မြင်သက်သေ မရှိစေရန် အစဖျောက်သတ်ခဲ့ခြင်းဖြစ်သည်။ ၃ နှစ်အရွယ်ကလေးငယ်ကို ရေချိုးခန်းထဲတွင် ကိုင်ပေါက်ခဲ့သဖြင့် ဦးခေါင်းခွံကွဲကာ သေဆုံးခဲ့သည်။ ထို့နောက် ငွေကြေးနှင့် လက်ဝတ်လက်စားများ ယူဆောင်ကာ ထွက်ပေးခဲ့ကြခြင်းဖြစ်သည်။

သို့သော် (၈)နှစ်အရွယ် ကလေးက မသေသေးပဲ သေချင်ယောင်ဆောင်နေခဲ့သည့်အတွက် လွတ်မြောက်ခဲ့ပြီး ထိုသူနှစ်ဦး ထွက်သွားသည်နှင့် တစ်ပြိုင်နက် အဖိုးဖြစ်သူ၏ အိမ်သို့ ပြေးကာတိုင်ကြားခဲ့ခြင်းဖြစ်သည်။

မျက်မြင်သက်သေ ကလေး၏ တိုင်ကြားချက်အရ ရဲများက ကျူးလွန်ခဲ့သူ Villanueva နှင့် Antido တို့နှစ်ဦးကို ဖမ်းဆီးခဲ့ပြီး လူသတ်မှု၊ အဓ္ဓမမှု၊ ဓါးပြမှုများနှင့် တရားစွဲဆိုထားကြောင်း သိရှိရသည်။
Credit : Popolay

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...