ထီပေါက်အောင် ဘယ်လိုထိုးမလဲ?


ကျွန်တော့ facebook သူငယ်ချင်းတွေထဲကထီဝါသနာပါတဲ့ သူများရှိခဲ့ရင် ထီထိုးနည်းလေး ပြောပြချင်ပါတယ်။
ဒီတွက်နည်းအရတော့လူတစ်ယောက်ရဲ့ထီပေါက်တဲ့ကံက( ၇ )နှစ်မှ တစ်ခါပေါ်တာပါ။ ( ၅ )ကြွင်းတဲ့နှစ်ဖြစ်ပြီးရင် နောက် ( ၇ )နှစ်ကြာမှ ( ၅ ) ပြန်ကြွင်းတာပါ။

ကျွန်တော် ဒီတွက်နည်းကိုရတော့ ကျွန်တော် ( ၅ )ကြွင်းတဲ့ နှစ်ကို တွက်ထားလိုက်တယ်။ အဲသည်နှစ်ရောက်တော့ နှစ်စမှ နှစ်ဆုံးအထိ ( ၁၂ )လစလုံး မပျက်မကွက် ထီထိုးခဲ့တယ်။

တစ်ကယ် ထီပေါက်တယ် သူငယ်ချင်း နှစ်ကြိမ်ကြီးများတောင်- – ဟာ – – -တော်သေးတယ် သတိမေ့တော့မလို့ အရေးကြီးတဲ့ စကားတစ်ခွန်း ကျန်ခဲ့တော့မလို့ တစ်ကယ်လို့ အောက်ဆုံးစာတစ်ပိုဒ်သာ မရေးမိလိုက်ရင် ကျွန်တော့ လျှာလေး တိုရချည်ရဲ့- – – ဒီတွက်နည်းကို ရေးခဲ့သူကတော့ မင်းတုန်းမင်း လက်ထက်တွင် လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သော စလေမြီု့စာတိ စလေဦးပုညပါ။

သူ့တွက်နည်းကို facebook သူငယ်ချင်းတို့အတွက် တင်ပေး လိုက်တာပါ။ ထီထိုးမည့်သူ၏ မွေးသက္ကရာဇ်တွင် ၎င်းမွေးဂြိုလ်သက်ကို ပေါင်းရမည်။

တနင်္ဂနွေ – – – – – – – – – – = ၆ နှစ်
တနလာင်္ – – – – – – – – – – – = ၁၅ နှစ်
အင်္ဂါ – — – – – – – – – – – – = ၈ နှစ်
ဗုဒ္ဓဟူး – – – – – – – – – – – = ၁၇ နှစ်
ကြာသပတေး – – – – – – – – = ၁၉ နှစ်
သောကြာ – – — – – – – — – = ၂၁ နှစ်
စနေ – – – – – – – – – — – = ၁၀ နှစ်
ရာဟု – – – – – – – – – – – – – =၁၂ နှစ်ပေါင်းရန်ဖြစ်သည်။
ပြီးလျှင် ( ၄၃ ) နှင့်စားပါ။ စားကြွင်းကို ရောက်သက်နဲ့ပေါင်းရမည်။ ထို့နောက် ( ၇ ) နှင့်စားရမည်။ ( ၅ )ကြွင်းလျှင် ဧကန်ပေါက်မည်။ ( ၀ )သုည ကြွင်းလျှင် စပ်ထိုးရမည်။

ဥပမာ ။ ။ အသက်( ၂၈)နှစ်ရှိ ၁၃၃၅ ခုနှစ်တွင် မွေးဖွားသောစနေသားဖြစ်အံ့

မွေးသက္ကရာဇ် = ၁၃၃၅
မွေးဂြိုလ်သက် = + ၁၀

၁၃၄၅
၁၃၄၅ ÷၄၃= အကြွင်း ၁၂
ရောက်သက် = ၂၈

၄၀
၄၀ ÷ ၇ = အကြွင်း -၅ –
အကြွင်း= ၅

ဥပမာ ။ ။ အသက် (၃၅ )နှစ်ရှိ ၁၃၃၅ ခုနှစ်တွင် မွေးဖွား

သော စနေသားဖြစ်အံ့
မွေးသက္ကရာဇ် = ၁၃၃၅
မွေးဂြိုလ်သက် = ၁၀

၁၃၄၅
၁၃၄၅÷ ၄၃ = အကြွင်း – ၁၂ –
ရောက်သက် ၃၅

၄၇
၄၇ ÷ ၇ = အကြွင်း – ၅-
အကြွင်း ၅)

Credit : HtooHtoo

ကာလင်းမြေမှဟာသများ

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...