ခ်စ္သူမ်ားေန႔မွာ ခ်စ္သူမရွိတဲ့သူေတြရဲ႕ အရသာမ်ား..

ခ်စ္သူမ်ားေန႕႔မွာ ခ်စ္သူမရွိတဲ့သူေတြ ခံစားရမယ့္ ေကာင္းက်ိဳးမ်ား
by - ႏွင္းလဲ့ငယ္

ဗယ္လင္တုိင္းေန႕ နီးလာၿပီဆုိတာနဲ႕ ေခ်ာကလက္ေတြ၊ ပန္းစည္းေတြ ၊ အရုပ္ေစ်းေတြ ထိုးတက္သြားျပီပါ့။ အြန္လိုင္းေရွာ့ေတြမွာလည္း စံုတြဲေတြအတြက္ ဆင္တူအ၀တ္အစားေတြ အသားကုန္ေရာင္းေနၾကရျပီ။ ဒါေပမယ့္ သင့္မွာ ရည္းစားမရွိလုိ႕ သူမ်ားေတြလို ပန္းစည္ေတြ ၊ ပို႔စ္ကတ္ေတြနဲ႕ ေ၀းေနရင္ စိတ္ထဲ ကသိကေအာက္ျဖစ္ေနစရာ မလုိပါဘူး။ ရည္းစားမရွိသူေတြအတြက္ ခ်စ္သူမ်ားေန႕ မွာ အသံုး၀င္တဲ့ ေကာင္းကြက္ေတြ အမ်ားႀကီးရွိပါေသးတယ္။ ဒီအခ်က္ေတြ ဖတ္ၿပီးရင္ ရွိထားတဲ့ ရည္းစားေလးေတာင္ ခ်စ္သူမ်ားေန႕မွာ ခဏေလာက္ ျဖတ္ပါရေစကြာလို႕ ေျပာမိလိမ့္မယ္ေနာ္။
(၁) စိတ္မပါဘဲ စိတ္၀င္စားခ်င္ေယာင္ေဆာင္ေနစရာ မလို။
အမွန္တရားကေတာ့ ဒီလုိပါတဲ့။ လူတုိင္းက အသဲပံု သၾကားလံုးေတြ ၊ ႏွင္းဆီပန္းေတြနဲ႕ အရာရာတုိင္း ရဲရဲနီေနတာ ကို ႏွစ္သက္ေနၾကတာ မဟုတ္ပါဘူး။ ဒါေပမယ့္လည္း ခ်စ္သူသေဘာက် လုိက္ျပဳမူလုိ႕ အၿပံဳးတုတစ္ခုတပ္ဆင္ရင္း အနီေရာင္ေတြၾကားထဲလဲ ေပါခ်င္ေယာင္ေဆာင္ေနရတာပါပဲ။ တကယ္လုိ႕မ်ား ရည္းစားမရွိဘူးဆုိရင္ေတာ့ V Day ရဲ႕ အနီေရာင္ေတြထဲ စိတ္မပါဘဲ ဟန္ေဆာင္ေနရျခင္းက လြတ္ကင္းႏုိင္ၿပီေပါ့။
(၂) ခ်စ္သူမ်ားေန႕မွာဘာကိုမွ ပူစရာမလုိ။
လက္ေဆာင္ ၀ယ္မေပးႏုိင္မွာလည္း ပူစရာမလိုဘူး။ ခံစားခ်က္ေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း ေက်နပ္ေအာင္ မေဖာ္ျပႏုိင္မွာ ပူစရာမလုိေတာ့ဘူး။ ခ်စ္သူရဲ႕ေမွ်ာ္လင့္ခ်က္နဲ႕ မကိုက္ညီလုိ႕ အဆင္မေျပတဲ့ ဆက္ဆံေရးတစ္ခု ျဖစ္သြားမွာလည္း ပူစရာမလုိေတာ့ဘူး။ ဘာမွကို ပူပန္စရာမလုိဘူးေလ။
(၃) အသည္းကြဲမွာလည္း ပူစရာမလို။
ဒါကေတာ့ သိသာပါတယ္။ ရည္းစားမရွိေတာ့ V Day လဲ မရွိဘူး။ V Day မရွိေတာ့ စိတ္ရႈပ္စရာ မရွိဘူး။ အသည္းကြဲစရာလဲ မရွိဘူး။ မ်က္ရည္က်စရာလဲ မရွိဘူး။ ဘ၀ဟာ ေလျပည္ေလညွင္းေလးလုိျဖစ္လုိ႕။
(၄) လက္ေဆာင္အတြက္လည္း စိတ္ဖိစီးစရာမလုိ။
ကိုယ္ေပးတဲ့ လက္ေဆာင္က သူ႕အတြက္ အသံုးမွ၀င္ပါ့မလား။ ဘယ္သူကေတာ့ျဖင့္ သူ႕ရည္းစားကို ဘာေတြေပးလုိက္တာ ဆုိၿပီးေတာ့လည္း လိုက္ယွဥ္စရာမလုိေတာ့ဘူး။ ကိုယ့္ပိုက္ဆံ ကိုယ့္ဘာသာပဲ ၀ေအာင္သံုးေတာ့ေပါ့။
(၅) တျခားအတြဲေတြကို လုိက္ၾကည့္ၿပီး ဟာသလုပ္လို႕လည္း ရတယ္ေနာ္။
ခ်စ္ေနတဲ့သူေတြကသာ တစ္ခါတစ္ေလ သူတုိ႕အျပဳအမူေတြကို ရယ္စရာေကာင္းေနမွန္းမသိတာ။ ေဘးကေနၾကည့္ရင္ေတာ့ တစ္ခါတစ္ေလ ရယ္ခ်င္စရာႀကီးေနာ္။ ဒီေတာ့ တျခားအတဲြေတြကို လုိက္ၾကည့္ရင္း ေပ်ာ္စရာရွာေနလုိက္ပါ။
ဒီလုိဆုိေတာ့လည္း ခ်စ္သူမ်ားေန႕ဆုိတာႀကီးက ရည္းစားမရွိတာေတာင္ ခပ္ေကာင္းေကာင္းရယ္ေပါ့။
#Ref:mensxp
#TrendMyanmar
===========

Unicode>>>
ချစ်သူများနေ့့မှာ ချစ်သူမရှိတဲ့သူတွေ ခံစားရမယ့် ကောင်းကျိုးများ
by - နှင်းလဲ့ငယ်

ဗယ်လင်တိုင်းနေ့ နီးလာပြီဆိုတာနဲ့ ချောကလက်တွေ၊ ပန်းစည်းတွေ ၊ အရုပ်စျေးတွေ ထိုးတက်သွားပြီပါ့။ အွန်လိုင်းရှော့တွေမှာလည်း စုံတွဲတွေအတွက် ဆင်တူအဝတ်အစားတွေ အသားကုန်ရောင်းနေကြရပြီ။ ဒါပေမယ့် သင့်မှာ ရည်းစားမရှိလို့ သူများတွေလို ပန်းစည်တွေ ၊ ပို့စ်ကတ်တွေနဲ့ ဝေးနေရင် စိတ်ထဲ ကသိကအောက်ဖြစ်နေစရာ မလိုပါဘူး။ ရည်းစားမရှိသူတွေအတွက် ချစ်သူများနေ့ မှာ အသုံးဝင်တဲ့ ကောင်းကွက်တွေ အများကြီးရှိပါသေးတယ်။ ဒီအချက်တွေ ဖတ်ပြီးရင် ရှိထားတဲ့ ရည်းစားလေးတောင် ချစ်သူများနေ့မှာ ခဏလောက် ဖြတ်ပါရစေကွာလို့ ပြောမိလိမ့်မယ်နော်။
(၁) စိတ်မပါဘဲ စိတ်ဝင်စားချင်ယောင်ဆောင်နေစရာ မလို။
အမှန်တရားကတော့ ဒီလိုပါတဲ့။ လူတိုင်းက အသဲပုံ သကြားလုံးတွေ ၊ နှင်းဆီပန်းတွေနဲ့ အရာရာတိုင်း ရဲရဲနီနေတာ ကို နှစ်သက်နေကြတာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ချစ်သူသဘောကျ လိုက်ပြုမူလို့ အပြုံးတုတစ်ခုတပ်ဆင်ရင်း အနီရောင်တွေကြားထဲလဲ ပေါချင်ယောင်ဆောင်နေရတာပါပဲ။ တကယ်လို့များ ရည်းစားမရှိဘူးဆိုရင်တော့ V Day ရဲ့ အနီရောင်တွေထဲ စိတ်မပါဘဲ ဟန်ဆောင်နေရခြင်းက လွတ်ကင်းနိုင်ပြီပေါ့။
(၂) ချစ်သူများနေ့မှာဘာကိုမှ ပူစရာမလို။
လက်ဆောင် ဝယ်မပေးနိုင်မှာလည်း ပူစရာမလိုဘူး။ ခံစားချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း ကျေနပ်အောင် မဖော်ပြနိုင်မှာ ပူစရာမလိုတော့ဘူး။ ချစ်သူရဲ့မျှော်လင့်ချက်နဲ့ မကိုက်ညီလို့ အဆင်မပြေတဲ့ ဆက်ဆံရေးတစ်ခု ဖြစ်သွားမှာလည်း ပူစရာမလိုတော့ဘူး။ ဘာမှကို ပူပန်စရာမလိုဘူးလေ။
(၃) အသည်းကွဲမှာလည်း ပူစရာမလို။
ဒါကတော့ သိသာပါတယ်။ ရည်းစားမရှိတော့ V Day လဲ မရှိဘူး။ V Day မရှိတော့ စိတ်ရှုပ်စရာ မရှိဘူး။ အသည်းကွဲစရာလဲ မရှိဘူး။ မျက်ရည်ကျစရာလဲ မရှိဘူး။ ဘဝဟာ လေပြည်လေညှင်းလေးလိုဖြစ်လို့။
(၄) လက်ဆောင်အတွက်လည်း စိတ်ဖိစီးစရာမလို။
ကိုယ်ပေးတဲ့ လက်ဆောင်က သူ့အတွက် အသုံးမှဝင်ပါ့မလား။ ဘယ်သူကတော့ဖြင့် သူ့ရည်းစားကို ဘာတွေပေးလိုက်တာ ဆိုပြီးတော့လည်း လိုက်ယှဉ်စရာမလိုတော့ဘူး။ ကိုယ့်ပိုက်ဆံ ကိုယ့်ဘာသာပဲ ဝအောင်သုံးတော့ပေါ့။
(၅) တခြားအတွဲတွေကို လိုက်ကြည့်ပြီး ဟာသလုပ်လို့လည်း ရတယ်နော်။
ချစ်နေတဲ့သူတွေကသာ တစ်ခါတစ်လေ သူတို့အပြုအမူတွေကို ရယ်စရာကောင်းနေမှန်းမသိတာ။ ဘေးကနေကြည့်ရင်တော့ တစ်ခါတစ်လေ ရယ်ချင်စရာကြီးနော်။ ဒီတော့ တခြားအတွဲတွေကို လိုက်ကြည့်ရင်း ပျော်စရာရှာနေလိုက်ပါ။
ဒီလိုဆိုတော့လည်း ချစ်သူများနေ့ဆိုတာကြီးက ရည်းစားမရှိတာတောင် ခပ်ကောင်းကောင်းရယ်ပေါ့။
#Ref:mensxp
#TrendMyanmar

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...