လွန်ခဲ့တဲ့ ၉ နှစ်က သက်မွန်မြင့်အသက်ကိုကယ်ခဲ့တာဘယ်သူလဲ ရင်ဖွင့်လိုက်တဲ့ သက်မွန်မြင့်



သက်မွန်မြင့် ငြင်းတယ်ဆိုလို့ဘာများလဲလို့..ငြင်းတာ မဟုတ်ပါဘူးဒါရိုက်တာက လွန်ခဲ့တဲ့ ၉ နှစ်က အကြောင်းအရာဆိုတော့ မေ့နေတာနေမှာပါ..တုံးမယ့်နေ့ မှော်ဘီမှာ အကုန် တည်ပြီး ရိုက်ခါနီးလေးမှာ မြို့ထဲမှာ ပဋိပက္ခဖြစ်ပြီး သေနတ်ပစ်တဲ့ထိဖြစ်လို့ ကြောက်ပြီး အိမ်ပြန်ပြေးကြတာပါ.. September လထဲမှာ.. တချို့ မှတ်မိကြမှာပါနောက် ၃ လမှ ပြန်ရိုက်ရလို့ ရှည်လာတာလေး တောင် ပြန်တုံးရတာ.. နောက်နေသေးတယ်တကယ်တုံးတုန်းက သီလရှင်ဝတ်ချင်စိတ်နဲ့ မနှမြောဘူးရှည်လာတာလေး တုံးရမှ နှမြောပြီး ဝမ်းနည်းသလိုလိုလို့.. ဘဝမှာ အလုပ်လက်ခံပြီး ငြင်းတာဆိုလို့ နှင်းဆီပါမောင်ပဲ ရှိတယ်.. ဒါတောင် ဘယ်လိုမှ ကိုယ့်ပုံစံမဟုတ်နေဘူးဆိုပြီး မတတ်နိုင်လို့ မလုပ်နိုင်ကြောင်း ပြောတာ.. ညှိမရလို့ လက်လွှတ်လိုက်တာ..လွန်ခဲ့တဲ့ ၉ နှစ်က အကြောင်းကို ခုချိန်မှာ ပြန်ရေးတယ်.. ငြင်းတယ်ဆိုပြီး ပြောတယ်.. သူ ဘာပြောချင်ပါလိမ့်?? ချီးကျူးသလိုလိုနဲ့ ပုတ်ခတ်တာလား? ကျွန်မ ဉာဏ်မမှီပါ..
ခုတလောကလည်း သူများ မကောင်းကြောင်းတွေရေးပြီး (တချို့ ဂျာနယ်တွေက အစ)နာမည်ယူနေကြတာဆိုတော့ မတွေးတတ်တော့.. ကျွန်မပဲ အကောင်းမမြင်တတ်တာလား???
ကျွန်မက ဘာမှ မဖြစ်သွားပါဘူး.. အမှန်တရားဆိုတာ ရှိနေတာပဲ.. ဘယ်သူ သိသိ မသိသိ ကိုယ်လိပ်ပြာလုံတယ်..ဒါပေမယ့် ကျွန်မကို ချစ်တဲ့သူ မချစ်တဲ့သူတွေ အထင်အမြင် ရှင်းစေချင်ပါတယ်.. ကျွန်မ အလုပ်မှာ ဂျီးများပါတယ်.. ကဂျီကဂျောင်ကျတယ်ပေါ့.. လောဘကြီးတာကိုး.. ဒါမယ့် လက်ခံလိုက်ပြီဆို တဆုံးလုပ်တတ်တယ်ဆိုတာ ယုံကြည်စေချင်ပါတယ်.. ကျွန်မရဲ့ တည်ဆောက်ထားတဲ့ ပုံစံကို မနစ်နာစေဘူးဆိုရင်ပေါ့..
ဒီနေရာမှာ ကြုံတုန်း ကျွန်မကျေးဇူးရှင်ကို မှတ်တမ်းထပ်တင်ပါတယ်.. ဇာတ်ပို့ သရုပ်ဆောင် “ကို ဆင်မ” ပါ.. သူကယ်လို့ ကျွန်မ ခုထိ လူ့လောကထဲ ရှိနေတာပါ..”ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်”
ရုပ်ရှင်ကားလေးဟာ ပရိတ်သတ်အားလုံးရင်ထဲရောက်ခဲ့တာမို့ မှတ်မိကြမှာပါ..အဲ့ကားထဲက လှေပေါ် ဓါတ်ပုံတွေရိုက်ရင်း ရေထဲပြုတ်ကျတဲ့ အခန်းမှာ ဝါးနှစ်ပြန်နက်တဲ့ ဆည်ကန်အလယ်တည့်တည့်မှာ ပြုတ်ကျတာပါ.. ကျွန်မ ရေမကူးတတ်ပါဘူး.. လှေထဲ အတူပါလာတဲ့ ကိုဆင်မ တစ်ယောက်သာရေကူးတတ်ပြီး ကျွန်မရော မင်းသားရော သူကယ်ခဲ့ပါတယ်.. အဖွဲ့တွေက ကမ်းစပ်ကဆိုတော့ အလှမ်းဝေးပါတယ်.. သူ့ကို ကျေးဇူးတင်လို့မဆုံးပါဘူး..
ခုချိန် ပြန်တွေးရင်တော့ ကျွန်မ သိပ်ရူးမိုက်ပါလားလို့တွေးမိတယ်.. အသက်အန္တရာယ်ဆိုတာ ကျွန်မတို့ အနုပညာသမားတွေ လုပ်ဖော်ကိုင်ဖက်တွေတွက် ဘယ်သူ့ဆီကမှ အာမခံချက်မရှိပဲ ဒုံးမိုက်ကြပါတယ်.. ခုတော့ ကျွန်မ ခလေးနှစ်ယောက် အမေဖြစ်တော့မှာမို့ သူတို့ရဲ့ဘဝမှာ မိခင်မမဲ့ဖို့နဲ့ တခြားခလေးတွေတွက် ကျွန်မလုပ်ဆောင်နိုင်တာတွေအများကြီးရှိတယ်ဆိုတာ ယုံကြည်လို့ အဲလောက်မရူးသွပ်တော့ဘူးလို့ ဆုံးဖြတ်ထားပါတယ်.. ကျွန်မ အနုပညာသမားတစ်ယောက်အနေနဲ့ မှားများနေလား????

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...