ဘယ္ေထာင့္က ေတြးေတြး ရည္းစားထားတာ ေယာက်္ားေလးေတြ နစ္နာတယ္

ဘယ္ေထာင့္က ေတြးေတြး ရည္းစားထားတာ ေယာက်္ားေလးေတြ နစ္နာတယ္

ေယာက်္ားေလးေတြက ခံဘက္ကခ်ည္းပဲ။ ေတြ႔စကလည္း ကိုယ္ပဲ စ'ခ်စ္ရတယ္။ အေျဖေတာင္းေတာ့လည္း မူေသးတယ္။ တနည္းအားျဖင့္ သက္သက္ညင္းဆဲတာဗ်။
အေျဖကမေပးရေသးဘူး။ စည္းကမ္းက ထုတ္ၿပီ။ ဟိုလိုေစာင့္ၾကည့္မယ္၊ ဒီလို ေစာင့္ၾကည့္မယ္နဲ႔ ရည္းစားထားတာ သခင္တစ္ေယာက္ ဝယ္ရသလို သူတို႔ေျပာသမၽွ နာခံေနရတာ နည္းနည္းေလး ျပန္ေျပာမယ္ဆိုလည္း ႏႈတ္ခမ္းေလးကစူၿပီး မ်က္ေစာင္းစစ္တပ္ႀကီးနဲ႔ ၿခိမ္းေျခာက္ျပန္ေရာ။ အေျဖရျပန္ေတ့လည္းၾကည့္ ခ်စ္ရင္ ဒီလိုမလုပ္ရဘူး ဟိုလိုမလုပ္ရဘူးနဲ႔။ ေနာက္တိုးစည္းကမ္းေတြက အမ်ိဳးမ်ိဳး။ သူတို႔ထားသလိုေနရတယ္။ သူတို႔ေျပာဆိုမွ ေျပာရတယ္။ ကိုယ့္ကိုယ္ကို အရုပ္ျဖစ္မွန္းမသိ ျဖစ္လို႔…။ အျပင္သြားလို႔ ခ်ိန္းေတြ႔ရင္လည္း သူတို႔တစ္နာရီေလာက္ ေနာက္က်ရင္ အာဘြား ဘြာေတး။ ကိုယ္ေတြကို 3 မိနစ္ေလာက္ ေစာင့္ရၿပီဆို ပြစိပြစိက မၿပီးေတာ့ဘူး။ လိုင္းေပၚမွာ စကားေျပာလည္း ဘာထူးသလဲ သူတို႔အိပ္ခ်င္ၿပီဆို ခ်က္ခ်င္း goodnight။ ကိုယ္ေတြအိပ္ခ်င္လို႔ night ရင္ ဘာလဲ မခ်စ္ေတာ့တာလား။ အခ်ိဳးေျပာင္းတာလားနဲ႔ စြတ္စြဲခ်က္ေတြက တရပ္စက္။
ခ်စ္သူရၿပီဆိုတာနဲ႔ ဟိုသူငယ္ခ်င္းမိန္းကေလးကို စာမျပန္နဲ႔၊ ဟိုေကာင္မေလးကို အန္ပစ္နဲ႔ ဂ်စ္တိုက္ေသးတာ။ ရည္းစားစကား ေျပာမိတဲ့ထဲမွာ ငါ့ကိုႀကိဳက္သလိုထိန္းခ်ဳပ္ပါလို႔
ထည့္ေျပာမိသလားလို႔ ျပန္စဥ္းစားရေတာ့မလိုလို။ သည္ထက္ဆိုးတာ ျမင္ကရာ ေကာက္တယ္။ ေတြ႔ကရာ ေကာက္တယ္။ ေကာက္စရာမရွိရင္ ရွာၾကံေကာက္တယ္။ ေခါင္းထဲေပၚလာသမၽွ စြတ္စြဲၿပီးေကာက္တယ္။ ကိုယ္ေတြမွာ မမွားပဲ လိုက္ေခ်ာ့ေနရတဲ့ဘဝ။ မနက္၊ ေန႔လည္၊ ည
သူ႔အတြက္ သံပတ္နာရီတစ္လံုးလို အခ်ိန္မွန္ ဖုန္းဆက္ရေသးတယ္။ သူတစ္ေနရာရာ သြားခ်င္ၿပီဆို ကိုယ္က အဆင့္သင့္ အားေနေပးရေသးတယ္။
အိမ္ေထာင္မ်ားက်သြားလို႔ လူႀကီးဆန္သြားမယ္ မထင္နဲ႔။ ေကာက္ေသးတာဗ်… မလွရင္ ထားခဲ့မွာေၾကာက္လို႔ဆိုတဲ့ ဆင္ေျခနဲ႔ အလွခ်ည္းထိုင္ျပင္ေနျပန္ေရာ။ သည္ၾကားထဲ ကိုယ့္ကို အမ်ိဳးမ်ိဳးစစ္ေဆးေနတာက တရားရံုးက တရားခံတစ္ေယာက္လို………
ဟူး……
စဥ္းစားၾကည့္
ေယာက်္ားေလးေတြ ရည္းစားထားတယ္ဆိုတာေလ လူတစ္ဖက္စာ ေက်ာက္တံုးႀကီးကို ေရႊရည္စိမ္ျပီး လည္မွာဆြဲထားတာနဲ႔ တူတယ္။ အမ်ားအျမင္မွာေတာ့ ေတာက္ေျပာင္ေနတယ္ေပါ့။
ကိုယ္ခံစားေနရတဲ့ ဒုကၡကိုေတာ့ ကိုယ္ပဲသိႏိုင္တယ္။
www.apannpyay.com
#kweetoe
===========

Unicode>>>
ဘယ်ထောင့်က တွေးတွေး ရည်းစားထားတာ ယောကျ်ားလေးတွေ နစ်နာတယ်

ယောကျ်ားလေးတွေက ခံဘက်ကချည်းပဲ။ တွေ့စကလည်း ကိုယ်ပဲ စ'ချစ်ရတယ်။ အဖြေတောင်းတော့လည်း မူသေးတယ်။ တနည်းအားဖြင့် သက်သက်ညင်းဆဲတာဗျ။
အဖြေကမပေးရသေးဘူး။ စည်းကမ်းက ထုတ်ပြီ။ ဟိုလိုစောင့်ကြည့်မယ်၊ ဒီလို စောင့်ကြည့်မယ်နဲ့ ရည်းစားထားတာ သခင်တစ်ယောက် ဝယ်ရသလို သူတို့ပြောသမျှ နာခံနေရတာ နည်းနည်းလေး ပြန်ပြောမယ်ဆိုလည်း နှုတ်ခမ်းလေးကစူပြီး မျက်စောင်းစစ်တပ်ကြီးနဲ့ ခြိမ်းခြောက်ပြန်ရော။ အဖြေရပြန်တေ့လည်းကြည့် ချစ်ရင် ဒီလိုမလုပ်ရဘူး ဟိုလိုမလုပ်ရဘူးနဲ့။ နောက်တိုးစည်းကမ်းတွေက အမျိုးမျိုး။ သူတို့ထားသလိုနေရတယ်။ သူတို့ပြောဆိုမှ ပြောရတယ်။ ကိုယ့်ကိုယ်ကို အရုပ်ဖြစ်မှန်းမသိ ဖြစ်လို့…။ အပြင်သွားလို့ ချိန်းတွေ့ရင်လည်း သူတို့တစ်နာရီလောက် နောက်ကျရင် အာဘွား ဘွာတေး။ ကိုယ်တွေကို 3 မိနစ်လောက် စောင့်ရပြီဆို ပွစိပွစိက မပြီးတော့ဘူး။ လိုင်းပေါ်မှာ စကားပြောလည်း ဘာထူးသလဲ သူတို့အိပ်ချင်ပြီဆို ချက်ချင်း goodnight။ ကိုယ်တွေအိပ်ချင်လို့ night ရင် ဘာလဲ မချစ်တော့တာလား။ အချိုးပြောင်းတာလားနဲ့ စွတ်စွဲချက်တွေက တရပ်စက်။
ချစ်သူရပြီဆိုတာနဲ့ ဟိုသူငယ်ချင်းမိန်းကလေးကို စာမပြန်နဲ့၊ ဟိုကောင်မလေးကို အန်ပစ်နဲ့ ဂျစ်တိုက်သေးတာ။ ရည်းစားစကား ပြောမိတဲ့ထဲမှာ ငါ့ကိုကြိုက်သလိုထိန်းချုပ်ပါလို့
ထည့်ပြောမိသလားလို့ ပြန်စဉ်းစားရတော့မလိုလို။ သည်ထက်ဆိုးတာ မြင်ကရာ ကောက်တယ်။ တွေ့ကရာ ကောက်တယ်။ ကောက်စရာမရှိရင် ရှာကြံကောက်တယ်။ ခေါင်းထဲပေါ်လာသမျှ စွတ်စွဲပြီးကောက်တယ်။ ကိုယ်တွေမှာ မမှားပဲ လိုက်ချော့နေရတဲ့ဘဝ။ မနက်၊ နေ့လည်၊ ည
သူ့အတွက် သံပတ်နာရီတစ်လုံးလို အချိန်မှန် ဖုန်းဆက်ရသေးတယ်။ သူတစ်နေရာရာ သွားချင်ပြီဆို ကိုယ်က အဆင့်သင့် အားနေပေးရသေးတယ်။
အိမ်ထောင်များကျသွားလို့ လူကြီးဆန်သွားမယ် မထင်နဲ့။ ကောက်သေးတာဗျ… မလှရင် ထားခဲ့မှာကြောက်လို့ဆိုတဲ့ ဆင်ခြေနဲ့ အလှချည်းထိုင်ပြင်နေပြန်ရော။ သည်ကြားထဲ ကိုယ့်ကို အမျိုးမျိုးစစ်ဆေးနေတာက တရားရုံးက တရားခံတစ်ယောက်လို………
ဟူး……
စဉ်းစားကြည့်
ယောကျ်ားလေးတွေ ရည်းစားထားတယ်ဆိုတာလေ လူတစ်ဖက်စာ ကျောက်တုံးကြီးကို ရွှေရည်စိမ်ပြီး လည်မှာဆွဲထားတာနဲ့ တူတယ်။ အများအမြင်မှာတော့ တောက်ပြောင်နေတယ်ပေါ့။
ကိုယ်ခံစားနေရတဲ့ ဒုက္ခကိုတော့ ကိုယ်ပဲသိနိုင်တယ်။
www.apannpyay.com
#kweetoe

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...