အမ်ဳိးသမီးလႊတ္ေတာ္အမတ္ႏွစ္ဦး ခုိက္ရန္ျဖစ္ပြားၿပီး ပါး႐ုိက္



ထိုင္ဝမ္လႊတ္ေတာ္အတြင္း တဘက္နဲ႔တဘက္ ေဆြးေႏြးျငင္းခုန္ရာကေန တင္းမာလာၿပီး မထိန္းခ်ဳပ္ႏုိင္ေတာ့ဘဲ အမ်ိဳးသမီးလႊတ္ေတာ္အမတ္ ၂ ဦး ရန္ျဖစ္ကာ တဦးနဲ႔တဦး ႐ုိက္ႏွက္ေနၾကတဲ့ အံ့အားသင့္ဖြယ္႐ုပ္သံ ထြက္ေပၚလာပါတယ္။

ထုိင္ဝမ္ရဲ႕ အစီအစဥ္တခုျဖစ္တဲ့ အေျခအခံအေဆာက္အအံု ျပန္လည္ျပဳျပင္ေရး ေဆြးေႏြးခ်ိန္မွာ အမ်ိဳးသမီးအမတ္ ၂ ဦးျဖစ္တဲ့ ဒီမိုကရက္တစ္ ပ႐ုိဂရက္စစ္ဗ္ပါတီ (ဒီပီပီ) က Chiu Yi Ying နဲ႔ ကူမင္တန္ (ေကအမ္တီ) ပါတီက Hsu Shu-hua တုိ႔ တဦးကိုတဦး လည္ပင္းညႇစ္ဖုိ႔ ႀကိဳးစားခဲ့သလုိ ပါးေတြလည္း အျပန္အလွန္ ႐ုိက္ခဲ့ၾကတာလုိ႔ ဇူလုိင္ ၁၃ ရက္ ေဒးလီးေမးလ္သတင္းတပုဒ္မွာ ေရးသားထားပါတယ္။
Image result for Chiu Yi Ying and Hsu Shu-hua fighting
လက္ရွိသမၼတ စုိင္အင္းဝမ္ (Tsai Ing-wen) ရဲ႕ အစီအစဥ္ကို ကူမင္တန္ (ေကအမ္တီ) ပါတီက လႊတ္ေတာ္အမတ္ေတြ ဆန္႔က်င္ဆႏၵျပရာကေန ဒီလုိ ခုိက္ရန္ျဖစ္႐ုိက္ႏွက္မႈ ျဖစ္ခဲ့တာလုိ႔ သိရပါတယ္။

ဒီပီပီ ကိုယ္စားလွယ္ Chiu Yi Ying က တျခားလႊတ္ေတာ္အမတ္အုပ္စုဆီ လမ္းေလွ်ာက္လာၿပီး ျငင္းခုန္မႈ စတင္ျဖစ္ခဲ့ကာ ေကအမ္တီ လႊတ္ေတာ္ကိုယ္စားလွယ္ Shu Hau ကေတာ့ ေကာင္းေကာင္းမြန္မြန္ပဲ တုံ႔ျပန္ခဲ့တာပါ။

အဲဒီေနာက္ အမ်ိဳးသမီးကိုယ္စားလွယ္ ၂ ဦး တဦးနဲ႔တဦး တြန္းထုိးဆြဲရမ္းေနၾကၿပီး ဒီပီပီ ကိုယ္စားလွယ္ Chiu ကေတာ့ ပါး႐ုိက္ခံလုိက္ရတယ္လုိ႔ သိရပါတယ္။

တရားေရးအႀကီးအကဲျဖစ္သူ Su က အားလံုးတည္တည္ၿငိမ္ၿငိမ္ျဖစ္ဖုိ႔ ေျပာတဲ့ အသံကုိလည္း ႐ုပ္သံေနာက္ခံမွာ ၾကားရပါတယ္။

အေျခခံအေဆာက္အအံုေတြ ျပဳျပင္ဖုိ႔ အစီအစဥ္မွာ ထုိင္ဝမ္ေငြ သန္းေထာင္ေပါင္း ၄၂၀ (ေပါင္ ၁၀ ဒသမ ၇ ဘီလ်ံ) ရွိတဲ့ ေငြေၾကးပမာဏကုိ လက္ရွိအစုိးရ ဒီပီပီပါတီရဲ႕ သစၥာခံ ၿမိဳ႕ေတြနဲ႔ ေကာင္တီေတြအတြက္ ပုိမုိသံုးဖုိ႔ လ်ာထားလို႔ ေကအမ္တီပါတီက စတင္ဆန္႔က်င္ဆႏၵျပခဲ့တာလုိ႔ သိရပါတယ္။

ဒီျငင္းခုန္ခိုက္ရန္ျဖစ္မႈၿပီးေနာက္ ေဆြးေႏြးမႈကို ရက္ေရႊ႕ဆုိင္းလိုက္ၿပီး ဒီအျဖစ္အပ်က္က ထုိင္ဝမ္ကၽြန္းေပၚမွာ သတင္းေခါင္းႀကီးပိုင္း ျဖစ္သြားပါတယ္။

သူမက Hsu နဲ႔ အျခား လႊတ္ေတာ္အမတ္တဦးရဲ႕ ေစာ္ကား႐ုိက္ႏွက္ခံရေၾကာင္း Chiu က သတင္းဌာနေတြကို ေျပာၾကားလိုက္ၿပီး အတုိက္အခံပါတီဟာ အၾကမ္းဖက္မႈေတြကို တိုးျမႇင့္လုပ္ေဆာင္ေနတယ္လုိ႔လည္း စြပ္စြဲ ေျပာၾကားလိုက္ပါတယ္။

ပါး႐ုိက္ခဲ့သူ Hsu က သူမရဲ႕လုပ္ရပ္အတြက္ ေနာင္တရေပမယ့္ ဒီပီပီပါတီရဲ႕ အမတ္ျဖစ္သူကို မေလးစားတဲ့အတြက္ ေတာင္းပန္မွာမဟုတ္ဘူးလုိ႔ ေျပာေၾကာင္း သတင္းမွာ ေဖာ္ျပထားပါတယ္။
Credit:  dvb burmese

#Unicode Version#
ထိုင်ဝမ်လွှတ်တော်အတွင်း တဘက်နဲ့တဘက် ဆွေးနွေးငြင်းခုန်ရာကနေ တင်းမာလာပြီး မထိန်းချုပ်နိုင်တော့ဘဲ အမျိုးသမီးလွှတ်တော်အမတ် ၂ ဦး ရန်ဖြစ်ကာ တဦးနဲ့တဦး ရိုက်နှက်နေကြတဲ့ အံ့အားသင့်ဖွယ်ရုပ်သံ ထွက်ပေါ်လာပါတယ်။

ထိုင်ဝမ်ရဲ့ အစီအစဉ်တခုဖြစ်တဲ့ အခြေအခံအဆောက်အအုံ ပြန်လည်ပြုပြင်ရေး ဆွေးနွေးချိန်မှာ အမျိုးသမီးအမတ် ၂ ဦးဖြစ်တဲ့ ဒီမိုကရက်တစ် ပရိုဂရက်စစ်ဗ်ပါတီ (ဒီပီပီ) က Chiu Yi Ying နဲ့ ကူမင်တန် (ကေအမ်တီ) ပါတီက Hsu Shu-hua တို့ တဦးကိုတဦး လည်ပင်းညှစ်ဖို့ ကြိုးစားခဲ့သလို ပါးတွေလည်း အပြန်အလှန် ရိုက်ခဲ့ကြတာလို့ ဇူလိုင် ၁၃ ရက် ဒေးလီးမေးလ်သတင်းတပုဒ်မှာ ရေးသားထားပါတယ်။

လက်ရှိသမ္မတ စိုင်အင်းဝမ် (Tsai Ing-wen) ရဲ့ အစီအစဉ်ကို ကူမင်တန် (ကေအမ်တီ) ပါတီက လွှတ်တော်အမတ်တွေ ဆန့်ကျင်ဆန္ဒပြရာကနေ ဒီလို ခိုက်ရန်ဖြစ်ရိုက်နှက်မှု ဖြစ်ခဲ့တာလို့ သိရပါတယ်။

ဒီပီပီ ကိုယ်စားလှယ် Chiu Yi Ying က တခြားလွှတ်တော်အမတ်အုပ်စုဆီ လမ်းလျှောက်လာပြီး ငြင်းခုန်မှု စတင်ဖြစ်ခဲ့ကာ ကေအမ်တီ လွှတ်တော်ကိုယ်စားလှယ် Shu Hau ကတော့ ကောင်းကောင်းမွန်မွန်ပဲ တုံ့ပြန်ခဲ့တာပါ။

အဲဒီနောက် အမျိုးသမီးကိုယ်စားလှယ် ၂ ဦး တဦးနဲ့တဦး တွန်းထိုးဆွဲရမ်းနေကြပြီး ဒီပီပီ ကိုယ်စားလှယ် Chiu ကတော့ ပါးရိုက်ခံလိုက်ရတယ်လို့ သိရပါတယ်။

တရားရေးအကြီးအကဲဖြစ်သူ Su က အားလုံးတည်တည်ငြိမ်ငြိမ်ဖြစ်ဖို့ ပြောတဲ့ အသံကိုလည်း ရုပ်သံနောက်ခံမှာ ကြားရပါတယ်။

အခြေခံအဆောက်အအုံတွေ ပြုပြင်ဖို့ အစီအစဉ်မှာ ထိုင်ဝမ်ငွေ သန်းထောင်ပေါင်း ၄၂၀ (ပေါင် ၁၀ ဒသမ ၇ ဘီလျံ) ရှိတဲ့ ငွေကြေးပမာဏကို လက်ရှိအစိုးရ ဒီပီပီပါတီရဲ့ သစ္စာခံ မြို့တွေနဲ့ ကောင်တီတွေအတွက် ပိုမိုသုံးဖို့ လျာထားလို့ ကေအမ်တီပါတီက စတင်ဆန့်ကျင်ဆန္ဒပြခဲ့တာလို့ သိရပါတယ်။

ဒီငြင်းခုန်ခိုက်ရန်ဖြစ်မှုပြီးနောက် ဆွေးနွေးမှုကို ရက်ရွှေ့ဆိုင်းလိုက်ပြီး ဒီအဖြစ်အပျက်က ထိုင်ဝမ်ကျွန်းပေါ်မှာ သတင်းခေါင်းကြီးပိုင်း ဖြစ်သွားပါတယ်။

သူမက Hsu နဲ့ အခြား လွှတ်တော်အမတ်တဦးရဲ့ စော်ကားရိုက်နှက်ခံရကြောင်း Chiu က သတင်းဌာနတွေကို ပြောကြားလိုက်ပြီး အတိုက်အခံပါတီဟာ အကြမ်းဖက်မှုတွေကို တိုးမြှင့်လုပ်ဆောင်နေတယ်လို့လည်း စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ပါးရိုက်ခဲ့သူ Hsu က သူမရဲ့လုပ်ရပ်အတွက် နောင်တရပေမယ့် ဒီပီပီပါတီရဲ့ အမတ်ဖြစ်သူကို မလေးစားတဲ့အတွက် တောင်းပန်မှာမဟုတ်ဘူးလို့ ပြောကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

Credit:  dvb burmese

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...