
ပျင်းရိတဲ့လူက သူ့ကိုဘယ်လောက်အပြုသဘောဆောင်အောင် ဆွဲဆောင်ပါစေ ပျင်းနေမှာပဲ ဥပမာ မင်းနဲ့ရုပ်ရှင်ကြည့်ဖို့ သူစောင့်နေတယ် မင်းကပျင်းရိပြီး အိပ်ယာမထဘူး သူတစ်နာရီလောက်မင်းကိုစောင့်လိုက်ရတယ် နောက်သူမင်းနဲ့ တူတူသွားဖို့စိတ်ကုန်သွားပြီး မင့်ကိုလည်း မခေါ်တော့ပါဘူး ကိုယ့်ကိုယ်တောင်ပျင်းရိနေမှာတော့ ဘယ်သူမှလာနိုးဆွလို့မလွယ်ကူတော့ဘူး
ဖြုန်းတီးနေတဲ့လူပိုတွေကို နဲ့ အမှိုက်လူသားကို ငါအမုန်းဆုံးပဲ နင်းကလမ်းမပေါ်မှာ စက္ကူတစ်ခု ဝါးပြီးသာပီကေလေးတစ်ခု အိတ်လေးတစ်ခုလည်းမလွင့်ပြစ်သင့်ဘူး မင်းလည်းအမှိုက်လူစားဖြစ်ချင်ရင်တော့ မဆိုပါဘူး
အကယ်၍ကမ္ဘာကြီးမှာ လူတွေကအမှိုက်ကိုတစ်ယောက်တစ်ခုလေးလွင့်ပစ်နေမယ်ဆိုရင် စဉ်းစားလ်ုက်ပါ အမှိုက်ကမ္ဘာဖြစ်မသွားဘူးလား
Credit &copy
==========
အမေရိကန်သမ္မတဟောင်း အိုဘားမားက သမီးတွေကို 
သင်ပေးတဲ့ ချက်ခြင်းရပ်တန့်လိုက်ရမယ့်အချက်များတဲ့ 
 (အရမ်းကြ်ုက်လ်ု့ ကူးယူ​ဖော်​ပြပါတယ်​ )

🌹ကိုယ့်ကိုယ်ကိုယ်မယုံကြည်မူတွေကိုရပ်တန့်လိုက်ပါ

တကယ်လို့ မင်းဟာကိုယ့်ကိုယ့်ကိုယ်တောင်မယုံကြည်ရင် ဘယ်သူကမှမင်းကိုယုံကြည်နိုင်ကြတော့မှာမဟုတ်တော့ဘူး
အောင်မြင်ခြင်းရဲ့ အစက မင်းဦးနှောက်အတွေးထဲကနေဆင်းသက်လာတာပါ တကယ်လို့မင်းကိုမင်းအမြဲတန်း အပျက်သဘောဖက်ကနေ မြင်နေရင် ဒါမှမဟုတ် အာနာဂတ် ရဲ့ကျရူံးမူတွေမြင်ယောင်နေမယ်ဆိုရင်မင်းဘဝကြီးဟာမင်းထင်သလိုတွေတွေးသလိုတွေဖြစ်သွားတတ်တယ်

🌹အပျက်သဘောဆောင်တဲ့ Negativeဆောင်တဲ့ မင်းရဲ့အကျင့်ဆိုးကြီးရပ်တန့်လိုက်ပါ

မင်းကိုမင်းအထင်မသေးပါနဲ့ ပတ်ဝန်းကျင်လူတွေကိုလည်းအထင်မသေးပါနဲ့ မင်းကိုမင်းအထင်သေးမယုံကြည်မဲ့အစား ခုကြုံတွေ့ရတဲ့ပြသာနာတစ်ခုချင်းဆီကို တန်းစီစီပြီး ကောင်းကောင်းပြန်စဉ်းစားကြည့်ပါ ဒီလိုလုပ်ခြင်းအားဖြင့် နည်းလမ်းကောင်းတွေရှာဖွေနိုင်တဲ့အပြင် နင့်ကိုလည်းအောင်မြင်စေတယ်

🌹အချိန်ဆွဲတတ်တဲ့ အကျင့်ကို ရပ်တန့်လိုက်ပါ

ငါအခုမလုပ်ချင်သေးဘူး နောက်မှလုပ်မယ်ဆိုရင် အကျင့်ပါသွားတတ်တယ် နင့်အချိန်ဆွဲနေတဲ့ကိစ္စက သူ့ဟာသူပြီးမသွားတတ်ပါဘူး

🌹သဘောထားသေးတိမ်တတ်တဲ့အကျင့်ဆိုးကြီးရပ်တန့်လိုက်ပါ

သူတပါးကိုယ့်ပေါ်မကောင်းလို့ ကိုယ့်ကိုယ်မကောင်းတွေပြောနေလို့ သူကိုလည်းအဲ့လိုပြန်တုံ့ပြန်လိုက်မယ်လို့ မလုပ်ပါနဲ့ သူ့ဟာသူလုပ်ပါစေ ပြောပါစေ ပြန်တုံ့ပြန်လိုက်ရင် ကိုယ်လည်းသူလိုလူဖြစ်သွားမှာပါ

🌹အပြင်မှာထမင်းစားတဲ့အကျင့်ကို ရပ်တန့်လိုက်ပါ

အမြဲအပြင်မှာထမင်းစားခြင်းသည် ပိုက်ဆံတွေကိုဖြုန်းတီးရာရောက်တယ် ကျန်းမာရေးနဲ့လည်း လုံးဝမကိုက်ညီဘူး
ကိုယ့်ကြိုက်တဲ့ဟင်းကောင်းကောင်းလောက်တော့ ချက်ကိုချက်တတ်ရမယ်

🌹ပျင်းရိတတ်တဲ့အကျင့်ကို ရပ်တန့်လိုက်ပါ

ပျင်းရိတဲ့လူက သူ့ကိုဘယ်လောက်အပြုသဘောဆောင်အောင် ဆွဲဆောင်ပါစေ ပျင်းနေမှာပဲ ဥပမာ မင်းနဲ့ရုပ်ရှင်ကြည့်ဖို့ သူစောင့်နေတယ် မင်းကပျင်းရိပြီး အိပ်ယာမထဘူး သူတစ်နာရီလောက်မင်းကိုစောင့်လိုက်ရတယ် နောက်သူမင်းနဲ့ တူတူသွားဖို့စိတ်ကုန်သွားပြီီး မင့်ကိုလည်း မခေါ်တော့ပါဘူး ကိုယ့်ကိုယ်တောင်ပျင်းရိနေမှာတော့ ဘယ်သူမှလာနိုးဆွလို့မလွယ်ကူတော့ဘူး

🌹တစ်ကိုယ်ကောင်းဆန်းတဲ့အကျင့်ကို ရပ်တန့်လ်ုက်ပါ

မင်းက မင်းအတွက် မင်းကောင်းကျိုးပဲကြည့်တဲ့လူတစ်ယောက်ဟုတ်မဟုတ် စဉ်းစားကြည့်ပါ သူများအတွက်မင်းကဘယ်လိုလူမျိုးလည်းဆိုတာလဲပြန်စဉ်းစားပါ ဒီကမ္ဘာဟာ မျှဝေရတဲ့ကမ္ဘာလောကကြီးပါ ဒါမှ ကမ္ဘာကြီးကလှပနေမှာပါ

🌹ကတိအလွယ်ပေးတဲ့အကျင့်လည်းရပ်တန့်လ်ုက်ပါ

အမြဲတန်း အလွယ်တကူကတိမပေးပါနဲ့တော့ ကတိပြီးမဖြစ်နိုင်ရင် သူတပါးလည်းစိတ်ဆင်းရဲရပါတယ် ဥပမာ ငါတစ်ဘဝလုံးမင်းကိုပဲချစ်မယ်တို့ အဲလို့ပါးစပ်ဖျားက ကတိပေးမယ့်အစား တစ်ဖက်သားအပေါ်လက်တွေ့ကောင်းပါ နားလည်ပေးပါ

🌹အမြဲတန်း No လို့ မငြင်းတတ်တဲ့လူလိမ္မာ အကျင့်ကိုရပ်တန့်လိုက်ပါ

လူတွေဟာ သူတို့ဖက် သူတို့လိုဖြစ်စေချင်ကြတယ် ဒါကြောင့်အမြဲတန်းမင်းကို သူ့တို့ဖက်ပါအောင်စကားလမ်းကြောင်းတတ်ကြတယ် ဒါကြောင့်လ်ုအပ်တဲ့နေရာမှာ No လို့ ငြင်းတတ်ရမယ်

🌹ကိုယ့်ကိုမချစ်တဲ့လူတွေရဲ့စကားကို နားယောင်တတ်တဲ့အကျင့်ရပ်တန့်လိုက်ပါ

မင်းဘာပဲလုပ်လုပ် တချို့လူတွေက မင်းကို မလုပ်ပါနဲ့ ဘာတွေကြောင့် ညာတွေကြောင့် မအောင်မြင်နိုင်ဘူးတို့ လာလာပြီးအပျက်သဘောဆောင်တဲ့စကားတွေလာပြောတတ်မှာပဲ ငါကတော့ မင်းဝါသနာပါတညနဲ့စိတ်ဝင်စားတွေမကန့်ကွက်ပါဘူး။ ဒါကြောင့် ဘာဖြစ်လို့သူတပါးရဲ့စကားကြောင့် မင်းဝါသနာပါတာ စိတ်ဝင်စားတာတွေလုပ်ဖို့ နှောက်နှေးရမှာလဲ

🌹ဖြုန်းတီးတတ်တဲ့အကျင့်တွေ ရပ်တန့်လိုက်ပါ

ထမင်းကိုမကုန်ကခမ်းထည့်တယ် နောက်တော့ သွန်ပစစ်တယ် သွားတိုက်နေစဉ် ရေခလုတ်ကြီးဖွင့်ထားတယ် 
လမ်းလျှောက်လို့ သွားလို့ရတဲ့နေရာကို ဆိုင်ကယ် ကားမောင်းသွားတယ် (ဓာတ်ဆီကုန်စေတယ်)ဒါတွေဟာ ဖြန်းတီးနေတာပဲ ဒါတွေတစ်ခုခုလုပ်နေဆဲဆိုရင် မြန်မြန်ရပ်တန့်လိုက်ပါ

🌹အမှိုက် စည်းမရှိကမ်းမရှိလွင့်ပြစ်ခြင်းကို ရပါတန့်လိုက်ပါ

ဖြုန်းတီးနေတဲ့လူပိုတွေကို နဲ့ အမှိိုက်လူသားကို ငါအမုန်းဆုံးပဲ နင်းကလမ်းမပေါ်မှာ စက္ကူတစ်ခု ဝါးပြီးသာပီကေလေးတစ်ခု အိတ်လေးတစ်ခုလည်းမလွင့်ပြစ်သင့်ဘူး မင်းလည်းအမှိုက်လူစားဖြစ်ချင်ရင်တော့ မဆိုပါဘူး
အကယ်၍ကမ႓ာကြီးမှာ လူတွေကအမှိုက်ကိုတစ်ယောက်တစ်ခုလေးလွင့်ပစ်နေမယ်ဆိုရင် စဉ်းစားလ်ုက်ပါ အမှိုက်ကမ္ဘာဖြစ်မသွားဘူးလား
လမ်းမမှာ အော်ဟစ်တာက်ုလဲမထောက်ခံပါဘူး

🌹အမြဲစကားပြောခြင်းကိုလည်းရပ့်တန်လိုက်ပါ

တစ်ခါတစ်ရံတိတ်ဆိတ်နေတတ်ရတယ်(အဓိက သမီးရည်းစား မိသားစု လင်မယာကြားပေါ့ )တစ်ခါတစ်ရံမင်းပြောလိုက်တဲ့စကားကြောင့် အဆင်မပြေမူတွေအများကြီးဖြစ်လာနိုင်တယ် စကားပြောခြင်းကကောင်းပါတယ် ဒါပေမဲ့တစ်ခါတစ်ရံဆိတ်ဆိတ်နေတတ်ရမယ်

🌹အနားမယူတတ်အကျင့်ကိုရပ်တန့်လိုက်ပါ

ဒီနေ့ဘာအခက်အခဲနဲ့ရင်ဆိုင်ရပါစေ ဘာကိစ္စတွေနဲ့ရင်ဆိုင်ရပါစေ ကိုယ့်ကိုခေါင်းအေးအေးထားပြီးခဏလေးဘာမှမတွေးဘဲ အသက်ဝဝရူတတ်တဲ့ပါစေ
ဒီလိုလုပ်ခြင်းအားဖြစ် မင်းကို ခွန်အားဖြစ်စေတဲ့အပြင် အကြံကောင်းဉာဏ်ကောင်းလည်းရစေပါတယ်
ဒါမှမဟုတ်ရင် မင်းကိုအမှားများစေပါတယ်

ဘဝတို့လွန်းလှပါတယ် တစ်ခါတစ်ရံဘဝကြီးကို လျှောက်လို့မကုန်နိုင်တဲ့ခရီးတစ်ခုလို့ ငါတို့မြင်မိတယ် တကယ်ဆိုရင် မင်းအခုအသက်ရှင်နေတယ် ခဏနေအတွင်းသေချင်လည်းသေသွားနိုင်တယ် ဒါကြောင့်ဘဝဟာ လတ်တဖျက် ခဏလေးအချိန်ပါပဲ လူအများက သေခါနီးရောက်မှ ကိုယ်ဘဝအဆုံးသတ်တော့မယ်လို့ သတိဝင်ပြီး ကိုယ့်ရဲ့အဖြစ်အပျက်တွေကိုစဉ်းစားမိတယ် . . . .

Credit &copy

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...