ခင္ပြန္းေကာင္းဆိုတာ

ခင္ပြန္းေကာင္းဆိုတာ
.
• နံက္အိပ္ယာထတဲ့အခါ “ မင္းေနေကာင္းလား၊
က်န္းမာေရးဂရုစုိက္ေနာ္ ” စိုးရိမ္စကား ေျပာေပးတတ္သူ။

• နံနက္စာစားတဲ့အခါ “ ေကာ္ဖီ ၁-ခြက္ ကို ၂-ေယာက္
တူတူေသာက္ၾကရေအာင္ကြာ ” မွ်ေ၀ခံစားတတ္သူ။

• နံနက္စာ ျပင္ဆင္ (သို ့မဟုတ္) စားေသာက္ျပီးတဲ့အခါ
ပန္းကန္ခြက္ေယာက္ကူသယ္/ကူသိမ္းေပးတတ္သူ။

• ထမင္းစားတဲ့့အခါ “လက္ရာကေတာ့ရွယ္ပဲ…
ေယာက်ာ္း အၾကိဳက္သိ တဲ့ မိန္းမ..ငယ္ငယ္တုန္းက
စားခဲ့တဲ့ ေမေမ့လက္ ရာ အတိုင္းဘဲ”
ခ်ီးမြမ္းေျမွာက္ပင့္ေျပာတတ္သူ။

• အလုပ္သြားခါနီးတိုင္း အိမ္ေနာက္ေဖးမွာ
အလုပ္ရႈပ္ေနတတ္တဲ့ ခ်စ္ဇနီးကိုမေတြ ့ေတြ ့ေအာင္ရွာျပီး
“ေမၾကီးေရ.. အလုပ္ သြားျပီကြာ” လို ့
အေရးတယူႏႈတ္ဆက္တတ္သူ
(လူလစ္ရင္ အနမ္းျဖင့္ႏႈတ္ဆက္ တတ္သူ)

• ေန ့လယ္ဘက္ ထမင္းစားခ်ိန္ အားလပ္ခ်ိန္မွာ
ဖုန္း (သို ့မဟုတ္) ဖုန္းမတ္ေဆ့ခ်္ျဖင့္ “မိန္းမေရ..
ဘာေတြ လုပ္ေနတုန္းကြာ ဒီမွာ ေညာင္းေနလို႔ ဇက္ေၾကာေလးလာဆြဲေပးပါဦး ”
အရႊန္းေဖာက္တတ္္သူ။

• အလုပ္ဆင္းခ်ိန္ အိမ္အျပန္လမ္းမွာ မိသားစုအတြက္
စားစရာေလးျဖစ္ျဖစ္ ၀ယ္လာတတ္သူ။

• ညစာစားျပီး “ မင္းနားပါကြာ…
ကိုယ္ ပန္းကန္ေတြေဆးလိုက္ မယ္ေလ”
(တကယ္မေဆးျဖစ္ေပမယ့္ ေဆးေတာ့မယ္ဟန္
လုပ္ျပ လိုက္ပါဦး)

• ကေလးေတြ အိမ္စာလုပ္ျပီး/မျပီး စာကူစစ္ေပးတတ္သူ။
အလုပ္မွာ ဘယ္ေလာက္ပင္ပန္းပင္ပန္း ကေလးကို
ညအိပ္ယာ ၀င္ပံုျပင္ ေျပာျပတတ္သူ။

• မိမိအလုပ္နဲ ့ပတ္သက္ျပီး ဇနီးျဖစ္သူကို
ေကာင္း၏/ဆိုး၏/ေပ်ာ္၏/စိတ္ညစ္၏…
ရင္ဖြင့္ေျပာျပတတ္သူ။

• ဇနီးသည္ကို စိတ္၀င္စားမႈရွိသူ/ေႏြးေႏြးေထြးေထြးေပြ ့
ဖက္တတ္သူ (လင့္၀တၱရားေက်သူ)

• ေဆြမ်ိဳးမ်ား နဲ ့ အေပါင္းသင္းမိတ္ေဆြေတြေရွ ့မွာ
ဇနီးသည္ကို ေဖးေဖးမမ ဂရုစိုက္ျပတတ္သူ။

• သားသမီးေတြ ေရွ ့မွာ “ မင္းတို ့ေမေမက
ေက်းဇူးရွိတယ္ေနာ္ ေမေမ့စကားနားေထာင္
ေမေမ့ကို စိတ္ညစ္ေအာင္ မလုပ္ ရဘူး” လို ့
မၾကာခဏ ေျပာေပးတတ္သူ။

• ဇနီးသည္ အလုပ္ရႈပ္ေနတဲ့အခါ ကေလးေတြကို
အေဖာ္ျပဳေပးတတ္သူ။

• အလုပ္ပိတ္ရက္ေတြမွာ အခါအားေလ်ာ္စြာ
မိသားစုကို သီးသန္႔ အခ်ိန္ေပးျပီး
အျပင္ထြက္လည္ပတ္ေပးတတ္သူ။

နွစ္ေယာက္ထဲရွိေနခ်ိန္မွာ မိမိ ဇနီးကို မၾကာခဏဆိုသလို
“ မင္း ကေတာ့ ဒို ့မိသားစုအတြက္ မရွိမျဖစ္ဘဲကြာ၊
မင္းရွိလို ့သာေပါ့၊ မင္းလည္းေတာ္ေတာ္ ပင္ပန္း ေနျပီေနာ္ ”
စတဲ့ စကားေလး တခြန္းျဖင့္ ေက်းဇူးတင္စကားေျပာေပးဖို ့
ႏႈတ္မေနွးၾကပါနဲ ့လို ့ သုေတသီမ်ားက
အၾကံျပဳထားပါတယ္။

ဒီလိုဂရုစိုက္ စကားေလးေတြေၾကာင့္
ဇနီးသည္အတြက္သာမက၊ ခင္ပြန္းျဖစ္သူအတြက္ပါ အိမ္ေထာင္ေရးသုချဖစ္ေစမွာပါတဲ့။
ေအာင္ျမင္ေပ်ာ္ရႊင္တဲ့ မိသားစုဘ၀ပိုင္ဆိုင္ၾကပါေစလို ့..

🗿🗿(#သိမွတ္ဖြယ္ရာ_ဗဟုသုတရြာ)
==============

ခင်ပွန်းကောင်းဆိုတာ
.
• နံက်အိပ်ယာထတဲ့အခါ “ မင်းနေကောင်းလား၊
ကျန်းမာရေးဂရုစိုက်နော် ” စိုးရိမ်စကား ပြောပေးတတ်သူ။

• နံနက်စာစားတဲ့အခါ “ ကော်ဖီ ၁-ခွက် ကို ၂-ယောက်
တူတူသောက်ကြရအောင်ကွာ ” မျှဝေခံစားတတ်သူ။

• နံနက်စာ ပြင်ဆင် (သို ့မဟုတ်) စားသောက်ပြီးတဲ့အခါ
ပန်းကန်ခွက်ယောက်ကူသယ်/ကူသိမ်းပေးတတ်သူ။

• ထမင်းစားတဲ့့အခါ “လက်ရာကတော့ရှယ်ပဲ…
ယောကျာ်း အကြိုက်သိ တဲ့ မိန်းမ..ငယ်ငယ်တုန်းက
စားခဲ့တဲ့ မေမေ့လက် ရာ အတိုင်းဘဲ”
ချီးမွမ်းမြှောက်ပင့်ပြောတတ်သူ။

• အလုပ်သွားခါနီးတိုင်း အိမ်နောက်ဖေးမှာ
အလုပ်ရှုပ်နေတတ်တဲ့ ချစ်ဇနီးကိုမတွေ ့တွေ ့အောင်ရှာပြီး
“မေကြီးရေ.. အလုပ် သွားပြီကွာ” လို ့
အရေးတယူနှုတ်ဆက်တတ်သူ
(လူလစ်ရင် အနမ်းဖြင့်နှုတ်ဆက် တတ်သူ)

• နေ ့လယ်ဘက် ထမင်းစားချိန် အားလပ်ချိန်မှာ
ဖုန်း (သို ့မဟုတ်) ဖုန်းမတ်ဆေ့ချ်ဖြင့် “မိန်းမရေ..
ဘာတွေ လုပ်နေတုန်းကွာ ဒီမှာ ညောင်းနေလို့ ဇက်ကြောလေးလာဆွဲပေးပါဦး ”
အရွှန်းဖောက်တတ််သူ။

• အလုပ်ဆင်းချိန် အိမ်အပြန်လမ်းမှာ မိသားစုအတွက်
စားစရာလေးဖြစ်ဖြစ် ဝယ်လာတတ်သူ။

• ညစာစားပြီး “ မင်းနားပါကွာ…
ကိုယ် ပန်းကန်တွေဆေးလိုက် မယ်လေ”
(တကယ်မဆေးဖြစ်ပေမယ့် ဆေးတော့မယ်ဟန်
လုပ်ပြ လိုက်ပါဦး)

• ကလေးတွေ အိမ်စာလုပ်ပြီး/မပြီး စာကူစစ်ပေးတတ်သူ။
အလုပ်မှာ ဘယ်လောက်ပင်ပန်းပင်ပန်း ကလေးကို
ညအိပ်ယာ ဝင်ပုံပြင် ပြောပြတတ်သူ။

• မိမိအလုပ်နဲ ့ပတ်သက်ပြီး ဇနီးဖြစ်သူကို
ကောင်း၏/ဆိုး၏/ပျော်၏/စိတ်ညစ်၏…
ရင်ဖွင့်ပြောပြတတ်သူ။

• ဇနီးသည်ကို စိတ်ဝင်စားမှုရှိသူ/နွေးနွေးထွေးထွေးပွေ ့
ဖက်တတ်သူ (လင့်ဝတ္တရားကျေသူ)

• ဆွေမျိုးများ နဲ ့ အပေါင်းသင်းမိတ်ဆွေတွေရှေ ့မှာ
ဇနီးသည်ကို ဖေးဖေးမမ ဂရုစိုက်ပြတတ်သူ။

• သားသမီးတွေ ရှေ ့မှာ “ မင်းတို ့မေမေက
ကျေးဇူးရှိတယ်နော် မေမေ့စကားနားထောင်
မေမေ့ကို စိတ်ညစ်အောင် မလုပ် ရဘူး” လို ့
မကြာခဏ ပြောပေးတတ်သူ။

• ဇနီးသည် အလုပ်ရှုပ်နေတဲ့အခါ ကလေးတွေကို
အဖော်ပြုပေးတတ်သူ။

• အလုပ်ပိတ်ရက်တွေမှာ အခါအားလျော်စွာ
မိသားစုကို သီးသန့် အချိန်ပေးပြီး
အပြင်ထွက်လည်ပတ်ပေးတတ်သူ။

နှစ်ယောက်ထဲရှိနေချိန်မှာ မိမိ ဇနီးကို မကြာခဏဆိုသလို
“ မင်း ကတော့ ဒို ့မိသားစုအတွက် မရှိမဖြစ်ဘဲကွာ၊
မင်းရှိလို ့သာပေါ့၊ မင်းလည်းတော်တော် ပင်ပန်း နေပြီနော် ”
စတဲ့ စကားလေး တခွန်းဖြင့် ကျေးဇူးတင်စကားပြောပေးဖို ့
နှုတ်မနှေးကြပါနဲ ့လို ့ သုတေသီများက
အကြံပြုထားပါတယ်။

ဒီလိုဂရုစိုက် စကားလေးတွေကြောင့်
ဇနီးသည်အတွက်သာမက၊ ခင်ပွန်းဖြစ်သူအတွက်ပါ အိမ်ထောင်ရေးသုခဖြစ်စေမှာပါတဲ့။
အောင်မြင်ပျော်ရွှင်တဲ့ မိသားစုဘဝပိုင်ဆိုင်ကြပါစေလို ့..

🗿🗿(#သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ)

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...