အိမ္ေထာင္ရွင္မမမ်ား မွတ္​သားလိုက္​နာသင္​့​ေသာ အခ်က္​မ်ား ..!


၁။မိမိခင္ပြန္းကို ဘယ္ေတာ့မွ မေဟာက္ပါနဲ႔၊မ​ေအာ္​ပါနဲ႔။ သူ႔ကိုမရိုေသျခင္း လကၡဏာပါ။

၂။မိမိခင္ပြန္းရဲ့ အားနည္းခ်က္ေတြကို မိသားစုဝင္​၊သူငယ္ခ်င္းေတြကို မေျပာျပပါနဲ့။လင္မယားဆိုတာတစ္ဦးအေျကာင္းတစ္ဦး ထိန္းသိမ္းဖို႔ လိုအပ္​ပါတယ္​။

၃။အမူအရာ၊အေစာင္းအေျမာင္းေတြနဲ႔မိမိခင္ပြန္းကိုမဆက္ဆံပါနဲ့၊ (သူ ဘယ္လိုအထာ ေကာက္သြားမလဲဆိုတာမသိနိင္ဘူး)အျမဲတမ္းျပန္ခံေျပာတက္တဲ့အမ်ိဳးသမီးေတြဟာ
ေပ်ာ္ရႊင္တဲ့အိမ္ကို မပိုင္ဆိုင္ရျကဘူး။

၄။မိမိခင္ပြန္းကို တစ္​ျခားေယာက်ၤားေတြနဲ့မနိႈင္းယွဥ္ပါနဲ့။ (သူတို့ရဲ့ဘဝအေျခအေနအားလံုးကိုကိုယ္က မသိနိုင္ပါဘူး။)
ခင္ပြန္းသည္ရဲ့ မာန၊ ဂုဏ္​သိကၡာကို ေစာ္ကားမိရင္ ကိုယ့္အေပၚ သူထားတဲ့ ခ်စ္ျခင္းေမတၱာလည္းေလ့်ာနည္းသြားပါ လိမ့္မယ္။

၅။ ခင္ပြန္းရဲ့ သူငယ္ခ်င္းေတြကို မျကိုက္လို့ဆိုတိုင္းမေလးမစားမဆက္ဆံပါနဲ့။ သူတို႔ေတြကိုေရွာင္ဖယ္တတ္​ေအာင္ သင့္ခင္ပြန္းအား​ေျပာျပထားပါ။

၆။ မိမိခင္ပြန္းက လက္ထပ္ထားသူဟာ သင့္ ကိုပါ။ (အိမ္အကူ ကိုမဟုတ္ဘူး။တစ္​ျခားသူ ကိုမဟုတ္ဘူး)အိမ္ရွင္မတာဝန္​ေတြကို မိမိကိုယ္တိုင္​ေဆာင္ရြက္ပါ။

၇။သင့္ခင္ပြန္းသည္​ကို ဂရုစိုက္ရမဲ့ တာဝန္အားတစ္​ျခားသူကို မေပးပါနဲ့။ ကိုယ့္ခင္ပြန္းရဲ႕ကိစၥတိုင္​းဟာ ဇနီးသည္ရဲ့တာဝန္ျဖစ္ပါတယ္။

၈။ခင္ပြန္းသည္အိမ္ကို လက္ခ်ည္းသက္သက္နဲ့ျပန္လာခဲ့ရင္ အျပစ္မတင္ပါနဲ့ ။ အားေပးစကား​ေျပာ​ေပးပါ။

၉။အသံုး၊အျဖဳန္း ျကီးတဲ့ဇနီး မျဖစ္ပါေစနဲ့ ခင္ပြန္းသည္ရဲ့ ေခၽြးစက္​တိုင္​းဟာ အဖိုးတန္​လို႔ပါ။

၁၀။ ခင္ပြန္းရဲ့ ေသြးသားဆႏၵမျဖည့္ဆည္းေပး ခ်င္လို့ ေနမေကာင္းခ်င္ ေယာင္ေဆာင္တာမ်ိဳး မလုပ္ပါနဲ့။ သူ႔အလိုလိုက္ေလ်ာပါ။
(တစ္​ျခားတစ္ေယာက္ သင့္ေနရာမယူပါေစနဲ့) ေယာက္က်ားတိုင္း ေသြးသားဆာေလာင္မႈကို ျကာျကာမခံစားနိင္ျကပါဘူး။

၁၁။ခင္ပြန္းသည္ကို သင္​့ ရည္းစားေဟာင္း (သို့မဟုတ္) သင္​ တြဲခဲ့ဖူးသူေတြနဲ့ နိႈင္းယွဥ္ျခင္း လံုးဝမလုပ္ပါနဲ့
သင္ ရဲ့အိမ္​ေထာင္​​ေရး အဖတ္​ဆည္မရ ျဖစ္သြားပါလိမ့္မယ္။

၁၂။အမ်ားေရွ့မွာ ခင္ပြန္းကိုယ္စား ေျဖျကားျခင္းမျပဳပါနဲ့ သူကိုယ္တိုင္​ ေျဖရွင္းပါ​ေစ။

၁၃။ကေလးေတြ​ေရွ့မွာ မိမိခင္ပြန္းကို ေအာ္ဟစ္ျခင္း၊စိန္ေခၚျခင္းမျပဳပါနဲ့။ ပညာရွိအမ်ိဳးသမီးေတြဟာ ဘယ္ေတာ့မွ အဲဒီလိုမလုပ္ျကပါဘူး။

၁၄။ခင္ပြန္းသည္ရဲ့ ထက္ျမတ္​မႈကို သူကိုယ္တိုင္မသိခင္ သင္​ သိျမင္​တတ္​ ပါေစ။

၁၅။ကိုယ့္သူငယ္ခ်င္းေတြကို မိမိခင္ပြန္းနဲ့အနီးကပ္မလြန္ ပါေစနဲ့။

၁၆။ေရခ်ိဳးခန္းနဲ့ မွန္တင္ခံုေရွ့မွာ မေလာပါနဲ့။ (အခ်ိန္ယူသင့္သ​ေလာက္ ယူျပီး ျပင္ျပင္ဆင္ဆင္ေနပါ) အျပင္မွာ လွလွပပျဖစ္ဖို႔ အခ်ိန္ေပးထား သူေတြ
သင့္ခင္ပြန္းေဘးမွာ ဝိုင္းဝိုင္းလည္ေနတယ္​ဆိုတာသိထားပါ။

၁၇။သင့္မိဘ၊ မိသားစု​ဝင္​ေတြနဲ့ မိတ္ေဆြေတြဟာသင့္ရဲ႕အိမ္ေထာင္ေရးမွာ အဆံုးအျဖတ္မေပးနိင္ပါဘူး ။ အခ်ိန္ကုန္ခံ ေမးမေနပါနဲ့ မိမိကိုယ္တိုင္ျပတ္သားစြာ ဆံုးျဖတ္ပါ။

၁၈။ခ်စ္ျခင္းေမတၲာကိုေငြ​ေျကး​ေပၚ အေျခခံမထားပါနဲ့။မဟုတ္ရင္ သင္​ သူ႔ထက္ ေငြပိုရွာနိင္တဲ့တေန့သူ႔ကို အရင္လို သင္​ နာခံနိုင္​ပါ့ ဥိီးမလား?

၁၉။သင္​့ခင္ပြန္းသည္ဟာ ဂရုစိုက္မႈနဲ့ နားေထာင္ေပးမဲ့သူလိုအပ္တယ္။ သူ႔ကိုအခ်ိန္မေပး နိင္ေလာက္ေအာင္အလုပ္မမ်ားမိပါေစနဲ့။ ေကာင္းမြန္တဲ့ဆက္ဆံေရးဟာ
အိမ္ေထာင္ေပ်ာ္ရႊင္ဖို႔ အဓိကက်ပါတယ္။

၂၀။ကိုယ့္ အျကံအစည္က သူ႔ထက္ပိုေကာင္းခဲ့ရင္ေတာင္မွ သူနဲ့မယွဥ္ပါနဲ့ ။သူနဲ့ကိုယ္က တစ္​ဖြဲ႕တည္​းမို႔ပါ။

၂၁။သူ႔အေပၚ အျပစ္တင္ မေစာပါ​ေစနဲ့။တဗ်စ္ေတာက္ေတာက္ လုပ္ေနတဲ့ အိမ္ရွင္မကိုဘယ္သူမွ အလိုမရွိျကပါဘူး။

၂၂။ပ်င္းရိတဲ့ဇနီးဟာ ဂရုမစိုက္တဲ့ ဇနီးပါပဲ။( ကိုယ္ ေရခ်ိဳးဖို့ေတာင္ ေမ့ေနတက္တဲ့သူမ်ိဳးေပါ့)

၂၃။မယ္မယ္ရရ ခ်က္ေက်ြးပါ။အစားအေသာက္ကို ေပါ့ပ်က္ပ်က္ သေဘာထားတတ္​တဲ့ ေယာက္က်ား မရွိပါဘူး။

၂၄။ျပင္းထန္စြာ ေတာင္းဆိုမႈမ်ိဳး မျပဳပဲအခ်ိန္တိုင္းေပ်ာ္ေမြ႕စြာ​ေနပါ။

၂၅။ ခင္ပြန္းသည္အပါအဝင္ အိမ္ကိုုလာတဲ့သူတိုင္းကိုေရပူ၊ေရေအး ကမ္းျပီး ျကိုဆိုပါ။ခ်ိဳသာတဲ့စရိုက္ဟာ စစ္မွန္တဲ့ အလွတစ္ပါးပါ။

၂၆။အိမ္ေထာင္ျပဳျခင္းနဲ့ ပတ္သက္ျပီး အဆိုးျမင္ဝါဒရွိသူေတြနဲ့မေပါင္းဖက္ပါနဲ့။

၂၇။အိမ္ေထာင္ဆိုတာကိုယ္တန္ဖိုးထားရင္ထားသေလာက္အဖိုးတန္တဲ့အရာပါ။ ေပါ့ပ်က္ပ်က္မထားသင့္ပါဘူး။

၂၈။ရင္ေသြးေလးေတြကို ခ်စ္ခင္ပါ။ ေကာင္းမြန္စြာဂရုစိုက္​၊သြန္​သင္ ဆံုးမ ​ေပးထားပါ။

၂၉-ဘယ္အေျကာင္းနဲ့မွ အိမ္ေထာင္အေပၚကိုယ္ရဲ့ ဂရုစိုက္မႈကို မေလွ်ာ့​ေစပါနဲ့။ဘယ္အသက္အရြယ္ ေရာက္ေရာက္
ဂရုစိုက္မႈက လႊမ္းမိုးထားနိုင္ လို႔ပါ။

၃၀-ဘုရား၊တရားသိတဲ့ ဇနီးသည္​ဟာမိမိ မိသားစုအတြက္​ အ​ေကာင္​းမြန္​ဆံုးအားအင္​ပါ။ ဒါေျကာင့္ ခင္ပြန္းအတြက္၊ အိမ္ေထာင္ အတြက္
အၿမဲတမ္​း ဆု​ေတာင္​း​ေပးပါ။

အိမ္ေထာင္ သာယာခိုင္ၿမဲဖို႔ရာ နွစ္​ဖက္လံုးမွာတာဝန္ရွိပါတယ္။ ဒီpost မွာေတာ့ မိန္းမဘက္က လုပ္ေပးနိင္တဲ့ အရာေတြကို စုစည္းထားပါတယ္။
ဒီအရည္အေသြးေတြက မရွိမျဖစ္ေတာ့ မဟုတ္ပါဘူး။ (တစ္ခ်ိဳ႕အခ်က္အလက္ေတြဆိုရင္ေပါ့ေပါ့ပါးပါးေလးေတြပါ)
ဒီလိုေလးေတြ ႀကိဳးစားျခင္းအားျဖင့္ အိမ္ေထာင္ကိုသာယာေစနိုင္တယ္လို႔ အၾကံျပဳထားျခင္းပါ။

Credit: SiSiKo

#Unicode Version
၁။မိမိခင်ပွန်းကို ဘယ်တော့မှ မဟောက်ပါနဲ့၊မအော်ပါနဲ့။ သူ့ကိုမရိုသေခြင်း လက္ခဏာပါ။

၂။မိမိခင်ပွန်းရဲ့ အားနည်းချက်တွေကို မိသားစုဝင်၊သူငယ်ချင်းတွေကို မပြောပြပါနဲ့။လင်မယားဆိုတာတစ်ဦးအကြောင်းတစ်ဦး ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။

၃။အမူအရာ၊အစောင်းအမြောင်းတွေနဲ့မိမိခင်ပွန်းကိုမဆက်ဆံပါနဲ့၊ (သူ ဘယ်လိုအထာ ကောက်သွားမလဲဆိုတာမသိနိင်ဘူး)အမြဲတမ်းပြန်ခံပြောတက်တဲ့အမျိုးသမီးတွေဟာ
ပျော်ရွှင်တဲ့အိမ်ကို မပိုင်ဆိုင်ရကြဘူး။

၄။မိမိခင်ပွန်းကို တစ်ခြားယောကျၤားတွေနဲ့မနှိုင်းယှဉ်ပါနဲ့။ (သူတို့ရဲ့ဘဝအခြေအနေအားလုံးကိုကိုယ်က မသိနိုင်ပါဘူး။)
ခင်ပွန်းသည်ရဲ့ မာန၊ ဂုဏ်သိက္ခာကို စော်ကားမိရင် ကိုယ့်အပေါ် သူထားတဲ့ ချစ်ခြင်းမေတ္တာလည်းလျေ့ာနည်းသွားပါ လိမ့်မယ်။

၅။ ခင်ပွန်းရဲ့ သူငယ်ချင်းတွေကို မကြိုက်လို့ဆိုတိုင်းမလေးမစားမဆက်ဆံပါနဲ့။ သူတို့တွေကိုရှောင်ဖယ်တတ်အောင် သင့်ခင်ပွန်းအားပြောပြထားပါ။

၆။ မိမိခင်ပွန်းက လက်ထပ်ထားသူဟာ သင့် ကိုပါ။ (အိမ်အကူ ကိုမဟုတ်ဘူး။တစ်ခြားသူ ကိုမဟုတ်ဘူး)အိမ်ရှင်မတာဝန်တွေကို မိမိကိုယ်တိုင်ဆောင်ရွက်ပါ။

၇။သင့်ခင်ပွန်းသည်ကို ဂရုစိုက်ရမဲ့ တာဝန်အားတစ်ခြားသူကို မပေးပါနဲ့။ ကိုယ့်ခင်ပွန်းရဲ့ကိစ္စတိုင်းဟာ ဇနီးသည်ရဲ့တာဝန်ဖြစ်ပါတယ်။

၈။ခင်ပွန်းသည်အိမ်ကို လက်ချည်းသက်သက်နဲ့ပြန်လာခဲ့ရင် အပြစ်မတင်ပါနဲ့ ။ အားပေးစကားပြောပေးပါ။

၉။အသုံး၊အဖြုန်း ကြီးတဲ့ဇနီး မဖြစ်ပါစေနဲ့ ခင်ပွန်းသည်ရဲ့ ချွေးစက်တိုင်းဟာ အဖိုးတန်လို့ပါ။

၁၀။ ခင်ပွန်းရဲ့ သွေးသားဆန္ဒမဖြည့်ဆည်းပေး ချင်လို့ နေမကောင်းချင် ယောင်ဆောင်တာမျိုး မလုပ်ပါနဲ့။ သူ့အလိုလိုက်လျောပါ။
(တစ်ခြားတစ်ယောက် သင့်နေရာမယူပါစေနဲ့) ယောက်ကျားတိုင်း သွေးသားဆာလောင်မှုကို ကြာကြာမခံစားနိင်ကြပါဘူး။

၁၁။ခင်ပွန်းသည်ကို သင့် ရည်းစားဟောင်း (သို့မဟုတ်) သင် တွဲခဲ့ဖူးသူတွေနဲ့ နှိုင်းယှဉ်ခြင်း လုံးဝမလုပ်ပါနဲ့
သင် ရဲ့အိမ်ထောင်ရေး အဖတ်ဆည်မရ ဖြစ်သွားပါလိမ့်မယ်။

၁၂။အများရှေ့မှာ ခင်ပွန်းကိုယ်စား ဖြေကြားခြင်းမပြုပါနဲ့ သူကိုယ်တိုင် ဖြေရှင်းပါစေ။

၁၃။ကလေးတွေရှေ့မှာ မိမိခင်ပွန်းကို အော်ဟစ်ခြင်း၊စိန်ခေါ်ခြင်းမပြုပါနဲ့။ ပညာရှိအမျိုးသမီးတွေဟာ ဘယ်တော့မှ အဲဒီလိုမလုပ်ကြပါဘူး။

၁၄။ခင်ပွန်းသည်ရဲ့ ထက်မြတ်မှုကို သူကိုယ်တိုင်မသိခင် သင် သိမြင်တတ် ပါစေ။

၁၅။ကိုယ့်သူငယ်ချင်းတွေကို မိမိခင်ပွန်းနဲ့အနီးကပ်မလွန် ပါစေနဲ့။

၁၆။ရေချိုးခန်းနဲ့ မှန်တင်ခုံရှေ့မှာ မလောပါနဲ့။ (အချိန်ယူသင့်သလောက် ယူပြီး ပြင်ပြင်ဆင်ဆင်နေပါ) အပြင်မှာ လှလှပပဖြစ်ဖို့ အချိန်ပေးထား သူတွေ
သင့်ခင်ပွန်းဘေးမှာ ဝိုင်းဝိုင်းလည်နေတယ်ဆိုတာသိထားပါ။

၁၇။သင့်မိဘ၊ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေဟာသင့်ရဲ့အိမ်ထောင်ရေးမှာ အဆုံးအဖြတ်မပေးနိင်ပါဘူး ။ အချိန်ကုန်ခံ မေးမနေပါနဲ့ မိမိကိုယ်တိုင်ပြတ်သားစွာ ဆုံးဖြတ်ပါ။

၁၈။ချစ်ခြင်းမေတ္တာကိုငွေကြေးပေါ် အခြေခံမထားပါနဲ့။မဟုတ်ရင် သင် သူ့ထက် ငွေပိုရှာနိင်တဲ့တနေ့သူ့ကို အရင်လို သင် နာခံနိုင်ပါ့ ဦးမလား?

၁၉။သင့်ခင်ပွန်းသည်ဟာ ဂရုစိုက်မှုနဲ့ နားထောင်ပေးမဲ့သူလိုအပ်တယ်။ သူ့ကိုအချိန်မပေး နိင်လောက်အောင်အလုပ်မများမိပါစေနဲ့။ ကောင်းမွန်တဲ့ဆက်ဆံရေးဟာ
အိမ်ထောင်ပျော်ရွှင်ဖို့ အဓိကကျပါတယ်။

၂၀။ကိုယ့် အကြံအစည်က သူ့ထက်ပိုကောင်းခဲ့ရင်တောင်မှ သူနဲ့မယှဉ်ပါနဲ့ ။သူနဲ့ကိုယ်က တစ်ဖွဲ့တည်းမို့ပါ။

၂၁။သူ့အပေါ် အပြစ်တင် မစောပါစေနဲ့။တဗျစ်တောက်တောက် လုပ်နေတဲ့ အိမ်ရှင်မကိုဘယ်သူမှ အလိုမရှိကြပါဘူး။

၂၂။ပျင်းရိတဲ့ဇနီးဟာ ဂရုမစိုက်တဲ့ ဇနီးပါပဲ။( ကိုယ် ရေချိုးဖို့တောင် မေ့နေတက်တဲ့သူမျိုးပေါ့)

၂၃။မယ်မယ်ရရ ချက်ကျွေးပါ။အစားအသောက်ကို ပေါ့ပျက်ပျက် သဘောထားတတ်တဲ့ ယောက်ကျား မရှိပါဘူး။

၂၄။ပြင်းထန်စွာ တောင်းဆိုမှုမျိုး မပြုပဲအချိန်တိုင်းပျော်မွေ့စွာနေပါ။

၂၅။ ခင်ပွန်းသည်အပါအဝင် အိမ်ကိုုလာတဲ့သူတိုင်းကိုရေပူ၊ရေအေး ကမ်းပြီး ကြိုဆိုပါ။ချိုသာတဲ့စရိုက်ဟာ စစ်မှန်တဲ့ အလှတစ်ပါးပါ။

၂၆။အိမ်ထောင်ပြုခြင်းနဲ့ ပတ်သက်ပြီး အဆိုးမြင်ဝါဒရှိသူတွေနဲ့မပေါင်းဖက်ပါနဲ့။

၂၇။အိမ်ထောင်ဆိုတာကိုယ်တန်ဖိုးထားရင်ထားသလောက်အဖိုးတန်တဲ့အရာပါ။ ပေါ့ပျက်ပျက်မထားသင့်ပါဘူး။

၂၈။ရင်သွေးလေးတွေကို ချစ်ခင်ပါ။ ကောင်းမွန်စွာဂရုစိုက်၊သွန်သင် ဆုံးမ ပေးထားပါ။

၂၉-ဘယ်အကြောင်းနဲ့မှ အိမ်ထောင်အပေါ်ကိုယ်ရဲ့ ဂရုစိုက်မှုကို မလျှော့စေပါနဲ့။ဘယ်အသက်အရွယ် ရောက်ရောက်
ဂရုစိုက်မှုက လွှမ်းမိုးထားနိုင် လို့ပါ။

၃၀-ဘုရား၊တရားသိတဲ့ ဇနီးသည်ဟာမိမိ မိသားစုအတွက် အကောင်းမွန်ဆုံးအားအင်ပါ။ ဒါကြောင့် ခင်ပွန်းအတွက်၊ အိမ်ထောင် အတွက်
အမြဲတမ်း ဆုတောင်းပေးပါ။

အိမ်ထောင် သာယာခိုင်မြဲဖို့ရာ နှစ်ဖက်လုံးမှာတာဝန်ရှိပါတယ်။ ဒီpost မှာတော့ မိန်းမဘက်က လုပ်ပေးနိင်တဲ့ အရာတွေကို စုစည်းထားပါတယ်။
ဒီအရည်အသွေးတွေက မရှိမဖြစ်တော့ မဟုတ်ပါဘူး။ (တစ်ချို့အချက်အလက်တွေဆိုရင်ပေါ့ပေါ့ပါးပါးလေးတွေပါ)
ဒီလိုလေးတွေ ကြိုးစားခြင်းအားဖြင့် အိမ်ထောင်ကိုသာယာစေနိုင်တယ်လို့ အကြံပြုထားခြင်းပါ။

Credit: SiSiKo

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...