ဦးသန္႔၊ ဦးေနဝင္းနွင့္ ဦးတင္ဦး

ဦးသန္႔သည္ အတြင္းေရးမွဴ းခ်ဴ ပ္အျဖစ္ တာဝန္ထမ္းေဆာင္ေနစဥ္အတြင္း ၎၏ မိခင္ကုိကန္ေတာ့ရန္ မိခင္တုိင္းျပည္ကုိ ျပန္ခဲ့ဖူးပါသည္။ ေတာ္လွန္ေရးေကာင္စီလက္ထက္တြင္ျဖစ္၍ ျမန္မာႏုိင္ငံသုိ႔ ေရာက္လွ်င္ေရာက္ခ်င္း ႏုိင္ငံအႀကီးအကဲျဖစ္ေသာ ဗုိလ္ခ်ဴ ပ္ႀကီးေနဝင္းအား ဂါရဝျပဳႏႈတ္ဆက္လုိေၾကာင္း ေျပာၾကားၿပီး စီစဥ္ေပးရန္ ေမတၱာရပ္ခံခဲ့ပါသည္။

ဗုိလ္ခ်ဴ ပ္ႀကီးအား တင္ျပရာတြင္ မေတြ႕လုိေၾကာင္း ေျပာၿပီး ငပလီသုိ႔ ထြက္ခြာသြားခဲ့ပါသည္။ ဦးသန္႔က ေခါင္းေဆာင္ႀကီး၏ မူလအစီအစဥ္အရသြားျခင္းျဖစ္၍ ၎ကပင္ လုိက္၍ နႈတ္ဆက္ပါမည္ဆုိၿပီး ငပလီသုိ႔ လုိက္သြားခဲ့ပါသည္။ ငပလီတြင္ ေတြ႕ရန္ၾကဳိးစားစဥ္ မေတြ႕ခဲ့ရဘဲ ဗုိလ္ခ်ဴ ပ္ႀကီးေနဝင္းသည္ ေနာက္ေန႔ နံနက္ေစာေစာတြင္ ျပန္၍ ထြက္ခြာခဲ့ပါသည္။

ထုိစဥ္က ဦးသန္႔နွင့္ ေတြ႕ဆုံခဲ့ရေသာ ဗုိလ္ခ်ဴ ပ္ႀကီးတင္ဦး (ကာကြယ္ေရးဦးစီးခ်ဴ ပ္ေဟာင္း) က မိတ္ေဆြမ်ားနွင့္ စကားစပ္မိ၍ ေျပာၾကားရာတြင္ ` ဗုိလ္ခ်ဴ ပ္ႀကီးေနဝင္းက ဘာျဖစ္လုိ႔လဲ မသိပါဘူးဗ်ာ၊ မအားလုိ႔ မေတြ႕ႏုိင္ေၾကာင္းေျပာၿပီး ျမန္ျမန္ျပန္ခဲ့ဆုိလုိ႔ ကြၽန္ေတာ္ သြားတယ္။ ဟုိေရာက္ေတာ့ ဦးသန္႔က အာလပသလႅာပ ေျပာၿပီး စကားေကာင္းေနေတာ့ ရုတ္တရက္စကားမျဖတ္ႏုိင္ဘူးေပါ့ဗ်ာ။` ဦးသန္႔ကုိ အနီးကပ္ေတြ႕ၿပီး သူ စကားေျပာတာ နားေထာင္ရတာနဲ႔ တကယ့္သူေတာ္ေကာင္း လူေတာ္ႀကီးတစ္ေယာက္ဆုိတာ´ ကြၽန္ေတာ္ အကဲခတ္မိတယ္။ ဒီေတာ့ စကားျဖတ္ရမွာ အားနာၿပီး နားေထာင္ခဲ့ရတာေပါ့ဗ်ာ။ ကြၽန္ေတာ္လည္း ျပန္ေရာက္ေရာ ဘာလုိ႔ ဒီေလာက္ၾကာေနရတာလဲကြ ဆုိၿပီး ဆူေတာ့တာပဲ။ ေနာက္ေန႔ မနက္ေစာေစာျပန္မယ္ဆုိၿပီး ျပန္ေတာ့တာပဲဗ်ာ´ ဟူ၍ ေျပာျပပါသည္။ (ေရးသားသူမွာ တပ္မေတာ္အရာရွိေဟာင္းတစ္ဦး၏ သူ႔လုိလူ၊ ရက္စက္ယုတ္မာမႈအေပါင္း သရဖူေဆာင္းခဲ့သူ (သုိ႔မဟုတ္) ေနဝင္း စာအုပ္)

အခ်ိဴ ႕က ထင္ျမင္ခ်က္ေပးသည္မွာ `ဦးသန္႔က ဦးႏုနဲ႔ နီးစပ္တယ္ဗ် ၊ ဒါေၾကာင့္ ဗုိလ္ခ်ဴ ပ္ႀကီးေနဝင္းက မေတြ႕ခ်င္တာျဖစ္မယ္´ ဟူ၍လည္းေကာင္း၊ `ဦးသန္႔ ေတာ္တဲ့အေၾကာင္းက ကမၻာမွာေတာ္ နာမည္ႀကီးေနေတာ့ လူေတာ္မၾကဳိက္တဲ့ ဗုိလ္ခ်ဴ ပ္ႀကီးေနဝင္းနဲ႔ ဘယ္ေတြ႕လုိ႔ရပါ့မလဲ´ ဟူ၍လည္းေကာင္း ထင္ျမင္ခ်က္ေပးၾကပါသည္။ ဟုတ္၊ မဟုတ္မွာ ကာယကံရွင္မ်ားသာ သိႏုိင္ေသာအခ်က္ျဖစ္ပါသည္။

(ဦးသန္႔သည္ ကုလသမဂၢ အတြင္းေရးမွဴ းခ်ဴ ပ္ျဖစ္ၿပီးေနာက္ ျမန္မာႏုိင္ငံသုိ႔ ၁၉၆၄ ဇူလုိင္လ ၂၅ ရက္တြင္ ၃ ရက္ခရီး၊ ၁၉၆၇ ေဖေဖာ္ဝါရီ ၂၄ ရက္တြင္ ၈ ရက္ခရီး ျပန္ခဲ့ဖူးရာ အထက္ပါ အျဖစ္အပ်က္မ်ားသည္ ၁၉၆၇ ခရီးစဥ္ အျဖစ္အပ်က္မ်ား ျဖစ္သည္ဟု စာေရးသူ ယူဆပါသည္)

ေရးသားသူ ၊ လန္ေထာင္စပ္စုေလး
2007 ခုနွစ္၊ ဇန္နဝါရီလ 22 ရက္ေန႔ ဦးသန္႔၏ ၉၈ နွစ္ေျမာက္ေမြးေန႔အထိမ္းအမွတ္။ (သူေတာ္ေကာင္း လူေတာ္ႀကီး ဦးသန္႔)

Credit - Aung Kyaw Moe
ဓာတ္ပုံမွာ သူရဦးတင္ဦး အလယ္ပုိင္းတုိင္း စစ္ဌာနခ်ဴ ပ္ တုိင္းမွဴ းႀကီးဘဝ၊ ကုလသမဂၢအေထြေထြအတြင္းေရးမွဴ းခ်ဴ ပ္ ဦးသန္႔ ငပလီသုိ႔ ေရာက္ရွိစဥ္။

============

ဦးသန့်သည် အတွင်းရေးမှူ းချူ ပ်အဖြစ် တာဝန်ထမ်းဆောင်နေစဉ်အတွင်း ၎င်း၏ မိခင်ကိုကန်တော့ရန် မိခင်တိုင်းပြည်ကို ပြန်ခဲ့ဖူးပါသည်။ တော်လှန်ရေးကောင်စီလက်ထက်တွင်ဖြစ်၍ မြန်မာနိုင်ငံသို့ ရောက်လျှင်ရောက်ချင်း နိုင်ငံအကြီးအကဲဖြစ်သော ဗိုလ်ချူ ပ်ကြီးနေဝင်းအား ဂါရဝပြုနှုတ်ဆက်လိုကြောင်း ပြောကြားပြီး စီစဉ်ပေးရန် မေတ္တာရပ်ခံခဲ့ပါသည်။

ဗိုလ်ချူ ပ်ကြီးအား တင်ပြရာတွင် မတွေ့လိုကြောင်း ပြောပြီး ငပလီသို့ ထွက်ခွာသွားခဲ့ပါသည်။ ဦးသန့်က ခေါင်းဆောင်ကြီး၏ မူလအစီအစဉ်အရသွားခြင်းဖြစ်၍ ၎င်းကပင် လိုက်၍ နှုတ်ဆက်ပါမည်ဆိုပြီး ငပလီသို့ လိုက်သွားခဲ့ပါသည်။ ငပလီတွင် တွေ့ရန်ကြိုးစားစဉ် မတွေ့ခဲ့ရဘဲ ဗိုလ်ချူ ပ်ကြီးနေဝင်းသည် နောက်နေ့ နံနက်စောစောတွင် ပြန်၍ ထွက်ခွာခဲ့ပါသည်။

ထိုစဉ်က ဦးသန့်နှင့် တွေ့ဆုံခဲ့ရသော ဗိုလ်ချူ ပ်ကြီးတင်ဦး (ကာကွယ်ရေးဦးစီးချူ ပ်ဟောင်း) က မိတ်ဆွေများနှင့် စကားစပ်မိ၍ ပြောကြားရာတွင် ` ဗိုလ်ချူ ပ်ကြီးနေဝင်းက ဘာဖြစ်လို့လဲ မသိပါဘူးဗျာ၊ မအားလို့ မတွေ့နိုင်ကြောင်းပြောပြီး မြန်မြန်ပြန်ခဲ့ဆိုလို့ ကျွန်တော် သွားတယ်။ ဟိုရောက်တော့ ဦးသန့်က အာလပသလ္လာပ ပြောပြီး စကားကောင်းနေတော့ ရုတ်တရက်စကားမဖြတ်နိုင်ဘူးပေါ့ဗျာ။` ဦးသန့်ကို အနီးကပ်တွေ့ပြီး သူ စကားပြောတာ နားထောင်ရတာနဲ့ တကယ့်သူတော်ကောင်း လူတော်ကြီးတစ်ယောက်ဆိုတာ´ ကျွန်တော် အကဲခတ်မိတယ်။ ဒီတော့ စကားဖြတ်ရမှာ အားနာပြီး နားထောင်ခဲ့ရတာပေါ့ဗျာ။ ကျွန်တော်လည်း ပြန်ရောက်ရော ဘာလို့ ဒီလောက်ကြာနေရတာလဲကွ ဆိုပြီး ဆူတော့တာပဲ။ နောက်နေ့ မနက်စောစောပြန်မယ်ဆိုပြီး ပြန်တော့တာပဲဗျာ´ ဟူ၍ ပြောပြပါသည်။ (ရေးသားသူမှာ တပ်မတော်အရာရှိဟောင်းတစ်ဦး၏ သူ့လိုလူ၊ ရက်စက်ယုတ်မာမှုအပေါင်း သရဖူဆောင်းခဲ့သူ (သို့မဟုတ်) နေဝင်း စာအုပ်)

အချိူ ့က ထင်မြင်ချက်ပေးသည်မှာ `ဦးသန့်က ဦးနုနဲ့ နီးစပ်တယ်ဗျ ၊ ဒါကြောင့် ဗိုလ်ချူ ပ်ကြီးနေဝင်းက မတွေ့ချင်တာဖြစ်မယ်´ ဟူ၍လည်းကောင်း၊ `ဦးသန့် တော်တဲ့အကြောင်းက ကမ္ဘာမှာတော် နာမည်ကြီးနေတော့ လူတော်မကြိုက်တဲ့ ဗိုလ်ချူ ပ်ကြီးနေဝင်းနဲ့ ဘယ်တွေ့လို့ရပါ့မလဲ´ ဟူ၍လည်းကောင်း ထင်မြင်ချက်ပေးကြပါသည်။ ဟုတ်၊ မဟုတ်မှာ ကာယကံရှင်များသာ သိနိုင်သောအချက်ဖြစ်ပါသည်။

(ဦးသန့်သည် ကုလသမဂ္ဂ အတွင်းရေးမှူ းချူ ပ်ဖြစ်ပြီးနောက် မြန်မာနိုင်ငံသို့ ၁၉၆၄ ဇူလိုင်လ ၂၅ ရက်တွင် ၃ ရက်ခရီး၊ ၁၉၆၇ ဖေဖော်ဝါရီ ၂၄ ရက်တွင် ၈ ရက်ခရီး ပြန်ခဲ့ဖူးရာ အထက်ပါ အဖြစ်အပျက်များသည် ၁၉၆၇ ခရီးစဉ် အဖြစ်အပျက်များ ဖြစ်သည်ဟု စာရေးသူ ယူဆပါသည်)

ရေးသားသူ ၊ လန်ထောင်စပ်စုလေး
2007 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်နေ့ ဦးသန့်၏ ၉၈ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်။ (သူတော်ကောင်း လူတော်ကြီး ဦးသန့်) 

Credit - Aung Kyaw Moe 

ဓာတ်ပုံမှာ သူရဦးတင်ဦး အလယ်ပိုင်းတိုင်း စစ်ဌာနချူ ပ် တိုင်းမှူ းကြီးဘဝ၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူ းချူ ပ် ဦးသန့် ငပလီသို့ ရောက်ရှိစဉ်။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...