ကျွန်မ ယောက်က္ခမ ရ အရမ်းကံကောင်းတယ် ဆိုတဲ့ အကယ်ဒမီ မေသန်းနု
Popolay
Unicode
တစ်ယောက်နဲ့တစ်ယောက် လမ်းခွဲခဲ့ပေမယ့် အမုန်းတွေ မရှိကြတဲ့ မေသန်းနုတို့ လင်မယားဟာ အခုအချိန်ထိ အနုပညာအလုပ်တွေ လက်တွဲ လုပ်ကိုင်နေတုန်းဖြစ်ပါတယ်။
ချစ်သူ ဘဝ အမျိုးသား ရဲ့ အမေနဲ့ မိတ်ဆက်ပေးတဲ့ အချိန်ကနေ လက်ထပ်ဖို့ စီစဉ်တဲ့ အချိန်ထိ ယောက်က္ခမအကြောင်း ကို ဘာမှမသိရသေးပါဘူး ။ လက်ထပ်ပြီး ကိုယ်ဝန်ရတဲ့ အချိန်မှာလဲ သမီးတစ်ယောက်လို စားချင်တာကို ချက်ပြုတ်ကျွေးတယ် ။သားအကြိုက် ချွေးမ အကြိုက်တွေ ၊ သားမွေးနေ့ ချွေးမ မွေးနေ့ အထိ မှတ်မှတ်ရရလေး မအားတဲ့ ကြားက မပျက်ကွက်ခဲ့ ပါဘူး ။
သားလေး မွေးတော့ လဲ မြေးဝေယျာဝစ္စတွေအပြင် သမီးတစ်ယောက်လို စောင့်ရှောက်ပေးတယ် ။ အရင်တုန်းကတော့ ဒါတွေ သေချာမသိခဲ့ ဘူး သားနဲ့ အတူတူနေရင်း နားလည်လာခဲ့ တယ် သားကို ချစ်ရင် ချွေးမကို ချစ်ရမယ်ဆိုတာကိုပေါ့ သားကို သိပ်ချစ်တဲ့ အတွက် သားကြီးလာရင်လဲမျှော်လင့်ချက်တေါ အများကြီး စိတ်ကူးယဉ်တဲ့ အခါ အိမ်ထောင်ရေးလဲမပါမဖြစ် ပါ ။
စဉ်းစားမိလာတယ် သားအိမ်ထောင်ကျလို့ သူ့ အိမ်ထောင်နဲ့ သူဖြစ်နေရင် ကျမ အပေါက်ဆိုးရင် ကျမဆီလာလည်ပါ့ မလား
သားကျွန်မကို ချစ်ပါတော့ မလား ။ အမေနဲ့ ချွေးမ လွန်ဆွဲနေရင် သားစိတ်ချမ်းသာပါ့ မလား ၊ သားစိတ်ဆင်းရဲလို့ မဖြစ်ဘူးဆို ပြီး ယောက်ခမ ကို အရမ်းလေးစားခဲ့ တယ် ။ သားကို ချစ်တဲ့ မိခင်တစ်ယောက်အနေနဲ့ ကိုယ်ချင်းစာမိတယ် ။ သားက မွေးတဲ့ မြေးနဲ့ သမီးက မွေးတဲ့ မြေးတွေကို လဲ မျှမျှတတ အမြဲရှိတယ် ဘာဝယ်ဝယ် ၂ခု အမြဲဝယ်ပေးတယ် အမေ့မျက်နှာက အမြဲ ပြုံးနေတတ်ပြီး ဘာသာရေး လူမှုရေး နဲ့ အမြဲ ပျော်နေတတိပါတယ် ။
ကျွန်မ ယောက္ခမ ပညာတတ်မဟုတ်ပါဘူး ။ဈေးရောင်းပါတယ်။ ဖုန်းလည်းမကိုင်တတ်ပါဘူး ။လူချမ်းသာကြီးလည်းမဟုတ်ပါဘူး ။ ကျွန်မ ယောက်က္ခမ ရ အရမ်းကံကောင်းတယ် ။ သားမွေးတဲ့ မိခင်တိုင်း ဒီလို စိတ်မျိုးရှိရင် ကောင်းမှာပဲ လို့ တွေးမိပါတယ်။ နောက်ပြီး ကိုယ်တိုင်ရော ဒီလို စိတ်မျိုး သဘောကျရင် ဒီလိုစိတ်မျိုးမွေးနိုင်ပါ့ မလား ။
ကြိုးစားရမှာပေါ့နော် ကျွန်မသားကို ချစ်တယ်လေ ။ ချွေးမက ကျွန်မဆီ လာလည်ချင်မှ သားက ကျွန်မဆီလာမှာပေါ့ ။ မြေးလေးတေါက ကျွန်မကို ချစ်မှ ကျွန်မဆီ လာလည်ချင်မှာပေါ့ ကျွန်မက မမျှတရင် သူတို့ လေးတွေ ြိုညသ်မျာပေါ့ ။ သူတို့ လေးတေါ အားကိုးရာ မဲ့ ချိန် အမေဆိုပြီး ပြေးသတိရတဲ့ သူဖြစ်ချင်တယ် ။ ကျွန်မလည်း တချိန်မှာ ယောက္ခမဖြစ်မှာ မလွှဲမသွေ ပဲ လေ လို့ ပြောသွားခဲ့ပါတယ်။
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...