စက်ဘီးတစ်စီးနဲ့ မြန်မာပြည်အနှံ ဘုရားဖူးထွက်သူ





စက်ဘီးတစ်စီးနဲ့မြန်မာပြည်အနှံဘုရားဖူးထွက်သူ ဦးချိုတို့ ဇနီးမောင်နှံ မျက်စိအမြင်ကြည်လင်သွားကြပါပြီ။ ဦးချိုတို့ဇနီးေ မာင်နှံမှာ ပိုက်ဆံမရှိလဲဘုရားဖူးသွားနိုင်ရမယ် လို့ ရည်ရွှယ်ပြီး လွန်ခဲ့တဲ့၂နှစ်က ဆန်တစ်ပြည် ပိုက်ဆံနည်း နည်းနဲ့ မြန် မာပြည်တလွှားဘုရားဖူးထွက်ခဲ့ပါသည်။
အောက်ပြည်က ကျိုက်ထီးရိုးဘုရား၊အထက်ပိုင်းရှမ်းပြည် အင်းလေး ဖောင်တော်ကြီးဘုရားအပါအဝင် မြန်မာတစ်ပြည် လုံးစက်ဘီး တစ်စီးနဲ့လင်မယားနှစ်ယောက် ဘုရားဖူးထွက်ခဲ့သူများ ဖြစ်ပါ တယ်။ ထိုသို့ ရာသီမရွှေး စက်ဘီးနဲ့ခရီးများ ထွက်ခဲ့ရတာ ကြောင့် လင်မယားနှစ်ယောက်စလုံး မျက်စိအမြင်အာရုံများ ဝေဝါးလာကြပါတယ်။
ကျွန်တော့်ဆီ အကူအညီတောင်းလာ တာကြောင့် မန္တလေးမြို့ကိုခေါ်ယူပြီး ဆရာတော်ဦးပညာရဲ့ ကျောင်းတိုက်မှာ တ ည်းခိုစေပြီး မျက်စိဆေးရုံမှာပြသကုသခဲ့ ပါတယ်။ ဆေးရုံမှ ကနဦး ပါဝါမျက်မှန်များတပ်ခိုင်းပြီး မသက် သာမှာသာ ခွဲစိ တ်ကုသမည်ဟုဆိုပါသည်။ ထိုကြောင့်ဦးချိုတို့ ဇနီးမောင်နှံကို ပါဝါမျက်မှန်ကိုယ်စီပြုလုပ်ပေးလိုက်ပါသည်။
လင်မယားနှစ်ဦးစလုံးအမြင်ကြည်လင်သွားတာကြောင့် ကျေးဇူးအထူးတင်ကာ ဝမ်းသာအားရပြီး ပျော်နေကြပါသည် သူ တို့အဝတ်အစားများမှာလဲ ဟောင်းနွမ်းနေတာကြောင့် အဝတ်အစားသစ်များ ဝယ်ပေးလိုက်ပါသည်။
ဒီနေ့တပ်ကုန်း ပြန်ရန် ကားဂိတ်သို့လိုက်ပို့ပေးခဲ့ပြီး လမ်းစားရိတ်နှင့်လိုအပ် တာသုံးရန် အလှုငွေရှစ်သောင်းကျပ်ပေးအပ် ခဲ့ပါသည်။
စုစုပေါင်းကုန်ကျစားရိတ် နှစ်သိန်းကျပ်ကို ကိုတူးချို+မနန်း လာင်ဟိန်း သားမောင်မင်းသန့်ကိုကို၊မောင်အာကာမင်းထက် မိသားစုမှ လှုဒါန်းခြင်းဖြစ်ပါသည်။
ONETOONE ပြည်သူ့ကူညီရေးအဖွဲ့မန္တလေးမြို့
ကိုဝမ်း ဖုန်း ၀၉၄၅၆၅၆၇၈၇၈

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...