ဘီလူးစီးျခင္းဆိုတာ ဒီျဖစ္တာပါ...။ ကိုယ္တိုင္မျဖစ္ဖူးရင္ေတာင္ ၾကားေတာ့ၾကဖူးၾကပါတယ္..။

အိပ္စက္ေနခ်ိန္မွာ ႐ုတ္တရက္ အိပ္ယာကလန္႔ႏုိးၿပီး ခ်က္ခ်င္း ေနရာကေန မထႏိုင္ပဲ ၀ိဉာဥ္ကဲ့သုိ႔ေသာ တစ္စုံတစ္ခုက ကုိယ့္ရင့္ဘတ္ကုိ ဖိထားသလုိ ခံစားရတဲ့သူေတြကုိ ဘီလူးစီးခံရတယ္လုိ႔ ေခၚၾကပါတယ္။ အမ်ားကလည္း ဒီလုိ ခံစားမႈ မ်ိဳးကို တကယ့္ဘီလူး၊ သုိ႔မဟုတ္ မေကာင္းဆုိး၀ါးတစ္ေကာင္ေကာင္က အိပ္မက္ကုိ စီးၿပီး၊ လူရဲ႕ ၀ိဉာဥ္ကို ထိန္းခ်ဳပ္ထား
တယ္လုိ႔ ယူဆၾကပါတယ္။

ဒီလုိအေျခအေနမ်ိဳးမွာ အသက္႐ႈရၾကပ္ေနတာ၊ အသက္႐ႈရ ခက္ခဲေနတာ၊ အသက္႐ႈႏႈန္းနဲ႔ ႏွလုံးခုန္ႏႈန္းေတြ ျမန္ေနတာမ်ိဳး ျဖစ္ေလ့ရွိပါတယ္။ တစ္စုံတစ္ေယာက္က ရင္ဘတ္ေပၚ ခြထုိင္ေနတယ္လုိ႔ေတာင္ အထင္ကုိ ျဖစ္ေစပါတယ္။ တကယ္ေတာ့ ဒီလုိျဖစ္ေစတဲ့ အေၾကာင္းျပခ်က္ကေတာ့ သိပၸံပညာနဲ႔ လူေတြျမင္ေနတဲ့အျမင္ပုိင္းမွာ ကြာျခားျခားခ်က္ေတြ ရွိေနပါတယ္။

2011 ခုႏွစ္မွာ ထုတ္ျပန္ခဲ့တဲ့ သိပၸံပညာရွင္ေတြရဲ႕ သုေတသနအရေတာ့ ဒီလုိ ဘီလူးစီးတဲ့ အိပ္ရာမွ လန္႔ႏုိးျခင္းမ်ိဳးကို လူဦးေရ 7.5% အထိ ခံစားေနရေၾကာင္း သိရပါတယ္။ ဒီလုိ ျဖစ္ရျခင္းမွာ အိပ္စက္ျခင္းအဆင့္အသီးသီးရဲ႕ အကူးအေျပာင္း
မွာ စိတ္မႏွစ္ၿမိဳ႕ဖြယ္ အေႏွာက္အယွက္ေၾကာင့္ ျဖစ္ရတာပါ။

အိပ္စက္ျခင္း အဆင့္ REM (Repaid Eyes Moment) နဲ႔ အိပ္စက္စဥ္မွာ ခႏၶာကိုယ္ဟာ ပုံမွန္အားျဖင့္ လြင့္ေျမာေန
ျပီး၊ ယင္းကို REM atonia လုိ႔ ေခၚပါတယ္။ ဒီအေျခအေနမွာ အိပ္မက္ေတြရဲ႕ေစခုိင္းမႈအရ လူ႕ခႏၶာကိုယ္လႈပ္ရွားမႈေတြကုိ ခႏၶာကိုယ္က တုန္႔ျပန္ႏုိင္မႈ အားနည္းေနခ်ိန္ ျဖစ္ပါတယ္။ အဲဒီလုိအခါမ်ိဳးမွာ ႐ုတ္တရက္ အိပ္မက္မွ လန္႔နုိးလွ်င္ လူရဲ႕ ခႏၶာကုိယ္တုန္႔ျပန္မႈကလည္း ေႏွာင့္ေႏွးေနတတ္ပါတယ္။ ဒါဟာ ဘီလူးစီးျခင္း သုိ႔မဟုတ္ ႏုိးေနရက္ လႈပ္မရျခင္းကို
ျဖစ္ေစတဲ့ အေၾကာင္းအရင္းပါ။

ဘီလူးစီးျခင္း အေျခအေနကို ပုံမွန္အားျဖင့္ 3 မ်ိဳးအထိ ေဖာ္ျပထားပါတယ္။ The Incubus ဘီလူးစီးျခင္းမွာ ရင္ဘတ္
ေပၚကုိ တစ္စုံတစ္ေယာက္က တက္ထုိင္ေနသလုိမ်ိဳး၊ ဖိထားသလုိမ်ိဳး ခံစားရပါတယ္။ တစ္ခါတေလမွာ ရင္ဘတ္ေပၚကို
ေခါင္းအုံးကဲ့သုိ႔ ေလးလံသည့္ အရာတစ္ခုတင္ထားလွ်ၽင္လည္း ဒီလုိအေျခအေန ရင္ဆုိင္ရတတ္ပါတယ္။

The Intruder ဘီလူးစီးျခင္းမွာေတာ့ ကာယကံရွင္ဟာ ၀ိဉာဥ္လုိလုိ အရာတစ္ခု အိပ္ခန္းအတြင္း ေကာင္းကင္ရံမွာ လူးလာပ်ံသန္းေနတယ္လုိ႔ ထင္ျမင္မိေစၿပီး၊ အိပ္စက္ျခင္းေၾကာင့္ ဦးေႏွာက္ရဲ႕ ပ်ံ႕ကားမႈဟာ ႀကီးမားလွၿပီး၊ အာ႐ုံခံႏုိင္စြမ္းနဲ႔ တုန္႔ျပန္ႏုိင္စြမ္းကလည္း ျမန္ဆန္လွပါတယ္။ ဒီအဆင့္မွာ ႐ုတ္တရက္အသံက်ယ္ႀကီး ၾကားရလွ်င္ပင္ ဘီလူးစီးအိပ္စက္ျခင္း ကုိ ျဖစ္ေစပါတယ္။

Out of body Experience ဘီလူးစီးျခင္းမွာလည္း REM အေျခအေနနဲ႔ အိပ္စက္ေနခ်ိန္မွာ ျဖစ္ေလ့ရွိပါတယ္။ ဦးေႏွာက္ရဲ႕ ေစ့ေဆာ္မႈေၾကာင့္ လူကအိပ္စက္ပင္ အိပ္စက္ေနေသာ္လည္း တစ္စုံတစ္ေယာက္က ႐ုတ္တရက္ ဆြဲေခၚတာ ခံလုိက္ရသလုိ၊ ေျခာက္ကမ္းပါးမွ ျပဳတ္က်သလုိျဖစ္ေစတဲ့ ခံစားမႈပါ။

ဒီလုိ ဘီလူုးစီးျခင္း သုိ႔မဟုတ္ ႏုိးေနရက္ လႈပ္မရျခင္းအေျခအေနကို ေျဖရွင္းဖုိ႔အတြက္ ေက်ာခင္းၿပီးအိပ္စက္တဲ့ အက်င့္ကို ျပင္ဖုိ႔ လုိအပ္ၿပီး၊ အာ႐ုံအျမန္လႊဲႏုိင္တဲ့ တစ္စုံတစ္ခုကို ၾကာရွည္ စိတ္မစူးစုိက္ပဲ လစ္လွ်ဴ႐ႈႏုိင္တဲ့ စိတ္အလွ်ဥ္ကိုလည္း ျပင္ဖုိ႔
လုိပါတယ္။

ဥပမာအားျဖင့္ ဘီလူးစီးျခင္းျဖင့္ ႏုိးထလာသူဟာ မိမိကုိ တစ္ေယာက္ေယာက္က ဖိထားတယ္လုိ႔ ထင္လုိက္သည္ႏွင့္ တစ္ၿပိဳင္နက္ ခႏၶာကုိယ္တစ္ခုလုံး မဆုိထားနဲ႔၊ လက္ေခ်ာင္းေလးတစ္ေခ်ာင္းပင္ ေရႊ႕ဖုိ႔ ခက္ခဲပါတယ္။ ဒီလုိ အေျခအေနက ေန ႐ုန္းထြက္လုိပါက လက္ရွိအာ႐ုံကို အျမန္လႊဲေျပာင္းေတြးေတာႏုိင္တဲ့ အေလ့အက်င့္လုပ္ႏုိင္ရင္ ဘီလူုးစီးျခင္း သုိ႔မဟုတ္  ႏုိးေနရက္ လႈပ္မရျခင္းျပႆနာကုိ ေျဖရွင္းႏုိင္မွာ ျဖစ္ပါေၾကာင္း။

Credit - Shwemom
===========

အိပ်စက်နေချိန်မှာ ရုတ်တရက် အိပ်ယာကလန့်နိုးပြီး ချက်ချင်း နေရာကနေ မထနိုင်ပဲ ၀ိဉာဉ်ကဲ့သို့သော တစ်စုံတစ်ခုက ကိုယ့်ရင့်ဘတ်ကို ဖိထားသလို ခံစားရတဲ့သူတွေကို ဘီလူးစီးခံရတယ်လို့ ခေါ်ကြပါတယ်။ အများကလည်း ဒီလို ခံစားမှု မျိုးကို တကယ့်ဘီလူး၊ သို့မဟုတ် မကောင်းဆိုးဝါးတစ်ကောင်ကောင်က အိပ်မက်ကို စီးပြီး၊ လူရဲ့ ၀ိဉာဉ်ကို ထိန်းချုပ်ထား
တယ်လို့ ယူဆကြပါတယ်။

ဒီလိုအခြေအနေမျိုးမှာ အသက်ရှုရကြပ်နေတာ၊ အသက်ရှုရ ခက်ခဲနေတာ၊ အသက်ရှုနှုန်းနဲ့ နှလုံးခုန်နှုန်းတွေ မြန်နေတာမျိုး ဖြစ်လေ့ရှိပါတယ်။ တစ်စုံတစ်ယောက်က ရင်ဘတ်ပေါ် ခွထိုင်နေတယ်လို့တောင် အထင်ကို ဖြစ်စေပါတယ်။ တကယ်တော့ ဒီလိုဖြစ်စေတဲ့ အကြောင်းပြချက်ကတော့ သိပ္ပံပညာနဲ့ လူတွေမြင်နေတဲ့အမြင်ပိုင်းမှာ ကွာခြားခြားချက်တွေ ရှိနေပါတယ်။

2011 ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ သိပ္ပံပညာရှင်တွေရဲ့ သုတေသနအရတော့ ဒီလို ဘီလူးစီးတဲ့ အိပ်ရာမှ လန့်နိုးခြင်းမျိုးကို လူဦးရေ 7.5% အထိ ခံစားနေရကြောင်း သိရပါတယ်။ ဒီလို ဖြစ်ရခြင်းမှာ အိပ်စက်ခြင်းအဆင့်အသီးသီးရဲ့ အကူးအပြောင်း
မှာ စိတ်မနှစ်မြို့ဖွယ် အနှောက်အယှက်ကြောင့် ဖြစ်ရတာပါ။

အိပ်စက်ခြင်း အဆင့် REM (Repaid Eyes Moment) နဲ့ အိပ်စက်စဉ်မှာ ခန္ဓာကိုယ်ဟာ ပုံမှန်အားဖြင့် လွင့်မြောနေ
ပြီး၊ ယင်းကို REM atonia လို့ ခေါ်ပါတယ်။ ဒီအခြေအနေမှာ အိပ်မက်တွေရဲ့စေခိုင်းမှုအရ လူ့ခန္ဓာကိုယ်လှုပ်ရှားမှုတွေကို ခန္ဓာကိုယ်က တုန့်ပြန်နိုင်မှု အားနည်းနေချိန် ဖြစ်ပါတယ်။ အဲဒီလိုအခါမျိုးမှာ ရုတ်တရက် အိပ်မက်မှ လန့်နိုးလျှင် လူရဲ့ ခန္ဓာကိုယ်တုန့်ပြန်မှုကလည်း နှောင့်နှေးနေတတ်ပါတယ်။ ဒါဟာ ဘီလူးစီးခြင်း သို့မဟုတ် နိုးနေရက် လှုပ်မရခြင်းကို
ဖြစ်စေတဲ့ အကြောင်းအရင်းပါ။

ဘီလူးစီးခြင်း အခြေအနေကို ပုံမှန်အားဖြင့် 3 မျိုးအထိ ဖော်ပြထားပါတယ်။ The Incubus ဘီလူးစီးခြင်းမှာ ရင်ဘတ်
ပေါ်ကို တစ်စုံတစ်ယောက်က တက်ထိုင်နေသလိုမျိုး၊ ဖိထားသလိုမျိုး ခံစားရပါတယ်။ တစ်ခါတလေမှာ ရင်ဘတ်ပေါ်ကို
ခေါင်းအုံးကဲ့သို့ လေးလံသည့် အရာတစ်ခုတင်ထားလျျှင်လည်း ဒီလိုအခြေအနေ ရင်ဆိုင်ရတတ်ပါတယ်။

The Intruder ဘီလူးစီးခြင်းမှာတော့ ကာယကံရှင်ဟာ ၀ိဉာဉ်လိုလို အရာတစ်ခု အိပ်ခန်းအတွင်း ကောင်းကင်ရံမှာ လူးလာပျံသန်းနေတယ်လို့ ထင်မြင်မိစေပြီး၊ အိပ်စက်ခြင်းကြောင့် ဦးနှောက်ရဲ့ ပျံ့ကားမှုဟာ ကြီးမားလှပြီး၊ အာရုံခံနိုင်စွမ်းနဲ့ တုန့်ပြန်နိုင်စွမ်းကလည်း မြန်ဆန်လှပါတယ်။ ဒီအဆင့်မှာ ရုတ်တရက်အသံကျယ်ကြီး ကြားရလျှင်ပင် ဘီလူးစီးအိပ်စက်ခြင်း ကို ဖြစ်စေပါတယ်။

Out of body Experience ဘီလူးစီးခြင်းမှာလည်း REM အခြေအနေနဲ့ အိပ်စက်နေချိန်မှာ ဖြစ်လေ့ရှိပါတယ်။ ဦးနှောက်ရဲ့ စေ့ဆော်မှုကြောင့် လူကအိပ်စက်ပင် အိပ်စက်နေသော်လည်း တစ်စုံတစ်ယောက်က ရုတ်တရက် ဆွဲခေါ်တာ ခံလိုက်ရသလို၊ ခြောက်ကမ်းပါးမှ ပြုတ်ကျသလိုဖြစ်စေတဲ့ ခံစားမှုပါ။

ဒီလို ဘီလူုးစီးခြင်း သို့မဟုတ် နိုးနေရက် လှုပ်မရခြင်းအခြေအနေကို ဖြေရှင်းဖို့အတွက် ကျောခင်းပြီးအိပ်စက်တဲ့ အကျင့်ကို ပြင်ဖို့ လိုအပ်ပြီး၊ အာရုံအမြန်လွှဲနိုင်တဲ့ တစ်စုံတစ်ခုကို ကြာရှည် စိတ်မစူးစိုက်ပဲ လစ်လျှူရှုနိုင်တဲ့ စိတ်အလျှဉ်ကိုလည်း ပြင်ဖို့
လိုပါတယ်။

ဥပမာအားဖြင့် ဘီလူးစီးခြင်းဖြင့် နိုးထလာသူဟာ မိမိကို တစ်ယောက်ယောက်က ဖိထားတယ်လို့ ထင်လိုက်သည်နှင့် တစ်ပြိုင်နက် ခန္ဓာကိုယ်တစ်ခုလုံး မဆိုထားနဲ့၊ လက်ချောင်းလေးတစ်ချောင်းပင် ရွှေ့ဖို့ ခက်ခဲပါတယ်။ ဒီလို အခြေအနေက နေ ရုန်းထွက်လိုပါက လက်ရှိအာရုံကို အမြန်လွှဲပြောင်းတွေးတောနိုင်တဲ့ အလေ့အကျင့်လုပ်နိုင်ရင် ဘီလူုးစီးခြင်း သို့မဟုတ်  နိုးနေရက် လှုပ်မရခြင်းပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်ပါကြောင်း။

Credit - Shwemom

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...