တူတာေလးေတြရိွတယ္.. ဆုရျခင္းမရျခင္းနဲ႔ေတာ့ မဆိုင္ပါဘူးဗ်ာ..။
၁။ ရဲေနာင္.......
သူဟာ ၾကံ့ခိုင္ေရးပါတီလိုပဲ
ပင္ကိုယ္အရည္အခ်င္းရိွပါတယ္။ သို႔ေပမဲ့ သူ႔စိတ္ႀကိဳက္ေတြ ေရြးၿပီးလုပ္သြားတာကို မ်က္စိမိွတ္ ေထာက္ခံအားေပးေနသူေတြ ရိွေနပါရက္နဲ႔ေတာင္ သူ႔ခမ်ာ ဆင္းသြားရ႐ွာတယ္။ သူရိွေနစဥ္ကာလမ်ားမွာေတာ့ သူဟာ MPT လို တ႐ုပ္ႀကီးကို အေတာ္ေလးကို အလုပ္အေႂကြး ျပဳသြားခဲ့တယ္။ ကိုယ္ပိုင္မူ၊ ကိုယ္ပိုင္ဟန္ကို ေသျခာျပဳ ျပင္ၿပီး ပရိတ္သတ္ အႀကိဳက္ဆံုးျဖစ္ေအာင္ေ႐့ွကို ႀကိဳးစားၿပီး ျပန္ထြက္လာႏိုင္ပါေစလို႔ ဆုေတာင္းပါတယ္။
၂။ သားငယ္.....
သူဟာ NLD ပါတီလိုပဲ
စင္ေပၚေရာက္လာႏိုင္ဖို႔ သူ႔ရဲ႕အရည္အခ်င္းေတြကို ႀကိဳးႀကိဳးစားစား လုပ္ျပ႐ွာတယ္။ အားနည္းခ်က္က အဓိက သီခ်င္း စာသားေတြ၊ ဂစ္တာေကာ့ဒ္ေတြကို ေမ့ေနတတ္တာပဲ။ မလိုက္ဖက္တဲ့ ေရြးခ်ယ္မႈ့့ေတြရိွခဲ့လို႔ ထိလြယ္႐ွလြယ္ ပုံနဲ႔ေဘာ္တြန္သရီးမွာ ထိုင္ရေတာ့မလိုလိုနဲ့ ေလာေလာဆယ္ လက္ရိွ စင္ေပၚမွာ ရိွေနပါေသးတယ္။ လိုင္းေပါင္းစုံမွာ မေကာင္းႏိုင္ေသးေပမဲ့ သူ႔အတိတ္ကိုျမင္ထားေတာ့ သူ႔ကိုခ်စ္သူ ဝန္းရံသူ အင္အားကမ်ားတယ္။ အဓိက ပန္းတိုင္အထိ ေရာက္သြားႏိုင္ပါ့့မလား ေစာင့္ၾကည့္ရမယ္။
၃။ ဇင္ႀကီး.........
သူဟာ YBS ကားလိုင္းလိုပဲ
ခရီးစဥ္ေတာက္ေလ်ာက္ အျမဲတမ္းက်ပ္တယ္။
ရည္ရြယ္ခ်က္ ေကာင္းတယ္။ ပရိတ္သတ္ကလည္း ေအာင္ျမင္ေစလိုတယ္။ ျပသနာက သူကိုင္လိုက္တဲ့ ဟာေတြက အမွားအယြင္း လံုးဝမခံတဲ့ လိုင္းေဟာင္းကသီခ်င္း ျဖစ္ျဖစ္ေနေတာ့ ေလာေလာဆယ္ေတာ့ မေအာင္ျမင္႐ွာေသးဘူး။ သို႔ေပမဲ့ အဆိုလား၊ အတီးလား ဘယ္လို ကိုယ္ပိုင္စတိုင္လ္နဲ႔ ေအာင္ျမင္လာမလဲ ေစာင့္ၾကည့္ေနၾကတယ္။
၄။ ဘီလီလမင္းေအး...
သူမဟာ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္လိုပဲ😃
အရည္အခ်င္းရိွပါတယ္။ လူသစ္ထဲမွာ အထင္ေပၚဆံုးနဲ႔ ေမ်ွာ္လင့္လို႔ရတဲ့သူ။ သူ႔ကို အားေပးသူေတြ ခမ်ာမွာလည္း အဆဲခံၾကရတယ္။ တခါတေလမွာေတာ့ ကိုယ့္အရည္အခ်င္းကို ကိုယ့္ဖာသာျပန္ၿပီး သံသယဝင္ေနပုံ ေတြ႔ရသလို ကိုယ့္အလုပ္ကို အရမ္းေမ်ွာ္လင့္ခ်က္ႀကီးႀကီး ထားထားမွန္း vote ေၾကညာခါနီးတိုင္းမွာ အထင္းသားေတြ႕ရတယ္။ ဘာပဲေျပာေျပာ ေအာင္ျမင္ျခင္း လမ္းေပၚဆက္လွမ္းႏိုင္ပါေစ။
၅။ ပိုးမီ.........
သူမဟာ EPC လိုပဲ..
အရင္က ခဏခဏပ်က္တဲ့မီးသဖြယ္ သူ႔ခမ်ာ ေဘာ္တြန္သရီးမွာ ခဏခဏထိုင္ရတယ္။ Vote အားမႏိုင္လို႔ ျပဳတ္က်သြားခါနီးမွ ျပန္ပါလာေအာင္လုပ္လိုက္ေတာ့ ျပတ္သြားတဲ့မီး ျပန္လာသလို လူေတြဝမ္းသာၾကတယ္။ အခုေနာက္ပိုင္း EPCက ျပဳ ျပင္မႈ့ေတြ လုပ္လာလို႔ မီးေလးမွန္ေနတာကို လူေတြက ဆက္လက္ျမင္ေတြ႔ခ်င္ၾကသလို သူ႔ကိုလည္း ဆက္လက္ လင္းလက္သြားေစခ်င္တယ္။
၆။ မိုင္းမိုင္ဆိုင္း
သူမဟာ အပစ္အခတ္ရပ္စဲေရး စာခ်ဳပ္လိုပဲ..
ေအာင္ျမင္သင့္သေလာက္ေတာ့ ေအာင္ျမင္သြားတာေလးေတြလည္းရိွပါတယ္။ သို႔ေသာ္ ဘယ္ေလာက္ပဲ လိုင္းစုံပါဝင္လာေအာင္ ႀကိဳးစားခဲ့ေစအုန္းေတာ့၊ ပီပီျပင္ျပင္ ထြက္မလာတဲ့ အေၾကာင္းအရာ စာသားအားနည္းခ်က္ေတြရိွတယ္။
၇။ ေက်ာ္ထက္ေအာင္....
သူဟာ ျပည္ထဲေရးလိုပဲ
အဓိကအေျဖကို အေစာႀကီးထဲက သိေနတာေတာင္
မသိခ်င္ေယာင္ေဆာင္ၿပီး မွင္ေသေသနဲ႔ အခ်ိန္ဆြဲၿပီး ဖုံးထားတတ္တယ္။ 😃
၈။ Myanmar Idol ဒိုင္သုံးေယာက္
သူတို႔ဟာ.... Top 1-10 မတိုင္ခင္မွာ
စစ္ေသနာပတိခ်ဳပ္လို အာဏာရိွသေလာက္
Top 1-10 ရဲ႕ေနာက္ပိုင္း Voting စနစ္မွာေတာ့
တပ္မေတာ္က ပင္စင္စား စစ္မႈ့ထမ္းေဟာင္းႀကီးေတြနဲ႔တူတယ္..😃😃
ဇဝသ။
.
.
.
ျမန္မာျပည္ႀကီး good night ပါဗ်ာ😃😃😃
(ေက်ာ္ထက္ေအာင္ ေလသံျဖင့္)
Original Uploader
=======
တူတာလေးတွေရှိတယ်.. ဆုရခြင်းမရခြင်းနဲ့တော့ မဆိုင်ပါဘူးဗျာ..။
၁။ ရဲနောင်.......
သူဟာ ကြံ့ခိုင်ရေးပါတီလိုပဲ
ပင်ကိုယ်အရည်အချင်းရှိပါတယ်။ သို့ပေမဲ့ သူ့စိတ်ကြိုက်တွေ ရွေးပြီးလုပ်သွားတာကို မျက်စိမှိတ် ထောက်ခံအားပေးနေသူတွေ ရှိနေပါရက်နဲ့တောင် သူ့ခမျာ ဆင်းသွားရရှာတယ်။ သူရှိနေစဉ်ကာလများမှာတော့ သူဟာ MPT လို တရုပ်ကြီးကို အတော်လေးကို အလုပ်အကြွေး ပြုသွားခဲ့တယ်။ ကိုယ်ပိုင်မူ၊ ကိုယ်ပိုင်ဟန်ကို သေခြာပြု ပြင်ပြီး ပရိတ်သတ် အကြိုက်ဆုံးဖြစ်အောင်ရှေ့ကို ကြိုးစားပြီး ပြန်ထွက်လာနိုင်ပါစေလို့ ဆုတောင်းပါတယ်။
၂။ သားငယ်.....
သူဟာ NLD ပါတီလိုပဲ
စင်ပေါ်ရောက်လာနိုင်ဖို့ သူ့ရဲ့အရည်အချင်းတွေကို ကြိုးကြိုးစားစား လုပ်ပြရှာတယ်။ အားနည်းချက်က အဓိက သီချင်း စာသားတွေ၊ ဂစ်တာကော့ဒ်တွေကို မေ့နေတတ်တာပဲ။ မလိုက်ဖက်တဲ့ ရွေးချယ်မှု့့တွေရှိခဲ့လို့ ထိလွယ်ရှလွယ် ပုံနဲ့ဘော်တွန်သရီးမှာ ထိုင်ရတော့မလိုလိုနဲ့ လောလောဆယ် လက်ရှိ စင်ပေါ်မှာ ရှိနေပါသေးတယ်။ လိုင်းပေါင်းစုံမှာ မကောင်းနိုင်သေးပေမဲ့ သူ့အတိတ်ကိုမြင်ထားတော့ သူ့ကိုချစ်သူ ဝန်းရံသူ အင်အားကများတယ်။ အဓိက ပန်းတိုင်အထိ ရောက်သွားနိုင်ပါ့့မလား စောင့်ကြည့်ရမယ်။
၃။ ဇင်ကြီး.........
သူဟာ YBS ကားလိုင်းလိုပဲ
ခရီးစဉ်တောက်လျောက် အမြဲတမ်းကျပ်တယ်။
ရည်ရွယ်ချက် ကောင်းတယ်။ ပရိတ်သတ်ကလည်း အောင်မြင်စေလိုတယ်။ ပြသနာက သူကိုင်လိုက်တဲ့ ဟာတွေက အမှားအယွင်း လုံးဝမခံတဲ့ လိုင်းဟောင်းကသီချင်း ဖြစ်ဖြစ်နေတော့ လောလောဆယ်တော့ မအောင်မြင်ရှာသေးဘူး။ သို့ပေမဲ့ အဆိုလား၊ အတီးလား ဘယ်လို ကိုယ်ပိုင်စတိုင်လ်နဲ့ အောင်မြင်လာမလဲ စောင့်ကြည့်နေကြတယ်။
၄။ ဘီလီလမင်းအေး...
သူမဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ်လိုပဲ😃
အရည်အချင်းရှိပါတယ်။ လူသစ်ထဲမှာ အထင်ပေါ်ဆုံးနဲ့ မျှော်လင့်လို့ရတဲ့သူ။ သူ့ကို အားပေးသူတွေ ခမျာမှာလည်း အဆဲခံကြရတယ်။ တခါတလေမှာတော့ ကိုယ့်အရည်အချင်းကို ကိုယ့်ဖာသာပြန်ပြီး သံသယဝင်နေပုံ တွေ့ရသလို ကိုယ့်အလုပ်ကို အရမ်းမျှော်လင့်ချက်ကြီးကြီး ထားထားမှန်း vote ကြေညာခါနီးတိုင်းမှာ အထင်းသားတွေ့ရတယ်။ ဘာပဲပြောပြော အောင်မြင်ခြင်း လမ်းပေါ်ဆက်လှမ်းနိုင်ပါစေ။
၅။ ပိုးမီ.........
သူမဟာ EPC လိုပဲ..
အရင်က ခဏခဏပျက်တဲ့မီးသဖွယ် သူ့ခမျာ ဘော်တွန်သရီးမှာ ခဏခဏထိုင်ရတယ်။ Vote အားမနိုင်လို့ ပြုတ်ကျသွားခါနီးမှ ပြန်ပါလာအောင်လုပ်လိုက်တော့ ပြတ်သွားတဲ့မီး ပြန်လာသလို လူတွေဝမ်းသာကြတယ်။ အခုနောက်ပိုင်း EPCက ပြု ပြင်မှု့တွေ လုပ်လာလို့ မီးလေးမှန်နေတာကို လူတွေက ဆက်လက်မြင်တွေ့ချင်ကြသလို သူ့ကိုလည်း ဆက်လက် လင်းလက်သွားစေချင်တယ်။
၆။ မိုင်းမိုင်ဆိုင်း
သူမဟာ အပစ်အခတ်ရပ်စဲရေး စာချုပ်လိုပဲ..
အောင်မြင်သင့်သလောက်တော့ အောင်မြင်သွားတာလေးတွေလည်းရှိပါတယ်။ သို့သော် ဘယ်လောက်ပဲ လိုင်းစုံပါဝင်လာအောင် ကြိုးစားခဲ့စေအုန်းတော့၊ ပီပီပြင်ပြင် ထွက်မလာတဲ့ အကြောင်းအရာ စာသားအားနည်းချက်တွေရှိတယ်။
၇။ ကျော်ထက်အောင်....
သူဟာ ပြည်ထဲရေးလိုပဲ
အဓိကအဖြေကို အစောကြီးထဲက သိနေတာတောင်
မသိချင်ယောင်ဆောင်ပြီး မှင်သေသေနဲ့ အချိန်ဆွဲပြီး ဖုံးထားတတ်တယ်။ 😃
၈။ Myanmar Idol ဒိုင်သုံးယောက်
သူတို့ဟာ.... Top 1-10 မတိုင်ခင်မှာ
စစ်သေနာပတိချုပ်လို အာဏာရှိသလောက်
Top 1-10 ရဲ့နောက်ပိုင်း Voting စနစ်မှာတော့
တပ်မတော်က ပင်စင်စား စစ်မှု့ထမ်းဟောင်းကြီးတွေနဲ့တူတယ်..😃😃
ဇဝသ။
.
.
.
မြန်မာပြည်ကြီး good night ပါဗျာ😃😃😃
(ကျော်ထက်အောင် လေသံဖြင့်)
Original Uploader
Subscribe to:
Post Comments
(
Atom
)
Loading...
0 comments :
Post a Comment