ကေလးငယ္ေတြရဲ႕ ကေလးဘဝ ဆံုးရႈံးေနတဲ့ ႏုိင္ငံအဆင့္မွာ ျမန္မာက ၁၁၂ ေနရာမွာ ရွိ


ႏုိင္ငံတကာစစ္တမ္းေကာက္ယူမႈအရ ကေလးငယ္ေတြရဲ႕ကေလးဘဝဆံုးရႈံးေနမႈဟာ ႏုိင္ငံေပါင္း ၁၇၂ ႏုိင္ငံထဲမွာ ျမန္မာႏိုင္ငံဟာ အဆင့္ ၁၁၂ မွာ  ရပ္တည္ေနတယ္လို႔ စစ္တမ္းေကာက္ယူခဲ့တဲ့ Save the Children အဖြဲ႔ရဲ႕ ‘Stolen Childhood’ စစ္တမ္းအရ သိရပါတယ္္။

အဲဆိုပါစစ္တမ္းဟာ ကမၻာေပၚက ကေလးငယ္ေပါင္း သန္း(၇၀၀)ေက်ာ္ကုိ ရွာေဖြသုေတသန ျပဳလုပ္ထားတာျဖစ္ၿပီး ၂၀၁၇ ခုႏွစ္ ဇြန္လ(၁)ရက္ေန႔ ေန႔စြဲနဲ႔ ထုတ္ျပန္လိုက္တာျဖစ္ပါတယ္။

ျမန္မာႏုိင္ငံရဲ႕ ကေလးသူငယ္ေတြမွာ အာဟာရမျပည့္ဝတဲ့ ပုညွက္မႈႏႈန္းဟာ က်ဆင္းလာတာကိုေတြ႕ရျပီးဒါဟာ အစိုးရရဲ႕ လက္ရွိလုပ္ေဆာင္ေနမႈေတြနဲ႔ ႀကိဳတင္ကာကြယ္ႏုိင္မႈေတြေၾကာင့္ျဖစ္တယ္လို႔ ဆုိပါတယ္။ ဆက္ၿပီးေကာင္းတဲ့ဘက္ကို တိုးတက္သြားဖုိ႔ အလားအလာရွိတယ္လုိ႔ ယံုၾကည္ေၾကာင္း Save the Children ရဲ႕ Country Director ျဖစ္သူ Mr. Michael  McGrath ကလည္း ေျပာထားပါတယ္။

ကာကြယ္ႏုိင္တဲ့ေရာဂါေတြေၾကာင့္ ဒါမွမဟုတ္ မေတာ္တဆမႈေၾကာင့္ ေသဆံုးတာ၊ အရြယ္မတုိင္ခင္ လက္ထပ္တာ၊ ဆယ္ေက်ာ္သက္ကိုယ္ဝန္ေဆာင္မႈျပႆနာ၊ အၾကမ္းဖက္မႈမႈျပသနာ၊ ေက်ာင္းမေနနုိင္တာေတြ၊ အလုပ္လုပ္ရတာနဲ႔အာဟာရခ်ိဳ႕တဲ့တဲ့ျပသနာေတြဟာ  ကေလးသူငယ္ေတြအတြက္ ကေလးဘဝကို ဆံုးရႈံးေစတဲ့ အဓိကအေၾကာင္းအရာေတြျဖစ္တယ္လို႔ သိရပါတယ္။
Photo: AP / Credit : Duwun /
U N I C O D E V E R S I O N @
နိုင်ငံတကာစစ်တမ်းကောက်ယူမှုအရ ကလေးငယ်တွေရဲ့ကလေးဘဝဆုံးရှုံးနေမှုဟာ နိုင်ငံပေါင်း ၁၇၂ နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ အဆင့် ၁၁၂ မှာ  ရပ်တည်နေတယ်လို့ စစ်တမ်းကောက်ယူခဲ့တဲ့ Save the Children အဖွဲ့ရဲ့ ‘Stolen Childhood’ စစ်တမ်းအရ သိရပါတယ်။
အဲဆိုပါစစ်တမ်းဟာ ကမ္ဘာပေါ်က ကလေးငယ်ပေါင်း သန်း(၇၀၀)ကျော်ကို ရှာဖွေသုတေသန ပြုလုပ်ထားတာဖြစ်ပြီး ၂၀၁၇ ခုနှစ် ဇွန်လ(၁)ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ကလေးသူငယ်တွေမှာ အာဟာရမပြည့်ဝတဲ့ ပုညှက်မှုနှုန်းဟာ ကျဆင်းလာတာကိုတွေ့ရပြီးဒါဟာ အစိုးရရဲ့ လက်ရှိလုပ်ဆောင်နေမှုတွေနဲ့ ကြိုတင်ကာကွယ်နိုင်မှုတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ဆက်ပြီးကောင်းတဲ့ဘက်ကို တိုးတက်သွားဖို့ အလားအလာရှိတယ်လို့ ယုံကြည်ကြောင်း Save the Children ရဲ့ Country Director ဖြစ်သူ Mr. Michael  McGrath ကလည်း ပြောထားပါတယ်။
ကာကွယ်နိုင်တဲ့ရောဂါတွေကြောင့် ဒါမှမဟုတ် မတော်တဆမှုကြောင့် သေဆုံးတာ၊ အရွယ်မတိုင်ခင် လက်ထပ်တာ၊ ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်မှုပြဿနာ၊ အကြမ်းဖက်မှုမှုပြသနာ၊ ကျောင်းမနေနိုင်တာတွေ၊ အလုပ်လုပ်ရတာနဲ့အာဟာရချို့တဲ့တဲ့ပြသနာတွေဟာ  ကလေးသူငယ်တွေအတွက် ကလေးဘဝကို ဆုံးရှုံးစေတဲ့ အဓိကအကြောင်းအရာတွေဖြစ်တယ်လို့ သိရပါတယ်။
Photo: AP / Credit : Duwun /

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...