သာယာဝတီၿမိဳ႕နယ္မွ အယုတ္မာဆုံး ႏွင့္ အရက္စက္ဆုံး ေမာင္ႏွမခ်င္း မုဒိန္းက်င့္ လူသတ္သမား ဖမ္းမိျပီ


ပဲခူးတိုင္းေဒသၾကီး သာယာဝတီၿမိဳ႕နယ္ စံေရြးနယ္ေျမ နယ္ရဲစခန္းအပိုင္တြင္ အယုတ္မာဆုံး ႏွင့္ အရက္စက္ဆုံး မုဒိန္းက်င့္ လူသတ္မႈကို ျပီးခဲ့တဲ့ ဧျပီလ ၂၇ရက္ေန ့တြင္ က်ဳးလြန္ခ့ဲရာ ေမလ ၃ ရက္ေန ့တြင္ စခန္းမွဴး ရဲအုပ္ ဝင္းနိုင္ မွ တိုင္ၾကားခ်က္ ကို လက္ခံျပီး လူသတ္တရားခံကုိ ဖမ္းဆီးေဖာ္ထုတ္ နိုင္ခ့ဲေၾကာင္း သိရပါသည္ ။

ျဖစ္စဥ္မွာ သာယာဝတီၿမိဳ႕နယ္ အိုင္ကဒုံ ေက်းရြာ အုပ္စု ကညင္တပင္ ေက်းရြာတြင္ ေမာင္ႏွမ ( ၂ ) ဝမ္းကြဲ ေတာ္စပ္သူ ေမာင္မိုးဝင္း မွ ညီမ ျဖစ္သူ မလြင္မာခ်ိဳ ( ခ ) မီးေလး ကို ၂၇ - ၄ - ၂၀၁၇ ရက္ေန ့ ည (၇ )နာရီ အခ်ိန္ ့တြင္ အဖိုး ( အေဘး ) ျဖစ္သူ ဦးခ်စ္ေရႊ ႏွင့္ ေနထိုင္ေသာ မလြင္မာခ်ိဳ အား ဗီဒီယို ၾကည့္ရန္ အတြက္ အဘုိးျဖစ္သူ အား ယုံၾကည္ေအာင္ ေျပာဆိုျပီး ၊ ဆိုင္ကယ္ျဖင့္ တင္ကာ ရြာ၏ အေနာက္ဖက္ မွ ထြက္သြားခ့ဲျပီးေနာက္ ျမစ္က်ိဳးေက်းရြာအုပ္စု ႏွင့္ အိုင္ကဒုံ ေက်းရြာ အုပ္စုၾကား ေတာ္ပဲခူး အင္းဖ်ား ရွိ ေပါက္ပင္ အနီးတြင္ ရပ္ကာ အနီးရွိ ကိုင္းေတာ ထဲသို့ တြန္းလဲျပီး သား /မယား ျပဳက်င့္ ခ့ဲသည္။

သား / မယားျပဳက်င့္စဥ္ ေအာ္ဟစ္ အကူအညီ ေတာင္းသျဖင့္ လည္ပင္းကိုညွစ္ခ့ဲျပီး သား /မယား တစ္ၾကိမ္ ျပဳက်င့္ရာ လည္ပင္းညွစ္ ေသာ ဒဏ္ေၾကာင့္ လည္စီျပဳတ္ ေမ့ေမ်ာ သြားခ့ဲျပီး ေနာက္သတိရရင္ တိုင္ၾကားမည္ ကို စိုးရိမ္ သျဖင့္ အနီးရွိ ေျမၾကီးခဲ ျဖင့္ ဦးေခါင္း ကို ထုသျဖင့္ ေသဆုံးသြားျပီးေနာက္ ျပန္လာခ့ဲေၾကာင္း သိရသည္။

၃ - ၅ - ၂၀၁၇ ရက္ေန့ နံနက္ ၇နာရီ ေက်ာ္ အခ်ိန္ခန့္တြင္ ကညင္တပင္ ရြာသား ကိုစိုးသိန္းမွာ ဝါ႐ုိး ခ်ိဳးရန္အတြက္ ရြာမွ ထြက္ ခြာလာရာ အပုတ္ နံသျဖင့္ ကိုင္းေတာအနီးရွိ ရွာၾကည့္ရာ လူေသ အေလာင္းေတြ႔ရွိသျဖင့္ အနီးအနားရွိ ကိုဖိုးေသာၾကာ အား ေခၚယူျပီး အတူ ထပ္မံၾကည့္ရွဳ႕ရာ လူေသ အေလာင္းေတြ႕သျဖင့္ အိုင္ကဒုံေက်းရြာ အုပ္ခ်ဳပ္ေရး မွဴး ဦးေက်ာ္ျမင့္ကို ဖုန္းျဖင့္ ဆက္သြယ္ အေၾကာင္းၾကားရာ အုပ္ခ်ဳပ္ေရးမွဴးမွ စံေရြး နယ္ေျမ ရဲစခန္းမွ ရဲအုပ္ ဝင္းႏိုင္ ႏွင့္အတူ ကညင္တပင္ ေက်းရြာ သို့ ထြက္ခြာ လာခ့ဲသည္ ။ ေက်းရြာေန ျပည္သူမ်ားမွာလည္း မသကၤာစရာ ျဖစ္သူ ေမာင္မိုးဝင္းကို ေျပာသျဖင့္ ေခၚယူေမးျမန္းရာ ျငင္းဆန္းေနေသာ္လည္း ရဲတပ္ဖြဲ႕ စစ္ေဆးေရးဗ်ဳဟာ စက္ဝန္းကို မလြန္ဆန္ နိုင္ကာ ဥပေဒ လက္တြင္းသို့ သက္ဆင္းကာ (၁၅ )မိနစ္ အတြင္း ေမးျမန္းေဖာ္ထုတ္ နိုင္ခ့ဲသည္ ။

ျပစ္မွဳ႕ က်ဳးလြန္ခ့ဲသူ ကိုမိုးဝင္းကို အခင္းျဖစ္ရာ အရပ္ သို့ လိုက္လံျပသရန္ အတြက္ ေျပာဆိုရာ တြင္ စခန္းမွဴးရဲအုပ္ ဝင္းနိုင္ ႏွင့္အတူ အိုင္ကဒုံ အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္ျမင့္ ျမစ္က်ိဳး အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္ျမင့္အတူ လိုက္ပါကာ အခင္းျဖစ္ေနရာ အား ျပသျပီးေနာက္ အေလာင္းေဖၚေနခ်ိန္ တြင္ မလြင္မာခ်ိဳ ( ခ ) မီးေလး အား သူ႕ အေနျဖင့္ မတရားျပဳက်င့္ျပီး သတ္ခ႔ဲေၾကာင္း အုပ္ခ်ဳပ္ေရးမွဴးႏွစ္ဦးေရွ႕ေမွာက္တြင္ ဝန္ခံေျပာဆိုခ့ဲသည္ ။

အဆိုပါ ျပစ္မွဳ႕. ကို က်ဳးလြန္ ခ့ဲေသာ ကိုမိုးဝင္းကို စံေရြးနယ္ေျမ ရဲစခန္းမွ ပ/ ၂၃ / ၂၀၁၇ ရာဇသတ္ၾကီးပုဒ္မ၃၀၂ /၃၇၆ ျဖင့္အေရးယူနိုင္ အတြက္ရဲအုပ္ ဝင္းနိုင္ မွ အမွဳ႕ကိုေသျခာ စစ္ေဆးျပီး တရားစြဲဆိုနိုင္ရန္ စီစဥ္ေဆာင္ရြက္ ရွိသည္ ။

ေသဆုံးသူ မလြင္မာခ်ိဳ အေျခခံပညာ နဝမတန္း ကိုေအာင္ျမင္ျပီး ယခု ႏွစ္ စာသင္ ႏွစ္ ဒသမတန္းကိုတက္ေရာက္ သင္ၾကားမည့္ ေက်ာင္းသူတစ္ဦးျဖစ္ျပီး ေက်ာင္းအပို့အၾကိဳ ယခု ျပစ္မွဳ႕က်ဳးလြန္ ခ့ဲသူ ကိုမိုးဝင္းအား အပို့အၾကိဳ လုပ္ရန္ အေဘးျဖစ္သူ ဦးခ်စ္ေရႊ မွ စီစဥ္ထားျပီး ကိုမိုးဝင္း မွာ ဆိုင္ကယ္ကယ္ရီ ေမာင္းႏွင္ သူတစ္ဦး ျဖစ္သည္ ဟု အိုင္ကဒုံေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္ျမင့္ က မီဒီယာႏွင့္ ေတြ႕ဆုံခ်ိန္ တြင္ေျပာၾကားခ့ဲသည္ ။

ကိုဖိုးစံ - သာယာဝတီ
http://www.thithtoolwin.com/2017/05/blog-post_674.html


Unicode
ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် စံရွေးနယ်မြေ နယ်ရဲစခန်းအပိုင်တွင် အယုတ်မာဆုံး နှင့် အရက်စက်ဆုံး မုဒိန်းကျင့် လူသတ်မှုကို ပြီးခဲ့တဲ့ ဧပြီလ ၂၇ရက်နေ ့တွင် ကျုးလွန်ခဲ့ရာ မေလ ၃ ရက်နေ ့တွင် စခန်းမှူး ရဲအုပ် ဝင်းနိုင် မှ တိုင်ကြားချက် ကို လက်ခံပြီး လူသတ်တရားခံကို ဖမ်းဆီးဖော်ထုတ် နိုင်ခဲ့ကြောင်း သိရပါသည် ။

ဖြစ်စဉ်မှာ သာယာဝတီမြို့နယ် အိုင်ကဒုံ ကျေးရွာ အုပ်စု ကညင်တပင် ကျေးရွာတွင် မောင်နှမ ( ၂ ) ဝမ်းကွဲ တော်စပ်သူ မောင်မိုးဝင်း မှ ညီမ ဖြစ်သူ မလွင်မာချို ( ခ ) မီးလေး ကို ၂၇ - ၄ - ၂၀၁၇ ရက်နေ ့ ည (၇ )နာရီ အချိန် ့တွင် အဖိုး ( အဘေး ) ဖြစ်သူ ဦးချစ်ရွှေ နှင့် နေထိုင်သော မလွင်မာချို အား ဗီဒီယို ကြည့်ရန် အတွက် အဘိုးဖြစ်သူ အား ယုံကြည်အောင် ပြောဆိုပြီး ၊ ဆိုင်ကယ်ဖြင့် တင်ကာ ရွာ၏ အနောက်ဖက် မှ ထွက်သွားခဲ့ပြီးနောက် မြစ်ကျိုးကျေးရွာအုပ်စု နှင့် အိုင်ကဒုံ ကျေးရွာ အုပ်စုကြား တော်ပဲခူး အင်းဖျား ရှိ ပေါက်ပင် အနီးတွင် ရပ်ကာ အနီးရှိ ကိုင်းတော ထဲသို့ တွန်းလဲပြီး သား /မယား ပြုကျင့် ခဲ့သည်။

သား / မယားပြုကျင့်စဉ် အော်ဟစ် အကူအညီ တောင်းသဖြင့် လည်ပင်းကိုညှစ်ခဲ့ပြီး သား /မယား တစ်ကြိမ် ပြုကျင့်ရာ လည်ပင်းညှစ် သော ဒဏ်ကြောင့် လည်စီပြုတ် မေ့မျော သွားခဲ့ပြီး နောက်သတိရရင် တိုင်ကြားမည် ကို စိုးရိမ် သဖြင့် အနီးရှိ မြေကြီးခဲ ဖြင့် ဦးခေါင်း ကို ထုသဖြင့် သေဆုံးသွားပြီးနောက် ပြန်လာခဲ့ကြောင်း သိရသည်။

၃ - ၅ - ၂၀၁၇ ရက်နေ့ နံနက် ၇နာရီ ကျော် အချိန်ခန့်တွင် ကညင်တပင် ရွာသား ကိုစိုးသိန်းမှာ ဝါရိုး ချိုးရန်အတွက် ရွာမှ ထွက် ခွာလာရာ အပုတ် နံသဖြင့် ကိုင်းတောအနီးရှိ ရှာကြည့်ရာ လူသေ အလောင်းတွေ့ရှိသဖြင့် အနီးအနားရှိ ကိုဖိုးသောကြာ အား ခေါ်ယူပြီး အတူ ထပ်မံကြည့်ရှု့ရာ လူသေ အလောင်းတွေ့သဖြင့် အိုင်ကဒုံကျေးရွာ အုပ်ချုပ်ရေး မှူး ဦးကျော်မြင့်ကို ဖုန်းဖြင့် ဆက်သွယ် အကြောင်းကြားရာ အုပ်ချုပ်ရေးမှူးမှ စံရွေး နယ်မြေ ရဲစခန်းမှ ရဲအုပ် ဝင်းနိုင် နှင့်အတူ ကညင်တပင် ကျေးရွာ သို့ ထွက်ခွာ လာခဲ့သည် ။ ကျေးရွာနေ ပြည်သူများမှာလည်း မသင်္ကာစရာ ဖြစ်သူ မောင်မိုးဝင်းကို ပြောသဖြင့် ခေါ်ယူမေးမြန်းရာ ငြင်းဆန်းနေသော်လည်း ရဲတပ်ဖွဲ့ စစ်ဆေးရေးဗျုဟာ စက်ဝန်းကို မလွန်ဆန် နိုင်ကာ ဥပဒေ လက်တွင်းသို့ သက်ဆင်းကာ (၁၅ )မိနစ် အတွင်း မေးမြန်းဖော်ထုတ် နိုင်ခဲ့သည် ။

ပြစ်မှု့ ကျုးလွန်ခဲ့သူ ကိုမိုးဝင်းကို အခင်းဖြစ်ရာ အရပ် သို့ လိုက်လံပြသရန် အတွက် ပြောဆိုရာ တွင် စခန်းမှူးရဲအုပ် ဝင်းနိုင် နှင့်အတူ အိုင်ကဒုံ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့် မြစ်ကျိုး အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်အတူ လိုက်ပါကာ အခင်းဖြစ်နေရာ အား ပြသပြီးနောက် အလောင်းဖေါ်နေချိန် တွင် မလွင်မာချို ( ခ ) မီးလေး အား သူ့ အနေဖြင့် မတရားပြုကျင့်ပြီး သတ်ခဲ့ကြောင်း အုပ်ချုပ်ရေးမှူးနှစ်ဦးရှေ့မှောက်တွင် ဝန်ခံပြောဆိုခဲ့သည် ။

အဆိုပါ ပြစ်မှု့. ကို ကျုးလွန် ခဲ့သော ကိုမိုးဝင်းကို စံရွေးနယ်မြေ ရဲစခန်းမှ ပ/ ၂၃ / ၂၀၁၇ ရာဇသတ်ကြီးပုဒ်မ၃၀၂ /၃၇၆ ဖြင့်အရေးယူနိုင် အတွက်ရဲအုပ် ဝင်းနိုင် မှ အမှု့ကိုသေခြာ စစ်ဆေးပြီး တရားစွဲဆိုနိုင်ရန် စီစဉ်ဆောင်ရွက် ရှိသည် ။

သေဆုံးသူ မလွင်မာချို အခြေခံပညာ နဝမတန်း ကိုအောင်မြင်ပြီး ယခု နှစ် စာသင် နှစ် ဒသမတန်းကိုတက်ရောက် သင်ကြားမည့် ကျောင်းသူတစ်ဦးဖြစ်ပြီး ကျောင်းအပို့အကြို ယခု ပြစ်မှု့ကျုးလွန် ခဲ့သူ ကိုမိုးဝင်းအား အပို့အကြို လုပ်ရန် အဘေးဖြစ်သူ ဦးချစ်ရွှေ မှ စီစဉ်ထားပြီး ကိုမိုးဝင်း မှာ ဆိုင်ကယ်ကယ်ရီ မောင်းနှင် သူတစ်ဦး ဖြစ်သည် ဟု အိုင်ကဒုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့် က မီဒီယာနှင့် တွေ့ဆုံချိန် တွင်ပြောကြားခဲ့သည် ။


ကိုဖိုးစံ - သာယာဝတီ

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...