ေငြက်ပ္ သိန္း ၂၇၆၀ တန္ဖိုးရွိ ေမာ္ေတာ္ယာဥ္ ၁၇ စီး လိမ္လည္ေရာင္းခ်မႈ ပဲခူးၿမိဳ႔တြင္ျဖစ္ပြား


ပဲခူးၿမိဳ႕၊ အမွတ္(၂)နယ္ေျမ ရဲစခန္းအပိုင္တြင္ ေငြက်ပ္ သိန္း ၂၇၆၀ တန္ဖိုးရွိ ေမာ္ေတာ္ယာဥ္ ၁၇ စီး လိမ္လည္ေရာင္းခ်မႈျဖစ္ပြား ခဲ့ေၾကာင္း သိရွိရၿပီး လြန္ခဲ့ေသာ တစ္လခန္႔က ျဖစ္ပြားသည့္ အမႈ ျဖစ္စဥ္အား ေမ ၄ ရက္တြင္ တိုင္ တန္းခဲ့ေၾကာင္း သိရသည္။
ဒီဇင္ဘာ ၁၂ ရက္က ပဲခူးၿမိဳ႕၊ မဇင္းရပ္ကြက္၊ မဟာႀကီးလမ္းမေန ေဒၚအိအိခိုင္ေနအိမ္သို႔ လူသံုးဦး ေရာက္ရွိလာၿပီး ကာလတန္ဖိုးေငြ ေငြက်ပ္သိန္း ၂၇၆၀ တန္ဖိုးရွိ ကား ၁၇ စီးအား အသိမိတ္ေဆြတစ္ဦး ပါဝင္၍ လက္ခံဝယ္ယူခဲ့ရာ လိုင္စင္ အတုမ်ားျဖစ္ေနခဲ့သည္။
မတ္ ၃ ရက္တြင္ အဆိုပါ ေရာင္းခ်သူ ေလးဦးျဖစ္သည့္ ေဒၚ ရီရီျမင့္၊ ဦးလွဝင္း၊ မစန္းစန္းဝင္း (ခ)မသက္ေထြးစံႏွင့္ ရဲရင့္(ခ)ကိုရဲ တို႔သည္ ေဒၚအိအိခိုင္ေနအိမ္သို႔ ထပ္မံေရာက္ရွိလာၿပီး ၃ၾ။ ၆၂၃၈ ံသညိေ ၤင့အ အမ်ိဳးအစား(ခဲေရာင္) ယာဥ္မွအပ က်န္ ၁၆ စီးအား တစ္ လ ၁၆ သိန္းႏွင့္ တစ္လငွားရမ္းလို ေၾကာင္း ေျပာဆိုသျဖင့္ ယာဥ္ႏွင့္ ပတ္သက္ေသာစာရြက္စာတမ္းမ်ား အား ေဒၚအိအိခိုင္မွ ယူေဆာင္ ကာ ေမာ္ေတာ္ယာဥ္ ၁၆ စီးအား ငွားရမ္းေပးခဲ့သည္။
ေဒၚအိအိခိုင္၏ ခင္ပြန္းျဖစ္ သူကိုဝင္းေဇာ္(မီးေသြးဒိုင္)သည္ ေနအိမ္၌ က်န္ရွိသည့္ 3M/×××× အမ်ိဳးအစား(ခဲေရာင္) ယာဥ္အား ပဲခူးၿမိဳ႕တြင္းသို႔ ေမာင္း ႏွင္သြားစဥ္ အမည္မသိလူႏွစ္ဦး ႏွင့္ေတြ႕ဆံုၿပီး အဆိုပါယာဥ္၏ ပိုင္ရွင္ျဖစ္ေၾကာင္းေျပာဆိုသျဖင့္ ေဒၚအိအိခိုင္၏ ခင္ပြန္း ျဖစ္သူ ကိုဝင္းေဇာ္(မီးေသြးဒိုင္)မွ ယာဥ္ ႏွင့္ပတ္သက္သည့္ စာရြက္စာတမ္း မ်ားအားျပသရာ အတုမ်ားျဖစ္ေန ေၾကာင္းသိရွိရၿပီး တစ္လျပည့္ သည့္ ဧၿပီ ၃ ရက္တြင္ ေဒၚရီရီ ျမင့္၊ ဦးလွဝင္း၊ မစန္းစန္းဝင္း (ခ)မသက္ေထြးစံႏွင့္ ရဲရင့္(ခ)ကိုရဲ တို႔ ငွားရမ္းသြားသည့္ ေမာ္ေတာ္ ယာဥ္ ၁၆ စီးအား လာေရာက္ပို႔ အပ္ျခင္းမရွိသျဖင့္ ယာဥ္ႏွင့္ပတ္ သက္ေသာ စာရြက္စာတမ္းအေထာက္ အထားမ်ားအား စစ္ေဆးၾကည့္ရာ အတုမ်ားျဖစ္ေနေၾကာင္း သိရသည္။
ပိုင္ဆိုင္မႈစာရြက္စာတမ္း အတုမ်ားျပဳလုပ္၍ လိမ္လည္ ေရာင္းခ်ခဲ့သူ ေလးဦးအား အေရး ယူေပးပါရန္ ေဒၚအိအိခိုင္မွ ေမ ၄ ရက္တြင္ တိုင္တန္းသျဖင့္ အမွတ္(၂)နယ္ေျမရဲစခန္းမွ(ပ)၂၇၄/၂၀၁၇ ရာဇသတ္ ႀကီးပုဒ္မ ၄၂၀/၄၆၈ ျဖင့္ အမႈဖြင့္ စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။
မွတ္ခ်က္၊ ။ယခုရက္အတြင္းကၽြန္ေတာ္ပဲခူးလိပ္ျပာကန္လူသတ္မႈျဖင့္ အလုပ္ရႈပ္ေန၍ ယခုသတင္းအားတင္ျပျခင္းေနာက္က်ရပါေႀကာင္းေျပာႀကားျပရေစ(((
Ko Thant Zin
Lwin Oo

ပဲခူးမြို့၊ အမှတ်(၂)နယ်မြေ ရဲစခန်းအပိုင်တွင် ငွေကျပ် သိန်း ၂၇၆၀ တန်ဖိုးရှိ မော်တော်ယာဉ် ၁၇ စီး လိမ်လည်ရောင်းချမှုဖြစ်ပွား ခဲ့ကြောင်း သိရှိရပြီး လွန်ခဲ့သော တစ်လခန့်က ဖြစ်ပွားသည့် အမှု ဖြစ်စဉ်အား မေ ၄ ရက်တွင် တိုင် တန်းခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၁၂ ရက်က ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ မဟာကြီးလမ်းမနေ ဒေါ်အိအိခိုင်နေအိမ်သို့ လူသုံးဦး ရောက်ရှိလာပြီး ကာလတန်ဖိုးငွေ ငွေကျပ်သိန်း ၂၇၆၀ တန်ဖိုးရှိ ကား ၁၇ စီးအား အသိမိတ်ဆွေတစ်ဦး ပါဝင်၍ လက်ခံဝယ်ယူခဲ့ရာ လိုင်စင် အတုများဖြစ်နေခဲ့သည်။
မတ် ၃ ရက်တွင် အဆိုပါ ရောင်းချသူ လေးဦးဖြစ်သည့် ဒေါ် ရီရီမြင့်၊ ဦးလှဝင်း၊ မစန်းစန်းဝင်း (ခ)မသက်ထွေးစံနှင့် ရဲရင့်(ခ)ကိုရဲ တို့သည် ဒေါ်အိအိခိုင်နေအိမ်သို့ ထပ်မံရောက်ရှိလာပြီး ၃ြ။ ၆၂၃၈ ံသညေိ င်္င့အ အမျိုးအစား(ခဲရောင်) ယာဉ်မှအပ ကျန် ၁၆ စီးအား တစ် လ ၁၆ သိန်းနှင့် တစ်လငှားရမ်းလို ကြောင်း ပြောဆိုသဖြင့် ယာဉ်နှင့် ပတ်သက်သောစာရွက်စာတမ်းများ အား ဒေါ်အိအိခိုင်မှ ယူဆောင် ကာ မော်တော်ယာဉ် ၁၆ စီးအား ငှားရမ်းပေးခဲ့သည်။
ဒေါ်အိအိခိုင်၏ ခင်ပွန်းဖြစ် သူကိုဝင်းဇော်(မီးသွေးဒိုင်)သည် နေအိမ်၌ ကျန်ရှိသည့် 3M/×××× အမျိုးအစား(ခဲရောင်) ယာဉ်အား ပဲခူးမြို့တွင်းသို့ မောင်း နှင်သွားစဉ် အမည်မသိလူနှစ်ဦး နှင့်တွေ့ဆုံပြီး အဆိုပါယာဉ်၏ ပိုင်ရှင်ဖြစ်ကြောင်းပြောဆိုသဖြင့် ဒေါ်အိအိခိုင်၏ ခင်ပွန်း ဖြစ်သူ ကိုဝင်းဇော်(မီးသွေးဒိုင်)မှ ယာဉ် နှင့်ပတ်သက်သည့် စာရွက်စာတမ်း များအားပြသရာ အတုများဖြစ်နေ ကြောင်းသိရှိရပြီး တစ်လပြည့် သည့် ဧပြီ ၃ ရက်တွင် ဒေါ်ရီရီ မြင့်၊ ဦးလှဝင်း၊ မစန်းစန်းဝင်း (ခ)မသက်ထွေးစံနှင့် ရဲရင့်(ခ)ကိုရဲ တို့ ငှားရမ်းသွားသည့် မော်တော် ယာဉ် ၁၆ စီးအား လာရောက်ပို့ အပ်ခြင်းမရှိသဖြင့် ယာဉ်နှင့်ပတ် သက်သော စာရွက်စာတမ်းအထောက် အထားများအား စစ်ဆေးကြည့်ရာ အတုများဖြစ်နေကြောင်း သိရသည်။
ပိုင်ဆိုင်မှုစာရွက်စာတမ်း အတုများပြုလုပ်၍ လိမ်လည် ရောင်းချခဲ့သူ လေးဦးအား အရေး ယူပေးပါရန် ဒေါ်အိအိခိုင်မှ မေ ၄ ရက်တွင် တိုင်တန်းသဖြင့် အမှတ်(၂)နယ်မြေရဲစခန်းမှ(ပ)၂၇၄/၂၀၁၇ ရာဇသတ် ကြီးပုဒ်မ ၄၂၀/၄၆၈ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
မှတ်ချက်၊ ။ယခုရက်အတွင်းကျွန်တော်ပဲခူးလိပ်ပြာကန်လူသတ်မှုဖြင့် အလုပ်ရှုပ်နေ၍ ယခုသတင်းအားတင်ပြခြင်းနောက်ကျရပါကြောင်းပြောကြားပြရစေ(((
Ko Thant Zin

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...