


သူ့အမေက သူများအိမ်မှာအဝတ်လိုက်လျော်ရတဲ့ အဝတ်လျော်သည်ပါ မြင်သာဈေးနားမှာနေပါတယ် သူ့မှာမျိုးမျိုးဆိုတဲ့ ညီမတစ်ယောက်ရှိတယ်





ဒါပေမဲ့ သူ့အမေအတွက်လို့ပဲထင်ပီး သနားလို့ပေးပေးလိုက်မိတယ် သူ့အမေအဝတ်လျော်သည်ဆိုတာလဲမသိသေးဘူး တွဲလာတာ1နှစ်ကျော်နေပီ သူက10တန်းလဲမအောင်ပါ သူအိမ်ပြန်ခါနီး ဘတ်စ်ကားဂိတ်ရောက်ပီဆို ညီမလက်ထဲကထောင်တန်မှန်သမျှယူပီး ညီမအတွက်အကြွသောချန်ချန်ပေးထားခဲ့ပါတယ်














အခုလဲနောက်တစ်ယောက်ကို သူကကွာရှင်းထားပီးသားပါဆိုပီးလိမ်ပြန်တယ် လက်တောင်မထပ်ပဲထွက်ပြေးနေခဲ့တဲ့ကောင်ကများ ကွာရှင်းထားပီးသားတဲ့ ကျမရီချင်တယ် အခုသူ့ရီးစားနဲ့တွဲနေချိန်မှာလဲ ကျမကိုလာခြွနေသေးတယ် နင့်statusကိုငါညတိုင်းဖတ်တယ် နင့်wallထဲမြဲဝင်ကြည့်တယ်ဆိုပဲ သူရီးစားရှိတယ်ဆိုတာလဲ ကျမသိသွားရော တချိုးထဲblockသွားတော့တာပါပဲ



နင်ပိုက်ဆံလဲပိုများများရတဲ့ ယောက်ကျား-ာလုပ်စားပါလားလို့ပြောပလိုက်တယ်







Unicode

မိန်းကလေးတစ်ယောက်ကို ဘဝပျက်အောင်လုပ်ခဲ့ပြီး ချူစားနေတဲ့ အမျိုးသား
အခုတလော ဒီလိုအဖြစ်မျိုးတွေ တဖြေးဖြေးများလာတယ်နော် ပရိသတ်ကြီးရေ။

ကာယကံရှင်မိန်းကလေးတစ်ဦးက အခုလို သူ့ရဲ့ အဖြစ်ကို အခုလို အများသိအောင် ပြောပြထားပါတယ်။

အောင်မျိုးဦးဆိုတဲ့ အမျိုးသားဟာ အဆိုပါကာယကံရှင်မိန်းကလေးလနဲ့ သူနဲ့ ရတဲ့ကိုယ်ဝန်ကို တာဝန်ယူခြင်းမရှိပဲ နောက်တစ်ယောက် နဲ့ ဖောက်ပြန်နေတယ်လို့ ဆိုပါတယ်။

"အောင်မျိုးဦးဆိုတဲ့ပိုင်းလုံးကောင်က နောက်တစ်ယောက်ကိုလဲခြူစားနေပြန်ပီ

ညီမတုန်းကလဲခံရပီးပီ ဘဝပျက်တဲ့အထိပဲ

စစကြိုက်ချင်းတုန်းကတော့ အပြောတွေကကြွယ်လိုက်တာဆိုတာ

လူကိုအယုံသွင်းခြူစားနေတာ ဒီကကောင်ကလဲ မွှန်နေတော့ မိဘတွေတားလဲ ဂရုမစိုက်မိုက်ခဲ့တာပါ

ညီမအိမ်ကိုအယုံသွင်းတယ် အသနားလဲအရမ်းခံတတ်ပါတယ်

သူ့အမေက သူများအိမ်မှာအဝတ်လိုက်လျော်ရတဲ့ အဝတ်လျော်သည်ပါ မြင်သာစျေးနားမှာနေပါတယ် သူ့မှာမျိုးမျိုးဆိုတဲ့ ညီမတစ်ယောက်ရှိတယ်

သူပြောဖူးတာကတော့ သူ့အဖေက ဘိန်းဖြူထိုးရင်းသေသွားလို့ အသုဘတောင်ဘယ်သူမှမလာကြဘူးတဲ့
အဲ့တုန်းကတည်းက စတွဲကတည်းက သူပိုက်ဆံနဲ့ရေတဘူးတောင်ဝယ်မတိုက်ဖူးပါဘူး

တခါပြောကြည့်တယ် ကို့မုန့်ဖိုးနဲ့ မုန့်ဝယ်ကြွေးကြည့်ပါလားတစ်ခါလောက်ဆိုတော့ သူကပြောတယ် ကိုကမုန့်ဖိုးကသိပ်ရတာမဟုတ်ဘူးတဲ့ အဲ့တော့ကိုယ်သုံးပါရစေဆိုပဲ အကုန်အကုန်နားလည်ပေးခဲ့တယ် သူတို့မီတာခပေးစရာမရှိလို့ဆိုပီး ညီမဆီကလာချေးတယ်

ပီးတော့ သူ့အမေနေမကောင်းလို့ အကြောဆေးသွင်းရမှာမို့လို့ဆိုပီး 3/4သောင်းခဏခဏချေးတယ် ချေးချေးပီး WYတွေ weedဆေးခြောက်တွေသုံးပစ်တယ်

ဒါပေမဲ့ သူ့အမေအတွက်လို့ပဲထင်ပီး သနားလို့ပေးပေးလိုက်မိတယ် သူ့အမေအဝတ်လျော်သည်ဆိုတာလဲမသိသေးဘူး တွဲလာတာ1နှစ်ကျော်နေပီ သူက10တန်းလဲမအောင်ပါ သူအိမ်ပြန်ခါနီး ဘတ်စ််ကားဂိတ်ရောက်ပီဆို ညီမလက်ထဲကထောင်တန််မှန်သမျှယူပီး ညီမအတွက်အကြွေသာချန်ချန်ပေးထားခဲ့ပါတယ်

သူ့အိမ်မှာ သူ့အမေကထမင်းမကြွေးဘူးဆိုပီး အိမ်ရောက်ရောက်လာတယ် ကိုယ်ကလဲချစ်နေတာဆိုတော့ သနားပီးဘာစားမလဲပေါ့ အကောင်းစားတွေအမြဲကြွေးခဲ့တယ်

ညည12လောက်လာပီး သူဗိုက်စာလို့ဆိုပီး အိမ်မှာရှိတဲ့ခေါက်ဆွဲခြောက်တွေကို မိဘမသိအောင်ခိုးပေးခဲ့ရတဲ့အဖစ်တွေကရှိသေးတယ်

ဒါတောင်မနာနိုင်ခဲ့သေးဘူး သူ့အပြောတွေမှာမျောပီး ချစ်နေရူးနေတုန်းပဲ

ညီမအမတို့မင်ဂလာဆောင်တော့ သူလဲ ညီမကိုတနေ့ အဲ့လိုတင့်တင့်တယ်တယ်ထားမယ်ပေါ့ ဘယ်လိုနေကြမယ် ကိုဘယ်လိုကြိုးစားမယ်နဲ့အယုံသွင်းလာတာ

ညီမတို့မိသားစုလေးပြိုကွဲကြတော့ အိမ်ကပစ္စည်းတွေကိုလဲ ဘယ်ဟာရောင်းလိုက် ဘယ်ဟာကို ကိုရောင်းပေးမယ်ဆိုပီးဆွယ်သေးတယ် ညီမကအဲ့လိုစိတ်ဓါတ်မျိုးမရှိတော့ဘားမှမလုပ်ခဲ့ပါဘူး

ပီးတော့ laptop acerလေးထဲမှာမိသားစုအရင်ကပုံလေးတွေ အများကြီးsaveထားတာ အဲ့laptopကိုလဲ updateလုပ်ပေးမယ်ဆိုပီး ဘတ်သွားတာ အခုချိန်ထိ တစ်နှစ်ကျော်ပီ မရတော့ဘူး ဘယ်လောက်တောင်းတောင်းဘယ်နေ့ငါပိုပေးမယ် ဘာညာနဲ့ ဘယ်တော့မှရောက်မလာခဲ့ပါ

တနေ့မှာ ညီမသူ့ကိုယုံစားလွန်းလို့ဘဝကိုပုံအပ်လိုက်မိလို့ ကိုယ်ဝန်ရှိလာတယ် သူကိုယ်ဝန်စစရှိကတည်းကသိတယ် အဲ့တုန်းကလဲ ကိုဘယ်လိုတာဝန်ယူမှာဆိုပီးပြောနေခဲ့သေးတာ ခလေးကိုစိတ်ဝင်စားဖို့မပြောနဲ့ သူကညီမကိုယ်ဝန်ကြီးနဲ့တောင် ရီးစားတွေထပ်ထားသေးတယ် အသိတွေကပြောလို့ပြန်ပြောတော့ငြင်းပြန်ရော

ညီမမိသားစုအဆင်မပြေတော့အမေရှိတဲ့ ပြင်ဦးလွင်ကိုလိုက်သွားတော့ သူကလဲမခွဲနိုင်ပါဘူးဆိုပီး ငိုပြတော့ အမေ့ဆီခေါ်သွားမိတယ် အိမ်မှာ2ပါတ်လောက် အိပ်အိပ်စားစားနေခဲ့သေးတယ် နောက်မှအမေတို့ကမဟန်လို့ သူရန်ကုန်ကို သူ့အမေနေမကောင်းတာအကြောင်းပြပီး ပြန်သွားတယ် ညီမမှာကိုယ်ဝန်ရှိကြောင်းတခွန်းမှမဟခဲ့ဘူး ညီမတို့နဲ့ခရီးတွေလဲထွက်လိုက်သေးတယ် ဆိုက်ကယ်နဲ့ အေးဆေးကပ်လိုက်နေသေးတာ

တနေ့ ညီမခလေးက လည်ပင်းအချင်းပတ်လို့ခလေးမလှုပ်တော့လို့ အရေးပေါ်ခွဲမွေးဖို့လိုတာနဲ့ ပြင်ဦးလွင်ဆေးရုံကြီးကိုသွားတာ အဆင်မပြေလို့ အမေကသူ့ကို ပြောတယ် ဘယ်လိုလုပ်မလဲ ခွဲမွေးရတော့မယ်ဆေးရုံကအဆင်မပြေဘူးပြောတော့ ကြိုက်တဲ့ဆေးရုံမှာခွဲမွေးတဲ့ ကျနော်ရှင်းမယ်ဆိုပဲ

အမေတပည့်ဆေးရုံမှာ ခွဲမွေးလိုက်ရတယ် ညီမအမေကလခစားဆိုတော့ မိသားစုလဲပြိုကွဲထားတော့ ပိုက်ဆံမပြေလည်ကြဘူး သူပေးမယ်ဆိုတော့လဲမပူမပင်ပေါ့

နေ့တိုင်းညီမအမေကဖုန်းဆက်ရတယ် သားရေပိုက်ဆံမပို့သေးဘူးလားပေါ့ ရှာနေတယ်တဲ့ အိမ်ဂရံတောင်ပေါင်နေပီဆိုပဲ ရှောက်ပြောတာ

ဟယ် နင့်အမေရော ငါ့ကိုမဆက်ပါလားလို့ ညီမအမေကပြောတော့ စိတ်ပျက်လက်ပျက်ပုံစံနဲ့သူက သူ့အမေမအားသေးဘူး ဘာညာနဲ့လိမ်နေသေးတယ် နောက်ဆုံးလိမ်လို့မရတော့ရော သူ့အမေဆီဖုန်းပေးလိုက်တော့ ညီမအမေက ကျမသမီးခလေးမွေးပီးနေပီဘယ်တော့လာတောင်းမှာလဲပြောတော့ မသိဘူးတဲ့ သူ့သားကလဲမပြောပြထားဘူးတဲ့ ကျမတာဝန်လဲမယူနိုင်ဘူးတဲ့ ကျမက တနေ့လုပ်မှတနေ့စားရတဲ့ သူများအိမ်မှာအဝတ်လိုက်လျော်တဲ့ အဝတ်လျော်သည်တဲ့ မကျေနပ်ရင် ငါ့သားခေါ်သွားပီခိုင်းစားလိုက်တဲ့ ငါ့သားက ငါတို့ကို တပြားမှတောင်ရှာကြွေးဖူးတာမဟုတ်ဖူးဆိုပဲ ကျမလဲ ခလေးမွေးပီးတရက်ပဲရှိသေးတယ် ရှိုက်ကြီးတငင်ငိုနေရတယ် ကျမသူ့ကို အရမ်းချစ်ခဲ့တာပါ ကျမသူနဲ့မှအပျိုဘဝကိုပေးဆပ်ဖူးတာပါ သူကျမကိုတန်ဖိုးမထားလို့ အရမ်းကြေကွဲခဲ့ရတယ် babyလေးအတွက်လဲအရမ်းဝမ်းနဲရတယ် သူကတော့ ကိုယ့်အတွက်ပဲကိုယ်ကြည့်ပီးတကိုယ်ကောင်းဆန်စွာ ပိုက်ဆံမျက်နှာပဲကြည့်ခဲ့တယ်

သူ့ဘဝမိသားစုအခြေအနေ အရမ်းနှိမ့်ကျနေတာတောင် ငါသူ့ကိုဆွဲတင်လို့ရမှာပါ သူကြိုးစားလာမှာပါဆိုတဲ့စိတ်နဲ့ကျမ အကြိမ်ကြိမ်နားလည်ပေးခဲ့တယ် အခုထိ baby7လကျော်ပီ သူလုံးဝတာဝန်မယူပါ

တခါကျမသူ့ကိုအရှက်ခွဲဖို့လုပ်တော့ နင်အရှက်ခွဲရင် နင့်laptopငါရိုက်ခွဲပစ်မှာတဲ့ နင်အရှက်မရှိလို့ငါ့ခလေးကိုနင်မွေးတာလို့သူပြောသေးတယ်

ကျမအရမ်းကိုတိုင်တန်းချင်ပါတယ် ဒါပေမဲ့ တရားရုံးကို ခဏခဏbabyလေးနဲ့သွားသွားနေရမှာစိုးလို့ ခလေးကိုမတွေ့စေချင်လို့ကျမ မတိုင်တန်းတာပါ

အခုလဲနောက်တစ်ယောက်ကို သူကကွာရှင်းထားပီးသားပါဆိုပီးလိမ်ပြန်တယ် လက်တောင်မထပ်ပဲထွက်ပြေးနေခဲ့တဲ့ကောင်ကများ ကွာရှင်းထားပီးသားတဲ့ ကျမရီချင်တယ် အခုသူ့ရီးစားနဲ့တွဲနေချိန်မှာလဲ ကျမကိုလာခြွေနေသေးတယ် နင့်statusကိုငါညတိုင်းဖတ်တယ် နင့်wallထဲမြဲဝင်ကြည့်တယ်ဆိုပဲ သူရီးစားရှိတယ်ဆိုတာလဲ ကျမသိသွားရော တချိုးထဲblockသွားတော့တာပါပဲ

ကျမသူ့ကိုပြောပါတယ် နင်ဒီလိုခြူစားနေရင် နင်နာမည်ပျက်မယ်လို့

နင်ပိုက်ဆံလဲပိုများများရတဲ့ ယောက်ကျား-ာလုပ်စားပါလားလို့ပြောပလိိုက်တယ်

ရုပ်ခလေးသနားကမားနဲ့ ပိုင်းလုံးလုပ်စားနေတာပါ ရုပ်ကိုကြည့်ရင် အခုAIDSရုပ်တောင်ပေါက်နေပါပီ

ကျမခလေးနောက် သူ့အရိပ်ဆိုးလိုက်မှာသိပ်ကြောက်တယ် သမီးလေးသိရင်ဘယ်လောက်ရှက်လိုက်မလဲ ရွံလွန်းလို့မွေးစာရင်းထဲတောင်သူ့နာမည်မထည့်ပါဘူးသတိထားကြပါ သူက သူ့အကြောင်းအမှန်တိုင်းပြောပီးရိုးသားသလိုနဲ့ တော်ကီတွေကြွယ်ပီးရောက်လာတတ်ပါတယ် ပီးမှ ဘဝပျက်အောင်ခြူယူမှာပါ

ညီမအသက်20အရွယ်မှာ ခလေးတစ်ယောက်နဲ့ ဘဝပျက်ပီးတော့ ကျေးဇူးရှင် အမေ့ဆီမှာနေနေရပါတယ် ကျေးဇူးရှင် အဖေကလဲဆေးရုံမှာခလေးမွေးတာကအစ အကုန်ထောက်ပံ့ပေးခဲ့ကြလို့ ညီမဘဝနေသာနေတာပါ

ညီမလိုဘဝမပျက်ကြပါစေနဲ့လို့ သတိပေးချင်ပါတယ်

စာရှည်သွားရင် တောင်းပန်ပါတယ်ရှင်"

သတင်းအရင်းမြစ် : #Choco Pie

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...