ပြည်မြန်မာ
Unicode
ပခုက္ကူ စက်မှုဇုန် သတင်း ပုဏ္ဏက တိုက်တာပါ။ နေလဝန်း ကဖေးနဲ့ အအေးဆိုင်တဲ့။ ၃-၅-၂၀၁၇ ည ၈ နာရီကစ၍ ၄-၅-၂၀၁၇ အခုနေ့လည် ၁း၁၀ မိနစ်အထိ ပုဏ္ဏက ခဲနဲ့တိုက်တာပါ။ ညပိုင်းကတော့ တော်တော်ကြမ်းတယ်။ နေခင်းပိုင်းတော့ အားပျော့လာတယ်။ ဒါပေမဲ့ ခဲကျနေတုန်း အခုအချိန်အထိပါပဲ။ ညပိုင်းက တာဝန်ရှိ ရဲအရာရှိများနဲ့အတူ စက်မှုဇုန်အုပ်ချုပ်ရေးတာဝန်ခံ ဦးကျော်ဆန်းလည်း တစ်ညလုံး အိမ်ရှင်ကို အားပေး အားဖြည့် ဝိုင်းဝန်း ကာကွယ်စောင့်ရှောက်ကြပြီး မနက်မိုးလင်း ၇ နာရီလောက်မှာ အားလုံး လက်လျှော့ခဲ့ပါတယ်။ ခဲနဲ့ထုတဲ့ တရားခံကို ဆက်တိုက်ရှာဖွေတာ မရရှိတော့ပါ။ သက်ကြီး ဘိုးဘွားတွေကို ဖြစ်စဉ်လေး ပြောပြတော့ "ဟာ တရားခံမရှာနဲ့တော့။ အဲဒါ ပုဏ္ဏကတိုက်တာ"တဲ့ . . . ။ တစ်ညလုံး တာဝန်ကျရဲအရာရှိတွေလည်း တကယ်ကြိုးစားကြပါတယ်။ အခုအချိန်အထိလည်း ခဲမိုး မကြာမကြာ လာနေတုန်းပဲ။ ထူးတော့ ထူးစမ်းတယ်ဗျာ။ တစ်ခါမှ မမြင်ဖူးပါ။
TTL (Credit - မျိုးမင်းညွန့်)
ပြည်မြန်မာ
0 comments :
Post a Comment