ျမန္မာ့ပထမဆုံး ညစ္ညမ္းဗီဒီယုိ (Porn Movie) ႐ုိက္ကူးသူမ်ားကုိ အေရးယူမည္


ျမန္မာ့ပထမဆုံး ညစ္ညမ္းဗီဒီယုိဇာတ္ကား (Porn Movie) ထြက္ရွိိလာျခင္းႏွင့္စပ္လ်ဥ္း၍ ႐ိုက္ကူးသူမ်ားကို အေရးယူႏုိင္ရန္အတြက္ ျမန္မာႏုိင္ငံ ရဲတပ္ဖြဲ႔က စတင္ စံုစမ္းေနၿပီျဖစ္ေၾကာင္း ႏုိင္ငံေတာ္ သမၼတ႐ုံး ေျပာေရးဆုိခြင့္ရပုဂၢိဳလ္ ဦးေဇာ္ေဌးက ေျပာၾကားသည္။

ျမန္မာ့ ပထမဆုံး ညစ္ညမ္းဗီဒီယုိဇာတ္ကားသည္ ယေန႔ (ဧၿပီလ ၂၄ ရက္)တြင္ ေဖ့စ္ဘြတ္ခ္ လူမႈကြန္ရက္ကတစ္ဆင့္ ပ်ံ႕ႏွံ႔ ထြက္ေပၚလာခဲ့ျခင္းျဖစ္ၿပီး ယင္းကိစၥကုိ ႏုိင္ငံေတာ္သမၼတ႐ုံး ေျပာေရးဆုိခြင့္ရပုဂၢိဳလ္ ဦးေဇာ္ေဌးထံသုိ႔ The Voice က ဆက္သြယ္ ေမးျမန္းခဲ့ရာတြင္ ယင္းသုိ႔ ေျဖၾကားခဲ့ျခင္းျဖစ္သည္။

ျမန္မာ့ပထမဆုံး ညစ္ညမ္းဗီဒီယုိဇာတ္ကားကုိ Art of Myanmar Production ဟု အမည္ေပးထားသည့္ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာက ျဖန္႔ခ်ိျခင္းျဖစ္ၿပီး ဇာတ္ကား႐ုိက္ကူးျခင္းဆုိင္ရာ အခ်က္အလက္မ်ားကုိလည္း ၎တုိ႔က အေသးစိတ္ ေဖာ္ျပထားသည္။

Art of Myanmar Production သည္ ယေန႔ (ဧၿပီလ ၂၄ ရက္) နံနက္တြင္ ယင္းျမန္မာ့ပထမဆုံး ညစ္ညမ္း ဗီဒီယုိဇာတ္ကား၏ ေလးမိနစ္ေက်ာ္စာ နမူနာကို ၎တုိ႔၏ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာတြင္ စတင္လႊင့္တင္ခဲ့ကာ ဇာတ္လမ္း ၾကာျမင့္ခ်ိန္ ႏွစ္နာရီေက်ာ္ၾကာသည့္ ဇာတ္ကား အျပည့္အစုံကုိမူ ဝယ္ယူသူမ်ားထံသုိ႔ ေရာင္းခ်ေပးခဲ့ေၾကာင္း ေဖ့စ္ဘြတ္ခ္ လူမႈကြန္ရက္ စာမ်က္ႏွာတြင္ ပ်ံ႕ႏွံ႔လ်က္ရွိသည္။

Art of Myanmar Production က ၎တုိ႔၏ ေဖ့စ္ဘြတ္စာမ်က္ႏွာ၌ “ဒီေန႔အတြက္ အေရာင္း ခဏ ပိတ္ထားပါတယ္။ မနက္ျဖန္ မနက္ ၈ နာရီ ဆက္လက္ ေရာင္းခ်ပါမယ္။ ဒီေန႔ စာ ၂၀၀၀ ေက်ာ္ဝင္၍ Viber လည္း ပ်က္သြားၿပီး အခက္အခဲ ျဖစ္ခဲ့ရပါတယ္။ လိမ္လည္ျခင္း မရွိပါ။ ေငြလႊဲၿပီး Link မရေသးေသာသူမ်ား ေငြလႊဲေျပစာျပၿပီး Chat Box တြင္ ေတာင္းလို႔ရပါတယ္။ စာမျပန္ရေသးေသာသူမ်ား မနက္ျဖန္မနက္ စာျပန္ေပးပါမယ္”ဟု ေရးသားလႊင့္တင္၍ ဇာတ္ကား ဝယ္ယူလုိသူမ်ားကုိ အသိေပးထားသည္။

Art of Myanmar Production သည္ ၎တုိ႔၏ ညစ္ညမ္းဗီဒီယုိဇာတ္ကားတြင္ ပါ၀င္ေသာ သ႐ုပ္ေဆာင္မ်ား၏မ်က္ႏွာမ်ားကုိမူ နည္းပညာျဖင့္ အနည္းငယ္ မႈန္၀ါးထားကာ ဇာတ္ကားအျပည့္အစုံတြင္ သ႐ုပ္ေဆာင္မ်ားႏွင့္ အေမးအေျဖ ၁၅ မိနစ္စာလည္း ထည့္သြင္းေပးထားေၾကာင္း နမူနာ လႊင့္တင္ရာတြင္ အသိေပးထားသည္။

The voice
မြန်မာ့ပထမဆုံး ညစ်ညမ်းဗီဒီယိုဇာတ်ကား (Porn Movie) ထွက်ရှိိလာခြင်းနှင့်စပ်လျဉ်း၍ ရိုက်ကူးသူများကို အရေးယူနိုင်ရန်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စတင် စုံစမ်းနေပြီဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောကြားသည်။

မြန်မာ့ ပထမဆုံး ညစ်ညမ်းဗီဒီယိုဇာတ်ကားသည် ယနေ့ (ဧပြီလ ၂၄ ရက်)တွင် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကတစ်ဆင့် ပျံ့နှံ့ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ယင်းကိစ္စကို နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးထံသို့ The Voice က ဆက်သွယ် မေးမြန်းခဲ့ရာတွင် ယင်းသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ့ပထမဆုံး ညစ်ညမ်းဗီဒီယိုဇာတ်ကားကို Art of Myanmar Production ဟု အမည်ပေးထားသည့် ဖေ့စ်ဘွတ်ခ်စာမျက်နှာက ဖြန့်ချိခြင်းဖြစ်ပြီး ဇာတ်ကားရိုက်ကူးခြင်းဆိုင်ရာ အချက်အလက်များကိုလည်း ၎င်းတို့က အသေးစိတ် ဖော်ပြထားသည်။

Art of Myanmar Production သည် ယနေ့ (ဧပြီလ ၂၄ ရက်) နံနက်တွင် ယင်းမြန်မာ့ပထမဆုံး ညစ်ညမ်း ဗီဒီယိုဇာတ်ကား၏ လေးမိနစ်ကျော်စာ နမူနာကို ၎င်းတို့၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် စတင်လွှင့်တင်ခဲ့ကာ ဇာတ်လမ်း ကြာမြင့်ချိန် နှစ်နာရီကျော်ကြာသည့် ဇာတ်ကား အပြည့်အစုံကိုမူ ဝယ်ယူသူများထံသို့ ရောင်းချပေးခဲ့ကြောင်း ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့လျက်ရှိသည်။

Art of Myanmar Production က ၎င်းတို့၏ ဖေ့စ်ဘွတ်စာမျက်နှာ၌ “ဒီနေ့အတွက် အရောင်း ခဏ ပိတ်ထားပါတယ်။ မနက်ဖြန် မနက် ၈ နာရီ ဆက်လက် ရောင်းချပါမယ်။ ဒီနေ့ စာ ၂၀၀၀ ကျော်ဝင်၍ Viber လည်း ပျက်သွားပြီး အခက်အခဲ ဖြစ်ခဲ့ရပါတယ်။ လိမ်လည်ခြင်း မရှိပါ။ ငွေလွှဲပြီး Link မရသေးသောသူများ ငွေလွှဲပြေစာပြပြီး Chat Box တွင် တောင်းလို့ရပါတယ်။ စာမပြန်ရသေးသောသူများ မနက်ဖြန်မနက် စာပြန်ပေးပါမယ်”ဟု ရေးသားလွှင့်တင်၍ ဇာတ်ကား ဝယ်ယူလိုသူများကို အသိပေးထားသည်။

Art of Myanmar Production သည် ၎င်းတို့၏ ညစ်ညမ်းဗီဒီယိုဇာတ်ကားတွင် ပါ၀င်သော သရုပ်ဆောင်များ၏မျက်နှာများကိုမူ နည်းပညာဖြင့် အနည်းငယ် မှုန်ဝါးထားကာ ဇာတ်ကားအပြည့်အစုံတွင် သရုပ်ဆောင်များနှင့် အမေးအဖြေ ၁၅ မိနစ်စာလည်း ထည့်သွင်းပေးထားကြောင်း နမူနာ လွှင့်တင်ရာတွင် အသိပေးထားသည်။

The voice

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...