ဗိုလ်အောင်ဒင် စာသားကိစ္စ မနော ရှင်းမည်


ဗိုလ်အောင်ဒင် ကိစ္စ ဂီတ အစည်းအရုံးတွင် ရှင်းမည်။ အဆိုတော် မနော်ရဲ့ နာမည် ကျော် သီချင်းတစ်ပုဒ်ဖြစ်တဲ့ “ဗိုလ် အောင်ဒင်” သီချင်းခေါင်းစဉ်ဟာ ဆရာကြီး ရွှေဒုံးဘီအောင် ရဲ့ စကား လုံးဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ သုံးစွဲ နေခြင်းကို ညှိနိုင်း ဆွေးနွေးပေး ပါရန်ဆိုတဲ့ တိုင်ကြားစာ တစ်စောင် ဂီတ အစည်းအရုံး သို့ ရောက်ရှိ လာ ကြောင်း သိရပါတယ်။
ဒီတိုင်ကြား စာကတော့ ရွှေဒုံးဘီအောင် ရဲ့ မြေးဖြစ်သူ မခင်သန့်စင်အောင်က တိုင် ကြားခြင်း ဖြစ် ပြီး မြန် မာနိုင်ငံ ဂီတ အစည်းအရုံးမှာ ယခုဧပြီလ ၂၅ ရက်နေ့ တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ် ထားကြောင်း သိရပါတယ်။
“အဲဒီ တိုင်ကြားစာ ရောက်ပါ တယ်။ အစည်းအရုံးက ၂၄ရက်နေ့ ပြန်ဖွင့်ပါမယ်။ ၂၅ရက်နေ့မှာတော့ နှစ်ဖက်မျက်နှာ စုံညီဆွေးနွေး ဖို့ ခေါ် ထားပါတယ်။ ဗိုလ်အောင်ဒင် သီချင်းက ဗိုလ်အောင်ဒင်နဲ့ မမြဝင်း ဆိုပြီး ကောင်မလေး တစ်ေ ယာက် ဆိုထားတာလည်း ရှိတယ်။
သူ့ကို လည်း ခေါ်ထားပါတယ်။ ရွှေဒုံးဘီ အောင်ရဲ့ မိသားစုဝင်တွေနဲ့ ဆွေးနွေး ကြမှာပါ” လို့ မြန်မာနိုင်ငံ ဂီတ အစ ည်းအရုံးမှ ဒုဥက္ကဋ္ဌ ဦးလွင်မြင့် က ပြောပါတယ်။
“၂၅ ရက်နေ့မှ ကျွန်တော်က ပွဲတစ်ပွဲရှိနေလို့ မသွားဖြစ်ပါဘူး။ ကျွန်တော့် တေးရေးဆရာသွားပါလိမ့် မယ်။ လောလော ဆယ်တော့ ဘာမှ မပြောနိုင်သေးပါဘူး။ အစည်း အရုံး မှာ ညှိနှိုင်းပြီးတစ်ဖက်က ဖြစ် စေချင် တဲ့သဘောထားကို သိရမှ ကျွန်တော် တို့ ဘာလုပ်ပေး ရမယ် ဆိုတာသိရ မှာပါ”လို့အဆိုတော် မနော ကဒီ ကိစ္စနဲ့ ပတ်သက်ပြီးပြောပါတယ်။
ရဲရဲ

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...