အမျိုးသားတွေ ဆာလောင်လာပြီဆိုရင် ဘယ်လိုမိန်းကလေးမျိုးတွေကို ပိုတောင်းတတတ်ကြသလဲ.။

==============

Unicode>>>
ဆာလောင်နေတဲ့အခါ အမျိုးသားတွေက ဘယ်လိုမိန်းကလေးတွေကို ပိုစိတ်ဝင်စားလဲ
လေ့လာမှုအသစ်တစ်ခုအရ ဆာလောင်နေတဲ့ အမျိုးသားတွေဟာ ခန္ဓာကိုယ်ပိုကြီးတဲ့ အထူးသဖြင့် ရင်သားပြည်ဖြိုးတဲ့ အမျိုးသမီးတွေကို ဆွဲဆောင်မှုရှိတယ်လို့ ပိုထင်ကြကြောင်း သိရပါတယ်။ ယင်းတွေ့ရှိချက်ကို West minster University မှ Dr Viren Swami က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ ၄င်းက ဆာလောင်မှုသည် လူတစ်ဦး၏ လက်ခံနိုင်စွမ်းကို ပြောင်းလဲစေပါတယ်။
ဒါကြောင့် အမျိုးသားများက ရင်သားအနည်းငယ်ဖွံ့ထွားသော အမျိုးသမီးများကို ဆွဲဆောင်မှုရှိတယ်လို့ လက်ခံလာကြ ပြီး၊ အမျိုးသမီးများအနေဖြင့်လည်း ခန္ဓာကိုယ် အနည်းငယ်ထွားသော အမျိုးသားများကို ပိုနှစ်သက်ကြကြောင်း တွေ့ရပါတယ်။
အဲဒီဖြစ်ရပ် ရဲ့ နောက်ခံအကြောင်းကတော့ ကမ္ဘာကြီးပေါ်မှာ စွမ်းအင်အရင်းအမြစ်တွေ ရှားပါးလာတာနဲ့အမျှ ဆန့်ကျင်ဘက်လိင်တွေဟာ အချင်းချင်း ခန္ဓာကိုယ်အနည်းငယ်ပို၍ ကြီးထွားသူကို နှစ်သက်လာကြပါတယ်။ အကြောင်းကတော့ ခန္ဓာကိုယ် အနည်းငယ်ထွားခြင်းက အစာလုံလုံလောက်လောက်ရခြင်းကို ညွှန်ပြလို့ပါပဲ””ဟု ရှင်းပြခဲ့သည်။
University of Edinburgh မှ Professor Gareth ကတော့ ယင်းကဲ့သို့ ဖြစ်ရ ခြင်းမှာ အစာဆာလောင်မှုနှင့် လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှုကို ထိန်းချုပ်သောဗဟိုမှာ တစ်နေရာထဲဖြစ်သောကြောင့်ဟု ရှင်းပြခဲ့ပါတယ်။ ဒါပေမဲ့ ဆန့်ကျင်ဖက်လိင်တွေနဲ့ အဆွဲဆောင်နိုင်ဆုံးကတော့ ကြင်နာတတ်မှုပါပဲဟု ဖော်ပြခဲ့သည်။
Credit : Health Updates Journal

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...