အိပ်ရာထဲမှာ မိန်းကလေးတွေ ဘာတွေ တွေးတတ်ကြသလဲ
၁၀။ အဓိကနေရာက အမွှေးတွေ
Credit : Gentleman
မိန်းကလေးတစ်ယောက်နဲ့ အတူအိပ်တော့မယ်ဆိုရင် ကျွန်တော်တို့ ယောင်္ကျားလေးတွေရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး သူတို့တွေ ဘယ်လိုတွေးတတ်ကြမယ်လို့ ထင်ပါသလဲ။ ကြွက်သားတွေနဲ့ ဖုထစ်လှပနေတဲ့ ခန္ဓာကိုယ်က သူမကို အသက်ရှုမှားသွားစေနိုင်မှာလား၊ ဒါမှမဟုတ် သင့်ရဲ့ပစ္စည်းကြီးတာကို ပိုကောင်းတယ်လို့ ထင်နေမှာလား။ ဒါတွေတစ်ခုမှမဟုတ်ပါဘူး။ သူတို့တွေးနေကြတာတွေကို သိသွားရင် တကယ်ကို အံ့သြသွားပါလိမ့်မယ်။ ဒါ့ကြောင့် အမျိုးသမီးတွေကို စစ်တမ်းကောက်မေးမြန်းထားချက်တွေအရ အိပ်ရာထဲရောက်တဲ့အခါမှာ ယောင်္ကျားလေးတွေရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေနဲ့ ပတ်သက်ပြီး မိန်းကလေးတွေ ဘယ်လိုတွေးမိကြသလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ရင်ဘတ်မွှေးရှိတာကို သဘောကျပါတယ်။
အမျိုးသမီးတွေက ရင်ဘတ်မှာ အမွှေးအမျှင် အထူကြီးမဟုတ်တောင် အနည်းအကျဉ်းလောက် ပါတာမျိုးကို ပိုပြီးတော့ မိုက်တယ်လို့ ထင်ကြပါတယ်။ လုံးဝအမွှေးအမျှင်မရှိတာမျိုးထက် သန့်ရှင်းတဲ့အမွှေးအမျှင်ရှိတာကို သဘောကျတတ်ကြပါတယ်။
၂။ ပစ္စည်းကြီးတာကို ထိတ်လန့်တတ်ကြပါတယ်။
ယောင်္ကျားလေးတွေထင်သလို လိင်အင်္ဂါပစ္စည်းကြီးကြီးရှိလေ ပိုကောင်းလေဆိုတာနဲ့ လုံးဝဆန့်ကျင်ဘက်ပါပဲ။ လိင်အင်္ဂါကြီးသူနဲ့ ဆက်ဆံရတဲ့အခါမှာ မိန်းကလေးတွေက နာကျဉ်ကြရတဲ့အတွက် သာမာန်အရွယ်အစားကိုပဲ ပိုပြီး လိုလားတောင့်တတတ်ကြပါတယ်။
၃။ ဝမ်းဗိုက်ကြွက်သားတွေကို စွဲမက်တမ်းတကြပါတယ်။
ပြောစရာသိပ်လိုမယ်မထင်ပါဘူး။ ဝမ်းဗိုက်က ဘယ်လီကြွက်သားတွေက မိန်းကလေးတွေရဲ့ အကြိုက်ပါပဲ။
၄။ မျက်မှန်ကိုလည်း မချွတ်စေချင်ကြပါဘူး။
ယောင်္ကျားလေးတွေက မိန်းကလေးကို ကျောင်းသူဝတ်စုံဝတ်ခိုင်းပြီး အတူနေရတာကို သဘောကျသလိုပါပဲ။ မိန်းကလေးတွေကလည်း စာကြည့်မျက်မှန်တပ်ထားတဲ့ ပါမောက္ခစတိုင်ကို တောင့်တတတ်ကြပါတယ်။ ကိုင်းထူထူနဲ့ မျက်မှန်တွေက ယောင်္ကျားပီသပြီး အသိဉာဏ်ကြွယ်ဝတဲ့ စတိုင်ကိုဖြစ်စေတာကြောင့် အတူနေချိန်အတွင်းမှာ ပိုပြီး စိတ်ကြွစေလို့ဖြစ်ပါတယ်။
၅။ ဆေးမင်ကြောင်တွေကလည်း စွဲဆောင်နိုင်ပါတယ်။
ဆေးမင်ကြောင် တက်တူးတွေက မိန်းကလေးအများစုအတွက် အရမ်းကိုမိုက်တယ်လို့ ခံစားရစေပါတယ်။ အိပ်ခန်းထဲမှာ ယောင်္ကျားလေးတစ်ယောက်က အင်္ကျီချွတ်လိုက်တဲ့အချိန် တက်တူးကိုမြင်လိုက်ရတာက မိန်းကလေးတွေရဲ့ စိတ်ကို ပိုပြီးလှုပ်ရှားတက်ကြွစေပါတယ်။
၆။ နဖူးပြောင်၊ ကတုံးက ညို့အားပြင်းတယ်လို့ ထင်တတ်ကြပါတယ်။
ယောင်္ကျားလေးတွေက နဖူးပြောင်လို့ ကတုံးတုန်းထားရတာကို စိတ်မလုံမခြုံဖြစ်တတ်ကြပါတယ်။ ဒါပေမယ့် မိန်းကလေးတွေကတော့ ဒါကိုပဲ ဆွဲဆောင်မှုတစ်ခုလို့ မြင်တတ်ကြပါတယ်။ ဒီလို နဖူးပြောင်ကတုံးက ပိုပြီး ယောင်္ကျားပီသပြီး အခြားယောင်္ကျားလေးတွေကို လွှမ်းမိုးနိုင်စွမ်းရှိတယ်လို့ ထင်ရလို့ဖြစ်ပါတယ်။
၇။ အနံ့အသက်ကလည်း အရေးကြီးပါတယ်။
မိန်းကလေးတွေက ရေမွှေးတွေ သုံးထားတာမျိုးထက် သာမာန်ရေချိုးဆပ်ပြာနံ့သင်းနေတဲ့ အမျိုးသားတစ်ယောက်ရဲ့ ကိုယ်လုံးကို ပိုသဘောကျလေ့ရှိပါတယ်။ အမွှေးအကြိုင်တွေ သုံးထားတာက တစ်ခုခုကို ဖုံးကွယ်ထားသလို ဖြစ်တာကြောင့်ပါ။
၈။ ဆံပင်ကို ဆွဲကိုင်ချင်တတ်ကြပါတယ်။
အတူနေတဲ့အချိန်မှာ ယောင်္ကျားလေးရဲ့ဆံပင်ကို ဆွဲရတာကို အကြိုက်တွေ့တတ်ကြပါသေးတယ်။ ဆံပင်ကို ဆွဲကိုင်တဲ့အခါမှာလည်း ဘာမှမလိမ်းကျန်ထားတာကိုမျိုးကို ပိုသဘောကျကြပါတယ်။
၉။ ခြေသည်းတွေကိုလည်း ကြည့်တတ်ပါတယ်။
မိန်းကလေးတွေက ယောင်္ကျားလေးတစ်ယောက်ကို ကြည့်ရင်ခြေထောက်ကို အရင်ကြည့်တယ်ဆိုတာကို ကြားဖူးမှာပါ။ ဒီကိစ္စက အိပ်ရာထဲအထိ အကျုံးဝင်ပါတယ်။ ခြေသည်းတွေ သန့်ရှင်းသပ်ရပ်မှုမရှိတာကို မနှစ်မြို့တတ်ကြပါဘူး။
၁၀။ အဓိကနေရာက အမွှေးတွေ
သေချာသန့်ရှင်းသပ်ရပ်နေဖို့လိုပါတယ်။ ဒီအတိုင်းဖြစ်ချင်တိုင်းဖြစ် ပစ်ထားတဲ့ ဆီးခုံမွှေးတွေကို မိန်းကလေးတွေက ရွံ့တတ်ပါတယ်။ ဒါ့ကြောင့် ရိတ်သင့်ရင်ရိတ်၊ ညှပ်သင့်ရင် ညှပ်ပြီး သပ်သပ်ရပ်ရပ် ထိန်းသိမ်းတတ်ဖို့ လိုပါတယ်။
Credit : Gentleman
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...