အေမရိကန္ တုိက္ခုိက္ေရးေရယာဥ္အုပ္စု ကုိရီးယားကၽြန္းဆြယ္ကုိ ေစလႊတ္ (႐ုပ္သံၾကည့္ရံုနဲ႔ ၾကက္သီးထစရာပဲ)

ေျမာက္ကိုရီးယားနိုင္ငံက ဒံုးက်ည္စမ္းသပ္မႈေတြ ဆက္တိုက္လုပ္ေဆာင္ေနတဲ့အခ်ိန္မွာ အေမရိကန္ျပည္ေထာင္စုက တိုက္ခိုက္ေရး ေရယာဥ္အုပ္တအုပ္ကို ကိုရီးယားကၽြန္းဆြယ္ကို ေစလႊတ္လိုက္ပါတယ္။

ကာလ္ဗင္ဆင္ တိုက္ေရ ယာဥ္အုပ္မွာ ေလယာဥ္တင္သေဘၤာတစီးနဲ႔ တိုက္ေရယာဥ္ေတြပါ၀င္ၿပီး ပစိဖိတ္ အေနာက္ပိုင္းေ ဒသ တပ္လွန္႔တဲ့ အေနနဲ႔ ေစလႊတ္ခဲ့တာလို႔ အေမရိကန္စစ္တပ္ ပစိဖိတ္ေဒသစစ္ဌာနခ်ဳပ္က ေျပာဆိုပါတယ္။

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကလည္း ေျမာက္ကိုရီးယားႏ်ဴးကလီးယားၿခိမ္းေျခာက္မႈကို အေမရိကန္တနိုင္ငံတည္းနဲ႔ ကိုင္တြယ္ထိန္းခ်ဳပ္ သြားမယ္လို႔ ေျပာဆိုထားတာပါ။

ေျမာက္ကိုရီးယားနိုင္ငံဟာ သူ႔ရဲ့ စည္းမဲ့ကမ္းမဲ့၊ တာ၀န္ခံတာ၀န္ယူမႈလည္း မရွိတဲ့ ဒံုးက်ည္ပစ္လႊတ္မႈ၊ ႏ်ဴကလီးယားစမ္း သပ္မႈအစီအစဥ္ေတြေၾကာင့္ ဒီေဒသတြင္းမွာ အေမရိကန္ျပည္ေထာင္စုရဲ႕ ထိပ္တန္းၿခိမ္းေျခာက္မႈျဖစ္တယ္လို႔ ပစိဖိတ္ေဒ သစစ္ဌာနခ်ဳပ္ေျပာခြင့္ရက ေျပာဆိုပါတယ္။

ဒီတိုက္ေရယာဥ္အုပ္မွာ ကာလ္ဗင္ဆင္ ေလယာဥ္တင္သေဘၤာတစင္း၊ ပဲ့ထိန္းဒံုး ပစ္ခြင္းေရးေရယာဥ္ ၂ စင္းနဲ႔ ပဲ့ထိန္းဒံုးေ ရယာဥ္ ၁ စင္းပါ၀င္ပါတယ္။ ဒီစစ္ေရယာဥ္အုပ္ဟာ ၾသစေၾတးလ်နိုင္ငံမွာ စခန္းခ်ဖို႔ ျဖစ္ေပမယ့္ စင္ကာပူကေနတဆင့္ ပစိဖိတ္အေနာက္ပိုင္းေဒသေတြ ထြက္ခြာလာခဲ့တာျဖစ္ပါတယ္။

Credit to DVB
မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်စမ်းသပ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့အချိန်မှာ အမေရိကန်ပြည်ထောင်စုက တိုက်ခိုက်ရေး ရေယာဉ်အုပ်တအုပ်ကို ကိုရီးယားကျွန်းဆွယ်ကို စေလွှတ်လိုက်ပါတယ်။

ကာလ်ဗင်ဆင် တိုက်ရေ ယာဉ်အုပ်မှာ လေယာဉ်တင်သင်္ဘောတစီးနဲ့ တိုက်ရေယာဉ်တွေပါဝင်ပြီး ပစိဖိတ် အနောက်ပိုင်းေ ဒသ တပ်လှန့်တဲ့ အနေနဲ့ စေလွှတ်ခဲ့တာလို့ အမေရိကန်စစ်တပ် ပစိဖိတ်ဒေသစစ်ဌာနချုပ်က ပြောဆိုပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း မြောက်ကိုရီးယားနျူးကလီးယားခြိမ်းခြောက်မှုကို အမေရိကန်တနိုင်ငံတည်းနဲ့ ကိုင်တွယ်ထိန်းချုပ် သွားမယ်လို့ ပြောဆိုထားတာပါ။

မြောက်ကိုရီးယားနိုင်ငံဟာ သူ့ရဲ့ စည်းမဲ့ကမ်းမဲ့၊ တာဝန်ခံတာဝန်ယူမှုလည်း မရှိတဲ့ ဒုံးကျည်ပစ်လွှတ်မှု၊ နျူကလီးယားစမ်း သပ်မှုအစီအစဉ်တွေကြောင့် ဒီဒေသတွင်းမှာ အမေရိကန်ပြည်ထောင်စုရဲ့ ထိပ်တန်းခြိမ်းခြောက်မှုဖြစ်တယ်လို့ ပစိဖိတ်ဒေ သစစ်ဌာနချုပ်ပြောခွင့်ရက ပြောဆိုပါတယ်။

ဒီတိုက်ရေယာဉ်အုပ်မှာ ကာလ်ဗင်ဆင် လေယာဉ်တင်သင်္ဘောတစင်း၊ ပဲ့ထိန်းဒုံး ပစ်ခွင်းရေးရေယာဉ် ၂ စင်းနဲ့ ပဲ့ထိန်းဒုံးေ ရယာဉ် ၁ စင်းပါဝင်ပါတယ်။ ဒီစစ်ရေယာဉ်အုပ်ဟာ သြစတြေးလျနိုင်ငံမှာ စခန်းချဖို့ ဖြစ်ပေမယ့် စင်ကာပူကနေတဆင့် ပစိဖိတ်အနောက်ပိုင်းဒေသတွေ ထွက်ခွာလာခဲ့တာဖြစ်ပါတယ်။

Credit to DVB

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...