ဘတ္စ္ကားေပၚမွ ျဖစ္ခ်င္တိုင္းျဖစ္ေနတဲ့ အမ်ိဳးသမီးတစ္ဦးရဲ့ ရုပ္သံ


ထိုင္းႏိုင္ငံက ခရီးသြားအမ်ိဳးသားတစ္ဦးဟာ ကမာၻလွည့္ခရီးသြား အမ်ိဳးသမီးငယ္တစ္ဦးရဲ႕ ႐ိုင္းစိုင္းတဲ့ အျပဳအမူေၾကာင့္ ကိုယ့္ႏိုင္ငံမွာ ကိုယ္ကိုလာေစာ္ကားသလို ခံစားခဲ့ရေၾကာင္း လူမႈကြန္ယက္တြင္ ဗီဒီယိုမွတ္တမ္းႏွင့္တစ္ကြ ေရးသားေဖာ္ျပခဲ့ပါတယ္။
အသက္ ၂၁ ႏွစ္အ႐ြယ္ Narong Thaopanya ဆိုသူ ထိုင္းအမ်ိဳးသားတစ္ဦးက ဘန္ေကာက္ကေန ဆူခိုထိုင္းေဒသကို အေဝးေျပးဘတ္စ္ကားနဲ႔ ခရီးသြားခဲ့ရာ သူ၏ ေနာက္ခုံတြင္ ထိုင္ေနေသာ ခရီးသည္ ႏိုင္ငံျခားသူ အမ်ိဳးသမီး(ျပင္သစ္ ျဖစ္ဟန္တူ) တစ္ဦးက နံေဟာင္ေန႔သည့္ ေျခအိတ္ကို ဝတ္ဆင္ထားကၿပီး သူမ၏ ေျခေထာက္ကို ထိုင္းအမ်ိဳးသား၏ လြတ္ေနေသာ ေဘးခုံ ေခါင္းမွီေနရာတြင္ ေျခေထာက္တင္လွ်က္ လိုက္ပါလာသည္။
သူမ၏ ေျခေထာက္ႏွင့္ သူ႔မ်က္ႏွာမွာ တစ္တန္းထဲျဖစ္ေနၿပီး ေျခအိတ္အနံ႔ဆိုးမ်ားေၾကာင့္ မခံႏိုင္ျဖစ္ကာ ေျခေထာက္ေအာက္ခ်ေပးရန္ ေကာင္းမြန္စြာ ေျပာသည္ကို ဂ႐ုမစိုက္ပဲ ခဏသာ ဖယ္လိုက္ၿပီး ျပန္တင္ထားသည္။ သူက အခါခါ ထပ္မံေျပာေပမယ့္ လုံးဝဂ႐ုမစိုက္သလို ေနခဲ့သည္။ ေနာက္ဆုံးတြင္ အဆိုပါ ႏိုင္ငံျခားသူအမ်ိဳးသမီး မည္သို႔ တုံ႔ျပန္သည္ကို သိေစရန္ ဗီဒီယိုမွတ္တမ္းတင္ခဲ့သည္။
ဘယ္လို လူပါးဝခဲ့သလဲဆိုတာ ဗီဒီယိုတြင္ ေတြ႕ျမင္ရပါလိမ့္မည္။
http://www.popolay.com/program-detail.php?pml=9206




Unicode
ထိုင်းနိုင်ငံက ခရီးသွားအမျိုးသားတစ်ဦးဟာ ကမ္ဘာလှည့်ခရီးသွား အမျိုးသမီးငယ်တစ်ဦးရဲ့ ရိုင်းစိုင်းတဲ့ အပြုအမူကြောင့် ကိုယ့်နိုင်ငံမှာ ကိုယ်ကိုလာစော်ကားသလို ခံစားခဲ့ရကြောင်း လူမှုကွန်ယက်တွင် ဗီဒီယိုမှတ်တမ်းနှင့်တစ်ကွ ရေးသားဖော်ပြခဲ့ပါတယ်။
အသက် ၂၁ နှစ်အရွယ် Narong Thaopanya ဆိုသူ ထိုင်းအမျိုးသားတစ်ဦးက ဘန်ကောက်ကနေ ဆူခိုထိုင်းဒေသကို အဝေးပြေးဘတ်စ်ကားနဲ့ ခရီးသွားခဲ့ရာ သူ၏ နောက်ခုံတွင် ထိုင်နေသော ခရီးသည် နိုင်ငံခြားသူ အမျိုးသမီး(ပြင်သစ် ဖြစ်ဟန်တူ) တစ်ဦးက နံဟောင်နေ့သည့် ခြေအိတ်ကို ဝတ်ဆင်ထားကပြီး သူမ၏ ခြေထောက်ကို ထိုင်းအမျိုးသား၏ လွတ်နေသော ဘေးခုံ ခေါင်းမှီနေရာတွင် ခြေထောက်တင်လျှက် လိုက်ပါလာသည်။
သူမ၏ ခြေထောက်နှင့် သူ့မျက်နှာမှာ တစ်တန်းထဲဖြစ်နေပြီး ခြေအိတ်အနံ့ဆိုးများကြောင့် မခံနိုင်ဖြစ်ကာ ခြေထောက်အောက်ချပေးရန် ကောင်းမွန်စွာ ပြောသည်ကို ဂရုမစိုက်ပဲ ခဏသာ ဖယ်လိုက်ပြီး ပြန်တင်ထားသည်။ သူက အခါခါ ထပ်မံပြောပေမယ့် လုံးဝဂရုမစိုက်သလို နေခဲ့သည်။ နောက်ဆုံးတွင် အဆိုပါ နိုင်ငံခြားသူအမျိုးသမီး မည်သို့ တုံ့ပြန်သည်ကို သိစေရန် ဗီဒီယိုမှတ်တမ်းတင်ခဲ့သည်။
ဘယ်လို လူပါးဝခဲ့သလဲဆိုတာ ဗီဒီယိုတွင် တွေ့မြင်ရပါလိမ့်မည်။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...