ရည္းစားထားတာ မိန္းကေလးေတြ နစ္နာတယ္

ရည္းစားထားတာ မိန္းကေလးေတြ နစ္နာတယ္
ဘုမသိ ဘမသိ ခ်စ္တယ္လည္းအေျပာခံရေသးတယ္
ျပန္မႀကိဳက္ရင္လည္း
မရတဲ့ စပ်စ္သီး ခ်ဥ္တယ္ျဖစ္ျပန္ေရာ
ျပန္ႀကိဳက္ျပန္ေတာ့လည္း အညႇာလြယ္တာေတြေရာ အခိုင္လြယ္တာေတြေရာနဲ႔ တံဆိပ္ကပ္ျပန္ေရာ
ခ်စ္သူထားေတာ့လည္းၾကည့္
သူတို႔က သူရဲေကာင္းလိုလိုေၾကညာေသးတာ
ကိုယ္က ဟိုငဲ့ရ ဒီငဲ့ရ
သူအလိုလိုက္ရင္ေတာ့ ျပံဳးၿဖီးၿဖီး
မလိုက္ရင္လား ေယာက်္ားႀကီးတန္မဲ့ေကာက္တတ္ၾကေသးတာ
ဒူနဲ႔ေဒး
ေျပာလိုက္ရင္ ၾကယ္ခူးေပးမယ္
သံလြင္ျမစ္ႀကီးေဖ်ာက္ေပးမယ္
ျပင္ဦးလြင္ကို အိမ္ေရွ႕ေရြ႕ေပးမယ္ နဲ႔
လက္ေတြ႕က်ေတာ့ ရိုးရိုးဖုန္းနဲ႔ေဘလ္နည္းနည္းကုန္လာရင္ေတာင္ အိအိအားအားနဲ႔
ခ်ိန္းလိုက္ရင္လည္း ေနရာအစံု
ခ်စ္တယ္ေျပာေတာ့လည္း အ'ထစ္ အ'ထစ္
ရည္းစားထားတာ မေပ်ာ္ရတဲ့အျပင္
အစြပ္စြဲက ခံရေသးတယ္
ခၽြဲေတာ့လည္း ဆရာမႀကီးတဲ့
မခၽြဲေတာ့လည္း ေက်ာက္တံုးအသဲႀကီးလားတဲ့
ေကာက္ျပန္ေတာ့လည္း ရစ္တယ္တဲ့
မရစ္ျပန္ေတာ့လည္း စိတ္ထဲကမခ်စ္ဘူးတဲ့
သူတို႔ပဲ တရားသူႀကီး သူတို႔ပဲ ေရွ႕ေန သူတို႔ပဲ တရားလိုျပသက္ေသ
သူတို႔ပဲ စြဲခ်က္တင္
သူတို႔ပဲ အမိန္႔ခ်
မိန္းကေလးေတြက ေအာ္တိုအသဲစားမိန္းမၾကမ္းႀကီးကို ျဖစ္လို႔
အသဲကြဲတယ္ အသဲကြဲတယ္နဲ႔
လူေနာက္ကြယ္မွာ အိညက္ အိညက္
သူတို႔ပဲ တအားခ်စ္ျပ
သူတို႔ပဲ အရမ္းခံစားျပ
သူတို႔ပဲ အသဲကြဲတယ္ေအာ္
သူတို႔ပဲ အသဲခြဲခံရတယ္ေၾကညာနဲ႔
ဇာတ္စ ဇာတ္ဆံုး
ဇာတ္လမ္း ဇာတ္ညႊန္း တစ္ဦးတည္းမူပိုင္စီစဥ္ၿပီး
သူ႔ဇာတ္ သူနာ ၿပီး အကယ္ဒမီမွန္းတဲ့အကြက္ေတြနဲ႔.....
ဟူး ...
ေထာင္ေခ်ာက္ေပါ့ေနာ္
မိန္းကေလးဆိုတာ ေဘးက်ပ္နံက်ပ္
ျပန္မခ်စ္ေတာ့လည္း တမ်ိဳး
ျပန္ခ်စ္ေတာ့လည္း တမ်ိဳး
သည္းသည္းလႈပ္ခ်စ္ျပေတာ့လည္း တမ်ိဳး
တည္တည္ၿငိမ္ၿငိမ္ခ်စ္ျပေတာ့လည္း တမ်ိဳးနဲ႔
ရည္းစားထားၿပီ ဆိုတာနဲ႔ေလ
ဘယ္လိုမွ မေရြ႕နဲ႔
ေရြ႕တာနဲ႔ ကိုယ့္အမွားေတြခ်ည္းျဖစ္ေအာင္
ေသခ်ာစီမံထားတဲ့ ေထာင္ေခ်ာက္ေတြခ်ည္းပဲ
ခ်စ္စ-ခ်စ္ဆံုး ေသခ်ာစဥ္းစားၾကည့္
ရည္းစားထားတာ မိန္းကေလးေတြ အရမ္းနစ္နာတယ္ ။
.
www.apannpyay.com
==========

Unicode>>>
ရည်းစားထားတာ မိန်းကလေးတွေ နစ်နာတယ်
ဘုမသိ ဘမသိ ချစ်တယ်လည်းအပြောခံရသေးတယ်
ပြန်မကြိုက်ရင်လည်း
မရတဲ့ စပျစ်သီး ချဉ်တယ်ဖြစ်ပြန်ရော
ပြန်ကြိုက်ပြန်တော့လည်း အညှာလွယ်တာတွေရော အခိုင်လွယ်တာတွေရောနဲ့ တံဆိပ်ကပ်ပြန်ရော
ချစ်သူထားတော့လည်းကြည့်
သူတို့က သူရဲကောင်းလိုလိုကြေညာသေးတာ
ကိုယ်က ဟိုငဲ့ရ ဒီငဲ့ရ
သူအလိုလိုက်ရင်တော့ ပြုံးဖြီးဖြီး
မလိုက်ရင်လား ယောကျ်ားကြီးတန်မဲ့ကောက်တတ်ကြသေးတာ
ဒူနဲ့ဒေး
ပြောလိုက်ရင် ကြယ်ခူးပေးမယ်
သံလွင်မြစ်ကြီးဖျောက်ပေးမယ်
ပြင်ဦးလွင်ကို အိမ်ရှေ့ရွေ့ပေးမယ် နဲ့
လက်တွေ့ကျတော့ ရိုးရိုးဖုန်းနဲ့ဘေလ်နည်းနည်းကုန်လာရင်တောင် အိအိအားအားနဲ့
ချိန်းလိုက်ရင်လည်း နေရာအစုံ
ချစ်တယ်ပြောတော့လည်း အ'ထစ် အ'ထစ်
ရည်းစားထားတာ မပျော်ရတဲ့အပြင်
အစွပ်စွဲက ခံရသေးတယ်
ချွဲတော့လည်း ဆရာမကြီးတဲ့
မချွဲတော့လည်း ကျောက်တုံးအသဲကြီးလားတဲ့
ကောက်ပြန်တော့လည်း ရစ်တယ်တဲ့
မရစ်ပြန်တော့လည်း စိတ်ထဲကမချစ်ဘူးတဲ့
သူတို့ပဲ တရားသူကြီး သူတို့ပဲ ရှေ့နေ သူတို့ပဲ တရားလိုပြသက်သေ
သူတို့ပဲ စွဲချက်တင်
သူတို့ပဲ အမိန့်ချ
မိန်းကလေးတွေက အော်တိုအသဲစားမိန်းမကြမ်းကြီးကို ဖြစ်လို့
အသဲကွဲတယ် အသဲကွဲတယ်နဲ့
လူနောက်ကွယ်မှာ အိညက် အိညက်
သူတို့ပဲ တအားချစ်ပြ
သူတို့ပဲ အရမ်းခံစားပြ
သူတို့ပဲ အသဲကွဲတယ်အော်
သူတို့ပဲ အသဲခွဲခံရတယ်ကြေညာနဲ့
ဇာတ်စ ဇာတ်ဆုံး
ဇာတ်လမ်း ဇာတ်ညွှန်း တစ်ဦးတည်းမူပိုင်စီစဉ်ပြီး
သူ့ဇာတ် သူနာ ပြီး အကယ်ဒမီမှန်းတဲ့အကွက်တွေနဲ့.....
ဟူး ...
ထောင်ချောက်ပေါ့နော်
မိန်းကလေးဆိုတာ ဘေးကျပ်နံကျပ်
ပြန်မချစ်တော့လည်း တမျိုး
ပြန်ချစ်တော့လည်း တမျိုး
သည်းသည်းလှုပ်ချစ်ပြတော့လည်း တမျိုး
တည်တည်ငြိမ်ငြိမ်ချစ်ပြတော့လည်း တမျိုးနဲ့
ရည်းစားထားပြီ ဆိုတာနဲ့လေ
ဘယ်လိုမှ မရွေ့နဲ့
ရွေ့တာနဲ့ ကိုယ့်အမှားတွေချည်းဖြစ်အောင်
သေချာစီမံထားတဲ့ ထောင်ချောက်တွေချည်းပဲ
ချစ်စ-ချစ်ဆုံး သေချာစဉ်းစားကြည့်
ရည်းစားထားတာ မိန်းကလေးတွေ အရမ်းနစ်နာတယ် ။
.
www.apannpyay.com

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...