မႏၲ​ေလးၿမိဳ့မွာ အုပ္စုဖြဲ႔လုရပ္မွူျဖစ္..


မႏၲ​ေလးၿမိဳ႕ ခ်မ္​းျမသာစည္​ၿမိဳ႕နယ္​ ၿမိဳ႕သစ္​(၁)ရပ္​ကြက္​ ၆၂လမ္​း၊ သိပၸံလမ္​းႏွင္​့ ပိ​ေတာက္​လမ္​းၾကားရွိ အိမ္​အမွတ္​ (–) ​ေနအိမ္​အ​ေဆာက္​အဦးအတြင္​းသို႔ ဧၿပီ ၇ရက္​ မြန္​းလြဲ ၁နာရီခြဲခန္​႔က လူမ်ားဝင္​​ေရာက္​လာကာ အိမ္​ရွင္​မိသားစုကို အျပင္​မထြက္​ႏိုင္​ရန္​ ၿခံတံခါး​ေသာ့ခတ္​ခံထားရ​ေၾကာင္​း အိမ္​ရွင္​၏သမီးမွ ရဲစခန္​းသို႔ မြန္​းလြဲ ၂:၄၅နာရီ အခ်ိန္​က ဖုန္​းဆက္​တိုင္​ၾကား​သည္​။
ျဖစ္​စဥ္​မွာ အိမ္​ၿခံ​ေျမကုမၸဏီတစ္​ခုမွ ရွယ္​ယာရွင္​မ်ားက အဆိုပါကုမၸဏီ၏ ဒါရိုက္​တာ​ေနထိုင္​သည္​ဟုဆို​ေသာ ​ေနအိမ္​အတြင္​းဝင္​​ေရာက္​ကာ ​ရွယ္​ယာမ်ားျပန္​ထုတ္​​ေပးရန္​ ေတြ႕ဆံုခြင္​့ ​ေတာင္​းခံရာ မ​ေတြ႕ရသည္​့အတြက္​ အိမ္​ထဲဝင္​​ေရာက္​ရွာ​ေဖြၾကၿပီး အိပ္​ခန္​းမ်ားအတြင္​းရွိ ေ႐ႊ​၊ ​ေငြ၊ လက္​ဝတ္​ရတနာမ်ားကို ယူ​ေဆာင္​သြားရန္​ လုပ္​​ေဆာင္​ျခင္​းျဖစ္​​ေၾကာင္​းသိရသည္​။
တိုင္​းၾကားခ်က္​အရ ခ်မ္​းျမသာစည္​ၿမိဳ႕နယ္​ ရဲတပ္​ဖြဲ႕မွဴး ရဲမွဴးစံသူ၊ အမွတ္​ (၁၁) နယ္​​ေျမရဲစခန္​း စခန္​းမွဴး ရဲအုပ္​ဝင္​းဗိုလ္​ႏွင္​့ တပ္​ဖြဲ႕ဝင္​မ်ား၊ ၿမိဳ႕သစ္​(၁)ရပ္​ကြက္​ အုပ္​ခ်ဳပ္​​ေရးမွဴးႏွင္​့ အဖြဲ႕တို႔ သြား​ေရာက္​​စစ္​​ေဆးကာ ဥပ​ေဒမဲ့လုပ္​ရပ္​မ်ား မလုပ္​ရန္​၊ ေငြ​ေရး​ေၾကး​ေရး ရစရာရွိသည္​မ်ားကို ဥပ​ေဒအတိုင္​း ​ေျဖရွင္​းၾကရန္​​ ညႇိႏိႈင္​း​ေပးေၾကာင္​း သတင္​းရရွိသည္​။
Credit:Chit Ko Ko

မန္တ​လေးမြို့ ချမ်​းမြသာစည်​မြို့နယ်​ မြို့သစ်​(၁)ရပ်​ကွက်​ ၆၂လမ်​း၊ သိပ္ပံလမ်​းနှင်​့ ပိ​တောက်​လမ်​းကြားရှိ အိမ်​အမှတ်​ (–) ​နေအိမ်​အ​ဆောက်​အဦးအတွင်​းသို့ ဧပြီ ၇ရက်​ မွန်​းလွဲ ၁နာရီခွဲခန်​့က လူများဝင်​​ရောက်​လာကာ အိမ်​ရှင်​မိသားစုကို အပြင်​မထွက်​နိုင်​ရန်​ ခြံတံခါး​သော့ခတ်​ခံထားရ​ကြောင်​း အိမ်​ရှင်​၏သမီးမှ ရဲစခန်​းသို့ မွန်​းလွဲ ၂:၄၅နာရီ အချိန်​က ဖုန်​းဆက်​တိုင်​ကြား​သည်​။
ဖြစ်​စဉ်​မှာ အိမ်​ခြံ​မြေကုမ္ပဏီတစ်​ခုမှ ရှယ်​ယာရှင်​များက အဆိုပါကုမ္ပဏီ၏ ဒါရိုက်​တာ​နေထိုင်​သည်​ဟုဆို​သော ​နေအိမ်​အတွင်​းဝင်​​ရောက်​ကာ ​ရှယ်​ယာများပြန်​ထုတ်​​ပေးရန်​ တွေ့ဆုံခွင်​့ ​တောင်​းခံရာ မ​တွေ့ရသည်​့အတွက်​ အိမ်​ထဲဝင်​​ရောက်​ရှာ​ဖွေကြပြီး အိပ်​ခန်​းများအတွင်​းရှိ ရွှေ​၊ ​ငွေ၊ လက်​ဝတ်​ရတနာများကို ယူ​ဆောင်​သွားရန်​ လုပ်​​ဆောင်​ခြင်​းဖြစ်​​ကြောင်​းသိရသည်​။
တိုင်​းကြားချက်​အရ ချမ်​းမြသာစည်​မြို့နယ်​ ရဲတပ်​ဖွဲ့မှူး ရဲမှူးစံသူ၊ အမှတ်​ (၁၁) နယ်​​မြေရဲစခန်​း စခန်​းမှူး ရဲအုပ်​ဝင်​းဗိုလ်​နှင်​့ တပ်​ဖွဲ့ဝင်​များ၊ မြို့သစ်​(၁)ရပ်​ကွက်​ အုပ်​ချုပ်​​ရေးမှူးနှင်​့ အဖွဲ့တို့ သွား​ရောက်​​စစ်​​ဆေးကာ ဥပ​ဒေမဲ့လုပ်​ရပ်​များ မလုပ်​ရန်​၊ ငွေ​ရေး​ကြေး​ရေး ရစရာရှိသည်​များကို ဥပ​ဒေအတိုင်​း ​ဖြေရှင်​းကြရန်​​ ညှိနှိုင်​း​ပေးကြောင်​း သတင်​းရရှိသည်​။



Credit:Chit Ko Ko

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...