ကလေးလိုချင်လို့ တွေ့တဲ့အမျိုးသားနဲ့ လိင်ဆက်ဆံခဲ့တဲ့ အမျိုးသမီး
( Paing A K )
 knowledge.thithtoolwin.com
ဗြိတိန်နိုင်ငံမှ အမျိုးသမီး​ တစ်ဦးကတော့ သူမဟာ ကလေး​ လိုချင်​လွန်းလို့ အမျိုးသား ၂၀ နှင့်အတူ အိပ်ခဲ့​ဖူးတယ်လို့ ထုတ်ဖော်ဝန်ခံလိုက်ပါတယ်။အသက် ၂၅ နှစ် ရှိပြီ​ ဖြစ်တဲ့ လာရာ​ကာတာဟာဆိုရင်တော့ ပြီးခဲ့တဲ့ နှစ်တွေက သူမဟာ ကျန်းမာရေး​အရ ကလေး​ ရနိုင်ဖို့ အရမး်ခက်ခဲမယ်လို့ သိရပြီးတဲ့နောက်မှာတော့ ​အဲ့ဒီအဖြေကို လက်မခံချင်ခဲ့ပါဘူး။ ဒါ့ကြောင့်လည်း တစ်ခါမှ မတွေ့ဖူးတဲ့ လူစိမ်းတွေနဲ့လည်း အတူနေပြီး လိင်ဆက်ဆံခဲ့ဖူးတယ်လို့ သူမကပြောပါတယ်။တစ်ကြိမ်တုန်းကတော့ သူမဟာ အရက်မူးချင်ယောင်ဆောင်ပြီး အမျိုးသားတစ်ယောက်ဆီကို အတင်း​ သွားရောက်ခဲ့ပြီး လိုက်သွား​ခဲ့တယ်လို့ လာရာက ပြောပါတယ်။ ရုံးမန်နေဂျာတစ်ယောက်ဖြစ်တဲ့ လာရာကတော့ သူမဟာ ကလေး​ရနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒီလိုတွေ ပြုလုပ်​ ပေမယ့်လည်း ကွန်ဒုံး​သုံးချင်တဲ့ အမျိုးသား​တစ်ယောက်နဲ့ ကြုံခဲ့သေးလို့ စိတ်ပျက်ခဲ့ရတယ်လို့ ပြောပါတယ်။အဲ့နောက်မှာတော့ လာရာဟာ အိတ်ထဲက ကွန်ဒုံး​တစ်ခုထုတ်ပေးခဲ့ပေမယ့်လည်း အဲ့ဒီအမျိုးသားမသိအောင် အပေါက်ဖောက်​ လိုက်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။သူမဟာဆိုရင်တော့ အတည်တကျချစ်သူမထားဘဲနဲ့ လူစိမ်းတွေကိုပဲ ချဉ်းကပ်ပြီး ကလေး​ ရအောင် ကြိုးစား​ခဲ့တယ်လို့ ​ပြောပါတယ်။သူမအနေနဲ့ သုက်ပိုး​ အလှူရှင် အကူအညီဖြင့် ကိုယ်ဝန်​ ရအောင် ဆောင်ရွက်ဖို့ စဉ်းစား​ခဲ့ပေမယ့်လည်း ပေါင်စတာလင် ၂၀ဝ၀ မျှ ကုန်ကျမည့် အခြေအနေ​ အတွက် ငွေကြေး​ မတတ်နိုင်ခဲ့ဟု ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း သူမ​ အနေနှင့် ယခုထိ ကိုယ်ဝန်​ မရသေးသဖြင့် စိတ်ပျက်လျက်ရှိနေတာဖြစ်ပါတယ်။လာရာက သူမသည် ကားထဲနှင့် နိုက်ကလပ်ရှိ အိမ်သာ​ ခန်းထဲတွင်ပင် အမည်မသိ လူစိမ်းများနှင့် လိင်​ ဆက်ဆံခဲ့ဖူးကြောင်း ပြောကြားသွားပြီး သူမက လူတိုင်းကို ကွန်ဒုံးမသုံးရန် တိုက်တွန်း​ ခဲ့သော်လည်း အချို့က သဘောမတူ​ ခဲ့ကြောင်း၊ ဒါ့ကြောင့် နောက်ပိုင်းတွင် သူမ​ဟာ အိတ်ထဲမှာ အပေါက်ဖောက်ထားသည့် ကွန်ဒုံးများ အမြဲဆောင်​ ထားလိုက်ကြောင်း လာရာက ပြောပြသွားခဲ့ပါတယ်။( Paing A K )
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...