မန္တလေးမှာ ဆိုင်ကယ်သူခိုးများဖမ်းမိ၊ ပျောက်ဆုံးဆိုင်ကယ်ပိုင်ရှင်များ လာရောက် စုံစမ်းနိုင်


မန္တလေးတိုင်းဒေသကြီး တိုင်းမှုခင်း အကူဌာနစုမှ တာဝန်ခံ ဒုရဲမှူးမိုးသူ၏ ကြီးကြပ်မှုဖြင့် 21.4.2017 ဧပြီလ ၂၁ရက်ေ န့တွင် ရဲအုပ် သန်းဝင်း၊ ရဲအုပ် ဖုန်းသင်းနောင် ဦးစီးသည့် တိုင်းမှု/ကူ တပ်ဖွဲ့ဝင်များသည်၊ ခိုးမှု မင်္သကာသတင်းရရှိ ထား သူ အောင်မျိုးဝင်း(ခ)မျိုးဝင်း အား ချမ်းမြသာစည်မြို့နယ် မနော်ဟေရီလမ်းနှင့် ၇၃ လမ်းထောင့်တွင် တွေ့ရှိရသဖြင့် ဖမ်း စီးစစ်ရေးရာမှ ဆိုင်ကယ်ခိုးမှုများ ပေါ်ပေါက်ခဲ့တယ်လို့ သိရှိရပါတယ်။
၎င်းနောက် ရဲအုပ်သန်းဝင်း၊ ရဲအုပ်ဖုန်းသင်းနောင်နဲ့ တပ်ဖွဲ့ဝင်များသည် ခိုးရာပါ ဆိုင်ကယ်များ လိုက်လံ သိမ်းစီးရာေ လာလောဆယ် ခိုးရာပါ ဆိုင်ကယ်(၁၀)စီး သိမ်းစီး ရမိထားပြီး ဆက်လက် သိမ်းစီးရန်လည်း ကျန်ရှိနေသေးကြောင်း သိရပါတယ်။
ဆိုင်ကယ် ပျောက်ဆုံးထားသည့် ပိုင်ရှင်များ ပိုင်ဆိုင်မှု အထောက်အထားများ ယူဆောင်လာပြီး မန္တလေးတိုင်း ရဲတပ် ဖွဲ့ မှူးရုံး၊ တိုင်းမှုခင်းအကူဌာနစု ၆၆လမ်း လမ်း၃၀×၃၁လမ်းကြား ချမ်းအေးသာစံမြို့နယ် သို့ လာရောက်စုံစမ်းနိုင်ကြောင်း သိရှိရပါတယ်။
သတင်း – ဓါတ်ပုံ ။ ။ မောင်လေး ငယ်ငယ်
Mgmglay Ngenge




Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...