ကမာၻစစ္တုရင္ ခ်န္ပီယံဆု ျမန္မာအတြက္ပထမဆုံးရယူေပးသူ၏ အိမ္ျပန္ခရီးအတြက္ ေဝဖန္မႈမ်ား ျမင့္တက္


အီတလီႏိုင္ငံတြင္ က်င္းပျပဳလုပ္ခဲ့ေသာ ၂၀၁၇ ခုႏွစ္ ကမာၻ႔အေပ်ာ္တမ္း စစ္တုရင္ၿပိဳင္ပြဲတြင္ ျမန္မာႏိုင္ငံအပါအဝင္ ႏိုင္ငံေပါင္း ၂၇ ႏိုင္ငံမွ စစ္တုရင္ကစားသမားမ်ား ပါဝင္ယွဥ္ၿပိဳင္ခဲ့ၾကရာ ျမန္မာႏိုင္ငံ ကိုယ္စားျပဳ ကိုဝင္းထြန္းမွ ၿပိဳင္ဘက္ ၆၃ ဦးကို ယွဥ္ၿပိဳင္အႏိုင္ရခဲ့ၿပီး စစ္တုရင္ခ်န္ပီယံဆုကို ျမန္မာႏိုင္ငံအတြက္ ပထမဦးဆုံးအႀကိမ္ ဆြတ္ခူးႏိုင္ခဲ့ျခင္းျဖစ္သည္။

ကိုဝင္းထြန္းသည္ ဧရာဝတီတိုင္းေဒသႀကီး ဟသၤတၿမိဳ႕သားတစ္ဦးျဖစ္ၿပီး ဧရာဝတီတိုင္း လက္ေ႐ြးစင္ အျဖစ္မွ ရန္ကုန္တိုင္းလက္ေ႐ြးစင္အျဖစ္ ကစားခဲ့ၿပီး ကမာၻ႔အေပ်ာ္တမ္း စစ္တုရင္ခ်န္ပီယံတစ္ဦး ျဖစ္လာခဲ့သည္။

သို႔ေသာ္ ျမန္မာ့ႏိုင္ငံအတြက္ ဂုဏ္ေဆာင္ ကမာၻခ်န္ပီယံဆုကို ဆြတ္ခူးခဲ့ေသာ ကိုဝင္းထြန္း၏ အိမ္အျပန္ခရီးမွာ ေျခာက္ကပ္ကပ္ ႏိုင္လွသည္။ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ သူ၏မိသားစုႏွင့္ မိတ္ရင္းေဆြရင္းမ်ားမွ လြဲ၍ ႀကိဳဆိုအားေပးမည့္ အဖြဲ႕အစည္းမရွိ၊ ပရိႆတ္မရွိခဲ့တာကို စိတ္မေကာင္းစြာ ေတြ႕ျမင္ခဲ့ရသည္။

အဆိုပါျမင္ကြင္းဓါတ္ပုံမ်ား အြန္လိုင္းေပၚေရာက္ရွိခဲ့ၿပီးေနာက္ ေဝဖန္မႈမ်ား ျမင့္တက္ခဲ့သည္။

“မီဒီယာနဲ႔ အဖြဲ႕ရဲ႕ သတင္းထုတ္ျပန္မူ အားနည္းတာေၾကာင့္ အျခားသူေတြလို တခမ္းတနားအႀကိဳဆို မခံရပဲ မိသားစုပဲ လာႀကိဳတာကေတာ့ ဝမ္းနည္းစရာပါ ျပန္လာမွာကိုသိၾကရင္ အားလုံးဝိုင္းႀကိဳၾကလိမ့္မယ္လို႔ထင္ပါတယ္”

“က်န္မားေရးနဲ႔အားကာဝန္ႀကီးတို႔ရဲ႕စစ္တုရင္ၿပိဳင္ပြဲဝင္ကစားသမားကိုေလးစားသမႈရွိပုံကႏိုင္ငံဂုဏ္ေဆာင္ကစားသမားရဲ႕ႀကီဳဆီုသူမဲ့အထီးက်န္စြာအိမ္ျပန္ခရီး
==========================
ဘီကီနီဝတ္ၿပိဳင္တဲ့ အလွမယ္ကိုေတာ့ ေလဆိပ္မွာ ႀကိဳၾကတာ ပ်ားပန္းခတ္၊ ကမာၻ႔ခ်န္ပီယံ ျဖစ္လာတဲ့ ႏိုင္ငံ့ဂုဏ္ေဆာင္ စစ္တုရင္သမားကိုေတာ့ သူ႔မိန္းမ၊ ကေလးနဲ႔ မိတ္ေဆြရင္း လက္တစ္ဆုပ္စာကလြဲၿပီး ႀကိဳသူမရွိ။
ေအာ္က်န္မားေရးနဲ႔အား/ကာဝန္ႀကီးတို႔ရဲ႕အားေပးပုံကသမိုင္တြင္ပါေပ့တယ္ေနာ္

မဟာေခတ္သစ္မီဒီယာ”

Unicode
အီတလီနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော ၂၀၁၇ ခုနှစ် ကမ္ဘာ့အပျော်တမ်း စစ်တုရင်ပြိုင်ပွဲတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၇ နိုင်ငံမှ စစ်တုရင်ကစားသမားများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ မြန်မာနိုင်ငံ ကိုယ်စားပြု ကိုဝင်းထွန်းမှ ပြိုင်ဘက် ၆၃ ဦးကို ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး စစ်တုရင်ချန်ပီယံဆုကို မြန်မာနိုင်ငံအတွက် ပထမဦးဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

ကိုဝင်းထွန်းသည် ဧရာဝတီတိုင်းဒေသကြီး ဟင်္သတမြို့သားတစ်ဦးဖြစ်ပြီး ဧရာဝတီတိုင်း လက်ရွေးစင် အဖြစ်မှ ရန်ကုန်တိုင်းလက်ရွေးစင်အဖြစ် ကစားခဲ့ပြီး ကမ္ဘာ့အပျော်တမ်း စစ်တုရင်ချန်ပီယံတစ်ဦး ဖြစ်လာခဲ့သည်။

သို့သော် မြန်မာ့နိုင်ငံအတွက် ဂုဏ်ဆောင် ကမ္ဘာချန်ပီယံဆုကို ဆွတ်ခူးခဲ့သော ကိုဝင်းထွန်း၏ အိမ်အပြန်ခရီးမှာ ခြောက်ကပ်ကပ် နိုင်လှသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သူ၏မိသားစုနှင့် မိတ်ရင်းဆွေရင်းများမှ လွဲ၍ ကြိုဆိုအားပေးမည့် အဖွဲ့အစည်းမရှိ၊ ပရိဿတ်မရှိခဲ့တာကို စိတ်မကောင်းစွာ တွေ့မြင်ခဲ့ရသည်။

အဆိုပါမြင်ကွင်းဓါတ်ပုံများ အွန်လိုင်းပေါ်ရောက်ရှိခဲ့ပြီးနောက် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။

“မီဒီယာနဲ့ အဖွဲ့ရဲ့ သတင်းထုတ်ပြန်မူ အားနည်းတာကြောင့် အခြားသူတွေလို တခမ်းတနားအကြိုဆို မခံရပဲ မိသားစုပဲ လာကြိုတာကတော့ ဝမ်းနည်းစရာပါ ပြန်လာမှာကိုသိကြရင် အားလုံးဝိုင်းကြိုကြလိမ့်မယ်လို့ထင်ပါတယ်”

“ကျန်မားရေးနဲ့အားကာဝန်ကြီးတို့ရဲ့စစ်တုရင်ပြိုင်ပွဲဝင်ကစားသမားကိုလေးစားသမှုရှိပုံကနိုင်ငံဂုဏ်ဆောင်ကစားသမားရဲ့ကြီုဆီုသူမဲ့အထီးကျန်စွာအိမ်ပြန်ခရီး
==========================
ဘီကီနီဝတ်ပြိုင်တဲ့ အလှမယ်ကိုတော့ လေဆိပ်မှာ ကြိုကြတာ ပျားပန်းခတ်၊ ကမ္ဘာ့ချန်ပီယံ ဖြစ်လာတဲ့ နိုင်ငံ့ဂုဏ်ဆောင် စစ်တုရင်သမားကိုတော့ သူ့မိန်းမ၊ ကလေးနဲ့ မိတ်ဆွေရင်း လက်တစ်ဆုပ်စာကလွဲပြီး ကြိုသူမရှိ။
အော်ကျန်မားရေးနဲ့အား/ကာဝန်ကြီးတို့ရဲ့အားပေးပုံကသမိုင်တွင်ပါပေ့တယ်နော်

မဟာခေတ်သစ်မီဒီယာ”

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...