အေမရိကန္ စစ္သေဘၤာအုပ္စု ကိုရီးယားကၽြန္းဆြယ္ဆီ ဦးမတည္


အေမရိကန္ စစ္သေဘၤာအုပ္စု ကိုရီးယားကၽြန္းဆြယ္ဆီ ဦးမတည္
အေမရိကန္ ေလယာဥ္တင္ သေဘၤာႀကီး အပါအဝင္ စစ္သေဘၤာ အုပ္စုဟာ ေျမာက္ကိုရီးယား ရွိရာဆီ ခုတ္ေမာင္း ေနတာ မဟုတ္႐ုံမက၊ ဆန္႔က်င္ဘက္ အရပ္ကို ဦးတည္ သြားေနတာ ျဖစ္တယ္ ဆိုတဲ့အခ်က္ ေပၚထြက္ လာပါတယ္။

ကားလ္ဗင္ဆင္ ေလယာဥ္တင္ သေဘၤာႀကီး ဦးေဆာင္တဲ့ တိုက္ခိုက္ေရး စစ္သေဘၤာ အုပ္စုဟာ ေျမာက္ကိုရီးယားရဲ႕ ႏ်ဴကလီယာ ေမၽွာ္မွန္းခ်က္နဲ႔ ပတ္သက္ၿပီး တင္းမာမႈေတြ ျမင့္တက္ေနတဲ့ ကိုရီးယားကၽြန္းဆြယ္ဆီ သြားေနၾကတယ္ ဆိုၿပီး အေမရိကန္ ေရတပ္က ဧၿပီ ၈ ရက္ ေန႔ တုန္းက ေျပာဆို ခဲ့ပါတယ္။
သမၼတ ထရမ့္ကလည္း သူ စစ္သေဘၤာ အုပ္စု ေစလႊတ္ ထားတယ္ ဆိုၿပီး ၿပီးခဲ့တဲ့ သီတင္းပတ္ တုန္းက ေျပာဆို ထားပါတယ္။
ဒါေပမယ့္ အခုအခါမွာေတာ့ အဲဒီ စစ္သေဘၤာေတြ ဟာ အင္ဒိုနီးရွားရဲ႕ ဂ်ဗားနဲ႔ ဆူမၾတား ကၽြန္းစုေတြၾကားက ဆြန္းဒါး ေရလက္ၾကားကို ျဖတ္ၿပီး အိႏၵိယ သမုဒၵရာထဲကို ဝင္ေရာက္ သြားတာကို ေတြ႕လာ ရပါတယ္။
အဲဒီ စစ္သေဘၤာ အုပ္စုဟာ ဧၿပီ ၈ ရက္ေန႔က စကၤာပူ ကေန ထြက္ခြာ ခဲ့တာ ျဖစ္ၿပီး၊ ဩစေၾတးလ်တိုက္ အေနာက္ေျမာက္ ကမ္းလြန္ျပင္မွာ ႀကိဳတင္ စီစဥ္ထားတဲ့ အတိုင္း ဩစေၾတးလ် ႏိုင္ငံနဲ႔ ပူးတြဲ စစ္ေရး ေလ့က်င့္မႈ ျပဳလုပ္ ခဲ့ေပမယ့္ ပါ့သ္ၿမိဳ႕ ဆပ္ကမ္းကို သြားမယ့္ အစီအစီအစဥ္ကို ဖ်က္လိုက္တယ္ ဆိုၿပီး ပစိဖိတ္ ေဒသ ဆိုင္ရာ အေမရိကန္ ေရတပ္ ဌာနခ်ဳပ္က ထုတ္ျပန္ ထားပါတယ္။
ေၾကညာ ထားတဲ့ အတိုင္း ကိုရီးယား ကၽြန္းဆြယ္ဆီကို မသြားတာဟာ ေျမာက္ကိုရီးယား အေပၚ ၿခိမ္းေျခာက္႐ုံ သက္သက္ ျပဳလုပ္ခဲ့ၿပီး တမင္ ရည္႐ြယ္ခ်က္နဲ႔ စစ္သေဘၤာ အုပ္စုကို ေျခရာေဖ်ာက္တာလား၊ အစီအစဥ္ပဲ ေျပာင္းလိုက္တာလား၊ ဒါမွမဟုတ္ သေဘၤာအုပ္စုနဲ႔ ဌာနခ်ဳပ္ အၾကား နားလည္မႈ လြဲမွား ေနတာလား ဆိုတာ ရွင္းရွင္းလင္းလင္း မသိရ ေသးဘူးလို႔ ကိုရီးယား ဆိုင္ရာ ဘီဘီစီ သတင္းေထာက္ စတီဗင္ အီဗန္စ္က ဆိုပါတယ္။ #ဘီဘီစီျမန္မာပိုင္း
Unicode
အမေရိကန် လေယာဉ်တင် သင်္ဘောကြီး အပါအဝင် စစ်သင်္ဘော အုပ်စုဟာ မြောက်ကိုရီးယား ရှိရာဆီ ခုတ်မောင်း နေတာ မဟုတ်ရုံမက၊ ဆန့်ကျင်ဘက် အရပ်ကို ဦးတည် သွားနေတာ ဖြစ်တယ် ဆိုတဲ့အချက် ပေါ်ထွက် လာပါတယ်။
ကားလ်ဗင်ဆင် လေယာဉ်တင် သင်္ဘောကြီး ဦးဆောင်တဲ့ တိုက်ခိုက်ရေး စစ်သင်္ဘော အုပ်စုဟာ မြောက်ကိုရီးယားရဲ့ နျူကလီယာ မျှော်မှန်းချက်နဲ့ ပတ်သက်ပြီး တင်းမာမှုတွေ မြင့်တက်နေတဲ့ ကိုရီးယားကျွန်းဆွယ်ဆီ သွားနေကြတယ် ဆိုပြီး အမေရိကန် ရေတပ်က ဧပြီ ၈ ရက် နေ့ တုန်းက ပြောဆို ခဲ့ပါတယ်။
သမ္မတ ထရမ့်ကလည်း သူ စစ်သင်္ဘော အုပ်စု စေလွှတ် ထားတယ် ဆိုပြီး ပြီးခဲ့တဲ့ သီတင်းပတ် တုန်းက ပြောဆို ထားပါတယ်။
ဒါပေမယ့် အခုအခါမှာတော့ အဲဒီ စစ်သင်္ဘောတွေ ဟာ အင်ဒိုနီးရှားရဲ့ ဂျဗားနဲ့ ဆူမတြား ကျွန်းစုတွေကြားက ဆွန်းဒါး ရေလက်ကြားကို ဖြတ်ပြီး အိန္ဒိယ သမုဒ္ဒရာထဲကို ဝင်ရောက် သွားတာကို တွေ့လာ ရပါတယ်။
အဲဒီ စစ်သင်္ဘော အုပ်စုဟာ ဧပြီ ၈ ရက်နေ့က စင်္ကာပူ ကနေ ထွက်ခွာ ခဲ့တာ ဖြစ်ပြီး၊ ဩစတြေးလျတိုက် အနောက်မြောက် ကမ်းလွန်ပြင်မှာ ကြိုတင် စီစဉ်ထားတဲ့ အတိုင်း ဩစတြေးလျ နိုင်ငံနဲ့ ပူးတွဲ စစ်ရေး လေ့ကျင့်မှု ပြုလုပ် ခဲ့ပေမယ့် ပါ့သ်မြို့ ဆပ်ကမ်းကို သွားမယ့် အစီအစီအစဉ်ကို ဖျက်လိုက်တယ် ဆိုပြီး ပစိဖိတ် ဒေသ ဆိုင်ရာ အမေရိကန် ရေတပ် ဌာနချုပ်က ထုတ်ပြန် ထားပါတယ်။
ကြေညာ ထားတဲ့ အတိုင်း ကိုရီးယား ကျွန်းဆွယ်ဆီကို မသွားတာဟာ မြောက်ကိုရီးယား အပေါ် ခြိမ်းခြောက်ရုံ သက်သက် ပြုလုပ်ခဲ့ပြီး တမင် ရည်ရွယ်ချက်နဲ့ စစ်သင်္ဘော အုပ်စုကို ခြေရာဖျောက်တာလား၊ အစီအစဉ်ပဲ ပြောင်းလိုက်တာလား၊ ဒါမှမဟုတ် သင်္ဘောအုပ်စုနဲ့ ဌာနချုပ် အကြား နားလည်မှု လွဲမှား နေတာလား ဆိုတာ ရှင်းရှင်းလင်းလင်း မသိရ သေးဘူးလို့ ကိုရီးယား ဆိုင်ရာ ဘီဘီစီ သတင်းထောက် စတီဗင် အီဗန်စ်က ဆိုပါတယ်။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...