ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချလိုက်ပြီ

5.12.2016
ပြည်မြို့ မြန်မာ့မီးရထားဝန်းတွင်းက ခလေးများအား လူကုန်ကူးရောင်းချမှုတွင် ပါဝင်သောတရားခံများကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းချလိုက်ပြီ
သတင်းအပြည့်စုံမှာ ပြည်မြို့ဆံတော်ရပ်နေဒေါ်မိုးမိုးမှ
22.5.2015 ရက်နေ့ ၁၀ နာရီအချိန်ခန့်က မြို့သစ်၎င်း၏ သမီး မသဇင်ထွန်းနှင့်မဇင်မာ အသက်(၁၅)နှစ် တို့ပျောက်ဆုံးနေပါသဖြင့် ပြည်မြို့မရဲစခန်းသို့တိုင်ကြားခဲ့ပါသည်။
 လကုန်ကူးခံရတဲ့နေရာမှ ထွက်ပြေးလွတ်မြောက်လာသောမဇင်မာ၏ ပြောချက်အရ ၎င်းနှင့်သဇင်ထွန်းတို့နှစ်ဦးလျောက်သွားစဉ်ဦးမြင့်ကြိုင်၊ ကိုခိုင်ဘွားတို့နှင့်တွေ့ခဲ့ပြီး
၎င်းတို့မှ ချောက်မြို့ရှိစားသောက်ဆိုင်များတွင်စားပွဲထိုးလုပ်လျင်ဝင်ငွေများကြီရရှိနိုင်ကြောင်းစည်းရုံးသိမ်းသွင်းပြောဆိုပါသဖြင့် ၎င်း တို့နှစ်ဦးသည် ဦးမြင့်ကြိုင်၏နေအိမ်သို့လိုက်သွားခဲ့ပါကြောင်းထွက်ဆိုခဲ့ပါသည်။ထိုညမှာပင် လိုင်းကားဖြင့် ပြည်မြို့မှ အဆင့်ဆင့် ပို့ဆောင်ကာ
ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သူသို့ရောင်းစားခဲ့ပါသည်။
 ရုံးတင်စစ်ဆေးချက်အရအမှု့မှန်ပေါ်ပေါက်လာသည်ကိုဝန်ခံခဲ့ပါသဖြင့် အထက်ပါအမှုတွင် အဆင့်ဆင့်ရောင်းချဝယ်ယူရာတွင်ပါဝင်ခဲ့သူများအား လူကုန်ကူးမှု့တားဆီးရေးဥပဒေပုဒ်မ ၂၄/၃၁အရ
ပြည်မြို့ရွာဘဲရပ်ကွက်စည်တော်မင်္ဂလာနေဦးစံရွှေ၏သား ဦးမြင့်ကြိုင်အား ပုဒ်မ ၂၄/၃၁ အရထောင်ဒါဏ်တစ်သက်တစ်ကျွန်းပြစ်ဒဏ်သတ်မှတ်ခဲ့ပြီး
ခိုင်ဘွား(ခ)ခိုင်ဘွားအောင်၊ မမြတ်နိုး၊သိန်းစိုး(ခ)ဗြားကြီး 
အောင်မောင်းစိန်၊ မကြူကြူဝင်း တို့အား ထောင်ဒါဏ်(၁၂)နှစ်စီ အသီးသီး ကျခံစေရန် ပြည်ခရိုင်တရားရုံးတော်ဒုတိယခရိုင်
တရားသူကြီး (၂) မှ ၅.၁၂.၂၀၁၆ ရက်နေ့တွင် အမိန့်ချမှတ်ကြောင်း
မြန်မာနိုင်ငံမှု့ခင်းသတင်းထောက်များအသင်း
ပြည်မြို့နယ်
ဥက္ကဌ အထူးသတင်းထောက်
Credit ***
#Edlza@ကျော်မင်း




Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...