မန္တလေးမြို့ လမ်းလျှောက်သင်္ကြန်မုခ်ဦးအား ယာဉ်တစ်စီးမှ ဝင်တိုက်မှုဖြစ်ပွား


မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ၇၈ လမ်းနှင့် ၂၆ လမ်းထောင့်ရှိ ကျုံးတောင်ဘက် လမ်းလျှေက်သင်္ကြန် ကျင်းပခဲ့သည့် မုခ်ဦးအား ယာဉ်တစ်စီးမှ ဝင်တိုက်မှု ဧပြီ ၁၉ ရက် မွန်းလွဲ ၁ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"ခွေးဘီလူးကားက ဝင်တိုက်ပြီး မုခ်ဦးက ဒီ express ကားပေါ် ကျတယ်လို့လည်း ပြောကြတယ်။ ဘာမှတော့ မသိရသေးဘူး။ စီစီတီဗွီ ပြန်ကြည့်မှ အဖြေပေါ်မှာပဲ။ တခြားကားတစ်စီးက တိုက်မိပြီး သူတို့ကားပေါ် ပြိုကျတယ်လို့လည်း ပြောတယ်။ ကျွန်တော်တို့လည်း ဝုန်းဆိုတဲ့ အသံကြားမှ တွေ့ရတာ" ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်ကိုကိုထွေးက ပြောကြားသည်။
■ ယဉ်မျိုးသွယ်





Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...