လိပ္ကၽြန္းလူသတ္မႈ အယူခံတင္ရက္ ထပ္မံတိုးျမႇင့္


ထိုင္းေတာင္ပိုင္း စူရတ္ဌာနီခ႐ိုင္ ခိုေတာင္ကၽြန္း ေခၚ လိပ္ကၽြန္းမွာ လြန္ခဲ့တဲ့ ၂၀၁၄ ခုႏွစ္က  ၿဗိတိန္ႏိုင္ငံသား ၂ ဦး အသတ္ခံရတာနဲ႔ ပတ္သက္ၿပီး  ေသဒဏ္အျပစ္ေပးခံထားရတဲ့ ျမန္မာလူငယ္ ၂ ဦး လြတ္ေျမာက္ေရး ျမန္မာအစိုးရကိုယ္စားလွယ္နဲ႔ ထိုင္းလူ႔အခြင့္အေရးဆိုင္ရာ ေရွ႕ေနေတြ ႀကိဳးပမ္းေနရာမွာ အျမင့္ဆံုးဋီကာတရား႐ံုး အယူူခံတင္မယ့္ရက္ ထပ္မံေရႊ႕ဆိုင္းလိုက္ပါတယ္။
ပံုမွန္အားျဖင့္ အျမင့္ဆံုးဋီကာတရား႐ံုးကို ၁ လအတြင္း အယူခံတင္ဖို႔ ျဖစ္ေပမယ့္လည္း တရားခံဘက္က အဆင္မသင့္ေသးလို႔  ရက္ထပ္မံေရႊ႕ဆိုင္းခြင့္ေတာင္းတာကို ေက့ာဆမြီတရား႐ံုးက မေန႔ (ဧၿပီ ၁၈ ရက္) က ခြင့္ျပဳခဲ့တယ္လို႔ လူငယ္ ၂ ဦးလြတ္ေျမာက္ေရး လိုက္ပါေဆာင္ရြက္ေပးေနတဲ့ ေရွ႕ေန ဦးေအာင္မ်ိဳးသန္႔က ဒီဗြီဘီကို ေျပာပါတယ္။
“က်ေနာ္တို႔ မေန႔က အယူခံရက္ ထပ္ၿပီးေတာ့ တိုးေတာင္းတာ၊ တရား႐ံုးကေန ခြင့္ျပဳခဲ့တယ္၊ ဒီတႀကိမ္နဲ႔ဆို ရက္ေရႊ႕တာ ၂ ခါ ရွိသြားၿပီ။  အဲဒါနဲ႔ပတ္သက္လို႔ ေမလ ၂၃ ရက္ေန႔ထိ ထပ္ၿပီးေတာ့ တိုးရတဲ့သေဘာ ျဖစ္ပါတယ္။ အဲဒီမတိုင္ခင္ တင္ရမွာပါ။  ဘာျဖစ္လို႔ ရက္ထပ္တိုးရသလဲဆိုေတာ့ က်ေနာ္တို႔ ျမန္မာႏိုင္ငံဘက္က အစိုးရကေနၿပီးေတာ့ ဒီကေန ကူညီေပးေနတဲ့ ဥပေဒအႀကံျပဳအဖြဲ႔ကလည္း ဒါနဲ႔ပတ္သက္လို႔ အႀကံေပးေတြ ေရးေနပါတယ္။ ေရးတဲ့ အႀကံေပးခ်က္ေတြဟာ အခုက အေခ်ာသတ္ခါနီး ျဖစ္ေနပါၿပီ။ အဲဒီဟာ ေရာက္လာရင္ က်ေနာ္က သံ႐ံုးကေနတဆင့္ ထိုင္းေရွ႕ေနမ်ားေကာင္စီကို ပို႔ၿပီးေတာ့ အႀကံေပးခ်က္ ရတဲ့အခါမွာ အယူခံ ေလၽွာက္လဲခ်က္ေတြ တင္မွာပါ။  အဲခါက်မွ ေလၽွာက္လဲခ်က္ေတြ တင္ႏိုင္မွာမို႔လို႔ အဲဒီလို အခ်ိန္ယူေနရတာပါ”
ျမန္မာလူငယ္ ၂ ဦးျဖစ္တဲ့ ေဇာ္လင္းနဲ႔ ဝင္းေဇာ္ထြန္းတို႔ကို ေကာ္ဆမြီခ႐ိုင္ ေအာက္ေျခတရား႐ံုးက ေသဒဏ္ခ်မွတ္ခဲ့တဲ့အေပၚ  ဒုတိယဆင့္ အထက္တရား႐ံုးကို အယူခံတင္ခဲ့ရာမွာ အဆိုပါတရား႐ံုးကပါ ၿပီးခဲ့တဲ့ မတ္လ ၁ ရက္ေန႔က ေသဒဏ္အျဖစ္ ထပ္မံ အတည္ျပဳလိုက္တာေၾကာင့္ အျမင့္ဆံုးဋီကာ တရား႐ံုးတင္ဖို႔ ဆက္လက္ႀကိဳးစားေနတာပါ။
လိပ္ကၽြန္းက ၿဗိတိန္ႏိုင္ငံသား ၂ ဦး အသတ္ခံရတဲ့အမႈမွာ တရားလိုက ထိုင္းရဲတပ္ဖြဲ႔ျဖစ္ၿပီး  ျမန္မာလူငယ္ ၂ ဦးကို သက္ေသခိုင္လံုမႈမရွိဘဲ  ေသဒဏ္ခ်မွတ္လိုက္တာေၾကာင့္  ေဝဖန္မႈေတြ ျမင့္တက္ေနသလို ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢဳိလ္ကုိယ္တုိင္ကပါ စိတ္ဝင္တစား အေလးထားလ်က္ ရွိပါတယ္။
ဒါေၾကာင့္ လူငယ္ ၂ ဦး လြတ္ေျမာက္ေရး ထုိင္းႏုိင္ငံ ဥပေဒန႔ဲအညီ သက္သာမႈရရွိေအာင္ ေဆာင္ရြက္သြားမယ္လုိ႔ အလုပ္သမား လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြက မတ္လ ၁၃ ရက္က  ေနျပည္ေတာ္မွာ က်င္းပတဲ့  “ကေလး လုပ္သားမ်ား ပေပ်ာက္ေရး အမ်ဳိးသားအဆင့္ လုပ္ငန္းစီမံခ်က္ ေရးဆြဲႏုိင္ေရး ညႇိႏႈိင္းေဆြးေႏြးပြဲ” အၿပီးမွာ  သတင္းမီဒီယာေတြကို ေျပာၾကားခဲ့ပါတယ္။
ျမန္မာလူငယ္ ၂ ဦးျဖစ္တဲ့ ေဇာ္လင္းနဲဲ႔ ဝင္းေဇာ္ထြန္းတို႔ ၂ ဦးဟာ လြန္ခဲ့တဲ့ ၂၀၁၄ ခုႏွစ္ ေအာက္တိုဘာလဆန္းကတည္းက အဖမ္းခံရၿပီး ၂၀၁၅ ဒီဇင္ဘာ ၂၄ မွာ ေသဒဏ္စီ ရင္ခ်က္ခ်ျခင္းခံခဲ့ရကာ ေလာေလာဆယ္ ႏြန္ထပူရီခ႐ိုင္ ဘန္ခြမ္အက်ဥ္းေထာင္ထဲ ေရာက္ေနပါတယ္။
http://burmese.dvb.no/archives/201995
Unicode
ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ခိုတောင်ကျွန်း ခေါ် လိပ်ကျွန်းမှာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က  ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး  သေဒဏ်အပြစ်ပေးခံထားရတဲ့ မြန်မာလူငယ် ၂ ဦး လွတ်မြောက်ရေး မြန်မာအစိုးရကိုယ်စားလှယ်နဲ့ ထိုင်းလူ့အခွင့်အရေးဆိုင်ရာ ရှေ့နေတွေ ကြိုးပမ်းနေရာမှာ အမြင့်ဆုံးဋီကာတရားရုံး အယူခံတင်မယ့်ရက် ထပ်မံရွှေ့ဆိုင်းလိုက်ပါတယ်။
ပုံမှန်အားဖြင့် အမြင့်ဆုံးဋီကာတရားရုံးကို ၁ လအတွင်း အယူခံတင်ဖို့ ဖြစ်ပေမယ့်လည်း တရားခံဘက်က အဆင်မသင့်သေးလို့  ရက်ထပ်မံရွှေ့ဆိုင်းခွင့်တောင်းတာကို ကော့ဆမွီတရားရုံးက မနေ့ (ဧပြီ ၁၈ ရက်) က ခွင့်ပြုခဲ့တယ်လို့ လူငယ် ၂ ဦးလွတ်မြောက်ရေး လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ မနေ့က အယူခံရက် ထပ်ပြီးတော့ တိုးတောင်းတာ၊ တရားရုံးကနေ ခွင့်ပြုခဲ့တယ်၊ ဒီတကြိမ်နဲ့ဆို ရက်ရွှေ့တာ ၂ ခါ ရှိသွားပြီ။  အဲဒါနဲ့ပတ်သက်လို့ မေလ ၂၃ ရက်နေ့ထိ ထပ်ပြီးတော့ တိုးရတဲ့သဘော ဖြစ်ပါတယ်။ အဲဒီမတိုင်ခင် တင်ရမှာပါ။  ဘာဖြစ်လို့ ရက်ထပ်တိုးရသလဲဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံဘက်က အစိုးရကနေပြီးတော့ ဒီကနေ ကူညီပေးနေတဲ့ ဥပဒေအကြံပြုအဖွဲ့ကလည်း ဒါနဲ့ပတ်သက်လို့ အကြံပေးတွေ ရေးနေပါတယ်။ ရေးတဲ့ အကြံပေးချက်တွေဟာ အခုက အချောသတ်ခါနီး ဖြစ်နေပါပြီ။ အဲဒီဟာ ရောက်လာရင် ကျနော်က သံရုံးကနေတဆင့် ထိုင်းရှေ့နေများကောင်စီကို ပို့ပြီးတော့ အကြံပေးချက် ရတဲ့အခါမှာ အယူခံ လျှောက်လဲချက်တွေ တင်မှာပါ။  အဲခါကျမှ လျှောက်လဲချက်တွေ တင်နိုင်မှာမို့လို့ အဲဒီလို အချိန်ယူနေရတာပါ”
မြန်မာလူငယ် ၂ ဦးဖြစ်တဲ့ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ကို ကော်ဆမွီခရိုင် အောက်ခြေတရားရုံးက သေဒဏ်ချမှတ်ခဲ့တဲ့အပေါ်  ဒုတိယဆင့် အထက်တရားရုံးကို အယူခံတင်ခဲ့ရာမှာ အဆိုပါတရားရုံးကပါ ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့က သေဒဏ်အဖြစ် ထပ်မံ အတည်ပြုလိုက်တာကြောင့် အမြင့်ဆုံးဋီကာ တရားရုံးတင်ဖို့ ဆက်လက်ကြိုးစားနေတာပါ။
လိပ်ကျွန်းက ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့အမှုမှာ တရားလိုက ထိုင်းရဲတပ်ဖွဲ့ဖြစ်ပြီး  မြန်မာလူငယ် ၂ ဦးကို သက်သေခိုင်လုံမှုမရှိဘဲ  သေဒဏ်ချမှတ်လိုက်တာကြောင့်  ဝေဖန်မှုတွေ မြင့်တက်နေသလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်ကပါ စိတ်ဝင်တစား အလေးထားလျက် ရှိပါတယ်။
ဒါကြောင့် လူငယ် ၂ ဦး လွတ်မြောက်ရေး ထိုင်းနိုင်ငံ ဥပဒေနဲ့အညီ သက်သာမှုရရှိအောင် ဆောင်ရွက်သွားမယ်လို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မတ်လ ၁၃ ရက်က  နေပြည်တော်မှာ ကျင်းပတဲ့  “ကလေး လုပ်သားများ ပပျောက်ရေး အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ရေးဆွဲနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ” အပြီးမှာ  သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
မြန်မာလူငယ် ၂ ဦးဖြစ်တဲ့ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ ၂ ဦးဟာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် အောက်တိုဘာလဆန်းကတည်းက အဖမ်းခံရပြီး ၂၀၁၅ ဒီဇင်ဘာ ၂၄ မှာ သေဒဏ်စီ ရင်ချက်ချခြင်းခံခဲ့ရကာ လောလောဆယ် နွန်ထပူရီခရိုင် ဘန်ခွမ်အကျဉ်းထောင်ထဲ ရောက်နေပါတယ်။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...