ေက်ာက္တံုးအျဖစ္ တျဖည္းျဖည္းေျပာင္းလဲေနတဲ့ အသက္ ၁၁ ႏွစ္အရြယ္ ေကာင္ေလး



လမ္းလည္းမေလွ်ာက္ႏုိင္ စကားလည္း မေျပာႏုိင္ေတာ့ပါဘူး။ နာကုမၼာရီဟာ သူမရဲ႕သားေလးကို စခ်ီစမွာ အျခားကေလးေတြလိုပဲ ခ်စ္ဖို႔ေကာင္းေနၿပီး ပံုမွန္ပါပဲ။ ဒါေပမဲ့ အိမ္ျပန္ေရာက္ၿပီး ၁၅ ရက္ၾကာမွာေတာ့ သူမရဲ႕သားရဲ႕ အေရျပားေတြဟာ ကြာက်ၿပီး ထူထဲတဲ့ အနက္ေရာင္အကြက္ေတြက ေနရာယူလာၿပီး ကေလးငယ္မွာ အဲဒီကတည္းက နာက်င္မႈကို ခံစားခဲ့ရပါတယ္။ ရွားပါးလွတဲ့ အေရျပားမူမမွန္တဲ့ ေရာဂါေၾကာင့္ အခုဆုိရင္ ကေလးငယ္ဟာ စကားလည္းမေျပာႏုိင္ လမ္းလည္း မေလွ်ာက္ႏုိင္ေတာ့ပါဘူး။

သူ႔ရဲ႕ ေၾကာက္စရာေကာင္းတဲ့ အေရျပားေၾကာင့္ တျခားကေလးေတြက အနားမကပ္တဲ့အတြက္ သူ႔မွာ သူငယ္ခ်င္းလည္း မရွိရွာဘဲ အထီးက်န္ေနရပါတယ္။ ကုသလို႔လည္း မေပ်ာက္ကင္းႏုိင္တဲ့ ေရာဂါျဖစ္တဲ့အတြက္ နာကုမၼာရီတုိ႔ ဇနီးေမာင္ႏွံဟာ သားငယ္ေလး တျဖည္းျဖည္း ေက်ာက္တံုးအျဖစ္ ေျပာင္းလဲေနတာကို ရင္ကြဲပက္လက္နဲ႔ ၾကည့္႐ွဴေနရပါေတာ့တယ္။ "ငါးႏွစ္ေျမာက္ ေမြးေန႔မွာ သူနာက်င္တယ္၊ လမ္းလည္း မေလွ်ာက္ႏုိင္ဘူးလို႔ ေျပာတယ္။ သူ ဗိုက္ဆာတဲ့အခ်ိန္နဲ႔ သန္႔စင္ခန္း သြားခ်င္တဲ့အခ်ိန္မ်ဳိးသာ သူေျပာႏုိင္ေတာ့တယ္။ အျမဲတမ္း ထုိင္ၿပီး ငိုေနတယ္။
ဒါေပမဲ့ သူ ဘာလုိ႔နာမွန္းလည္းမသိဘူး၊ ဘယ္လိုကူညီရမွန္းလည္းမသိဘူး" လို႔ မိခင္ျဖစ္သူက ေျပာပါတယ္။ ဒါေပမဲ့ ကံေကာင္းစြာပဲ ၿဗိတိသွ်အဆုိေတာ္ ဂ်ဳိ႕စတုန္းရဲ႕ ေငြေၾကးေထာက္ပံ့မႈနဲ႔ ရမ္မက္ရွ္လို႔ အမည္ရတဲ့ သနားစရာ ကေလးငယ္ကို ကက္သ္မန္ဒူေဆးေကာလိပ္မွာ ကုသေပးလ်က္ရွိၿပီး ဆရာဝန္မ်ားက သူ႔ကို ေဝဒနာသက္သာေအာင္ ကူညီေပးႏုိင္မယ္လုိ႔ ေမွ်ာ္လင့္ထားၾကပါတယ္။

Credit : PyiMyanmarNew/
Source & Photos : Daily Mail

Unicode
လမ်းလည်းမလျှောက်နိုင် စကားလည်း မပြောနိုင်တော့ပါဘူး။ နာကုမ္မာရီဟာ သူမရဲ့သားလေးကို စချီစမှာ အခြားကလေးတွေလိုပဲ ချစ်ဖို့ကောင်းနေပြီး ပုံမှန်ပါပဲ။ ဒါပေမဲ့ အိမ်ပြန်ရောက်ပြီး ၁၅ ရက်ကြာမှာတော့ သူမရဲ့သားရဲ့ အရေပြားတွေဟာ ကွာကျပြီး ထူထဲတဲ့ အနက်ရောင်အကွက်တွေက နေရာယူလာပြီး ကလေးငယ်မှာ အဲဒီကတည်းက နာကျင်မှုကို ခံစားခဲ့ရပါတယ်။ ရှားပါးလှတဲ့ အရေပြားမူမမှန်တဲ့ ရောဂါကြောင့် အခုဆိုရင် ကလေးငယ်ဟာ စကားလည်းမပြောနိုင် လမ်းလည်း မလျှောက်နိုင်တော့ပါဘူး။
သူ့ရဲ့ ကြောက်စရာကောင်းတဲ့ အရေပြားကြောင့် တခြားကလေးတွေက အနားမကပ်တဲ့အတွက် သူ့မှာ သူငယ်ချင်းလည်း မရှိရှာဘဲ အထီးကျန်နေရပါတယ်။ ကုသလို့လည်း မပျောက်ကင်းနိုင်တဲ့ ရောဂါဖြစ်တဲ့အတွက် နာကုမ္မာရီတို့ ဇနီးမောင်နှံဟာ သားငယ်လေး တဖြည်းဖြည်း ကျောက်တုံးအဖြစ် ပြောင်းလဲနေတာကို ရင်ကွဲပက်လက်နဲ့ ကြည့်ရှူနေရပါတော့တယ်။ "ငါးနှစ်မြောက် မွေးနေ့မှာ သူနာကျင်တယ်၊ လမ်းလည်း မလျှောက်နိုင်ဘူးလို့ ပြောတယ်။ သူ ဗိုက်ဆာတဲ့အချိန်နဲ့ သန့်စင်ခန်း သွားချင်တဲ့အချိန်မျိုးသာ သူပြောနိုင်တော့တယ်။ အမြဲတမ်း ထိုင်ပြီး ငိုနေတယ်။
ဒါပေမဲ့ သူ ဘာလို့နာမှန်းလည်းမသိဘူး၊ ဘယ်လိုကူညီရမှန်းလည်းမသိဘူး" လို့ မိခင်ဖြစ်သူက ပြောပါတယ်။ ဒါပေမဲ့ ကံကောင်းစွာပဲ ဗြိတိသျှအဆိုတော် ဂျို့စတုန်းရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ ရမ်မက်ရှ်လို့ အမည်ရတဲ့ သနားစရာ ကလေးငယ်ကို ကက်သ်မန်ဒူဆေးကောလိပ်မှာ ကုသပေးလျက်ရှိပြီး ဆရာဝန်များက သူ့ကို ဝေဒနာသက်သာအောင် ကူညီပေးနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။

Credit : PyiMyanmarNew/

Source & Photos : Daily Mail

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...