မုဒိန်းမှုနဲ့ ဖမ်းဆီးခံရတဲ့ မျိုးဇော်ထွေးဆိုသူဟာ ပါတီဝင်မဟုတ်ကြောင်း ပခုက္ကူမြို့နယ် အန်အယ်ဒီမှ ထုတ်ပြန်


အလိုမတူဘဲ သားမယားပြုကျင့်မှုနဲ့ အမှုဖွင့် ဖမ်းဆီးခံထားရတဲ့ မျိုးဇော်ထွေးဆိုသူဟာ ပါတီဝင်မဟုတ်ကြောင်း ပခုက္ကူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးကော်မတီက သည်ကနေ့ထုတ်ပြန်လိုက်ပါတယ်။
လူမှုကွန်ယက်စာမျက်နှာမှာဖော်ပြပါရှိတဲ့ ကိစ္စရပ်များနဲ့ဆက်စပ်ပြီး အမှတ်(၁) ရပ်ကွက်မှာနေထိုင်တဲ့ ဦးမျိုးဇော်ထွေးဟာ ပခုက္ကူမြို့နယ် ရုံးမှတ်တမ်းများအရ ပခုက္ကူမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ အဖွဲ့ဝင်မဟုတ်ကြောင်း၊ ပခုက္ကူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လုံးဝသက်ဆိုင်ခြင်းမရှိပါကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။
“အန်တီတို့ ပခုက္ကူ NLD ပါတီဝင်မဟုတ်ဘူးဆိုတာ သေချာပါတယ်။ လုံးဝသေချာပါတယ်။
အန်တီတို့ မြို့နယ် အလုပ်အမှုဆောင်က အဝင်အထွက်မှာ နည်းနည်းရူပ်ယှက်ခတ်တာတွေရှိနေလို့ ပါတီဝင်က လက်ကိုမခံသေးတာ” လို့ ပခုက္ကူမြို့နယ် အမှတ်(၁) ရပ်ကွက်မှ ဥက္ကဌ ဒေါ်မြို့က ပြောပါတယ်။
မုဒိန်းမှုနဲ့ အမှုဖွင့်ဖမ်းဆီးခံထားရတဲ့ပရဟိတ ကူညီရေးအသင်း တာဝန်ခံတစ်ဦးဖြစ်တဲ့ ဦးမျိုးဇော်ထွေးဟာ အန်အယ်ဒီအဖွဲ့ကိုထောက်ခံအနေနဲ့ ဓာတ်ပုံတွဲရိုက်ခဲ့တာတွေ အကျီ င်္ဝတ်ပြီးဓာတ်ပုံရိုက်ခဲ့တာတွေ ရှိခဲ့တယ်လို့ဆိုပါတယ်။
by ဝင်းနန္ဒာ/kumudra

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...