အေဝးေျပးကားေပၚပါလာတဲ႔ ဝိညာဥ္မ်ား ( ျဖစ္ရပ္မွန္ )


အေဖအသည္းအသန္ျဖစ္ေနလို႕တဲ႕ ညေနကအေဒၚျဖစ္သူဖုန္းဆက္တယ္ အေဖကေသြးတိုးေရာဂါအျပင္ မျကာေသးမီကမွေလျဖတ္ထားေသးတာ သတင္းျကားျကားျခင္း ခ်က္ျခင္းပဲလိုက္သြားခ်င္ေပမယ့္ ကြ်န္မအလုပ္က မအားနိုင္ဘူး ေနာက္ဆံုးျဖစ္ခ်င္ရာျဖစ္အလုပ္ထြက္ရင္ထြက္ရပါေစေတာ့ ခြင့္စာတင္ျပီးအားခ်င္းခရီးထြက္ဖို႕ျပင္ဆင္ရေတာ့တယ္ ဒီေန႕အတြက္ကအရမ္းေနာက္က်သြားျပီမို႕ကားလက္မွတ္မရနိုင္ေတာ့ဘူး 

''စိတ္မေလာပါနဲ႕အစ္မရယ္ အရမ္းျကီးမျဖစ္ဖို႕ဆုေတာင္းရမွာေပါ့ မနက္ျဖန္မွသြားလိုက္ပါ ''

''ငါစိတ္ညစ္တယ္ ေမသူရယ္ မေန႕တေန႕ကေတာင္ငါနဲ႕စကားေတြအမ်ားျကီးေျပာေနျကေသးတာ အခုေတာ့ခ်က္ျခင္းနဲ႕လက္ငင္း ငါကေဘးနားမွာရွိေနေပးရမွာ ''

''မဟုတ္တာအစ္မရယ္ အစ္မလည္းအေဖေဆးကုဖို႕အတြက္ျကိဳးစားအလုပ္လုပ္ေနတာပဲဟာ ''

''အေဖတစ္ခုခုျဖစ္သြားရင္ ငါဘယ္လိုလုပ္ရမလဲမသိေတာ့ဘူး မေန႕ကေတာင္ေဆးေတြဝယ္ထားေသးတာ ''

''မနက္ျဖန္ဘာေန႕လည္း ျကည့္လိုက္ဦးမယ္ ''

''ဟယ္ အစ္မေရမနက္ျဖန္ကားထြက္ပါ့မလား ''

''ဘာျဖစ္လို႕လဲေမသူ ''

''မနက္ျဖန္က ၁၂ ရက္ေန႕ သဘက္ခါက ၁၃ ေသာျကာျကီး ''

''ဟင္ ဒုကၡပါပဲ ကားထြက္ပါ့မလား နိမိတ္မေကာင္းလို႕ဘာလို႕မထြက္ျကဘူးမလား ''

''စံုစမ္းျကည့္ရေအာင္ ကားဂိတ္မွာလုပ္ေနတဲ႕အသိရွိတယ္ ''

''ေအးေအးလုပ္ပါဦးေမသူရယ္ အစ္မေတာ့မျကံတတ္ေတာ့ဘူး ''

ေမသူက ေခတၱဖုန္းဆက္ျပီးေတာ့

''အစ္မေရစိတ္မပူနဲ႕ မနက္ျဖန္အေရးျကီးကားတစ္စီးထြက္မွာတဲ႕ ခါတိုင္းအခ်ိန္မဟုတ္ဘူး ဟိုကိုေစာေစာေရာက္ေအာင္ ရန္ကုန္ကေနအေစာျကီးထြက္မွာတဲ႕ ခံုနံပါတ္ပါတစ္ခါတည္းလုပ္ေပးတယ္ ၁၅ /၁၆ တဲ႕''

''ဟုတ္လားေတာ္ေသးတာေပါ့ဟယ္ အခုမွတစ္မ်ိဴးစိတ္ေအးရတယ္ ''

''အင္းအင္း မနက္ အေစာပိုင္းသြားရမွာ အိပ္ေရးဝေအာင္အိပ္အစ္မ ဘာမွေတြးမေနနဲ႕အဆင္ေျပသြားမွာပါ ''

ကြ်န္မလည္းအိပ္ေဆးေလးတစ္လံုးေသာက္ျပီး အိပ္ေပ်ာ္ေအာင္ျကိဳးစားအိပ္လိုက္တယ္ ဒါေပမယ့္ ဟိုေတြးဒီေတြးနဲ႕ေတာ္ေတာ္နဲ႕အိပ္မေပ်ာ္ဘူး အေဖသက္သာပါေစပဲဆုေတာင္းေနရတယ္ မနက္မိုးလင္းခါနီးမွအိပ္ေပ်ာ္သြားေတာ့တယ္

ကားက ေန႔လည္ ၁၁ နာရီထြက္တယ္ ေမသူ႕အသိေကာင္မေလးက ဒီကားက အေရးျကီးမွာထားတဲ႕ကုန္ေတြေျကာင့္ထြက္ျဖစ္တာျဖစ္ျပီး လိုက္စီးတဲ႕သူအေတာ္နည္းေျကာင္း ဒီေန႕သြားတဲ႕လူေတြလည္း အရမ္းအေရးျကီးလို႕ သြားျကတဲ႕သူေတြျဖစ္ေျကာင္းရွင္းျပတယ္

တကယ္လည္း ကားထြက္ေတာ့ကားေပၚပါလာတဲ႕လူက ၁၄ ၁၅ ေလာက္ပဲရွိမယ္ ကားဆရာတေယာက္ စပယ္ယာတစ္ေယာက္ ဒါလူကုန္ ကြ်န္မကအျမဲတမ္းကားလက္မွတ္ကို ႏွစ္ခံုစာျဖတ္ေနျက ေဘးနားမွာေယာက်ာ္းေလးနဲ႕အတူက်မွာေျကာက္လို႕ ခုကြ်န္မေဘးက ၁၃ ၁၄ ခံုကလည္း အေဒၚျကီးတေယာက္ထဲရယ္ လူကေတာ့ေတာ္ေတာ္နည္းတယ္ ကြ်န္မေနာက္ခံုမွာေတာ့ အသက္ခပ္လတ္လတ္အရြယ္ ေယာက်္ားတေယာက္ သူ႕ေနာက္မွာေတာ့ ဘယ္သူမွမရွိေတာ့ဘူး ကားကစထြက္ေတာ့ပံုမွန္ပါပဲ သြားရင္းနဲ႕ နွစ္နာရီေလာက္ပဲရွိအုန္းမယ္ ခန္႕မွန္းေျခေပါ့ ကြ်န္မလည္းစိတ္ေတြရႈပ္ေနတာနဲ႕ သတိမထားမိဘူး

ကားက ထပ်က္တယ္ ကားသမားေရာ ကားစပယ္ယာေရာ အတတ္နိုင္ဆံုးျပင္ေနျကတယ္ အကူညီေတာင္းစရာ ကားလည္းမရွိဘူး ဒါနဲ႕ပဲ
အနီးနားျမိဳ႕က လူေတြအကူညီေတာင္းျပီးျပင္ခိုင္းရတယ္ ကားျပင္ျပီးသြားေတာ့ အခ်ိန္က ခါတိုင္းကားထြက္တဲ႕အခ်ိန္ျဖစ္ေနျပီ အားလံုးျပီးတာနဲ႕ ကားျပန္ထြက္ျကတယ္ ကားသမားက ဘယ္ေနရာမွ မရပ္ဘူးေတ်ာက္ေလ်ာက္ေမာင္းတယ္ သူတို႕လည္းအေရးျကီးကိစၥရွိပံုပါပဲ ညက အိပ္ေရးပ်က္ထားတာေျကာင့္ ခဏေလးအိပ္ေပ်ာ္သြားတယ္ နိုးလာေတာ့ ညရွစ္နာရီေတာင္ရွိပီ ကြ်န္မေတာ္ေတာ္အိပ္ေပ်ာ္သြားတာပါလား ေတြးေနတုန္းဗိုက္က တဂြီဂြီဆာလာတယ္ ကြ်န္မက ဗိုက္ထဲအစာမရွိရင္ ကားမူးတတ္တာေျကာင့္ နည္းနည္းေတာ့စိုးရိမ္သြားတယ္

သိပ္မျကာဘူး ကားသမားေတြလည္း ညစာစားဖို႕ရပ္ျကေတာ့တယ္ ကိုယ့္ျပသာနာနဲ႕ကိုယ္မို႕ဘယ္သူ႕မွဂရုမစိုက္နိုင္ခ်ိန္ ကြ်န္မေဘးက အန္တီျကီးကအတူေခၚျပီး ထမင္းစားျဖစ္ျကတယ္ စကားေတြဘာေတြေျပာျကတယ္ နာရီဝက္ျကာေတာ့ ကြ်န္မတို႕လည္းစားေသာက္အျပီး ကားျပန္ထြက္ျကတယ္

ကြ်န္မလည္း အိပ္ေဆးနဲ႕ကားမူးေပ်ာက္ေဆးပါတြဲေသာက္လိုက္တယ္ ကားျပန္ထြက္တာနဲ႕ သိပ္မျကာေသးဘူး အိပ္ေဆးတန္ခိုးကျပေနျပီ ေဘးမွန္ဘက္မွာ အေႏြးထည္ကိုေခါင္းအံုးလုပ္ျပီး ကြ်န္မမွိန္းေနလိုက္တယ္ မ်က္စိကမဖြင့္နိုင္ေအာင္အိပ္ခ်င္ေနေပမယ့္ နားထဲမွာအသံေတြျကားေနရတယ္ စကားေျပာသံေတြ ရယ္ေမာသံေတြ ကေလးငိုသံေတြေကာ ဒီေလာက္ဆူညံေနတာ ကားေပၚမွာဇာတ္လမ္းဖြင့္ထားလို႕မ်ားလားလို႕ေတြးမိတယ္ တျဖည္းျဖည္းျကာလာေတာ့ အသံေတြကတျဖည္းျဖည္းက်ယ္လာတယ္ ဇာတ္လမ္းထဲကအသံေတြအျပင္ အျပင္လူေတြစကားသံေတြပါျကားလာရတယ္ နားျငီးလြန္းလို႕ဘယ္လိုမွဆက္အိပ္လို႕မရေတာ့ဘူး
လူးလဲထျပီး နာရီျကည့္လိုက္ေတာ့ ၁၁ နာရီခြဲေတာ့မယ္ ဘယ့္ႏွယ့္ လူေတြဒီခ်ိန္ထိမအိပ္ျကေသးဘဲ စကားေတြမ်ားေနျကပါလိမ့္ သူမ်ားေတြလည္းအိပ္ရင္အိပ္ေနမွာေပါ့ အလိုက္ကန္းဆိုးကိုမသိဘူး ဘယ္သူေတြေျပာေနျကတာလဲဆိုျပီး ထိုင္ေနခံုကေနနည္းနည္းထျပီး ျကည့္လိုက္တယ္ ထူးဆန္းလိုက္တာ ကားတစ္စီးလံုးအိပ္ေမာက်လို႕

ကားသမားရယ္ စပယ္ယာရယ္ပဲ နိုးေနတဲ႕လူရွိတယ္ သူတို႕ေတြလည္း စကားမေျပာျကဘူး ဖြင့္ထားတာတဲ႕ဇာတ္ကားက အသံေတြလည္းမဟုတ္ဘူး ခုနကစကားေျပာသံေတြကို ကြ်န္မနားနဲ႕ဆက္ဆက္ျကားခဲ႕တာပဲေလ အခုေတာ့အသံေတြမျကားရေတာ့ျပန္ဘူး အိပ္ေဆးအရွိန္ေျကာင့္မ်ားလား အရမ္းလည္းအိပ္ခ်င္လာတာေျကာင့္ ျပန္အိပ္လိုက္တာ အိပ္လို႕ေတာင္မေပ်ာ္ေသးဘူး ဆူညံဆူညံသံေတြျကားေနရျပန္တယ္ ဒုကၡပါပဲ အသံေတြကိုနားေထာင္ျကည့္ေတာ့လည္း ဘာသံေတြမွန္းမသိဘူး စကားေျပာသံေတြက ရႈပ္ေထြးေနတယ္ လက္ကိုင္အိတ္ထဲက တစ္ရႈး ႏွစ္ရြက္ေလာက္ထုတ္ျပီး နားပိတ္ထားလိုက္တယ္ အသံေတြေတာ့သိပ္မျကားရေတာ့ဘူး

အခုမွစိတ္ေအးလက္ေအး အိပ္နိုင္ေတာ့တယ္ ႏွစ္နွစ္ျခိဳက္ျခိဳက္အိပ္ေပ်ာ္ေနကာမွ အသက္ေတာင္ရႈလို႕မရေလာက္ေအာင္ကို နွာေခါင္းထဲကို အနံ႕ဆိုးျကီးဝင္လာတယ္ ေျမာင္းပုပ္နံ႕လိုလို အသားစိမ္းငါးစိမ္းနံ႕လိုလို ေအာ္ဂလီေတာင္ဆန္လာတယ္

ကားသမားေတြ အသားငါးေတြမ်ားတင္လာသလား ပုပ္မွာ အနံ႕ထြက္မွာစိုးလို႕ ေန႔ခ်င္းအေရာက္ေမာင္းတာျဖစ္မယ္ တျဖည္းျဖည္းအနံ႕က ပိုပိုဆိုးလာတယ္ မခံမရပ္နိုင္ေအာင္ပါပဲ တျခားလူေတြျကည့္ေတာ့ ဘာနံ႕မွမရသလိုပဲ ကြ်န္မလည္းပိတ္ထားတဲ႕ႏွာေခါင္းကို ျပန္ဖြင့္ျပီးအသက္ရႈျကည့္ေတာ့ ဘာနံ႕မွမရေတာ့ျပန္ဘူး ဒီကားက ဘာေတြျဖစ္ေနတာပါလိမ့္ ခုနကတည္းက ထူးဆန္းေနတယ္ နာရီျကည့္ေတာ့ ည ၂ နာရီရွိျပီ ဒီေန႕က ၁၃ ေသာျကာေရာက္ပီပဲ စိတ္ထဲ ထင့္ကနဲျဖစ္သြားမိတယ္ ဒါနဲ႕ပဲ ကြ်န္မလည္း လက္ကိုင္အိတ္ထဲက ရႈေဆးဘူး ရွာေနတံုး စိတ္ထဲမွာတေယာက္ေယာက္က စိုက္ျကည့္ေနသလိုခံစားလာရတယ္ ေဘးဘီဝဲယာျကည့္ေတာ့လည္းဘယ္သူမွစိုက္ျကည့္မေနျကဘူး စိတ္ထင္တာျဖစ္မွာပါေလဆိုျပီး ဆက္ရွာေနတုန္း ကြ်န္မေဘးမွာကို တေယာက္ေယာက္လာေစာင့္ျကည့္ေနသလိုမ်ိဳးျကီး ျကက္သီးလည္းထလာတယ္ ဘာျဖစ္တာပါလိမ့္ ကြ်န္မစိတ္မလံုေတာ့ဘဲ ေဘးဘက္မွန္ထဲျကည့္လိုက္ေတာ့ ကားထဲကမီးေရာင္ေျကာင့္ ထင္ထင္ရွားရွားျမင္ရတယ္

ထူးဆန္းတာက မွန္ထဲမွာ ကြ်န္မတေယာက္ထဲမဟုတ္ဘဲ တျခားလူတေယာက္ကိုပါျမင္ေနရတယ္ အဲ႕ဒီ႕လူက ကြ်န္မကိုစိုက္ျကည့္ေနတာ ျပံဳးေနသလိုလိုပဲ ရုတ္တရက္ဆိုေတာ့ ေျကာင္သြားျပီး အဲ႕ဒီ႕လူကိုျပန္ျကည့္ေနမိတယ္ သူကကြ်န္မ ဟိုဘက္ေဘးကအန္တီျကီးေဘးကထိုင္ခံုမွာထိုင္ေနတာ ကြ်န္မတဘက္လွည့္ျကည့္ေတာ့ ဟိုဘက္ခံုမွာအန္တီျကီးတေယာက္ထဲ သူကလည္းအိပ္ေမာက်လို႕ သူ႕ေဘးမွာလည္းဘယ္သူမွမရွိဘူး ကြ်န္မအေတာ္ေလးလန္႕သြားတယ္ မွန္ထဲျပန္ျကည့္ေတာ့ ခုနကလူမရွိေတာ့ဘူး အိပ္ခ်င္ေနတာေတာင္ဘယ္ေရာက္သြားမွန္းမသိဘူး
ရင္ေတြတဒိန္းဒိန္းတုန္လာတယ္ ခုနကလူမ်က္ႏွာျကီးမ်က္လံုးထဲကမထြက္ေသးဘူး ေစာနကအနံ႕ဆိုးျကီးျပန္ရလာျပန္တယ္ အနံ႕ျကီးကေတာ္ေတာ္ကိုဆိုးလာတယ္ မွန္ထဲလည္းမျကည့္ရဲဘူး ေစာနကလူျကီးျပန္ေပၚလာမွာစိုးလို႕ ဒါေပမယ့္လည္းမေနနိုင္ဘူး ျကည့္ခ်င္မိျပန္တယ္ စိတ္တင္းျပီး ျဖည္းျဖည္းခ်င္းမွန္ထဲကိုျကည့္လိုက္ေတာ့
ခုနကလူျကီးကစိုက္ျကည့္ေနျပန္တယ္ လန္႕မေအာ္မိရံုတမယ္ပဲ အဲ႕ဒီ႕အခ်ိန္မွာပဲ ေနာက္ခံုမွာထိုင္ေနတဲ႕ အစ္ကိုက ဝုန္းဆိုရွဴရွဴး
ရွဲရွဲ နဲ႕ ကြ်န္မေဘးလာထိုင္တယ္

နဂိုကလန္႕ေနရတဲ႕အထဲ သူေရာက္လာေတာ့ ကြ်န္မေအာ္ေတာ့မဲ႕ဆဲဆဲ သူကပါးစပ္ဖမ္းပိတ္လိုက္တယ္
ျပီးေတာ့မ်က္လံုးျကီးျပဴးျပီး

''က်ေနာ့ေဘးထိုင္ခံုမွာ လူမရွိဘဲ စကားေျပာသံေတြျကားေနရတယ္ ျပီးေတာ့ေနာက္ထိုင္ခံုကေရာပဲ အပုပ္နံ႕ေတြလည္းရတယ္ ဒီကားက မသန္႕ဘူးထင္တယ္ ''

''ဟုတ္တယ္ ကြ်န္မလည္းအနံ႕ရတယ္ ျပီးေတာ့ ဟိုဘက္ ခံုကအန္တီျကီးေဘးမလူမရွိဘဲနဲ႕ ဒီဘက္မွန္ထဲမွာ လူတေယာက္ကိုျမင္ေနရတယ္ ''

''ဟုတ္လား ဘယ္မွာလည္း ''

သူျကည့္လိုက္တဲ႕အခ်ိန္မွာပဲ မွန္ထဲကလူျကီးက ကြ်န္မတို႕ႏွစ္ေယာက္ကိုစိုက္ျကည့္ေနတယ္

''ေအာင္းးးးးးမေလးးးးဗ် သရဲ သရဲ အားးးးး ''

သူလည္းမ်က္စိျကီးမွိတ္ျပီးအတင္းေအာ္ေတာ့တာပဲ ကားလည္းတုန္႕ကနဲရပ္ေတာ့မလိုျဖစ္သြားတယ္ ကားေပၚကလူေတြလည္းလန္႕နိုးလာတယ္ ဘာျဖစ္တာလဲ ဘာျဖစ္တာလဲဆိုျပီး ထျကည့္ျကတယ္ ကားစပယ္က ဟာဘာျဖစ္တာလဲဗ်ိဳ႕ဆိုျပီးေအာ္ျပီးလာေနရင္းနဲ႕ ကြ်န္မတို႕နားမေရာက္ခင္ တခုခုကိုျမင္ျပီးလန္႕သြားတယ္ မ်က္လံုးျကီးက အျပဴးသားနဲ႕ မတ္တပ္ရပ္ျပီးျကည့္ေနတဲ႕တျခားလူေတြလည္း ပါးစပ္အေဟာင္းသားနဲ႕ျကည့္ေနျကရင္း အန္တီျကီးတေယာက္က ထေအာ္ေတာ့တယ္

''သရဲးးးးးးးး ''
ကားေနာက္ဆံုးထိုင္ခံုမွာ ေခါင္းျပားခ်ပ္ေနတဲ႕လူေတြ ေသြးေတြ သံေတြအလိမ္းလိမ္းနဲ႕လူေတြ ထိုင္ေနျကတယ္
က်န္တဲ႕လူေတြလည္း ေအာ္သံျကားမွသတိရျပီးအကုန္လံုးအစုလိုက္အျပံဳလိုက္ ထြက္ေပါက္ကိုဒေရာေသာပါးေျပးျကေတာ့တယ္ ကားသမားလည္းဘာျဖစ္မွန္းမသိဘူး

''ဆရာ ကားရပ္ ကားရပ္ ကားေပၚမွာ သရဲေတြပါလာတယ္ ''

ကားဆရာလည္း ကားရပ္လိုက္ေတာ့တယ္ ဒါေပမယ့္ ကားတံခါးက လံုးဝဖြင့္မရဘူး အကုန္လံုးလဲကားမွန္ေတြကိုထုျကရိုက္ျကနဲ အျပင္ဘက္မွာလည္းေမွာင္ပိန္းလို႕

''ကားတံခါးဖြင့္လို႕မရဘူးဗိ်ဳ႕ လုပ္ျကပါအုန္းးး ''

''ကားဆရာေရ လုပ္ပါဦး ''

''စပယ္ယာအစ္ကိုျကီး မွန္ကိုရိုက္ခြဲလို႕မရဘူးလား ''

''ရိုက္ခြဲစရာပစၥည္းမပါဘူးအစ္မေလး''

''ဒုကၡပါပဲ မွန္ျပတင္းလည္းဖြင့္မရဘူး ''

''ဟုတ္တယ္ ေနာက္ပိုင္းကားေတြက မွန္အေသေတြျဖစ္ကုန္ျပီ ''

''လုပ္ပါဦး အကုန္ေသကုန္ေတာ့မယ္ ''

ကြ်န္မတို႕ကသာေသြးပ်က္ေခ်ာက္ျခားေနတာ သရဲေတြက သူတို႕ဘာသာထိုင္ေနျကတယ္

''မရဘူး အကုန္လံုး ခဏစိတ္ေအးေအးထားေပးပါ မေျကာက္ပါနဲ႕ ခင္ဗ်ားတို႕ကသာေျကာက္ေနတာ သူတို႕ကဘာမွမွမလုပ္တာပဲဟာ ျကည့္ပါဦး ''

ကားစပယ္ယာေျပာလိုက္မွ အကုန္လံုးအသံတိတ္သြားျကတယ္

ေျပာေနတုန္းမွာပဲ သရဲေတြဆီကေနေျကာက္စရာေကာင္းတဲ႕အသံျကီးေတြထြက္လာတယ္ အားးအား မလုပ္ပါနဲ႕ဆိုတဲ႕အသံေတြကေသြးပ်က္မတတ္ပါပဲ ေယာက်္ားသားေတြလည္းလႈပ္လႈပ္လႈပ္လႈပ္ျဖစ္လာျပီး တံခါးဖြင့္နိုင္ဖို႕ျကိဳးစားေနျကတယ္ အမိ်ဳးသမီးေတြက ငိုသူကငိုလို႕ ခုနကသူတို႕ဟာသူတို႕ေနရင္းက အခုမွဘာျဖစ္တာပါလိမ့္လို႕ေတြးေနတုန္း ကြ်န္မသတိထားမိတာက ေရွ႕ဆံုးခံုမွာထိုင္ေနတဲ႕အန္တီျကီးက ဘုရားစာရြတ္ေနပံုပါပဲ ကြ်န္မျကားဖူးတာ သႊဲေတြ ဝိညာဥ္ေတြက ဘုရားစာရြတ္တဲ႕ဒဏ္မခံနိုင္ျကပါဘူး ဒါဟာသူတို႕ကိုဒုကၡေပးရာေရာက္ပါတယ္

''အန္တီ ဟိုအန္တီျကီးဘုရားစာရြတ္ေနတာလား''

အန္တီျကီးကေခါင္းျဖည္းျဖည္းခ်င္းျငိမ့္ျပတယ္

''ဟာ အန္တီမရြတ္နဲ႕ေတာ့ အဲ႕ဒါသူတို႕ကိုဒုကၡေပးရာေရာက္တယ္ မရြတ္ရဘူး ေမတၱာပို႕ အမွ်ေဝတာေလာက္လုပ္ပါ ''

''ေဟာ ကြ်န္မအျကံတစ္ခုရျပီကားဆရာ သူတို႕က မကြ်တ္မလြတ္လို႕ကြ်န္မတို႕ကို ကိုယ္ထင္ျပတာပဲ သူတို႕ကိုအမွ်တန္းေပးေဝေစခ်င္လို႕ျဖစ္မယ္ အကုန္လံုးစုျပီး ေမတၱာပို႕အမွ်ေဝျကမယ္ ''

''ဟာေကာင္းတယ္ အလွဴေလးနဲ႕ေရစက္ခ်အမွ်ေဝမွျဖစ္မယ္ ''

ဦးေလးျကီးတစ္ေယာက္ကေနျပီး ကားေခါင္းခန္းထဲက ဘုရားပံုေတာ္နဲ႕ ဆင္းတုေတာ္ကို ပါလာတဲ႕မုန္႕ေတြ ေရခ်မ္းေတြကပ္ျပီး ဦးေလးျကီးက ေရွ႕ကတိုင္တယ္ ကားေပၚပါလာတဲ႕ခရီးသည္ေတြအားလံုး ေနာက္ကလိုက္ဆိုျကျပီး

'' ဤေကာင္းမႈေျကာင့္ အခုကားေပၚမွာပါလာတဲ႕ ျမင္အပ္မျမင္အပ္ပုဂၢိဳလ္အေပါင္းတို႕ အမွ်တန္းရျကပါေစအမွ်ေပးေဝပါ၏'' ဆိုျပီး အကုန္လံုးအမွ်တန္းေပးေဝျကျပီးတာနဲ႕ ရုတ္တရက္ ေနာက္ခံုမွာထိုင္ေနတဲ႕ဝိညာဥ္ေတြထံကေန သာဓုေခၚသံမ်ားသံုးျကိမ္တိုင္တိုင္ျကားရပါေတာ့တယ္ အသံေတြဆံုးတာနဲ႕ခ်က္ျခင္းပဲ ကြယ္ေပ်ာက္သြားေတာ့တယ္ အကုန္လံုးလဲဝမ္းသာသြားျကတယ္ ကားစက္လည္းျပန္နိုးလို႕ရျပီး ကားတံခါးလည္းျပန္ဖြင့္လို႕ရသြားတယ္ အျပင္မွာက မနက္ေလးနာရီေလာက္ရွိေရာ့မယ္ အလင္းေရာင္ဖ်ဖ် ဝင္လာေနျပီ ကားလည္းဆက္သြားဖို႕ဆံုးျဖတ္လိုက္တယ္ အပုပ္နံ႕ေတြဘာေတြမရေတာ့ဘူး

ဒါေပမယ့္ အကုန္လံုး ေရွ႕နားမွာပဲစုျပံဳစီးျကတယ္ သိပ္မေမာင္းရဘူး မနက္မိုးလင္းသြားတယ္ မနက္လင္းေတာ့မွ ကိုယ့္ေနရာကိုယ္ျပန္ထိုင္ရဲေတာ့တယ္ ကြ်န္မေနာက္ခံုကလူကပစၥည္းေတြယူျပီး ကြ်န္မေဘးမွာလာထိုင္တယ္ သူလည္းအေတာ္လန္႕သြားပံုပါပဲ

ႏွစ္နာရီေက်ာ္ေက်ာ္ေလာက္ဆက္ေမာင္းေတာ့မွ ကားျကီးဂိတ္ ကိုေရာက္ေတာ့တယ္ ကြ်န္မလည္းပစၥည္းေတြအျမန္ထုတ္ ျပီးေတာ့ေဆးရံုကိုတန္းေျပးရေတာ့တယ္ ခုေလးတင္ေသမလိုျဖစ္ခဲ႕ရတာကိုေတာင္ေမ့သြားတယ္

ေဆးရံုေရာက္ေတာ့ အေဖကဘာမွသိပ္မျဖစ္ဘူး ဒါနဲ႕ကြ်န္မလည္းအေဖနားမွာဆက္ေနျဖစ္တယ္ ဒါေပမယ့္ အဲ႕ဒီ႕ေန႕ကကိစၥအရမ္းသိခ်င္တာနဲ႕ ဖုန္းဆက္ျပီးစံုစမ္းျကည့္ေတာ့ အဲ႕ကားေမာင္းတဲ႕ကားဆရာကိုယ္တိုင္ကေျပာျပတာ အဲ႕ဒီ႕ေန႕ကကြ်န္မတို႕စီးလာတဲ႕ကားက accident ျဖစ္ထားတဲ႕ကားပါတဲ႕ ေမွာက္တုန္းက ေနာက္ျခမ္းတျခမ္းလံုး ပိန္ခ်ိဳင့္ျပီး ေနာက္ဘက္ပိုင္းကလူေတြအကုန္လံုးပြဲျခင္းျပီးေသခဲ႕ပါသတဲ႕ေလ

ျပီးပါျပီ
Writer_Yin Nyein Aye

Unicode
အဖေအသည်းအသန်ဖြစ်နေလို့တဲ့ ညနေကအဒေါ်ဖြစ်သူဖုန်းဆက်တယ် အဖေကသွေးတိုးရောဂါအပြင် မကြာသေးမီကမှလေဖြတ်ထားသေးတာ သတင်းကြားကြားခြင်း ချက်ခြင်းပဲလိုက်သွားချင်ပေမယ့် ကျွန်မအလုပ်က မအားနိုင်ဘူး နောက်ဆုံးဖြစ်ချင်ရာဖြစ်အလုပ်ထွက်ရင်ထွက်ရပါစေတော့ ခွင့်စာတင်ပြီးအားချင်းခရီးထွက်ဖို့ပြင်ဆင်ရတော့တယ် ဒီနေ့အတွက်ကအရမ်းနောက်ကျသွားပြီမို့ကားလက်မှတ်မရနိုင်တော့ဘူး 

''စိတ်မလောပါနဲ့အစ်မရယ် အရမ်းကြီးမဖြစ်ဖို့ဆုတောင်းရမှာပေါ့ မနက်ဖြန်မှသွားလိုက်ပါ ''

''ငါစိတ်ညစ်တယ် မေသူရယ် မနေ့တနေ့ကတောင်ငါနဲ့စကားတွေအများကြီးပြောနေကြသေးတာ အခုတော့ချက်ခြင်းနဲ့လက်ငင်း ငါကဘေးနားမှာရှိနေပေးရမှာ ''

''မဟုတ်တာအစ်မရယ် အစ်မလည်းအဖေဆေးကုဖို့အတွက်ကြိုးစားအလုပ်လုပ်နေတာပဲဟာ ''

''အဖေတစ်ခုခုဖြစ်သွားရင် ငါဘယ်လိုလုပ်ရမလဲမသိတော့ဘူး မနေ့ကတောင်ဆေးတွေဝယ်ထားသေးတာ ''

''မနက်ဖြန်ဘာနေ့လည်း ကြည့်လိုက်ဦးမယ် ''

''ဟယ် အစ်မရေမနက်ဖြန်ကားထွက်ပါ့မလား ''

''ဘာဖြစ်လို့လဲမေသူ ''

''မနက်ဖြန်က ၁၂ ရက်နေ့ သဘက်ခါက ၁၃ သောကြာကြီး ''

''ဟင် ဒုက္ခပါပဲ ကားထွက်ပါ့မလား နိမိတ်မကောင်းလို့ဘာလို့မထွက်ကြဘူးမလား ''

''စုံစမ်းကြည့်ရအောင် ကားဂိတ်မှာလုပ်နေတဲ့အသိရှိတယ် ''

''အေးအေးလုပ်ပါဦးမေသူရယ် အစ်မတော့မကြံတတ်တော့ဘူး ''

မေသူက ခေတ္တဖုန်းဆက်ပြီးတော့

''အစ်မရေစိတ်မပူနဲ့ မနက်ဖြန်အရေးကြီးကားတစ်စီးထွက်မှာတဲ့ ခါတိုင်းအချိန်မဟုတ်ဘူး ဟိုကိုစောစောရောက်အောင် ရန်ကုန်ကနေအစောကြီးထွက်မှာတဲ့ ခုံနံပါတ်ပါတစ်ခါတည်းလုပ်ပေးတယ် ၁၅ /၁၆ တဲ့''

''ဟုတ်လားတော်သေးတာပေါ့ဟယ် အခုမှတစ်မျိူးစိတ်အေးရတယ် ''

''အင်းအင်း မနက် အစောပိုင်းသွားရမှာ အိပ်ရေးဝအောင်အိပ်အစ်မ ဘာမှတွေးမနေနဲ့အဆင်ပြေသွားမှာပါ ''

ကျွန်မလည်းအိပ်ဆေးလေးတစ်လုံးသောက်ပြီး အိပ်ပျော်အောင်ကြိုးစားအိပ်လိုက်တယ် ဒါပေမယ့် ဟိုတွေးဒီတွေးနဲ့တော်တော်နဲ့အိပ်မပျော်ဘူး အဖေသက်သာပါစေပဲဆုတောင်းနေရတယ် မနက်မိုးလင်းခါနီးမှအိပ်ပျော်သွားတော့တယ်

ကားက နေ့လည် ၁၁ နာရီထွက်တယ် မေသူ့အသိကောင်မလေးက ဒီကားက အရေးကြီးမှာထားတဲ့ကုန်တွေကြောင့်ထွက်ဖြစ်တာဖြစ်ပြီး လိုက်စီးတဲ့သူအတော်နည်းကြောင်း ဒီနေ့သွားတဲ့လူတွေလည်း အရမ်းအရေးကြီးလို့ သွားကြတဲ့သူတွေဖြစ်ကြောင်းရှင်းပြတယ်

တကယ်လည်း ကားထွက်တော့ကားပေါ်ပါလာတဲ့လူက ၁၄ ၁၅ လောက်ပဲရှိမယ် ကားဆရာတယောက် စပယ်ယာတစ်ယောက် ဒါလူကုန် ကျွန်မကအမြဲတမ်းကားလက်မှတ်ကို နှစ်ခုံစာဖြတ်နေကြ ဘေးနားမှာယောကျာ်းလေးနဲ့အတူကျမှာကြောက်လို့ ခုကျွန်မဘေးက ၁၃ ၁၄ ခုံကလည်း အဒေါ်ကြီးတယောက်ထဲရယ် လူကတော့တော်တော်နည်းတယ် ကျွန်မနောက်ခုံမှာတော့ အသက်ခပ်လတ်လတ်အရွယ် ယောကျာ်းတယောက် သူ့နောက်မှာတော့ ဘယ်သူမှမရှိတော့ဘူး ကားကစထွက်တော့ပုံမှန်ပါပဲ သွားရင်းနဲ့ နှစ်နာရီလောက်ပဲရှိအုန်းမယ် ခန့်မှန်းခြေပေါ့ ကျွန်မလည်းစိတ်တွေရှုပ်နေတာနဲ့ သတိမထားမိဘူး

ကားက ထပျက်တယ် ကားသမားရော ကားစပယ်ယာရော အတတ်နိုင်ဆုံးပြင်နေကြတယ် အကူညီတောင်းစရာ ကားလည်းမရှိဘူး ဒါနဲ့ပဲ
အနီးနားမြို့က လူတွေအကူညီတောင်းပြီးပြင်ခိုင်းရတယ် ကားပြင်ပြီးသွားတော့ အချိန်က ခါတိုင်းကားထွက်တဲ့အချိန်ဖြစ်နေပြီ အားလုံးပြီးတာနဲ့ ကားပြန်ထွက်ကြတယ် ကားသမားက ဘယ်နေရာမှ မရပ်ဘူးတျောက်လျောက်မောင်းတယ် သူတို့လည်းအရေးကြီးကိစ္စရှိပုံပါပဲ ညက အိပ်ရေးပျက်ထားတာကြောင့် ခဏလေးအိပ်ပျော်သွားတယ် နိုးလာတော့ ညရှစ်နာရီတောင်ရှိပီ ကျွန်မတော်တော်အိပ်ပျော်သွားတာပါလား တွေးနေတုန်းဗိုက်က တဂွီဂွီဆာလာတယ် ကျွန်မက ဗိုက်ထဲအစာမရှိရင် ကားမူးတတ်တာကြောင့် နည်းနည်းတော့စိုးရိမ်သွားတယ်

သိပ်မကြာဘူး ကားသမားတွေလည်း ညစာစားဖို့ရပ်ကြတော့တယ် ကိုယ့်ပြသာနာနဲ့ကိုယ်မို့ဘယ်သူ့မှဂရုမစိုက်နိုင်ချိန် ကျွန်မဘေးက အန်တီကြီးကအတူခေါ်ပြီး ထမင်းစားဖြစ်ကြတယ် စကားတွေဘာတွေပြောကြတယ် နာရီဝက်ကြာတော့ ကျွန်မတို့လည်းစားသောက်အပြီး ကားပြန်ထွက်ကြတယ်

ကျွန်မလည်း အိပ်ဆေးနဲ့ကားမူးပျောက်ဆေးပါတွဲသောက်လိုက်တယ် ကားပြန်ထွက်တာနဲ့ သိပ်မကြာသေးဘူး အိပ်ဆေးတန်ခိုးကပြနေပြီ ဘေးမှန်ဘက်မှာ အနွေးထည်ကိုခေါင်းအုံးလုပ်ပြီး ကျွန်မမှိန်းနေလိုက်တယ် မျက်စိကမဖွင့်နိုင်အောင်အိပ်ချင်နေပေမယ့် နားထဲမှာအသံတွေကြားနေရတယ် စကားပြောသံတွေ ရယ်မောသံတွေ ကလေးငိုသံတွေကော ဒီလောက်ဆူညံနေတာ ကားပေါ်မှာဇာတ်လမ်းဖွင့်ထားလို့များလားလို့တွေးမိတယ် တဖြည်းဖြည်းကြာလာတော့ အသံတွေကတဖြည်းဖြည်းကျယ်လာတယ် ဇာတ်လမ်းထဲကအသံတွေအပြင် အပြင်လူတွေစကားသံတွေပါကြားလာရတယ် နားငြီးလွန်းလို့ဘယ်လိုမှဆက်အိပ်လို့မရတော့ဘူး
လူးလဲထပြီး နာရီကြည့်လိုက်တော့ ၁၁ နာရီခွဲတော့မယ် ဘယ့်နှယ့် လူတွေဒီချိန်ထိမအိပ်ကြသေးဘဲ စကားတွေများနေကြပါလိမ့် သူများတွေလည်းအိပ်ရင်အိပ်နေမှာပေါ့ အလိုက်ကန်းဆိုးကိုမသိဘူး ဘယ်သူတွေပြောနေကြတာလဲဆိုပြီး ထိုင်နေခုံကနေနည်းနည်းထပြီး ကြည့်လိုက်တယ် ထူးဆန်းလိုက်တာ ကားတစ်စီးလုံးအိပ်မောကျလို့

ကားသမားရယ် စပယ်ယာရယ်ပဲ နိုးနေတဲ့လူရှိတယ် သူတို့တွေလည်း စကားမပြောကြဘူး ဖွင့်ထားတာတဲ့ဇာတ်ကားက အသံတွေလည်းမဟုတ်ဘူး ခုနကစကားပြောသံတွေကို ကျွန်မနားနဲ့ဆက်ဆက်ကြားခဲ့တာပဲလေ အခုတော့အသံတွေမကြားရတော့ပြန်ဘူး အိပ်ဆေးအရှိန်ကြောင့်များလား အရမ်းလည်းအိပ်ချင်လာတာကြောင့် ပြန်အိပ်လိုက်တာ အိပ်လို့တောင်မပျော်သေးဘူး ဆူညံဆူညံသံတွေကြားနေရပြန်တယ် ဒုက္ခပါပဲ အသံတွေကိုနားထောင်ကြည့်တော့လည်း ဘာသံတွေမှန်းမသိဘူး စကားပြောသံတွေက ရှုပ်ထွေးနေတယ် လက်ကိုင်အိတ်ထဲက တစ်ရှုး နှစ်ရွက်လောက်ထုတ်ပြီး နားပိတ်ထားလိုက်တယ် အသံတွေတော့သိပ်မကြားရတော့ဘူး

အခုမှစိတ်အေးလက်အေး အိပ်နိုင်တော့တယ် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေကာမှ အသက်တောင်ရှုလို့မရလောက်အောင်ကို နှာခေါင်းထဲကို အနံ့ဆိုးကြီးဝင်လာတယ် မြောင်းပုပ်နံ့လိုလို အသားစိမ်းငါးစိမ်းနံ့လိုလို အော်ဂလီတောင်ဆန်လာတယ်

ကားသမားတွေ အသားငါးတွေများတင်လာသလား ပုပ်မှာ အနံ့ထွက်မှာစိုးလို့ နေ့ချင်းအရောက်မောင်းတာဖြစ်မယ် တဖြည်းဖြည်းအနံ့က ပိုပိုဆိုးလာတယ် မခံမရပ်နိုင်အောင်ပါပဲ တခြားလူတွေကြည့်တော့ ဘာနံ့မှမရသလိုပဲ ကျွန်မလည်းပိတ်ထားတဲ့နှာခေါင်းကို ပြန်ဖွင့်ပြီးအသက်ရှုကြည့်တော့ ဘာနံ့မှမရတော့ပြန်ဘူး ဒီကားက ဘာတွေဖြစ်နေတာပါလိမ့် ခုနကတည်းက ထူးဆန်းနေတယ် နာရီကြည့်တော့ ည ၂ နာရီရှိပြီ ဒီနေ့က ၁၃ သောကြာရောက်ပီပဲ စိတ်ထဲ ထင့်ကနဲဖြစ်သွားမိတယ် ဒါနဲ့ပဲ ကျွန်မလည်း လက်ကိုင်အိတ်ထဲက ရှုဆေးဘူး ရှာနေတုံး စိတ်ထဲမှာတယောက်ယောက်က စိုက်ကြည့်နေသလိုခံစားလာရတယ် ဘေးဘီဝဲယာကြည့်တော့လည်းဘယ်သူမှစိုက်ကြည့်မနေကြဘူး စိတ်ထင်တာဖြစ်မှာပါလေဆိုပြီး ဆက်ရှာနေတုန်း ကျွန်မဘေးမှာကို တယောက်ယောက်လာစောင့်ကြည့်နေသလိုမျိုးကြီး ကြက်သီးလည်းထလာတယ် ဘာဖြစ်တာပါလိမ့် ကျွန်မစိတ်မလုံတော့ဘဲ ဘေးဘက်မှန်ထဲကြည့်လိုက်တော့ ကားထဲကမီးရောင်ကြောင့် ထင်ထင်ရှားရှားမြင်ရတယ်

ထူးဆန်းတာက မှန်ထဲမှာ ကျွန်မတယောက်ထဲမဟုတ်ဘဲ တခြားလူတယောက်ကိုပါမြင်နေရတယ် အဲ့ဒီ့လူက ကျွန်မကိုစိုက်ကြည့်နေတာ ပြုံးနေသလိုလိုပဲ ရုတ်တရက်ဆိုတော့ ကြောင်သွားပြီး အဲ့ဒီ့လူကိုပြန်ကြည့်နေမိတယ် သူကကျွန်မ ဟိုဘက်ဘေးကအန်တီကြီးဘေးကထိုင်ခုံမှာထိုင်နေတာ ကျွန်မတဘက်လှည့်ကြည့်တော့ ဟိုဘက်ခုံမှာအန်တီကြီးတယောက်ထဲ သူကလည်းအိပ်မောကျလို့ သူ့ဘေးမှာလည်းဘယ်သူမှမရှိဘူး ကျွန်မအတော်လေးလန့်သွားတယ် မှန်ထဲပြန်ကြည့်တော့ ခုနကလူမရှိတော့ဘူး အိပ်ချင်နေတာတောင်ဘယ်ရောက်သွားမှန်းမသိဘူး
ရင်တွေတဒိန်းဒိန်းတုန်လာတယ် ခုနကလူမျက်နှာကြီးမျက်လုံးထဲကမထွက်သေးဘူး စောနကအနံ့ဆိုးကြီးပြန်ရလာပြန်တယ် အနံ့ကြီးကတော်တော်ကိုဆိုးလာတယ် မှန်ထဲလည်းမကြည့်ရဲဘူး စောနကလူကြီးပြန်ပေါ်လာမှာစိုးလို့ ဒါပေမယ့်လည်းမနေနိုင်ဘူး ကြည့်ချင်မိပြန်တယ် စိတ်တင်းပြီး ဖြည်းဖြည်းချင်းမှန်ထဲကိုကြည့်လိုက်တော့
ခုနကလူကြီးကစိုက်ကြည့်နေပြန်တယ် လန့်မအော်မိရုံတမယ်ပဲ အဲ့ဒီ့အချိန်မှာပဲ နောက်ခုံမှာထိုင်နေတဲ့ အစ်ကိုက ဝုန်းဆိုရှူရှူး
ရှဲရှဲ နဲ့ ကျွန်မဘေးလာထိုင်တယ်

နဂိုကလန့်နေရတဲ့အထဲ သူရောက်လာတော့ ကျွန်မအော်တော့မဲ့ဆဲဆဲ သူကပါးစပ်ဖမ်းပိတ်လိုက်တယ်
ပြီးတော့မျက်လုံးကြီးပြူးပြီး

''ကျနော့ဘေးထိုင်ခုံမှာ လူမရှိဘဲ စကားပြောသံတွေကြားနေရတယ် ပြီးတော့နောက်ထိုင်ခုံကရောပဲ အပုပ်နံ့တွေလည်းရတယ် ဒီကားက မသန့်ဘူးထင်တယ် ''

''ဟုတ်တယ် ကျွန်မလည်းအနံ့ရတယ် ပြီးတော့ ဟိုဘက် ခုံကအန်တီကြီးဘေးမလူမရှိဘဲနဲ့ ဒီဘက်မှန်ထဲမှာ လူတယောက်ကိုမြင်နေရတယ် ''

''ဟုတ်လား ဘယ်မှာလည်း ''

သူကြည့်လိုက်တဲ့အချိန်မှာပဲ မှန်ထဲကလူကြီးက ကျွန်မတို့နှစ်ယောက်ကိုစိုက်ကြည့်နေတယ်

''အောင်းမလေးဗျ သရဲ သရဲ အား ''

သူလည်းမျက်စိကြီးမှိတ်ပြီးအတင်းအော်တော့တာပဲ ကားလည်းတုန့်ကနဲရပ်တော့မလိုဖြစ်သွားတယ် ကားပေါ်ကလူတွေလည်းလန့်နိုးလာတယ် ဘာဖြစ်တာလဲ ဘာဖြစ်တာလဲဆိုပြီး ထကြည့်ကြတယ် ကားစပယ်က ဟာဘာဖြစ်တာလဲဗျို့ဆိုပြီးအော်ပြီးလာနေရင်းနဲ့ ကျွန်မတို့နားမရောက်ခင် တခုခုကိုမြင်ပြီးလန့်သွားတယ် မျက်လုံးကြီးက အပြူးသားနဲ့ မတ်တပ်ရပ်ပြီးကြည့်နေတဲ့တခြားလူတွေလည်း ပါးစပ်အဟောင်းသားနဲ့ကြည့်နေကြရင်း အန်တီကြီးတယောက်က ထအော်တော့တယ်

''သရဲး ''
ကားနောက်ဆုံးထိုင်ခုံမှာ ခေါင်းပြားချပ်နေတဲ့လူတွေ သွေးတွေ သံတွေအလိမ်းလိမ်းနဲ့လူတွေ ထိုင်နေကြတယ်
ကျန်တဲ့လူတွေလည်း အော်သံကြားမှသတိရပြီးအကုန်လုံးအစုလိုက်အပြုံလိုက် ထွက်ပေါက်ကိုဒရောသောပါးပြေးကြတော့တယ် ကားသမားလည်းဘာဖြစ်မှန်းမသိဘူး

''ဆရာ ကားရပ် ကားရပ် ကားပေါ်မှာ သရဲတွေပါလာတယ် ''

ကားဆရာလည်း ကားရပ်လိုက်တော့တယ် ဒါပေမယ့် ကားတံခါးက လုံးဝဖွင့်မရဘူး အကုန်လုံးလဲကားမှန်တွေကိုထုကြရိုက်ကြနဲ အပြင်ဘက်မှာလည်းမှောင်ပိန်းလို့

''ကားတံခါးဖွင့်လို့မရဘူးဗျို့ လုပ်ကြပါအုန်း ''

''ကားဆရာရေ လုပ်ပါဦး ''

''စပယ်ယာအစ်ကိုကြီး မှန်ကိုရိုက်ခွဲလို့မရဘူးလား ''

''ရိုက်ခွဲစရာပစ္စည်းမပါဘူးအစ်မလေး''

''ဒုက္ခပါပဲ မှန်ပြတင်းလည်းဖွင့်မရဘူး ''

''ဟုတ်တယ် နောက်ပိုင်းကားတွေက မှန်အသေတွေဖြစ်ကုန်ပြီ ''

''လုပ်ပါဦး အကုန်သေကုန်တော့မယ် ''

ကျွန်မတို့ကသာသွေးပျက်ချောက်ခြားနေတာ သရဲတွေက သူတို့ဘာသာထိုင်နေကြတယ်

''မရဘူး အကုန်လုံး ခဏစိတ်အေးအေးထားပေးပါ မကြောက်ပါနဲ့ ခင်ဗျားတို့ကသာကြောက်နေတာ သူတို့ကဘာမှမှမလုပ်တာပဲဟာ ကြည့်ပါဦး ''

ကားစပယ်ယာပြောလိုက်မှ အကုန်လုံးအသံတိတ်သွားကြတယ်

ပြောနေတုန်းမှာပဲ သရဲတွေဆီကနေကြောက်စရာကောင်းတဲ့အသံကြီးတွေထွက်လာတယ် အားအား မလုပ်ပါနဲ့ဆိုတဲ့အသံတွေကသွေးပျက်မတတ်ပါပဲ ယောကျာ်းသားတွေလည်းလှုပ်လှုပ်လှုပ်လှုပ်ဖြစ်လာပြီး တံခါးဖွင့်နိုင်ဖို့ကြိုးစားနေကြတယ် အမျိုးသမီးတွေက ငိုသူကငိုလို့ ခုနကသူတို့ဟာသူတို့နေရင်းက အခုမှဘာဖြစ်တာပါလိမ့်လို့တွေးနေတုန်း ကျွန်မသတိထားမိတာက ရှေ့ဆုံးခုံမှာထိုင်နေတဲ့အန်တီကြီးက ဘုရားစာရွတ်နေပုံပါပဲ ကျွန်မကြားဖူးတာ သွှဲတွေ ဝိညာဉ်တွေက ဘုရားစာရွတ်တဲ့ဒဏ်မခံနိုင်ကြပါဘူး ဒါဟာသူတို့ကိုဒုက္ခပေးရာရောက်ပါတယ်

''အန်တီ ဟိုအန်တီကြီးဘုရားစာရွတ်နေတာလား''

အန်တီကြီးကခေါင်းဖြည်းဖြည်းချင်းငြိမ့်ပြတယ်

''ဟာ အန်တီမရွတ်နဲ့တော့ အဲ့ဒါသူတို့ကိုဒုက္ခပေးရာရောက်တယ် မရွတ်ရဘူး မေတ္တာပို့ အမျှဝေတာလောက်လုပ်ပါ ''

''ဟော ကျွန်မအကြံတစ်ခုရပြီကားဆရာ သူတို့က မကျွတ်မလွတ်လို့ကျွန်မတို့ကို ကိုယ်ထင်ပြတာပဲ သူတို့ကိုအမျှတန်းပေးဝေစေချင်လို့ဖြစ်မယ် အကုန်လုံးစုပြီး မေတ္တာပို့အမျှဝေကြမယ် ''

''ဟာကောင်းတယ် အလှူလေးနဲ့ရေစက်ချအမျှဝေမှဖြစ်မယ် ''

ဦးလေးကြီးတစ်ယောက်ကနေပြီး ကားခေါင်းခန်းထဲက ဘုရားပုံတော်နဲ့ ဆင်းတုတော်ကို ပါလာတဲ့မုန့်တွေ ရေချမ်းတွေကပ်ပြီး ဦးလေးကြီးက ရှေ့ကတိုင်တယ် ကားပေါ်ပါလာတဲ့ခရီးသည်တွေအားလုံး နောက်ကလိုက်ဆိုကြပြီး

'' ဤကောင်းမှုကြောင့် အခုကားပေါ်မှာပါလာတဲ့ မြင်အပ်မမြင်အပ်ပုဂ္ဂိုလ်အပေါင်းတို့ အမျှတန်းရကြပါစေအမျှပေးဝေပါ၏'' ဆိုပြီး အကုန်လုံးအမျှတန်းပေးဝေကြပြီးတာနဲ့ ရုတ်တရက် နောက်ခုံမှာထိုင်နေတဲ့ဝိညာဉ်တွေထံကနေ သာဓုခေါ်သံများသုံးကြိမ်တိုင်တိုင်ကြားရပါတော့တယ် အသံတွေဆုံးတာနဲ့ချက်ခြင်းပဲ ကွယ်ပျောက်သွားတော့တယ် အကုန်လုံးလဲဝမ်းသာသွားကြတယ် ကားစက်လည်းပြန်နိုးလို့ရပြီး ကားတံခါးလည်းပြန်ဖွင့်လို့ရသွားတယ် အပြင်မှာက မနက်လေးနာရီလောက်ရှိရော့မယ် အလင်းရောင်ဖျဖျ ဝင်လာနေပြီ ကားလည်းဆက်သွားဖို့ဆုံးဖြတ်လိုက်တယ် အပုပ်နံ့တွေဘာတွေမရတော့ဘူး

ဒါပေမယ့် အကုန်လုံး ရှေ့နားမှာပဲစုပြုံစီးကြတယ် သိပ်မမောင်းရဘူး မနက်မိုးလင်းသွားတယ် မနက်လင်းတော့မှ ကိုယ့်နေရာကိုယ်ပြန်ထိုင်ရဲတော့တယ် ကျွန်မနောက်ခုံကလူကပစ္စည်းတွေယူပြီး ကျွန်မဘေးမှာလာထိုင်တယ် သူလည်းအတော်လန့်သွားပုံပါပဲ

နှစ်နာရီကျော်ကျော်လောက်ဆက်မောင်းတော့မှ ကားကြီးဂိတ် ကိုရောက်တော့တယ် ကျွန်မလည်းပစ္စည်းတွေအမြန်ထုတ် ပြီးတော့ဆေးရုံကိုတန်းပြေးရတော့တယ် ခုလေးတင်သေမလိုဖြစ်ခဲ့ရတာကိုတောင်မေ့သွားတယ်

ဆေးရုံရောက်တော့ အဖေကဘာမှသိပ်မဖြစ်ဘူး ဒါနဲ့ကျွန်မလည်းအဖေနားမှာဆက်နေဖြစ်တယ် ဒါပေမယ့် အဲ့ဒီ့နေ့ကကိစ္စအရမ်းသိချင်တာနဲ့ ဖုန်းဆက်ပြီးစုံစမ်းကြည့်တော့ အဲ့ကားမောင်းတဲ့ကားဆရာကိုယ်တိုင်ကပြောပြတာ အဲ့ဒီ့နေ့ကကျွန်မတို့စီးလာတဲ့ကားက accident ဖြစ်ထားတဲ့ကားပါတဲ့ မှောက်တုန်းက နောက်ခြမ်းတခြမ်းလုံး ပိန်ချိုင့်ပြီး နောက်ဘက်ပိုင်းကလူတွေအကုန်လုံးပွဲခြင်းပြီးသေခဲ့ပါသတဲ့လေ

ပြီးပါပြီ
Writer_Yin Nyein Aye

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...