Winner ဆုအတြက္ အားစုိက္ထုတ္ရမည့္ Myanmar Idol Top 3

ေနာက္ဆံုးက်န္ရွိသည့္ Myanmar Idol Top 3 မ်ားျဖစ္ၾကသည့္ သားငယ္၊ ပုိးမီ၊ ဘီလီလမင္းေအး တုိ႔အေနျဖင့္ Myanmar Idol Winner ဆုအတြက္ အႀကိတ္အႏွယ္ ယွဥ္ၿပဳိင္သီဆုိရမည့္ အခ်ိန္ကာလသည္ မၾကာမီ ေရာက္ရွိလာေတာ့မည္ ျဖစ္သည္။ ယင္းသုိ႔ သံုးဦးစလံုး winner ဆုအတြက္ အားစုိက္ ယွဥ္ၿပဳိင္မွ ရရွိႏုိင္မည္ျဖစ္သည္။

Myanmar Idol Top 3 တုိ႔၏ ပရိသတ္မ်ားႏွင့္ ေတြ႕ဆံုခြင့္ Meet the FANs အစီအစဥ္တစ္ရပ္ကုိ မတ္လ ၁၄ ရက္ေန႔ ညေနပုိင္းက ကန္ေတာ္ႀကီး အမ်ဳိးသားဥယ်ာဥ္တြင္ က်င္းပခဲ့ၿပီး သားငယ္၊ ပုိးမီႏွင့္ ဘီလီလမင္းေအး တုိ႔က ၄င္းတုိ႔၏ FANS မ်ားႏွင့္အတူတကြ ေဖ်ာ္ေျဖမႈမ်ားလည္း ျပဳလုပ္ခဲ့ၾကသည္။

Vote နံပါတ္ ၂ သားငယ္အေနျဖင့္ ျမန္မာတစ္ႏုိင္ငံလံုး၏ က႐ုဏာအျပင္ ၄င္း၏ အသံတည္ၿငိမ္မႈအေပၚ ပရိသတ္ လက္ခံမႈ အျပည့္အ၀ ရရွိထားသူ တစ္ေယာက္အျဖစ္ Top 3 ယွဥ္ၿပဳိင္မႈတြင္ မည္သုိ႔မည္ပံု ပါ၀င္ယွဥ္ၿပဳိင္ မည္ဆုိသည္က ၄င္း၏ ပရိသတ္အတြက္ စိတ္လႈပ္ရွားဖြယ္ပင္ ျဖစ္သည္။

အသံၾသဇာေကာင္းမြန္ၿပီး သီခ်င္းသီဆုိမႈ ေသသပ္လွသည့္ ပုိမီ ( Vote နံပါတ္ ၆ ) အေနျဖင့္လည္း ၄င္း၏ ပရိသတ္ အေရအတြက္ကလည္း အမ်ားအျပားပင္ ရွိေနသည္။ ပုိးမီ၏ သီခ်င္းသီဆုိဟန္ကလည္း ပညာသားပါပါျဖင့္ နားေထာင္သူ ပရိသတ္၏ ရင္တြင္းသုိ႔ လႈပ္ခတ္ႏုိင္စြမ္းရွိသူတစ္ေယာက္၏ Top 3 ယွဥ္ၿပဳိင္မႈတြင္ ၄င္း၏ ယွဥ္ၿပဳိင္မႈကလည္း စိတ္၀င္စားစရာပင္ ျဖစ္ေစသည္။

အမ်ဳိးသား ပရိသတ္ ေတာ္ေတာ္မ်ားမ်ား၏ အားေပးေထာက္ခံမႈကုိ ရရွိထားသူ ဘီလီလမင္းေအး ( Vote နံပါတ္ ၉ ) ကလည္း အသံခ်ဳိခ်ဳိျဖင့္ ပရိသတ္မ်ားကုိ ဖမ္းစားႏုိင္သူတစ္ဦး ျဖစ္သည္။ အသံခ်ဳိခ်ဳိႏွင့္ သီဆုိဟန္ပန္ကလည္း ပရိသတ္မ်ားကုိ ႏွစ္သက္ေစသည့္အတြက္ Myanmar Idol Winner ဆုကုိ ေမွ်ာ္မွန္းႏုိင္သူ တစ္ဦးျဖစ္ေနသည္။

တစ္ဦးခ်င္းစီ၏ အခုိင္အမာ ရရွိထားေသာ တစ္ႏုိင္ငံလံုးရွိ ပရိသတ္မ်ား၏ Vote မ်ားျဖင့္ မည္သူက Myanmar Idol Winner ျဖစ္လာမည္ ဆုိသည္ကုိ ရင္ခုန္စိတ္လႈပ္ရွားဖြယ္ ၾကည့္႐ႈရေတာ့မည့္ အခ်ိန္သည္လည္း တျဖည္းျဖည္း နီးကပ္လာေနၿပီ ျဖစ္သည္။

The Ladies News
==============

နောက်ဆုံးကျန်ရှိသည့် Myanmar Idol Top 3 များဖြစ်ကြသည့် သားငယ်၊ ပိုးမီ၊ ဘီလီလမင်းအေး တို့အနေဖြင့် Myanmar Idol Winner ဆုအတွက် အကြိတ်အနှယ် ယှဉ်ပြိုင်သီဆိုရမည့် အချိန်ကာလသည် မကြာမီ ရောက်ရှိလာတော့မည် ဖြစ်သည်။ ယင်းသို့ သုံးဦးစလုံး winner ဆုအတွက် အားစိုက် ယှဉ်ပြိုင်မှ ရရှိနိုင်မည်ဖြစ်သည်။

Myanmar Idol Top 3 တို့၏ ပရိသတ်များနှင့် တွေ့ဆုံခွင့် Meet the FANs အစီအစဉ်တစ်ရပ်ကို မတ်လ ၁၄ ရက်နေ့ ညနေပိုင်းက ကန်တော်ကြီး အမျိုးသားဥယျာဉ်တွင် ကျင်းပခဲ့ပြီး သားငယ်၊ ပိုးမီနှင့် ဘီလီလမင်းအေး တို့က ၄င်းတို့၏ FANS များနှင့်အတူတကွ ဖျော်ဖြေမှုများလည်း ပြုလုပ်ခဲ့ကြသည်။

Vote နံပါတ် ၂ သားငယ်အနေဖြင့် မြန်မာတစ်နိုင်ငံလုံး၏ ကရုဏာအပြင် ၄င်း၏ အသံတည်ငြိမ်မှုအပေါ် ပရိသတ် လက်ခံမှု အပြည့်အဝ ရရှိထားသူ တစ်ယောက်အဖြစ် Top 3 ယှဉ်ပြိုင်မှုတွင် မည်သို့မည်ပုံ ပါဝင်ယှဉ်ပြိုင် မည်ဆိုသည်က ၄င်း၏ ပရိသတ်အတွက် စိတ်လှုပ်ရှားဖွယ်ပင် ဖြစ်သည်။

အသံသြဇာကောင်းမွန်ပြီး သီချင်းသီဆိုမှု သေသပ်လှသည့် ပိုမီ ( Vote နံပါတ် ၆ ) အနေဖြင့်လည်း ၄င်း၏ ပရိသတ် အရေအတွက်ကလည်း အများအပြားပင် ရှိနေသည်။ ပိုးမီ၏ သီချင်းသီဆိုဟန်ကလည်း ပညာသားပါပါဖြင့် နားထောင်သူ ပရိသတ်၏ ရင်တွင်းသို့ လှုပ်ခတ်နိုင်စွမ်းရှိသူတစ်ယောက်၏ Top 3 ယှဉ်ပြိုင်မှုတွင် ၄င်း၏ ယှဉ်ပြိုင်မှုကလည်း စိတ်ဝင်စားစရာပင် ဖြစ်စေသည်။

အမျိုးသား ပရိသတ် တော်တော်များများ၏ အားပေးထောက်ခံမှုကို ရရှိထားသူ ဘီလီလမင်းအေး ( Vote နံပါတ် ၉ ) ကလည်း အသံချိုချိုဖြင့် ပရိသတ်များကို ဖမ်းစားနိုင်သူတစ်ဦး ဖြစ်သည်။ အသံချိုချိုနှင့် သီဆိုဟန်ပန်ကလည်း ပရိသတ်များကို နှစ်သက်စေသည့်အတွက် Myanmar Idol Winner ဆုကို မျှော်မှန်းနိုင်သူ တစ်ဦးဖြစ်နေသည်။

တစ်ဦးချင်းစီ၏ အခိုင်အမာ ရရှိထားသော တစ်နိုင်ငံလုံးရှိ ပရိသတ်များ၏ Vote များဖြင့် မည်သူက Myanmar Idol Winner ဖြစ်လာမည် ဆိုသည်ကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရတော့မည့် အချိန်သည်လည်း တဖြည်းဖြည်း နီးကပ်လာနေပြီ ဖြစ်သည်။

The Ladies News

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...